Premier League Transfer News

27 Dec နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– ချဲလ်ဆီးနဲ့ ပွဲပြီးမှာ ပြိုင်ဘက်တိုက်စစ်မှူး တမ်မီ အေဘရာဟမ်က ဆာကာကို မင်းဂိုးက ကြက်ဂိုးပါလို့ ပြောခဲ့ပြီး အင်တာဗျူးမေးမြန်းမှုမှာတော့ အင်္ဂလန်လူငယ်က သူ့အနေနဲ့ ဂိုးသမား ရှေ့ရောက်နေတာကို တွေ့ခဲ့လို့ လှမ်းကန်ခဲ့တာဖြစ်တယ်လို့ ဖြေကြား။

– ချဲလ်ဆီးအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ တတိယဂိုးကို သွင်းယူပေးခဲ့တဲ့ လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာက သူ့ရဲ့ သွင်းဂိုးမှာ ဂိုးသမားရှေ့ရောက်နေတာ တွေ့ခဲ့လို့ပါဆိုပြီး တင်ခဲ့တဲ့ တွစ်တာပို့စ်ကို အက်စတန်ဗီလာအသင်းခေါင်းဆောင် ဂျက်ခ် ဂရီးလစ်ရှ်က မယုံကြည်ကြောင်း ရေးသားနောက်ပြောင်သွားခဲ့။

– အာဆင်နယ်အသင်းရဲ့ ချဲလ်ဆီးအသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ နည်းပြ အာတီတာအနေနဲ့ ဂရာနစ် ချာကာရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးသွားပြီး သောမတ်စ် ပါတေးကတော့ လာမယ့် ဘရိုက်တန်၊ ဝက်စ်ဘရွန်းတို့နဲ့ပွဲတွေကို လွဲချော်နိုင်သေးကြောင်းဆို။

– လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ရဲ့ မိုဟာမက် ဆာလားကို မခေါ်ယူခင် စိတ်ဝင်စားခဲ့သူဖြစ်တဲ့ ဒေါ့မွန်တောင်ပံကစားသမား ဂျူလီယန် ဘရန့်ဒ်ကို အာဆင်နယ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အက်သလက်တစ်ရဲ့ ဒေးဗစ် အွန်းစတိန်း အတည်ပြုသွား။

– အာဆင်နယ်တို့အနေနဲ့ ဒီနေ့ပွဲမှာ နိုင်ပွဲရဖို့ ထိုက်တန်ခဲ့သလို ညာတောင်ပံကနေ ပွဲထွက်ကစားခဲ့တဲ့ လူငယ်ကစားသမား ဘူကာယို ဆာကာရဲ့ တစ်ပွဲလုံး ပြသနိုင်ခဲ့တဲ့ ခြေစွမ်းကတော့ Man of the Match ဆုနဲ့ ထိုက်တန်ကြောင်း ဂယ်ရီ နဗီးလ် ချီးကျူး။

– နောက်ခံလူ ဂါဘရီယယ်လ်ဟာ ကိုဗစ်ကူးစက်ခံထားရတဲ့ ဘောလုံးသမားမဟုတ်သူတစ်ဦးနဲ့ ထိတွေ့ခဲ့လို့ ခွဲခြားထားရတာဖြစ်ပြီး ဒေးဗစ် လူးဝစ်ဇ်နဲ့ ဝီလီယန်ကတော့တော့ ကိုဗစ်ဆန်ဆန် ရောဂါလက္ခဏာအနုစားတချို့ ပြသနေတာကြောင့် အသင်းရဲ့ လူစာရင်းကနေ ဖယ်ထုတ်ထားတာဖြစ်တယ်လို့ အာတီတာ ရှင်းလင်း။

– အသက် ၁၃ နှစ်အရွယ်မှာ အာဆင်နယ်အသင်းရဲ့ အကယ်ဒမီကနေ ဆက်နေခွင့် မပေးတော့ဘဲ ထုတ်ပယ်လိုက်တဲ့အတွက် သူနဲ့ မိခင်ဖြစ်သူတို့ ငိုကြွေးခဲ့ရပြီး လက်ရှိအချိန်မှာတော့ ဒါတွေကို ခရီးရှည်ကြီးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပြန်ကြည့်တတ်နေပြီလို့ ခရစ္စတယ်လ်ပဲလေ့စ်ကစားသမား အီဘယ်ရီချီ အီဇီ ပြောကြား။

– တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းကို အထောင်တိုက်စစ်မှာ ထားကစားခဲ့အခါ ဘယ်တောင်ပံအတွက် စိုးရိမ်ပူပန်နေခဲ့ရတဲ့ နည်းပြ မီခယ်လ် အာတီတာအတွက် စိတ်အေးနိုင်ပြီဖြစ်ပြီး ဒီနေရာမှာ ဂါဘရီယယ်လ် မာတီနယ်လီက အဆင်သင့်ဖြစ်နေပြီလို့ ကျွမ်းကျင်သူတွေ သုံးသပ်။

– အာဆင်နယ်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူး ဂက်စ်ပါအနေနဲ့ အသင်းအတွက် ကွင်းလယ်ဖန်တီးရှင်တစ်ဦးကို ရှာဖွေနေဆဲဖြစ်ကြောင်း ပြောကြားလိုက်ပြီး အသင်းရဲ့ ရှုပ်ထွေးနေတဲ့ အခြေအနေအတွက်ကိုတော့ အသင်းတိုင်းအသင်းတိုင်းမှာ ပြဿနာဆိုတာ ရှိတတ်ကြကြောင်း ကာကွယ်သွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ဲလ္ဆီးနဲ႔ ပြဲၿပီးမွာ ၿပိဳင္ဘက္တိုက္စစ္မႉး တမ္မီ ေအဘရာဟမ္က ဆာကာကို မင္းဂိုးက ၾကက္ဂိုးပါလို႔ ေျပာခဲ့ၿပီး အင္တာဗ်ဴးေမးျမန္းမႈမွာေတာ့ အဂၤလန္လူငယ္က သူ႔အေနနဲ႔ ဂိုးသမား ေရွ႕ေရာက္ေနတာကို ေတြ႕ခဲ့လို႔ လွမ္းကန္ခဲ့တာျဖစ္တယ္လို႔ ေျဖၾကား။

– ခ်ဲလ္ဆီးအသင္းကို အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ တတိယဂိုးကို သြင္းယူေပးခဲ့တဲ့ လူငယ္ေတာင္ပံကစားသမား ဘူကာယို ဆာကာက သူ႔ရဲ႕ သြင္းဂိုးမွာ ဂိုးသမားေရွ႕ေရာက္ေနတာ ေတြ႕ခဲ့လို႔ပါဆိုၿပီး တင္ခဲ့တဲ့ တြစ္တာပို႔စ္ကို အက္စတန္ဗီလာအသင္းေခါင္းေဆာင္ ဂ်က္ခ္ ဂရီးလစ္ရွ္က မယုံၾကည္ေၾကာင္း ေရးသားေနာက္ေျပာင္သြားခဲ့။

– အာဆင္နယ္အသင္းရဲ႕ ခ်ဲလ္ဆီးအသင္းကို အႏိုင္ရရွိခဲ့တဲ့ ပြဲအၿပီး သတင္းစာ ရွင္းလင္းပြဲမွာ နည္းျပ အာတီတာအေနနဲ႔ ဂရာနစ္ ခ်ာကာရဲ႕ စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးသြားၿပီး ေသာမတ္စ္ ပါေတးကေတာ့ လာမယ့္ ဘ႐ိုက္တန္၊ ဝက္စ္ဘ႐ြန္းတို႔နဲ႔ပြဲေတြကို လြဲေခ်ာ္ႏိုင္ေသးေၾကာင္းဆို။

– လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ မိုဟာမက္ ဆာလားကို မေခၚယူခင္ စိတ္ဝင္စားခဲ့သူျဖစ္တဲ့ ေဒါ့မြန္ေတာင္ပံကစားသမား ဂ်ဴလီယန္ ဘရန႔္ဒ္ကို အာဆင္နယ္အသင္းက ေခၚယူဖို႔ စိတ္ဝင္စားေနေၾကာင္း အက္သလက္တစ္ရဲ႕ ေဒးဗစ္ အြန္းစတိန္း အတည္ျပဳသြား။

– အာဆင္နယ္တို႔အေနနဲ႔ ဒီေန႔ပြဲမွာ ႏိုင္ပြဲရဖို႔ ထိုက္တန္ခဲ့သလို ညာေတာင္ပံကေန ပြဲထြက္ကစားခဲ့တဲ့ လူငယ္ကစားသမား ဘူကာယို ဆာကာရဲ႕ တစ္ပြဲလုံး ျပသႏိုင္ခဲ့တဲ့ ေျခစြမ္းကေတာ့ Man of the Match ဆုနဲ႔ ထိုက္တန္ေၾကာင္း ဂယ္ရီ နဗီးလ္ ခ်ီးက်ဴး။

– ေနာက္ခံလူ ဂါဘရီယယ္လ္ဟာ ကိုဗစ္ကူးစက္ခံထားရတဲ့ ေဘာလုံးသမားမဟုတ္သူတစ္ဦးနဲ႔ ထိေတြ႕ခဲ့လို႔ ခြဲျခားထားရတာျဖစ္ၿပီး ေဒးဗစ္ လူးဝစ္ဇ္နဲ႔ ဝီလီယန္ကေတာ့ေတာ့ ကိုဗစ္ဆန္ဆန္ ေရာဂါလကၡဏာအႏုစားတခ်ိဳ႕ ျပသေနတာေၾကာင့္ အသင္းရဲ႕ လူစာရင္းကေန ဖယ္ထုတ္ထားတာျဖစ္တယ္လို႔ အာတီတာ ရွင္းလင္း။

– အသက္ ၁၃ ႏွစ္အ႐ြယ္မွာ အာဆင္နယ္အသင္းရဲ႕ အကယ္ဒမီကေန ဆက္ေနခြင့္ မေပးေတာ့ဘဲ ထုတ္ပယ္လိုက္တဲ့အတြက္ သူနဲ႔ မိခင္ျဖစ္သူတို႔ ငိုေႂကြးခဲ့ရၿပီး လက္ရွိအခ်ိန္မွာေတာ့ ဒါေတြကို ခရီးရွည္ႀကီးရဲ႕ တစ္စိတ္တစ္ပိုင္းအျဖစ္ ျပန္ၾကည့္တတ္ေနၿပီလို႔ ခရစၥတယ္လ္ပဲေလ့စ္ကစားသမား အီဘယ္ရီခ်ီ အီဇီ ေျပာၾကား။

– တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကို အေထာင္တိုက္စစ္မွာ ထားကစားခဲ့အခါ ဘယ္ေတာင္ပံအတြက္ စိုးရိမ္ပူပန္ေနခဲ့ရတဲ့ နည္းျပ မီခယ္လ္ အာတီတာအတြက္ စိတ္ေအးႏိုင္ၿပီျဖစ္ၿပီး ဒီေနရာမွာ ဂါဘရီယယ္လ္ မာတီနယ္လီက အဆင္သင့္ျဖစ္ေနၿပီလို႔ ကြၽမ္းက်င္သူေတြ သုံးသပ္။

– အာဆင္နယ္အသင္းရဲ႕ နည္းစနစ္ဒါ႐ိုက္တာ အီဒူး ဂက္စ္ပါအေနနဲ႔ အသင္းအတြက္ ကြင္းလယ္ဖန္တီးရွင္တစ္ဦးကို ရွာေဖြေနဆဲျဖစ္ေၾကာင္း ေျပာၾကားလိုက္ၿပီး အသင္းရဲ႕ ရႈပ္ေထြးေနတဲ့ အေျခအေနအတြက္ကိုေတာ့ အသင္းတိုင္းအသင္းတိုင္းမွာ ျပႆနာဆိုတာ ရွိတတ္ၾကေၾကာင္း ကာကြယ္သြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.