Premier League Transfer News

ခရစ္စမတ်နေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– အသင်းရဲ့ အင်္ဂလန်သားတွေကို ဦးစားပေးခေါ်ယူတတ်တဲ့ အစဉ်အလာအတိုင်း မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ခက်ခဲမယ့် အာလင်း ဟားလန်းအတွက် ပြိုင်ပွဲဝင်မယ့်အစား အဲဗာတန်တိုက်စစ်မှူး ဒေါမနစ် ကဲလ်ဗတ်-လူဝင်ကို ခေါ်ယူဖို့ ပြောင်းလဲစဉ်းစားနေ။

– ဒါဘီကောင်တီအသင်းရဲ့ နည်းပြအဖြစ် ပထမဆုံး ခေါ်ယူမယ့် ကစားသမားဟာ အသင်းဟောင်း ယူနိုက်တက်ရဲ့ နောက်ခံလူ ဖီးလ်ဂျုံးစ် ဖြစ်တယ်ဆိုတဲ့ သတင်းတွေအပေါ် ဝိန်းရွန်နီ ငြင်းဆန်သွားခဲ့ခြင်းမရှိတာကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့အတွက် ခန့်မှန်းနေကြ။

– ကာဗာနီ၊ မာစီယယ်လ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ကာရာဘောင်းဖလားဆီမီးဖိုင်နယ် တက်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အနေနဲ့ လာမယ့် ဇန်နဝါရီလ ၆ ရက်နေ့၊ ဗြိတိန်စံတော်ချိန် ည ၁၉:၄၅ အချိန်မှာ အိုးလ်ထရက်ဖို့ဒ်မှာ မန်ချက်စတာစီးတီးအသင်းနဲ့ ဒါဘီပြိုင်ပွဲကို လက်ခံကစားရမည်။

– အသက် ၁၉ နှစ်အရွယ် အီကွေဒေါလက်ရွေးစင်ကွင်းလယ်လူ မွိုက်ဆက် ကိုင်စီဒိုအတွက် ချဲလ်ဆီးအသင်းကို နောက်ကောက်ချပြီး ယူနိုက်တက်မှာ ကစားဖို့ ခေါ်ယူနိုင်ခဲ့ပြီလို့ သတင်းတွေက ဖော်ပြခဲ့ကြပြီး ပေါင် ၄.၅ သန်းတန် ကစားသမားဟာ ပေါ့ဘာနဲ့ ကွန်တေတို့ ပေါင်းစပ်ထားတာနဲ့တူတယ်လို့ ချီးကျူးခံထားရသူဖြစ်ကြောင်းသိရ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လူငယ်တောင်ပံကစားသမားတွေကို ခေါ်ယူထားပေမယ့်လည်း ဒေါ့မွန်အသင်းရဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့ ၂၀၂၁ နွေရာသီကျရင် အစစအရာရာ ပြေလည်နိုင်ဖွယ်ရှိတယ်လို့ သတင်းတွေ ဖော်ပြ။

– ယူနိုက်တက်တို့အနေနဲ့ အက်စတန်ဗီလာအသင်းခေါင်းဆောင် ကွင်းလယ်လူ ဂျက်ခ် ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ ထင်တိုင်း မပေါက်နိုင်ဘူးလို့ အာဆင်နယ်တိုက်စစ်မှူးဟောင်း အီယန်ရိုက်က သုံးသပ်လိုက်ပြီး ဘာမင်ဂမ်မြို့ခံကလပ်ရဲ့ မကြာသေးခင်ကမှ သက်တမ်းတိုးထားခဲ့တဲ့ ကိစ္စက သူတို့အနေနဲ့ ကြိုက်ဈေးဆိုနိုင်ခွင့်ရှိစေတယ်လို့ ပြောကြား။

– ဒဏ်ရာတွေကြောင့် တချို့ပရိသတ်တွေက စိတ်ကုန်နေကြပေမယ့်လည်း ပြီးခဲ့တဲ့ အဲဗာတန်နဲ့ပွဲက ပုံစံကို မြင်တွေ့ခဲ့ရအပြီးမှာတော့ နောက်ခံလူ အဲရစ် ဘိုင်လီဟာ စိတ်ရှည်ရှည်ထားပြီး အချိန်ပေးဖို့ ထိုက်တန်တယ်လို့ ပရိသတ်အများစုက ဆန္ဒပေးခဲ့ကြပြီး မရောင်းချဖို့ တားမြစ်သွားခဲ့ကြ။

– သူတို့နဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်က ယူနိုက်တက်တိုက်စစ်ကစားသမားတွေထဲမှာ အန်တိုနီ မာစီယယ်လ်ဟာ အကောင်းဆုံးဖြစ်ပြီး ဒုတိယဂိုးကို လက်ပစ်ဘောကနေ ဘောလုံးရယူပြီးပြီးချင်းမှာ တားဆီးဖို့ ခက်ခဲလွန်းတဲ့ ဖန်တီးမှုကို လုပ်ပေးနိုင်ခဲ့တာက မယုံနိုင်စရာဖြစ်တယ်လို့ လိဒ်စ်ယူနိုက်တက်နည်းပြ မာဆယ်လို ဘီယယ်လ်ဆာ ချီးကျူး။

– သူတို့ရဲ့ ကွင်းလယ်လူ အိဗ်စ် ဘီဆူးမားအတွက် မန်ချက်စတာယူနိုက်တက်အပါအဝင် ဘယ်အသင်းဆီကမှ ကမ်းလှမ်းမှု တစ်စုံတစ်ရာ ရရှိထားခြင်း မရှိကြောင်းနဲ့ လက်ရှိသတင်းတွေ အားလုံးဟာ ကောလဟာလတွေပဲဖြစ်တယ်လို့ ဘရိုက်တန်နည်းပြ ဂရေဟမ် ပေါ့တာ ရှင်းလင်း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အသင္းရဲ႕ အဂၤလန္သားေတြကို ဦးစားေပးေခၚယူတတ္တဲ့ အစဥ္အလာအတိုင္း မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ခက္ခဲမယ့္ အာလင္း ဟားလန္းအတြက္ ၿပိဳင္ပြဲဝင္မယ့္အစား အဲဗာတန္တိုက္စစ္မႉး ေဒါမနစ္ ကဲလ္ဗတ္-လူဝင္ကို ေခၚယူဖို႔ ေျပာင္းလဲစဥ္းစားေန။

– ဒါဘီေကာင္တီအသင္းရဲ႕ နည္းျပအျဖစ္ ပထမဆုံး ေခၚယူမယ့္ ကစားသမားဟာ အသင္းေဟာင္း ယူႏိုက္တက္ရဲ႕ ေနာက္ခံလူ ဖီးလ္ဂ်ဳံးစ္ ျဖစ္တယ္ဆိုတဲ့ သတင္းေတြအေပၚ ဝိန္း႐ြန္နီ ျငင္းဆန္သြားခဲ့ျခင္းမရွိတာေၾကာင့္ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕အတြက္ ခန႔္မွန္းေနၾက။

– ကာဗာနီ၊ မာစီယယ္လ္တို႔ရဲ႕ သြင္းဂိုးေတြနဲ႔ ကာရာေဘာင္းဖလားဆီမီးဖိုင္နယ္ တက္ခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ လာမယ့္ ဇန္နဝါရီလ ၆ ရက္ေန႔၊ ၿဗိတိန္စံေတာ္ခ်ိန္ ည ၁၉:၄၅ အခ်ိန္မွာ အိုးလ္ထရက္ဖို႔ဒ္မွာ မန္ခ်က္စတာစီးတီးအသင္းနဲ႔ ဒါဘီၿပိဳင္ပြဲကို လက္ခံကစားရမည္။

– အသက္ ၁၉ ႏွစ္အ႐ြယ္ အီေကြေဒါလက္ေ႐ြးစင္ကြင္းလယ္လူ မြိဳက္ဆက္ ကိုင္စီဒိုအတြက္ ခ်ဲလ္ဆီးအသင္းကို ေနာက္ေကာက္ခ်ၿပီး ယူႏိုက္တက္မွာ ကစားဖို႔ ေခၚယူႏိုင္ခဲ့ၿပီလို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကၿပီး ေပါင္ ၄.၅ သန္းတန္ ကစားသမားဟာ ေပါ့ဘာနဲ႔ ကြန္ေတတို႔ ေပါင္းစပ္ထားတာနဲ႔တူတယ္လို႔ ခ်ီးက်ဴးခံထားရသူျဖစ္ေၾကာင္းသိရ။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ လူငယ္ေတာင္ပံကစားသမားေတြကို ေခၚယူထားေပမယ့္လည္း ေဒါ့မြန္အသင္းရဲ႕ ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ိဳကို ေခၚယူဖို႔ ၂၀၂၁ ေႏြရာသီက်ရင္ အစစအရာရာ ေျပလည္ႏိုင္ဖြယ္ရွိတယ္လို႔ သတင္းေတြ ေဖာ္ျပ။

– ယူႏိုက္တက္တို႔အေနနဲ႔ အက္စတန္ဗီလာအသင္းေခါင္းေဆာင္ ကြင္းလယ္လူ ဂ်က္ခ္ ဂရီးလစ္ရွ္ကို ေခၚယူဖို႔ ထင္တိုင္း မေပါက္ႏိုင္ဘူးလို႔ အာဆင္နယ္တိုက္စစ္မႉးေဟာင္း အီယန္႐ိုက္က သုံးသပ္လိုက္ၿပီး ဘာမင္ဂမ္ၿမိဳ႕ခံကလပ္ရဲ႕ မၾကာေသးခင္ကမွ သက္တမ္းတိုးထားခဲ့တဲ့ ကိစၥက သူတို႔အေနနဲ႔ ႀကိဳက္ေဈးဆိုႏိုင္ခြင့္ရွိေစတယ္လို႔ ေျပာၾကား။

– ဒဏ္ရာေတြေၾကာင့္ တခ်ိဳ႕ပရိသတ္ေတြက စိတ္ကုန္ေနၾကေပမယ့္လည္း ၿပီးခဲ့တဲ့ အဲဗာတန္နဲ႔ပြဲက ပုံစံကို ျမင္ေတြ႕ခဲ့ရအၿပီးမွာေတာ့ ေနာက္ခံလူ အဲရစ္ ဘိုင္လီဟာ စိတ္ရွည္ရွည္ထားၿပီး အခ်ိန္ေပးဖို႔ ထိုက္တန္တယ္လို႔ ပရိသတ္အမ်ားစုက ဆႏၵေပးခဲ့ၾကၿပီး မေရာင္းခ်ဖို႔ တားျမစ္သြားခဲ့ၾက။

– သူတို႔နဲ႔ ရင္ဆိုင္ခဲ့တဲ့ ပြဲစဥ္က ယူႏိုက္တက္တိုက္စစ္ကစားသမားေတြထဲမွာ အန္တိုနီ မာစီယယ္လ္ဟာ အေကာင္းဆုံးျဖစ္ၿပီး ဒုတိယဂိုးကို လက္ပစ္ေဘာကေန ေဘာလုံးရယူၿပီးၿပီးခ်င္းမွာ တားဆီးဖို႔ ခက္ခဲလြန္းတဲ့ ဖန္တီးမႈကို လုပ္ေပးႏိုင္ခဲ့တာက မယုံႏိုင္စရာျဖစ္တယ္လို႔ လိဒ္စ္ယူႏိုက္တက္နည္းျပ မာဆယ္လို ဘီယယ္လ္ဆာ ခ်ီးက်ဴး။

– သူတို႔ရဲ႕ ကြင္းလယ္လူ အိဗ္စ္ ဘီဆူးမားအတြက္ မန္ခ်က္စတာယူႏိုက္တက္အပါအဝင္ ဘယ္အသင္းဆီကမွ ကမ္းလွမ္းမႈ တစ္စုံတစ္ရာ ရရွိထားျခင္း မရွိေၾကာင္းနဲ႔ လက္ရွိသတင္းေတြ အားလုံးဟာ ေကာလဟာလေတြပဲျဖစ္တယ္လို႔ ဘ႐ိုက္တန္နည္းျပ ဂေရဟမ္ ေပါ့တာ ရွင္းလင္း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.