Premier League Transfer News

ခရစ္စမတ်နေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းအနေနဲ့ ချဲလ်ဆီးနဲ့ အိမ်ကွင်းမှာ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို ပါဝင်နိုင်ဖို့ မသေချာသေးဘူးလို့ သိရပြီး အသင်းဘက်ကတော့ ဆေးအဖွဲ့တွေနဲ့အတူ ကြံ့ခိုင်မှု အမြန်ဆုံးပြည့်ဝနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ဆို။

– ကွင်းလယ်လူ သောမတ်စ် ပါတေးအနေနဲ့ ရုံတွင်းကြံ့ခိုင်မှု လေ့ကျင့်ခန်းတွေကို လုပ်ဆောင်နေပုံကို အင်စတာဂရမ်မှာ တင်ခဲ့ပြီး ချဲလ်ဆီးနဲ့ ပွဲအတွက် အလျင်စလို အသုံးပြုမပြုကိုတော့ နည်းပြ အာတီတာရဲ့ ရှေ့က သင်ခန်းစာတွေအရ စောင့်ကြည့်ရဖို့ ရှိနေ။

– အာဆင်နယ်သတင်းတွေကို ပင်တိုင်ရေးသားတတ်သူဖြစ်တဲ့ ဂျာနယ်လစ် ချားလ်စ် ဝပ်ထ်က လူငယ်တိုက်စစ်မှူး မာတီနယ်လီဟာ ပွဲကစားဖို့ စိတ်အားထက်သန်သူဖြစ်ပြီး ဒါဟာ ကြီးမားတဲ့ အားသာချက်ဖြစ်သလို အားနည်းချက်လည်းဖြစ်နိုင်လို့ ကြံ့ခိုင်မှုနဲ့ ပတ်သက်လို့ သူကစားနိုင်တယ်ဆိုတိုင်း ပေးမကစားဘဲ သေချာစစ်ဆေးပြီးမှ ခွင့်ပြုသင့်တယ်လို့ဆို။

– လူငယ်နောက်ခံလူ ဝီလီယမ် ဆာလီဘာအနေနဲ့ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့တုန်းက အဲဗာတန်အသင်းကို ရွေးချယ်ခွင့်ရှိခဲ့ပေမယ့် အာဆင်နယ်မှာ ကစားခွင့်အတွက် ပယ်ချခဲ့ပြီး လက်ရှိမှာ ကစားခွင့်မရတဲ့သူ့ကို ဒတ်ချ်ကလပ် PSV က အလိုရှိနေ။

– တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ဟာ အာဆင်နယ်အသင်းကို မောင်းနှင်နိုင်သူဖြစ်ပြီး သူ့မှာ စိတ်ပျက်အားလျော့တယ်ဆိုတဲ့ ပုံစံမျိုးကို ဘယ်တုန်းကမှ မတွေ့မြင်ရဖူးဘဲ အကောင်းဆုံးကြိုးစားနေတတ်သူဖြစ်ကြောင်း ဂျေမီ ရက်ဒ်နက်ပ်က အသင်းရဲ့ ရလဒ်ဆိုးတွေကနေ ရုန်းထွက်ဖို့အတွက် အားကိုးနိုင်သူလို့ ထောက်ခံသွား။

– ဟာသာဘာလင်မှာ ကစားနေတဲ့ မက်တီယို ဂန်ဒူဇီရဲ့ ပွဲထွက်ခွင့်တွေကို အားကျနေတဲ့ လူငယ်နောက်ခံလူ ဆာလီဘာကို တိုက်စစ်မှူး အူဘာမီယန်းက စိတ်ရှည်ဖို့နဲ့ လူငယ်တစ်ယောက်အတွက် အသင်းကြီးမှာ ခြေစွမ်းပြခွင့်ရဖို့ဆိုတာ ထင်သလောက် မလွယ်ကူကြောင်း သူ့ရဲ့ အေစီမီလန်ကစားသမားဘဝနဲ့ နှိုင်းယှဉ်ပြောကြားသွားခဲ့။

– အာဆင်နယ်အသင်းအနေနဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ လူငယ်နောက်ခံလူ အဲရစ် ဂါစီယာကို လာမယ့် ၂၀၂၁ နွေရာသီမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးစားနေပြီး ဇန်နဝါရီမှာ အကြိုသဘောတူညီမှု ရယူနိုင်ဖို့ နည်းပြ အာတီတာကိုယ်တိုင် လုပ်ဆောင်သွားဖို့ရှိနေ။

– အာတီတာကို ထုတ်ပယ်ဖြစ်ရင်တောင် အမ်ဘာပေ၊ နေမာ၊ ကာဗာနီ၊ ဗာရက်တီတို့နဲ့တောင် အလုပ်မလုပ်တတ်ခဲ့ဘဲ ပီအက်စ်ဂျီမှာ ကျရှုံးခဲ့တဲ့ သောမတ်စ် တူဟယ်လ်ကိုတော့ အယ်လ်နန်၊ ဝီလီယန်တို့နဲ့ တွေ့ရမယ့် အာဆင်နယ်မှာ နည်းပြသစ်အဖြစ် မခန့်အပ်ဖို့ အသင်းပရိသတ်တွေက တွစ်တာမှာ သတိပေး ကန့်ကွက်နေကြ။

– လောင်းကစားမှုကြောင့် ကလပ်အသင်းနဲ့ နိုင်ငံတကာပွဲစဉ်တွေကနေ ကစားခွင့် ၁၀ ပတ် ပိတ်ပင်ခံခဲ့ရတဲ့ နောက်ခံလူ ကီရန် ထရစ်ပီယာ နေရာမှာ အစားထိုးဖို့ အက်သလက်တီကို မက်ဒရစ်အသင်းအနေနဲ့ အာဆင်နယ်ကစားသမား အိန်းစလီ မိတ်လန်းနိုင်းလ်စ်ကို ဇန်နဝါရီမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းအေနနဲ႔ ခ်ဲလ္ဆီးနဲ႔ အိမ္ကြင္းမွာ ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္ကို ပါဝင္ႏိုင္ဖို႔ မေသခ်ာေသးဘူးလို႔ သိရၿပီး အသင္းဘက္ကေတာ့ ေဆးအဖြဲ႕ေတြနဲ႔အတူ ႀကံ့ခိုင္မႈ အျမန္ဆုံးျပည့္ဝႏိုင္ဖို႔ လုပ္ေဆာင္ေနတယ္လို႔ဆို။

– ကြင္းလယ္လူ ေသာမတ္စ္ ပါေတးအေနနဲ႔ ႐ုံတြင္းႀကံ့ခိုင္မႈ ေလ့က်င့္ခန္းေတြကို လုပ္ေဆာင္ေနပုံကို အင္စတာဂရမ္မွာ တင္ခဲ့ၿပီး ခ်ဲလ္ဆီးနဲ႔ ပြဲအတြက္ အလ်င္စလို အသုံးျပဳမျပဳကိုေတာ့ နည္းျပ အာတီတာရဲ႕ ေရွ႕က သင္ခန္းစာေတြအရ ေစာင့္ၾကည့္ရဖို႔ ရွိေန။

– အာဆင္နယ္သတင္းေတြကို ပင္တိုင္ေရးသားတတ္သူျဖစ္တဲ့ ဂ်ာနယ္လစ္ ခ်ားလ္စ္ ဝပ္ထ္က လူငယ္တိုက္စစ္မႉး မာတီနယ္လီဟာ ပြဲကစားဖို႔ စိတ္အားထက္သန္သူျဖစ္ၿပီး ဒါဟာ ႀကီးမားတဲ့ အားသာခ်က္ျဖစ္သလို အားနည္းခ်က္လည္းျဖစ္ႏိုင္လို႔ ႀကံ့ခိုင္မႈနဲ႔ ပတ္သက္လို႔ သူကစားႏိုင္တယ္ဆိုတိုင္း ေပးမကစားဘဲ ေသခ်ာစစ္ေဆးၿပီးမွ ခြင့္ျပဳသင့္တယ္လို႔ဆို။

– လူငယ္ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာအေနနဲ႔ ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေ႐ႊ႕တုန္းက အဲဗာတန္အသင္းကို ေ႐ြးခ်ယ္ခြင့္ရွိခဲ့ေပမယ့္ အာဆင္နယ္မွာ ကစားခြင့္အတြက္ ပယ္ခ်ခဲ့ၿပီး လက္ရွိမွာ ကစားခြင့္မရတဲ့သူ႔ကို ဒတ္ခ်္ကလပ္ PSV က အလိုရွိေန။

– တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္ဟာ အာဆင္နယ္အသင္းကို ေမာင္းႏွင္ႏိုင္သူျဖစ္ၿပီး သူ႔မွာ စိတ္ပ်က္အားေလ်ာ့တယ္ဆိုတဲ့ ပုံစံမ်ိဳးကို ဘယ္တုန္းကမွ မေတြ႕ျမင္ရဖူးဘဲ အေကာင္းဆုံးႀကိဳးစားေနတတ္သူျဖစ္ေၾကာင္း ေဂ်မီ ရက္ဒ္နက္ပ္က အသင္းရဲ႕ ရလဒ္ဆိုးေတြကေန ႐ုန္းထြက္ဖို႔အတြက္ အားကိုးႏိုင္သူလို႔ ေထာက္ခံသြား။

– ဟာသာဘာလင္မွာ ကစားေနတဲ့ မက္တီယို ဂန္ဒူဇီရဲ႕ ပြဲထြက္ခြင့္ေတြကို အားက်ေနတဲ့ လူငယ္ေနာက္ခံလူ ဆာလီဘာကို တိုက္စစ္မႉး အူဘာမီယန္းက စိတ္ရွည္ဖို႔နဲ႔ လူငယ္တစ္ေယာက္အတြက္ အသင္းႀကီးမွာ ေျခစြမ္းျပခြင့္ရဖို႔ဆိုတာ ထင္သေလာက္ မလြယ္ကူေၾကာင္း သူ႔ရဲ႕ ေအစီမီလန္ကစားသမားဘဝနဲ႔ ႏႈိင္းယွဥ္ေျပာၾကားသြားခဲ့။

– အာဆင္နယ္အသင္းအေနနဲ႔ မန္ခ်က္စတာစီးတီးအသင္းရဲ႕ လူငယ္ေနာက္ခံလူ အဲရစ္ ဂါစီယာကို လာမယ့္ ၂၀၂၁ ေႏြရာသီမွာ အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ဖို႔ ႀကိဳးစားေနၿပီး ဇန္နဝါရီမွာ အႀကိဳသေဘာတူညီမႈ ရယူႏိုင္ဖို႔ နည္းျပ အာတီတာကိုယ္တိုင္ လုပ္ေဆာင္သြားဖို႔ရွိေန။

– အာတီတာကို ထုတ္ပယ္ျဖစ္ရင္ေတာင္ အမ္ဘာေပ၊ ေနမာ၊ ကာဗာနီ၊ ဗာရက္တီတို႔နဲ႔ေတာင္ အလုပ္မလုပ္တတ္ခဲ့ဘဲ ပီအက္စ္ဂ်ီမွာ က်ရႈံးခဲ့တဲ့ ေသာမတ္စ္ တူဟယ္လ္ကိုေတာ့ အယ္လ္နန္၊ ဝီလီယန္တုိ႔နဲ႔ ေတြ႕ရမယ့္ အာဆင္နယ္မွာ နည္းျပသစ္အျဖစ္ မခန႔္အပ္ဖို႔ အသင္းပရိသတ္ေတြက တြစ္တာမွာ သတိေပး ကန႔္ကြက္ေနၾက။

– ေလာင္းကစားမႈေၾကာင့္ ကလပ္အသင္းနဲ႔ ႏိုင္ငံတကာပြဲစဥ္ေတြကေန ကစားခြင့္ ၁၀ ပတ္ ပိတ္ပင္ခံခဲ့ရတဲ့ ေနာက္ခံလူ ကီရန္ ထရစ္ပီယာ ေနရာမွာ အစားထိုးဖို႔ အက္သလက္တီကို မက္ဒရစ္အသင္းအေနနဲ႔ အာဆင္နယ္ကစားသမား အိန္းစလီ မိတ္လန္းႏိုင္းလ္စ္ကို ဇန္နဝါရီမွာ ေခၚယူဖို႔ စိတ္ဝင္စားေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.