Premier League Transfer News

24 Dec ညပိုင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြန်လည်ရယူနိုင်ဖို့ဆိုရင် အသင်းသားအားလုံးအနေနဲ့ ၃ မှတ်ရဖို့ ဆိုတဲ့ စိတ်ဓာတ်နဲ့ ကြိုးစားသွားဖို့ လိုအပ်ပြီး တစ်ပွဲတစ်လေ ခြေချော်နိုင်ပေမယ့် ပြီးတာနဲ့ ဆက်တိုက် သုံးမှတ်ရယူနိုင်ဖို့ အရှိန်အဟုန်မြှင့်ပြီး ကစားတတ်ဖို့ ပြင်ဆင်ထားရမှာဖြစ်ကြောင်း နောက်ခံလူ ရူဘင် ဒီယက် ပြောကြား။

– ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက မိမိနဲ့ RB လိုက်ပ်ဇစ်အသင်းတို့ မန်ချက်စတာယူနိုက်တက်နဲ့ ကစားဖို့ မန်ချက်စတာကို ရောက်ရှိ နေခဲ့တုန်းက တစ်သင်းလုံးဆီ လာရောက်နှုတ်ဆက်စကားပြောသွားတဲ့ မန်ချက်စတာစီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာရဲ့ သူတပါးအပေါ် အလေးထားတဲ့ စိတ်ဓာတ်အကြောင်း ဂျာမန်နည်းပြ ဂျူလီယန် နာဂဲလ်စ်မန်းက ပြန်ပြောင်းထုတ်ဖော်ချီးကျူးသွားခဲ့။

– ဂျာမန်ဈေးကွက်ကို မွှေနှောက်နေခဲ့တဲ့ ချဲလ်ဆီးကြောင့် ဇန်နဝါရီမှာ မန်စီးတီးတို့ရဲ့ လှုပ်ရှားမှုကို သက်ရောက်ဖွယ်ရှိနေပြီး ဒေါ့မွန်ရဲ့ တိုက်စစ်မှူး အာလင်း ဟားလန်းကို ခေါ်ယူဖို့အတွက် အနောက်လန်ဒန်အသင်းအနေနဲ့ မျက်ခြေပြတ်မခံဘဲ ပြိုင်ဆိုင်လာဖွယ်ရှိနေ။

– မန်ချက်စတာစီးတီးနဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းတွေအနေနဲ့ မစ်ဒယ်ဘရော့ကွင်းလယ်လူဟောင်း မာတင် ဒီရွန်းကို စီးရီးအေ အတ္တလန်တာအသင်းကနေ ခေါ်ယူနိုင်ဖို့ စောင့်ကြည့်နေပြီး အသင်းက ထွက်ခွာနိုင်တဲ့ ကွင်းလယ်လူ အစ်လ်ကေ ဂွန်ဒိုးဝမ်အတွက် အစားထိုးဖို့ လျာထားနေ။

– ကာရာဘောင်းဖလားမှာ လီဗာပူးလ်အသင်းရဲ့ စံချိန်ကို လိုက်မီဖို့ ကြိုးစားနေတဲ့ မန်ချက်စတာစီးတီးအသင်းအတွက် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မြို့ခံပြိုင်ဘက် ယူနိုက်တက်နဲ့ မန်ချက်စတာဒါဘီကို ဇန်နဝါရီလ ၆ ရက်နေ့ ဒေသစံတော်ချိန် ည ၇ နာရီ ၄၅ မိနစ်မှာ ကစားရဖို့ ရှိနေ။

– မိမိတို့အသင်းအနေနဲ့ ဒေးဗစ် အလာဘာအတွက် စာချုပ်သစ် ကမ်းလှမ်းထားတာကို ရုပ်သိမ်းလိုက်ပြီဖြစ်ပြီး ကစားသမားနဲ့ အေးဂျင့်တို့ဘက်က တောင်းဆိုမှုတွေကို လက်မခံနိုင်တာကြောင့် အသင်းက ထွက်ခွာသွားမယ့် ဖြစ်ရပ်မှန်ကို လက်ခံလိုက်တော့မယ်ဆိုတဲ့ ဘိုင်ယန်မြူးနစ်ဘုတ်အဖွဲ့ဝင် အိုလီဗာခန်းရဲ့ ပြောကြားမှုက မန်စီးတီး၊ မန်ယူနဲ့ ချဲလ်ဆီးတို့အတွက် စိတ်လှုပ်ရှားစရာဖြစ်လာ။

– မန်ချက်စတာဒါဘီဟာ ပရီးမီးယားလိဂ်အပြင် ကာရာဘောင်းဖလားမှာပါ တွေ့မြင်ခဲ့ရတာလည်း မဟုတ်ဘဲ ကစားသမားခေါ်ယူမှုတွေမှာလည်း တွေ့မြင်ရသေးဖွယ်ရှိပြီး ဝက်စ်ဟမ်းရဲ့ ဒက်ကလန် ရိုက်စ်ပွဲနဲ့ အက်စတန်ဗီလာရဲ့ ဂရီးလစ်ရှ်ပွဲတွေကိုလည်း တွေ့ကြုံရနိုင်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ျပန္လည္ရယူႏိုင္ဖို႔ဆိုရင္ အသင္းသားအားလုံးအေနနဲ႔ ၃ မွတ္ရဖို႔ ဆိုတဲ့ စိတ္ဓာတ္နဲ႔ ႀကိဳးစားသြားဖို႔ လိုအပ္ၿပီး တစ္ပြဲတစ္ေလ ေျခေခ်ာ္ႏိုင္ေပမယ့္ ၿပီးတာနဲ႔ ဆက္တိုက္ သုံးမွတ္ရယူႏိုင္ဖို႔ အရွိန္အဟုန္ျမႇင့္ၿပီး ကစားတတ္ဖို႔ ျပင္ဆင္ထားရမွာျဖစ္ေၾကာင္း ေနာက္ခံလူ ႐ူဘင္ ဒီယက္ ေျပာၾကား။

– ၿပီးခဲ့တဲ့ ေအာက္တိုဘာလတုန္းက မိမိနဲ႔ RB လိုက္ပ္ဇစ္အသင္းတို႔ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ကစားဖို႔ မန္ခ်က္စတာကို ေရာက္ရွိ ေနခဲ့တုန္းက တစ္သင္းလုံးဆီ လာေရာက္ႏႈတ္ဆက္စကားေျပာသြားတဲ့ မန္ခ်က္စတာစီးတီးနည္းျပ ပက္ပ္ ဂြါဒီယိုလာရဲ႕ သူတပါးအေပၚ အေလးထားတဲ့ စိတ္ဓာတ္အေၾကာင္း ဂ်ာမန္နည္းျပ ဂ်ဴလီယန္ နာဂဲလ္စ္မန္းက ျပန္ေျပာင္းထုတ္ေဖာ္ခ်ီးက်ဴးသြားခဲ့။

– ဂ်ာမန္ေဈးကြက္ကို ေမႊေႏွာက္ေနခဲ့တဲ့ ခ်ဲလ္ဆီးေၾကာင့္ ဇန္နဝါရီမွာ မန္စီးတီးတို႔ရဲ႕ လႈပ္ရွားမႈကို သက္ေရာက္ဖြယ္ရွိေနၿပီး ေဒါ့မြန္ရဲ႕ တိုက္စစ္မႉး အာလင္း ဟားလန္းကို ေခၚယူဖို႔အတြက္ အေနာက္လန္ဒန္အသင္းအေနနဲ႔ မ်က္ေျချပတ္မခံဘဲ ၿပိဳင္ဆိုင္လာဖြယ္ရွိေန။

– မန္ခ်က္စတာစီးတီးနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းေတြအေနနဲ႔ မစ္ဒယ္ဘေရာ့ကြင္းလယ္လူေဟာင္း မာတင္ ဒီ႐ြန္းကို စီးရီးေအ အတၱလန္တာအသင္းကေန ေခၚယူႏိုင္ဖို႔ ေစာင့္ၾကည့္ေနၿပီး အသင္းက ထြက္ခြာႏိုင္တဲ့ ကြင္းလယ္လူ အစ္လ္ေက ဂြန္ဒိုးဝမ္အတြက္ အစားထိုးဖို႔ လ်ာထားေန။

– ကာရာေဘာင္းဖလားမွာ လီဗာပူးလ္အသင္းရဲ႕ စံခ်ိန္ကို လိုက္မီဖို႔ ႀကိဳးစားေနတဲ့ မန္ခ်က္စတာစီးတီးအသင္းအတြက္ ဆီမီးဖိုင္နယ္ပြဲစဥ္အျဖစ္ ၿမိဳ႕ခံၿပိဳင္ဘက္ ယူႏိုက္တက္နဲ႔ မန္ခ်က္စတာဒါဘီကို ဇန္နဝါရီလ ၆ ရက္ေန႔ ေဒသစံေတာ္ခ်ိန္ ည ၇ နာရီ ၄၅ မိနစ္မွာ ကစားရဖို႔ ရွိေန။

– မိမိတို႔အသင္းအေနနဲ႔ ေဒးဗစ္ အလာဘာအတြက္ စာခ်ဳပ္သစ္ ကမ္းလွမ္းထားတာကို ႐ုပ္သိမ္းလိုက္ၿပီျဖစ္ၿပီး ကစားသမားနဲ႔ ေအးဂ်င့္တို႔ဘက္က ေတာင္းဆိုမႈေတြကို လက္မခံႏိုင္တာေၾကာင့္ အသင္းက ထြက္ခြာသြားမယ့္ ျဖစ္ရပ္မွန္ကို လက္ခံလိုက္ေတာ့မယ္ဆိုတဲ့ ဘိုင္ယန္ျမဴးနစ္ဘုတ္အဖြဲ႕ဝင္ အိုလီဗာခန္းရဲ႕ ေျပာၾကားမႈက မန္စီးတီး၊ မန္ယူနဲ႔ ခ်ဲလ္ဆီးတို႔အတြက္ စိတ္လႈပ္ရွားစရာျဖစ္လာ။

– မန္ခ်က္စတာဒါဘီဟာ ပရီးမီးယားလိဂ္အျပင္ ကာရာေဘာင္းဖလားမွာပါ ေတြ႕ျမင္ခဲ့ရတာလည္း မဟုတ္ဘဲ ကစားသမားေခၚယူမႈေတြမွာလည္း ေတြ႕ျမင္ရေသးဖြယ္ရွိၿပီး ဝက္စ္ဟမ္းရဲ႕ ဒက္ကလန္ ႐ိုက္စ္ပြဲနဲ႔ အက္စတန္ဗီလာရဲ႕ ဂရီးလစ္ရွ္ပြဲေတြကိုလည္း ေတြ႕ႀကဳံရႏိုင္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.