Premier League Transfer News

24 Dec နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ မီဆွတ် အိုဇေးလ်က အသင်းနည်းပြ မီခယ်လ် အာတီတာရဲ့ ဖယ်ထုတ်ထားခြင်းခံရသူတစ်ဦးဖြစ်တဲ့ အသင်းဖော် မက်တီယို ဂန်ဒူဇီဟာ အနာဂတ်မှာ တကယ့်ကစားသမားကြီးတစ်ဦးဖြစ်လာလိမ့်မယ်လို့ ထောက်ခံအားပေးသွား။

– စိန့်အက်တီယန်ကနေ ပြောင်းရွှေ့လာခဲ့ပြီးကတည်းက တစ်ပွဲမှ ပွဲထွက်ကစားရခြင်း မရှိသေးတဲ့ လူငယ်နောက်ခံလူ ဝီလီယမ် ဆာလီဘာရဲ့ အေးဂျင့်အနေနဲ့ အာဆင်နယ်အသင်းကို ဖိအားပေးနေပြီး ဇန်နဝါရီမှာ အသင်းကနေ အနည်းဆုံး အငှားနဲ့ ထွက်ခွာခွင့်ရဖို့ လုပ်ဆောင်နေ။

– အာဆင်နယ်အသင်းအနေနဲ့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အလက်ဇန်းဒါး လာကာဇက်နဲ့ တိုက်စစ်ကစားသမားတချို့ကို ရှင်းထုတ်နိုင်ခဲ့ရင် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တောင်ပံတိုက်စစ်မှူး ဗီနီးရှပ်စ် ဂျူနီယာကို အငှားပြန်လည်ခေါ်ယူသွားဖို့ စိတ်ဝင်စားနေ။

– ကွင်းလယ်လူ မီဆွတ် အိုဇေးလ်က အသင်းက လူတော်တော်များများအနေနဲ့ ဖခင်သဖွယ်ဖြစ်ခဲ့တဲ့ အာဆင်ဝင်းဂါးကို လွမ်းဆွတ်နေကြတယ်လို့ ပြောကြားလိုက်ပြီး ကစားသမားဟောင်း အီမန်ညူယယ် ဖရင်မ်ပေါင်ကတော့ လက်ရှိအခက်အခဲတွေကို ဖြေရှင်းဖို့အတွက် ပြင်သစ်နည်းပြကြီးကို ပြန်လည်ခေါ်ယူဖို့ တောင်းဆို။

– ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၉ မှာ ရပ်တည်နေခဲ့တဲ့ ဝက်စ်ဘရွန်းအသင်းရဲ့ နည်းပြသစ်ဖြစ်လာခဲ့တဲ့ ဝါရင့်မန်နေဂျာ ဆမ် အလာဒိုက်စ်က အာဆင်နယ်အသင်းအနေနဲ့ တန်းဆင်းဇုန်တိုက်ပွဲထဲကို အမှန်တကယ်ပဲ ကျရောက်လာခဲ့ပြီလို့ သုံးသပ်။

– နီကိုလာ ပေပေရဲ့ ကွင်းတွင်းခြေစွမ်းကို ဖျက်ဆီးနေတာဟာ အမှားတွေကနေ သင်ခန်းစာ မယူနိုင်တဲ့ ပုံစံဖြစ်ပြီး အိုင်ဗရီကို့စ်သားအနေနဲ့ ကွင်းထဲမှာ တစ်ခုခု မဟုတ်တာလုပ်ပြီးတိုင်း စပ်ဖြီးဖြီးလုပ်နေခဲ့တဲ့ ပုံစံဟာ သူ့အတွက်တော့ ဒေါသထွက်စရာပဲဖြစ်ကြောင်း အာဆင်နယ် ကွင်းလယ်လူဟောင်း ဖရင်မ်ပေါင် ပြောကြား။

– ပရီးမီးယားလိဂ်အကြောင်း ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ အန်ဒီ တောင်းဆန်းက နည်းပြ အာတီတာအနေနဲ့ အာဆင်နယ်အသင်းကို ရလဒ်ကောင်းတွေဆီ ဆွဲတင်ဖို့ ဆိုရင် အသင်းခေါင်းဆောင်ရာထူးနဲ့ ထိုက်တန်ခြင်းမရှိတဲ့ တိုက်စစ်မှူး အူဘာမီယန်းကို ဖယ်ရှားပြီး ဂိုးသွင်းဖို့သက်သက်ပဲ တာဝန်ပေးအပ်သင့်တယ်လို့ ထောက်ပြသွား။

– အာဆင်နယ်အသင်းက စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ဆန်ကို စီးရီးအေကလပ် အင်တာမီလန်အသင်းအနေနဲ့ အရောင်းစာရင်းတင်လိုက်ပြီဖြစ်ပြီး ဇန်နဝါရီမှာ ထွက်ခွာနိုင်တယ်လို့ အသင်းရဲ့ အမှုဆောင်ချုပ် မာရော့တာ ထုတ်ပြန်သွားခဲ့။

– မန်ချက်စတာစီးတီးနဲ့ပွဲမှာ ပြိုင်ဘက်ဂိုးသမားရဲ့ ပြင်းထန်တဲ့ ဖျက်ထုတ်မှုကြောင့် ခြေကျင်းဝတ်ကို ထိခိုက်မိခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူး ဂါဘရီယယ်လ် မာတီနယ်လီက သူ့အနေနဲ့ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်နေပြီဖြစ်ပြီး နောက်ပွဲတွေ ကစားဖို့ အဆင်သင့်ပဲလို့ အင်စတာဂရမ်မှာ ရေးသားသွားခဲ့။

– အာဆင်နယ်အသင်းမှာ ရလဒ်မကောင်းလို့ ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြ အူနိုင်း အမ်မရီကတော့ သူ့ကို ဆက်ခံတဲ့ မီခယ် အာတီတာတစ်ယောက် ပိုဆိုးတဲ့ ပုံစံနဲ့ ရုန်းကန်နေရချိန်မှာ သူကိုင်တွယ်နေတဲ့ ဗီလာရီးရဲလ်အသင်းအတွက် ၁၉ ပွဲဆက်တိုက် ရှုံးပွဲမရှိတဲ့ ကလပ်စံချိန်သစ်ကို တင်ရှိနိုင်ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2ZZ.

ZAWGYI:

– အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္က အသင္းနည္းျပ မီခယ္လ္ အာတီတာရဲ႕ ဖယ္ထုတ္ထားျခင္းခံရသူတစ္ဦးျဖစ္တဲ့ အသင္းေဖာ္ မက္တီယို ဂန္ဒူဇီဟာ အနာဂတ္မွာ တကယ့္ကစားသမားႀကီးတစ္ဦးျဖစ္လာလိမ့္မယ္လို႔ ေထာက္ခံအားေပးသြား။

– စိန႔္အက္တီယန္ကေန ေျပာင္းေ႐ႊ႕လာခဲ့ၿပီးကတည္းက တစ္ပြဲမွ ပြဲထြက္ကစားရျခင္း မရွိေသးတဲ့ လူငယ္ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာရဲ႕ ေအးဂ်င့္အေနနဲ႔ အာဆင္နယ္အသင္းကို ဖိအားေပးေနၿပီး ဇန္နဝါရီမွာ အသင္းကေန အနည္းဆုံး အငွားနဲ႔ ထြက္ခြာခြင့္ရဖို႔ လုပ္ေဆာင္ေန။

– အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာ အလက္ဇန္းဒါး လာကာဇက္နဲ႔ တိုက္စစ္ကစားသမားတခ်ိဳ႕ကို ရွင္းထုတ္ႏိုင္ခဲ့ရင္ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ေတာင္ပံတိုက္စစ္မႉး ဗီနီးရွပ္စ္ ဂ်ဴနီယာကို အငွားျပန္လည္ေခၚယူသြားဖို႔ စိတ္ဝင္စားေန။

– ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္က အသင္းက လူေတာ္ေတာ္မ်ားမ်ားအေနနဲ႔ ဖခင္သဖြယ္ျဖစ္ခဲ့တဲ့ အာဆင္ဝင္းဂါးကို လြမ္းဆြတ္ေနၾကတယ္လို႔ ေျပာၾကားလိုက္ၿပီး ကစားသမားေဟာင္း အီမန္ညဴယယ္ ဖရင္မ္ေပါင္ကေတာ့ လက္ရွိအခက္အခဲေတြကို ေျဖရွင္းဖို႔အတြက္ ျပင္သစ္နည္းျပႀကီးကို ျပန္လည္ေခၚယူဖို႔ ေတာင္းဆို။

– ပရီးမီးယားလိဂ္အမွတ္ေပးဇယားရဲ႕ အဆင့္ ၁၉ မွာ ရပ္တည္ေနခဲ့တဲ့ ဝက္စ္ဘ႐ြန္းအသင္းရဲ႕ နည္းျပသစ္ျဖစ္လာခဲ့တဲ့ ဝါရင့္မန္ေနဂ်ာ ဆမ္ အလာဒိုက္စ္က အာဆင္နယ္အသင္းအေနနဲ႔ တန္းဆင္းဇုန္တိုက္ပြဲထဲကို အမွန္တကယ္ပဲ က်ေရာက္လာခဲ့ၿပီလို႔ သုံးသပ္။

– နီကိုလာ ေပေပရဲ႕ ကြင္းတြင္းေျခစြမ္းကို ဖ်က္ဆီးေနတာဟာ အမွားေတြကေန သင္ခန္းစာ မယူႏိုင္တဲ့ ပုံစံျဖစ္ၿပီး အိုင္ဗရီကို႔စ္သားအေနနဲ႔ ကြင္းထဲမွာ တစ္ခုခု မဟုတ္တာလုပ္ၿပီးတိုင္း စပ္ၿဖီးၿဖီးလုပ္ေနခဲ့တဲ့ ပုံစံဟာ သူ႔အတြက္ေတာ့ ေဒါသထြက္စရာပဲျဖစ္ေၾကာင္း အာဆင္နယ္ ကြင္းလယ္လူေဟာင္း ဖရင္မ္ေပါင္ ေျပာၾကား။

– ပရီးမီးယားလိဂ္အေၾကာင္း ကြၽမ္းက်င္သူတစ္ဦးျဖစ္တဲ့ အန္ဒီ ေတာင္းဆန္းက နည္းျပ အာတီတာအေနနဲ႔ အာဆင္နယ္အသင္းကို ရလဒ္ေကာင္းေတြဆီ ဆြဲတင္ဖို႔ ဆိုရင္ အသင္းေခါင္းေဆာင္ရာထူးနဲ႔ ထိုက္တန္ျခင္းမရွိတဲ့ တိုက္စစ္မႉး အူဘာမီယန္းကို ဖယ္ရွားၿပီး ဂိုးသြင္းဖို႔သက္သက္ပဲ တာဝန္ေပးအပ္သင့္တယ္လို႔ ေထာက္ျပသြား။

– အာဆင္နယ္အသင္းက စိတ္ဝင္စားေနတဲ့ ကြင္းလယ္လူ ခရစၥတီယန္ အဲရစ္ဆန္ကို စီးရီးေအကလပ္ အင္တာမီလန္အသင္းအေနနဲ႔ အေရာင္းစာရင္းတင္လိုက္ၿပီျဖစ္ၿပီး ဇန္နဝါရီမွာ ထြက္ခြာႏိုင္တယ္လို႔ အသင္းရဲ႕ အမႈေဆာင္ခ်ဳပ္ မာေရာ့တာ ထုတ္ျပန္သြားခဲ့။

– မန္ခ်က္စတာစီးတီးနဲ႔ပြဲမွာ ၿပိဳင္ဘက္ဂိုးသမားရဲ႕ ျပင္းထန္တဲ့ ဖ်က္ထုတ္မႈေၾကာင့္ ေျခက်င္းဝတ္ကို ထိခိုက္မိခဲ့တဲ့ အာဆင္နယ္တိုက္စစ္မႉး ဂါဘရီယယ္လ္ မာတီနယ္လီက သူ႔အေနနဲ႔ ဒဏ္ရာကေန ျပန္လည္ေကာင္းမြန္ေနၿပီျဖစ္ၿပီး ေနာက္ပြဲေတြ ကစားဖို႔ အဆင္သင့္ပဲလို႔ အင္စတာဂရမ္မွာ ေရးသားသြားခဲ့။

– အာဆင္နယ္အသင္းမွာ ရလဒ္မေကာင္းလို႔ ထုတ္ပယ္ခံခဲ့ရတဲ့ နည္းျပ အူႏိုင္း အမ္မရီကေတာ့ သူ႔ကို ဆက္ခံတဲ့ မီခယ္ အာတီတာတစ္ေယာက္ ပိုဆိုးတဲ့ ပုံစံနဲ႔ ႐ုန္းကန္ေနရခ်ိန္မွာ သူကိုင္တြယ္ေနတဲ့ ဗီလာရီးရဲလ္အသင္းအတြက္ ၁၉ ပြဲဆက္တိုက္ ရႈံးပြဲမရွိတဲ့ ကလပ္စံခ်ိန္သစ္ကို တင္ရွိႏိုင္ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2ZZ.