Match Report Premier League

ကစားရခက်တဲ့ အဲဗာတန်ကို အဝေးကွင်းမှာ အနိုင်ယူပြီး ယူနိုက်တက်တို့ ဆီမီးတက်

အသင်းကြီးတွေကြား အမှတ်ပေးဇယားရပ်တည်မှုအတွက် အပြိုင်အဆိုင်တွေ များပြားလာချိန်မှာ ဖလားပွဲတွေကလည်း ဥရောပကစားခွင့်နဲ့ ဂုဏ်သိက္ခာကို ပေးစွမ်းနိုင်တာကြောင့် တခြားအသင်းတွေလိုပဲ မန်ချက်စတာယူနိုက်တက်အနေနဲ့လည်း ဒီနေ့ပွဲမှာ လူစုံနီးပါး ထုတ်ကစားခဲ့ပြီး တချို့ ကစားသမားတွေကိုတော့ အခွင့်အရေးပေးခဲ့ပါတယ်။

အဲဗာတန်ကလည်း အိမ်ကွင်းမှာ လူစုံထုတ်ကစားလာခဲ့ပြီး ယူနိုက်တက်တို့ကို ဘောလုံးပိုင်ဆိုင်မှု အသာပေးခဲ့ရတာကလွဲလို့ ထိရောက်တဲ့ ကစားပုံနဲ့ ဟန်ချက်ညီညီ ကစားနိုင်ခဲ့လို့ ပွဲက နှစ်ဖက်စလုံးအတွက် ခက်ခဲနေခဲ့ပြီး အိမ်ရှင်ခံစစ်ကတော့ တောက်လျှောက်အလုပ်များနေခဲ့သလို ဂိုးသမား အိုလ်ဆန်လည်း လက်စွမ်းပြနိုင်ခဲ့ပါတယ်။

ကာဗာနီရဲ့ အပိုင်ကန်ချက်နှစ်ကြိမ်ကို ရိုးမားကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ ဆွီဒင်ဂိုးသမားက လက်စွမ်းပြ ပိတ်ဆို့သွားခဲ့သလို ဗန်ဒဘိခ်နဲ့ ဂရင်းဝုဒ်တို့ရဲ့ ကြိုးပမ်းချက်တွေကတော့ ဂိုးပေါက် မတည့်ချိန်မှာ ယူနိုက်တက်ဂိုးသမား ဟန်ဒါဆန်ကတော့ ကဲလ်ဗတ်-လူဝင်ရဲ့ ခေါင်းတိုက်ချက်နဲ့ ဆီဂါ့ဒ်ဆန်ရဲ့ ဖရီးကစ်တွေကို ကာကွယ်ခဲ့ရပြီး ပထမပိုင်းမှာ ဂိုးမရှိ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အဓိကတိုက်စစ်မှူးနှစ်ယောက်ဖြစ်တဲ့ မာစီယယ်လ်နဲ့ ရက်ရှ်ဖို့ဒ်တို့ကို လူစားဝင်ရောက်စေခဲ့ပြီးနောက်ပိုင်း ယူနိုက်တက်တိုက်စစ်က ပိုမိုထက်မြက်လာခဲ့သလို ဥရုဂွေးသားကြီး ကာဗာနီကတော့ အသက်အရွယ်နဲ့ မလိုက်အောင်ကို သွက်သွက်လက်လက် လှုပ်ရှားနေခဲ့ရာမှာ အဲဗာတန်နောက်တန်း ပြိုလဲစပြုလာခဲ့ပါတယ်။

ပွဲချိန် ၈၇ မိနစ်မှာတော့ မာစီယယ်လ် ထိုးပေးတဲ့ ဘောလုံးကို ညာခြမ်းမှာ နေရာယူထားခဲ့တဲ့ ကာဗာနီက အတွင်းကို ချိုးဝင်ပြီး ခံစစ်ကြားထဲက ဘယ်ခြေနဲ့ လျှပ်တစ်ပြက်ကန်သွင်းခဲ့ရာမှာ ဂိုးသမား အိုလ်ဆန် ဒိုက်ပစ်ပေမယ့် မမီတော့လို့ ယူနိုက်တက်တို့ ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။

နာကျင်အချိန်ပိုမှာ အဲဗာတန်တို့ အမြင့်ဘောတွေနဲ့ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ တန်ပြန်တိုက်စစ်ကနေ ဘရူနို ဖာနန်ဒက်စ်ရဲ့ ကြိုးစားမှု တိုင်ထိခဲ့အပြီး ဆက်တိုက်ဆိုသလိုပဲ နောက်တစ်ကြိမ်မှာလည်း ကာဗာနီနဲ့ ရက်ရှ်ဖို့ဒ်တို့ ဝမ်းတူးရိုက်ပြီး ရက်ရှ်ဖို့ဒ်ကန်သွင်းတာကို အော်လ်ဆန် ကာကွယ်သွားခဲ့ပြန်ပါတယ်။

ပွဲချိန် ၉၆ မိနစ်မှာတော့ ဆီဂါ့ဒ်ဆန် လူပေးမှားရာကနေ ယူနိုက်တက်တို့ တန်ပြန်တိုက်စစ်ဆင်လာခဲ့ပြီး ရက်ရှ်ဖို့ဒ် ခင်းပေးတဲ့ ဘောလုံးကို မာစီယယ်လ်က ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ တိတိကျကျ အဆုံးသတ်နိုင်ခဲ့လို့ နောက်ဆုံးမိနစ်မှာ အနိုင်ပြတ်သားသွားခဲ့ပြီး ယူနိုက်တက်တို့ နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်မှာတော့ မန်ချက်စတာဒါဘီကို ကစားသွားရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: TWITTER
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အသင္းႀကီးေတြၾကား အမွတ္ေပးဇယားရပ္တည္မႈအတြက္ အၿပိဳင္အဆိုင္ေတြ မ်ားျပားလာခ်ိန္မွာ ဖလားပြဲေတြကလည္း ဥေရာပကစားခြင့္နဲ႔ ဂုဏ္သိကၡာကို ေပးစြမ္းႏိုင္တာေၾကာင့္ တျခားအသင္းေတြလိုပဲ မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔လည္း ဒီေန႔ပြဲမွာ လူစုံနီးပါး ထုတ္ကစားခဲ့ၿပီး တခ်ိဳ႕ ကစားသမားေတြကိုေတာ့ အခြင့္အေရးေပးခဲ့ပါတယ္။

အဲဗာတန္ကလည္း အိမ္ကြင္းမွာ လူစုံထုတ္ကစားလာခဲ့ၿပီး ယူႏိုက္တက္တို႔ကို ေဘာလုံးပိုင္ဆိုင္မႈ အသာေပးခဲ့ရတာကလြဲလို႔ ထိေရာက္တဲ့ ကစားပုံနဲ႔ ဟန္ခ်က္ညီညီ ကစားႏိုင္ခဲ့လို႔ ပြဲက ႏွစ္ဖက္စလုံးအတြက္ ခက္ခဲေနခဲ့ၿပီး အိမ္ရွင္ခံစစ္ကေတာ့ ေတာက္ေလွ်ာက္အလုပ္မ်ားေနခဲ့သလို ဂိုးသမား အိုလ္ဆန္လည္း လက္စြမ္းျပႏိုင္ခဲ့ပါတယ္။

ကာဗာနီရဲ႕ အပိုင္ကန္ခ်က္ႏွစ္ႀကိမ္ကို ႐ိုးမားကေန အငွားနဲ႔ လာေရာက္ကစားေနတဲ့ ဆြီဒင္ဂိုးသမားက လက္စြမ္းျပ ပိတ္ဆို႔သြားခဲ့သလို ဗန္ဒဘိခ္နဲ႔ ဂရင္းဝုဒ္တို႔ရဲ႕ ႀကိဳးပမ္းခ်က္ေတြကေတာ့ ဂိုးေပါက္ မတည့္ခ်ိန္မွာ ယူႏိုက္တက္ဂိုးသမား ဟန္ဒါဆန္ကေတာ့ ကဲလ္ဗတ္-လူဝင္ရဲ႕ ေခါင္းတိုက္ခ်က္နဲ႔ ဆီဂါ့ဒ္ဆန္ရဲ႕ ဖရီးကစ္ေတြကို ကာကြယ္ခဲ့ရၿပီး ပထမပိုင္းမွာ ဂိုးမရွိ သေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ အဓိကတိုက္စစ္မႉးႏွစ္ေယာက္ျဖစ္တဲ့ မာစီယယ္လ္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔ကို လူစားဝင္ေရာက္ေစခဲ့ၿပီးေနာက္ပိုင္း ယူႏိုက္တက္တိုက္စစ္က ပိုမိုထက္ျမက္လာခဲ့သလို ဥ႐ုေဂြးသားႀကီး ကာဗာနီကေတာ့ အသက္အ႐ြယ္နဲ႔ မလိုက္ေအာင္ကို သြက္သြက္လက္လက္ လႈပ္ရွားေနခဲ့ရာမွာ အဲဗာတန္ေနာက္တန္း ၿပိဳလဲစျပဳလာခဲ့ပါတယ္။

ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ မာစီယယ္လ္ ထိုးေပးတဲ့ ေဘာလုံးကို ညာျခမ္းမွာ ေနရာယူထားခဲ့တဲ့ ကာဗာနီက အတြင္းကို ခ်ိဳးဝင္ၿပီး ခံစစ္ၾကားထဲက ဘယ္ေျခနဲ႔ လွ်ပ္တစ္ျပက္ကန္သြင္းခဲ့ရာမွာ ဂိုးသမား အိုလ္ဆန္ ဒိုက္ပစ္ေပမယ့္ မမီေတာ့လို႔ ယူႏိုက္တက္တို႔ ဦးေဆာင္ဂိုး ရရွိသြားခဲ့ပါတယ္။

နာက်င္အခ်ိန္ပိုမွာ အဲဗာတန္တို႔ အျမင့္ေဘာေတြနဲ႔ ေခ်ပဂိုးရဖို႔ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘဲ တန္ျပန္တိုက္စစ္ကေန ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ႀကိဳးစားမႈ တိုင္ထိခဲ့အၿပီး ဆက္တိုက္ဆိုသလိုပဲ ေနာက္တစ္ႀကိမ္မွာလည္း ကာဗာနီနဲ႔ ရက္ရွ္ဖို႔ဒ္တို႔ ဝမ္းတူး႐ိုက္ၿပီး ရက္ရွ္ဖို႔ဒ္ကန္သြင္းတာကို ေအာ္လ္ဆန္ ကာကြယ္သြားခဲ့ျပန္ပါတယ္။

ပြဲခ်ိန္ ၉၆ မိနစ္မွာေတာ့ ဆီဂါ့ဒ္ဆန္ လူေပးမွားရာကေန ယူႏိုက္တက္တို႔ တန္ျပန္တိုက္စစ္ဆင္လာခဲ့ၿပီး ရက္ရွ္ဖို႔ဒ္ ခင္းေပးတဲ့ ေဘာလုံးကို မာစီယယ္လ္က ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ တိတိက်က် အဆုံးသတ္ႏိုင္ခဲ့လို႔ ေနာက္ဆုံးမိနစ္မွာ အႏိုင္ျပတ္သားသြားခဲ့ၿပီး ယူႏိုက္တက္တို႔ ေနာက္တစ္ဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၿပီး ဆီမီးဖိုင္နယ္မွာေတာ့ မန္ခ်က္စတာဒါဘီကို ကစားသြားရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: TWITTER
PHOTOS CREDIT TO OWNERS
SPORTS A2Z.