Match Report Premier League

စပါးစ်အသင်း ဆီမီးတက်ပြီး စိတ်ဝင်စားစရာကောင်းလာတဲ့ ကာရာဘောင်း

စတုတ်စီးတီးအသင်းနဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ဆိုးရွားခဲ့တဲ့ နည်းပြကြီး ဂျိုဆေး မော်ရင်ညိုရဲ့အသင်းက အဝေးကွင်းမှာ ချန်ပီယံရှစ်ကလပ်ကို အနိုင်ယူပြီး ကာရာဘောင်းဖလားရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ နောက်ဆုံးသုံးပွဲဆက်နိုင်ပွဲမရတဲ့ စပါးစ်အသင်းအနေနဲ့ ဒီနေ့မှာ ဆွန်ဟောင်မင်နဲ့ ရက်ဂီလွန်တို့နှစ်ဦးကလွဲလို့ လူစုံထုတ် ကစားလာခဲ့ပြီး ပွဲချိန် ၂၂ မိနစ်မှာတော့ ကွင်းလယ်လူ ဟာရီဝင့်ခ်စ် မ,ပေးတဲ့ ဘောလုံးကို ဂါရက် ဘေးလ်က ခေါင်းရှပ်တိုက်ပြီး အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ပါတယ်။

ပထမပိုင်း လက်ကျန်ပွဲချိန်တွေမှာတော့ စပါးစ်ဘက်က ဟာရီကိန်း၊ ဒယ်လီ အယ်လီနဲ့ ဟွိုင်ဘယာ့ဂ်တို့ရဲ့ ထိုးဖောက်ကန်သွင်းမှုတွေကို စတုတ်စီးတီးဂိုးသမား လိုနာဂန်က ကာကွယ်သွားနိုင်ခဲ့လို့ ၄၅ မိနစ်အပြီးမှာ တစ်ဂိုး-ဂိုးမရှိနဲ့သာ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ စပါးစ်ဘက်က ဆွန်ဟောင်မင်ကို ထည့်ကစားခဲ့သလို အိမ်ရှင် စတုတ်တို့ တန်ပြန်တိုက်စစ်ကနေ ထိုးဖောက်လာခဲ့ပြီး ညာတောင်ပံကနေ ဘရောင်းရဲ့ ဖြတ်တင်ဘောကို နောက်ခံလူ ဒိုဟာတီက ဖျက်ထုတ်ဖို့ ပျက်ကွက်ခဲ့တာမှာ ဘယ်ခြမ်းကနေ စောင့်ဆိုင်းနေတဲ့ သွမ့်ပ်ဆန်က ပိတ်သွင်းခဲ့လို့ ပွဲချိန် ၅၃ မိနစ် အရောက်မှာ ချေပဂိုးပြန်ရခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ အနိုင်လိုချင်တဲ့ မော်ရင်ညိုကတော့ လာမယ်လာနဲ့ ဆစ်ဆိုကိုတို့ကို ထပ်မံထည့်သွင်းကစားခဲ့ပြီး ပွဲချိန် မိနစ် ၇၀ မှာတော့ စတုတ်နောက်တန်းက ရှင်းထုတ်လိုက်တဲ့ ဘောလုံးကို နောက်ခံလူ ဘန်ဒေးဗီးစ်က ဂိုးဧရိယာအပြင်ကနေ မြေလှိမ့်ဘော အပြင်းကန်သွင်းခဲ့ရာမှာ ဦးဆောင်ဂိုးထပ်မံရရှိခဲ့ပါတယ်။

ပွဲချိန် ၈၁ မိနစ်မှာတော့ စပါးစ်တို့အတွက် အနိုင်သေချာစေမယ့်ဂိုးကို တိုက်စစ်မှူး ဟာရီကိန်းက ဆစ်ဆိုကိုရဲ့ ပေးပို့မှုကနေ နောက်တန်းကို ကျော်ဖြတ်ပြီး ဂိုးသမားရဲ့ အပေါ်ဘက် ဂိုးပိုက်ထဲကို အပြင်းကန်သွင်းနိုင်ခဲ့တာကြောင့် စတုတ်တို့ အိမ်ကွင်း Bet365 Stadium မှာ ပြိုလဲခဲ့ရတာပါ။

ဒီပွဲကို အနိုင်ရယူသွားခဲ့တဲ့ မြောက်လန်ဒန်ဒေသခံ စပါးစ်အသင်း နောက်တစ်ဆင့်တက်ခဲ့သလို ပြိုင်ပွဲကို အလေးထားမှုနဲ့အတူ ကစားသမားကောင်းတွေကို ထုတ်သုံးလာခဲ့တဲ့ မော်ရင်ညိုရဲ့ လူတွေအနေနဲ့ ဆီမီးဖိုင်နယ်ကို တတိယမြောက်အသင်းဖြစ် တက်ရောက်နိုင်ခဲ့ပြီး ချန်ပီယံရှစ်အသင်းပဲဖြစ်တဲ့ ဘရန့်ဖို့ဒ်နဲ့ ဆက်လက်ကစားရမှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စတုတ္စီးတီးအသင္းနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းတို႔ရဲ႕ ပြဲစဥ္မွာေတာ့ ပရီးမီးယားလိဂ္မွာ ရလဒ္ေတြ ဆိုး႐ြားခဲ့တဲ့ နည္းျပႀကီး ဂ်ိဳေဆး ေမာ္ရင္ညိဳရဲ႕အသင္းက အေဝးကြင္းမွာ ခ်န္ပီယံရွစ္ကလပ္ကို အႏိုင္ယူၿပီး ကာရာေဘာင္းဖလားရဲ႕ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္သြားခဲ့ပါတယ္။

ပရီးမီးယားလိဂ္မွာ ေနာက္ဆုံးသုံးပြဲဆက္ႏိုင္ပြဲမရတဲ့ စပါးစ္အသင္းအေနနဲ႔ ဒီေန႔မွာ ဆြန္ေဟာင္မင္နဲ႔ ရက္ဂီလြန္တို႔ႏွစ္ဦးကလြဲလို႔ လူစုံထုတ္ ကစားလာခဲ့ၿပီး ပြဲခ်ိန္ ၂၂ မိနစ္မွာေတာ့ ကြင္းလယ္လူ ဟာရီဝင့္ခ္စ္ မ,ေပးတဲ့ ေဘာလုံးကို ဂါရက္ ေဘးလ္က ေခါင္းရွပ္တိုက္ၿပီး အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ပါတယ္။

ပထမပိုင္း လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ စပါးစ္ဘက္က ဟာရီကိန္း၊ ဒယ္လီ အယ္လီနဲ႔ ဟြိဳင္ဘယာ့ဂ္တို႔ရဲ႕ ထိုးေဖာက္ကန္သြင္းမႈေတြကို စတုတ္စီးတီးဂိုးသမား လိုနာဂန္က ကာကြယ္သြားႏိုင္ခဲ့လို႔ ၄၅ မိနစ္အၿပီးမွာ တစ္ဂိုး-ဂိုးမရွိနဲ႔သာ ရလဒ္ထြက္ေပၚခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ စပါးစ္ဘက္က ဆြန္ေဟာင္မင္ကို ထည့္ကစားခဲ့သလို အိမ္ရွင္ စတုတ္တို႔ တန္ျပန္တိုက္စစ္ကေန ထိုးေဖာက္လာခဲ့ၿပီး ညာေတာင္ပံကေန ဘေရာင္းရဲ႕ ျဖတ္တင္ေဘာကို ေနာက္ခံလူ ဒိုဟာတီက ဖ်က္ထုတ္ဖို႔ ပ်က္ကြက္ခဲ့တာမွာ ဘယ္ျခမ္းကေန ေစာင့္ဆိုင္းေနတဲ့ သြမ့္ပ္ဆန္က ပိတ္သြင္းခဲ့လို႔ ပြဲခ်ိန္ ၅၃ မိနစ္ အေရာက္မွာ ေခ်ပဂိုးျပန္ရခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာ အႏိုင္လိုခ်င္တဲ့ ေမာ္ရင္ညိဳကေတာ့ လာမယ္လာနဲ႔ ဆစ္ဆိုကိုတို႔ကို ထပ္မံထည့္သြင္းကစားခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ စတုတ္ေနာက္တန္းက ရွင္းထုတ္လိုက္တဲ့ ေဘာလုံးကို ေနာက္ခံလူ ဘန္ေဒးဗီးစ္က ဂိုးဧရိယာအျပင္ကေန ေျမလွိမ့္ေဘာ အျပင္းကန္သြင္းခဲ့ရာမွာ ဦးေဆာင္ဂိုးထပ္မံရရွိခဲ့ပါတယ္။

ပြဲခ်ိန္ ၈၁ မိနစ္မွာေတာ့ စပါးစ္တို႔အတြက္ အႏိုင္ေသခ်ာေစမယ့္ဂိုးကို တိုက္စစ္မႉး ဟာရီကိန္းက ဆစ္ဆိုကိုရဲ႕ ေပးပို႔မႈကေန ေနာက္တန္းကို ေက်ာ္ျဖတ္ၿပီး ဂိုးသမားရဲ႕ အေပၚဘက္ ဂိုးပိုက္ထဲကို အျပင္းကန္သြင္းႏိုင္ခဲ့တာေၾကာင့္ စတုတ္တုိ႔ အိမ္ကြင္း Bet365 Stadium မွာ ၿပဳိလဲခဲ့ရတာပါ။

ဒီပြဲကို အႏိုင္ရယူသြားခဲ့တဲ့ ေျမာက္လန္ဒန္ေဒသခံ စပါးစ္အသင္း ေနာက္တစ္ဆင့္တက္ခဲ့သလို ၿပဳိင္ပြဲကို အေလးထားမွဳနဲ႔အတူ ကစားသမားေကာင္းေတြကို ထုတ္သုံးလာခဲ့တဲ့ ေမာ္ရင္ညဳိရဲ႕ လူေတြအေနနဲ႔ ဆီမီးဖိုင္နယ္ကို တတိယေျမာက္အသင္းျဖစ္ တက္ေရာက္ႏိုင္ခဲ့ၿပီး ခ်န္ပီယံရွစ္အသင္းပဲျဖစ္တဲ့ ဘရန္႔ဖို႔ဒ္နဲ႔ ဆက္လက္ကစားရမွာျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.