Premier League Transfer News

နောက်ဆုံးရ ညပိုင်း မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒေါ့မွန်အသင်းရဲ့ အဟော့ဆုံး လူငယ်ကြယ်ပွင့် တိုက်စစ်မှူး အာလင်း ဟားလန်းကို ခေါ်ယူဖို့ ထိပ်ဆုံးက ရေပန်းစားနေပြီး သူ့ဖခင်ရဲ့ အသင်းဟောင်းဖြစ်မှုနဲ့ ကစားသမားကိုယ်တိုင် ငယ်စဉ်က စီးတီးအင်္ကျီနဲ့ ပုံတွေ တင်တတ်တာကြောင့် ခန့်မှန်းမှု မြင့်တက်နေ။

– အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ အင်္ဂလန်တောင်ပံကစားသမား ရာဟင်းမ် စတာလင်ကို စာချုပ်သက်တမ်းတိုးမြှင့်သွားဖို့ မန်ချက်စတာစီးတီးတာဝန်ရှိသူတွေ စီစဉ်နေပြီး လာမယ့် ၂၀၂၁ ခုနှစ်ထဲမှာ စတင်ဆွေးနွေးသွားဖို့ ရှိနေပြီး အနာဂတ်အတွက် ပြင်ဆင်မှုမှာ ပါဝင်နေ။

– မန်စီးတီးတာဝန်ရှိသူတွေအနေနဲ့ အသင်းရဲ့ ဂိုးသွင်းဘုရင် ဆာဂျီယို အဂွေရိုရဲ့ ကြံ့ခိုင်မှုအပေါ် စိတ်ကုန်နေပြီး လက်ရှိအချိန်အထိ စာချုပ်သစ် သက်တမ်းတိုးဖို့ မဆွေးနွေးသေးသလို သူ့ရဲ့နေရာမှာ အစားထိုးဖို့ အာလင်း ဟားလန်းကို ခေါ်ယူဖို့ ဒေါ့မွန်နဲ့ ဆွေးနွေးနေပြီလို့ သတင်းထွက်ပေါ်လာ။

– ဘာစီလိုနာအသင်းကနေ လာမယ့်ဇန်နဝါရီမှာ အလွတ်ပြောင်းရွှေ့ဖို့အတွက် အကြိုသဘောတူခွင့်ရှိနေပြီဖြစ်တဲ့ လာမာစီယာ အကယ်ဒမီထွက် ကွင်းလယ်လူ ရီကီ ပုဂျ်ကို ခေါ်ယူဖို့ နည်းပြ ဂွါဒီယိုလာက စိတ်ဝင်စားနေပြီး စပိန်ကလပ်ဘက်ကတော့ နူးကမ့်မှာ ဆက်လက်ရှိနေစေဖို့ စည်းရုံးနေ။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဂျွန်စတုန်းစ်ရဲ့ ပုံစံကောင်းကြောင့် လက်ရှိမှာ ဒုတိယဦးစားပေးလိုဖြစ်နေတဲ့ နောက်ခံလူ အေးမရစ် လာပေါ့တ်အတွက် အာမခံချက်ပေးဖို့ လိုအပ်နေပြီး ပြင်သစ်သားအတွက် ကျေနပ်လောက်ဖွယ် ကစားခွင့်ကို ပေးအပ်ဖို့ လိုကြောင်း ကစားသမားဟောင်း မီကာ ရစ်ချတ်ဆို။

– မန်ချက်စတာစီးတီးအသင်းကပဲ နောက်ဆုံး ၇ နှစ်ဆက်တိုက် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့ လိဂ်ဖလားကို ကာရာဘောင်းဖလားလို့ ခေါ်ဆိုနေမယ့်အစား မန်ချက်စတာစီးတီးဖလားလို့ ခေါ်ဆိုဂုဏ်ပြုသင့်နေပြီလို့ တယ်လီဂရပ်ဖ်သတင်းဌာန ရေးသား။

– အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ပွဲမှာ အမှားများစွာ ကျူးလွန်ခဲ့တဲ့ အိမ်ရှင်ဂိုးသမား အဲလက်စ် ရူနာဆန်အနေနဲ့ သူ့ရဲ့ တွစ်တာအကောင့်ကို ဖျက်လိုက်ရပြီး ပရိသတ်တွေရဲ့ ပြစ်တင်ဝေဖန်မှုတွေ တစ်ခဲနက် များပြားနေခဲ့လို့ဖြစ်ကြောင်းသိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ေဒါ့မြန္အသင္းရဲ႕ အေဟာ့ဆုံး လူငယ္ၾကယ္ပြင့္ တိုက္စစ္မႉး အာလင္း ဟားလန္းကို ေခၚယူဖို႔ ထိပ္ဆုံးက ေရပန္းစားေနၿပီး သူ႔ဖခင္ရဲ႕ အသင္းေဟာင္းျဖစ္မႈနဲ႔ ကစားသမားကိုယ္တိုင္ ငယ္စဥ္က စီးတီးအက်ႌနဲ႔ ပုံေတြ တင္တတ္တာေၾကာင့္ ခန႔္မွန္းမႈ ျမင့္တက္ေန။

– အသင္းရဲ႕ အဓိက ကစားသမားတစ္ဦးျဖစ္တဲ့ အဂၤလန္ေတာင္ပံကစားသမား ရာဟင္းမ္ စတာလင္ကို စာခ်ဳပ္သက္တမ္းတိုးျမႇင့္သြားဖို႔ မန္ခ်က္စတာစီးတီးတာဝန္ရွိသူေတြ စီစဥ္ေနၿပီး လာမယ့္ ၂၀၂၁ ခုႏွစ္ထဲမွာ စတင္ေဆြးေႏြးသြားဖို႔ ရွိေနၿပီး အနာဂတ္အတြက္ ျပင္ဆင္မႈမွာ ပါဝင္ေန။

– မန္စီးတီးတာဝန္ရွိသူေတြအေနနဲ႔ အသင္းရဲ႕ ဂိုးသြင္းဘုရင္ ဆာဂ်ီယို အေဂြ႐ိုရဲ႕ ႀကံ့ခိုင္မႈအေပၚ စိတ္ကုန္ေနၿပီး လက္ရွိအခ်ိန္အထိ စာခ်ဳပ္သစ္ သက္တမ္းတိုးဖို႔ မေဆြးေႏြးေသးသလို သူ႔ရဲ႕ေနရာမွာ အစားထိုးဖို႔ အာလင္း ဟားလန္းကို ေခၚယူဖို႔ ေဒါ့မြန္နဲ႔ ေဆြးေႏြးေနၿပီလို႔ သတင္းထြက္ေပၚလာ။

– ဘာစီလိုနာအသင္းကေန လာမယ့္ဇန္နဝါရီမွာ အလြတ္ေျပာင္းေ႐ႊ႕ဖို႔အတြက္ အႀကိဳသေဘာတူခြင့္ရွိေနၿပီျဖစ္တဲ့ လာမာစီယာ အကယ္ဒမီထြက္ ကြင္းလယ္လူ ရီကီ ပုဂ်္ကို ေခၚယူဖို႔ နည္းျပ ဂြါဒီယိုလာက စိတ္ဝင္စားေနၿပီး စပိန္ကလပ္ဘက္ကေတာ့ ႏူးကမ့္မွာ ဆက္လက္ရွိေနေစဖို႔ စည္း႐ုံးေန။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဂြၽန္စတုန္းစ္ရဲ႕ ပုံစံေကာင္းေၾကာင့္ လက္ရွိမွာ ဒုတိယဦးစားေပးလိုျဖစ္ေနတဲ့ ေနာက္ခံလူ ေအးမရစ္ လာေပါ့တ္အတြက္ အာမခံခ်က္ေပးဖို႔ လိုအပ္ေနၿပီး ျပင္သစ္သားအတြက္ ေက်နပ္ေလာက္ဖြယ္ ကစားခြင့္ကို ေပးအပ္ဖို႔ လိုေၾကာင္း ကစားသမားေဟာင္း မီကာ ရစ္ခ်တ္ဆို။

– မန္ခ်က္စတာစီးတီးအသင္းကပဲ ေနာက္ဆုံး ၇ ႏွစ္ဆက္တိုက္ ဆီမီးဖိုင္နယ္ကို တက္ေရာက္ႏိုင္ခဲ့တဲ့ လိဂ္ဖလားကို ကာရာေဘာင္းဖလားလို႔ ေခၚဆိုေနမယ့္အစား မန္ခ်က္စတာစီးတီးဖလားလို႔ ေခၚဆိုဂုဏ္ျပဳသင့္ေနၿပီလို႔ တယ္လီဂရပ္ဖ္သတင္းဌာန ေရးသား။

– အာဆင္နယ္နဲ႔ မန္ခ်က္စတာစီးတီးတို႔ပြဲမွာ အမွားမ်ားစြာ က်ဴးလြန္ခဲ့တဲ့ အိမ္ရွင္ဂိုးသမား အဲလက္စ္ ႐ူနာဆန္အေနနဲ႔ သူ႔ရဲ႕ တြစ္တာအေကာင့္ကို ဖ်က္လိုက္ရၿပီး ပရိသတ္ေတြရဲ႕ ျပစ္တင္ေဝဖန္မႈေတြ တစ္ခဲနက္ မ်ားျပားေနခဲ့လို႔ျဖစ္ေၾကာင္းသိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.