Premier League Transfer News

23 Dec ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– စကိုင်းစပို့စ်ရဲ့ တင်ဆက်သူ ဂယ်ရီ နဗီးလ်က လီဗာပူးလ်အသင်းအနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဟာ ဂိုးသမားတွေ ဖြစ်ကြတဲ့ လိုရစ် ကားရီးယပ်စ်နဲ့ ဆိုင်မွန် မစ်နိုလက်တို့ မရှိတော့လို့ဖြစ်ပြီး ဒါဟာလည်း ကံကောင်းခြင်းတစ်မျိုးပဲလို့ သုံးသပ်သွားခဲ့။

– စာချုပ်သစ်အတွက် သဘောတူညီမှု မရသေးတဲ့ ကွင်းလယ်လူ ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ဆွေးနွေးမှု ပြဿနာက ချဲလ်ဆီးနဲ့ ဝီလီယန်တို့ ကြုံခဲ့ရတဲ့ အဖြစ်မျိုးနဲ့ တူညီနေပြီး ကစားသမားအနေနဲ့ နှစ်ရှည်စာချုပ်တောင်းဆိုရာမှာ အသင်းဘက်က သဘောမတူညီနိုင်ခဲ့တာလို့ သိရ။

– လီဗာပူးလ်အသင်းမှာ အထင်ကြီးစရာ ခြေစွမ်းကို ပြသနိုင်ခဲ့တဲ့ ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာကို သူ့အနေနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့လိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် ဒွန်နီ ဗန်ဒဘိခ်သာ ရောက်လာခဲ့တာဖြစ်ကြောင်း တိုက်စစ်မှူးဟောင်း ဒီမီတာ ဘာဘာတော့ဗ်က ဝန်ခံသွားခဲ့။

– နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်နဲ့ တွဲဖက်သင်ယူစေဖို့နဲ့ သူ့ရဲ့ ရေရှည်အစားထိုးမှုဖြစ်လာမယ့် လူငယ်နောက်ခံလူတွေကို လီဗာပူးလ်အသင်းအနေနဲ့ ရှာဖွေနေစဉ်မှာ လိုင်လီအသင်းရဲ့ အသက် ၂၀ အရွယ် ဒတ်ချ်လူငယ်နောက်ခံလူ ဆဗင် ဘော့တ်မန်လည်း ပါဝင်နေ။

– လီဗာပူးလ်အက်ခိုးသတင်းဌာနရဲ့ ဂျာနယ်လစ် အီယန် ဒွိုင်းလ်ရဲ့ ရေးသားမှုအရ အသင်းရဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလက တိတ်ဆိတ်နေနိုင်တယ်ဆိုတဲ့အပေါ် ပရိသတ်တွေက ဝေဖန်ခဲ့ကြပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို စွန့်လွှတ်နိုင်တယ်ဆိုရင်လည်း လူမခေါ်နဲ့တော့လို့ ပြောနေကြ။

– အသင်းရဲ့ ချန်ပီယံလိဂ်ဗီလိန်ဂိုးသမား လိုရစ် ကားရီးယပ်စ်အနေနဲ့ အငှားချထားတဲ့ ယူနီယန် ဘာလင်အသင်းနဲ့ ပွဲထွက်မှုမှာလည်း ဆိုးရွားတဲ့ အခြေအနေနဲ့ပဲ ကြုံတွေ့ခဲ့ရပြီး ပြိုင်ဘက် ပါဒါဘွန်းရဲ့ ၅ ကြိမ်း ခြိမ်းခြောက်မှုမှာ ၃ ဂိုးပေးခဲ့ရပြီး လက်စွမ်းဆိုးရွားခဲ့သလို ပေါင်ကြားက သွင်းယူမှုကိုပါ ခွင့်ပြုခဲ့ရ။

– လီဗာပူးလ်အသင်းမှာ မပျော်ရွှင်တော့ဘူးလို့ သတင်းထွက်နေတဲ့ တိုက်စစ်မှူး မိုဟာမက် ဆာလားရဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာကို ရောက်နိုင်ခြေဟာ မဖြစ်နိုင်သလောက်ပဲလို့ ဂျေမီ ကာရေဂါက သုံးသပ်လိုက်ပြီး အသက် ၂၉ နှစ်ပြည့်တော့မယ့် ကစားသမားအတွက် စပိန်အင်အားကြီးကလပ်တွေက ငွေမသုံးလောက်တော့ဘူးလို့ဆို။

– အိုဇန် ကာဘက်ကို လီဗာပူးလ်အသင်းက စိတ်ဝင်စားနေပြီး တိုက်စစ်မှူး ဒီဗော့ခ် အိုရီဂီနဲ့ အလဲအထပ်လုပ်မယ်လို့ သတင်းတွေ ထွက်နေပေမယ့် တကယ်တမ်းမှာ တစ်စုံတစ်ရာ သဘောတူညီမှု မရှိသေးဘူးလို့ အေးဂျင့်ဘက်က ပြောကြားခဲ့တယ်လို့ အီတလီသတင်းတွေ ဖော်ပြ။

– လီဗာပူးလ်အသင်းနဲ့ လိုင်လီအသင်းတို့ကြားမှာ ကွင်းလယ်လူ ရီနာတို ဆန်ချက်စ်အတွက် ဆွေးနွေးမှုတချို့ ရှိထားပေမယ့် တကယ်တမ်း သဘောတူညီမှုမျိုး မရရှိသေးဘဲ မာဆေးဆိုက်သားတွေအနေနဲ့ ကွင်းလယ်လူ ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းပြီးမှ ရှေ့ဆက်သွားမယ်လို့ ဖာဘရီဇီယို ရိုမာနို ထုတ်ဖော်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– စကိုင္းစပို႔စ္ရဲ႕ တင္ဆက္သူ ဂယ္ရီ နဗီးလ္က လီဗာပူးလ္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ရယူႏိုင္ခဲ့တာဟာ ဂိုးသမားေတြ ျဖစ္ၾကတဲ့ လိုရစ္ ကားရီးယပ္စ္နဲ႔ ဆိုင္မြန္ မစ္ႏိုလက္တို႔ မရွိေတာ့လို႔ျဖစ္ၿပီး ဒါဟာလည္း ကံေကာင္းျခင္းတစ္မ်ိဳးပဲလို႔ သုံးသပ္သြားခဲ့။

– စာခ်ဳပ္သစ္အတြက္ သေဘာတူညီမႈ မရေသးတဲ့ ကြင္းလယ္လူ ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္နဲ႔ လီဗာပူးလ္အသင္းတို႔ရဲ႕ ေဆြးေႏြးမႈ ျပႆနာက ခ်ဲလ္ဆီးနဲ႔ ဝီလီယန္တို႔ ႀကဳံခဲ့ရတဲ့ အျဖစ္မ်ိဳးနဲ႔ တူညီေနၿပီး ကစားသမားအေနနဲ႔ ႏွစ္ရွည္စာခ်ဳပ္ေတာင္းဆိုရာမွာ အသင္းဘက္က သေဘာမတူညီႏိုင္ခဲ့တာလို႔ သိရ။

– လီဗာပူးလ္အသင္းမွာ အထင္ႀကီးစရာ ေျခစြမ္းကို ျပသႏိုင္ခဲ့တဲ့ ကြင္းလယ္လူ သီယာဂို အယ္လ္ကန္တာရာကို သူ႔အေနနဲ႔ မန္ခ်က္စတာ ယူႏိုက္တက္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့လိမ့္မယ္လို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ ဒြန္နီ ဗန္ဒဘိခ္သာ ေရာက္လာခဲ့တာျဖစ္ေၾကာင္း တိုက္စစ္မႉးေဟာင္း ဒီမီတာ ဘာဘာေတာ့ဗ္က ဝန္ခံသြားခဲ့။

– ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္နဲ႔ တြဲဖက္သင္ယူေစဖို႔နဲ႔ သူ႔ရဲ႕ ေရရွည္အစားထိုးမႈျဖစ္လာမယ့္ လူငယ္ေနာက္ခံလူေတြကို လီဗာပူးလ္အသင္းအေနနဲ႔ ရွာေဖြေနစဥ္မွာ လိုင္လီအသင္းရဲ႕ အသက္ ၂၀ အ႐ြယ္ ဒတ္ခ်္လူငယ္ေနာက္ခံလူ ဆဗင္ ေဘာ့တ္မန္လည္း ပါဝင္ေန။

– လီဗာပူးလ္အက္ခိုးသတင္းဌာနရဲ႕ ဂ်ာနယ္လစ္ အီယန္ ဒြိဳင္းလ္ရဲ႕ ေရးသားမႈအရ အသင္းရဲ႕ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ကာလက တိတ္ဆိတ္ေနႏိုင္တယ္ဆိုတဲ့အေပၚ ပရိသတ္ေတြက ေဝဖန္ခဲ့ၾကၿပီး ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို စြန႔္လႊတ္ႏိုင္တယ္ဆိုရင္လည္း လူမေခၚနဲ႔ေတာ့လို႔ ေျပာေနၾက။

– အသင္းရဲ႕ ခ်န္ပီယံလိဂ္ဗီလိန္ဂိုးသမား လိုရစ္ ကားရီးယပ္စ္အေနနဲ႔ အငွားခ်ထားတဲ့ ယူနီယန္ ဘာလင္အသင္းနဲ႔ ပြဲထြက္မႈမွာလည္း ဆိုး႐ြားတဲ့ အေျခအေနနဲ႔ပဲ ႀကဳံေတြ႕ခဲ့ရၿပီး ၿပိဳင္ဘက္ ပါဒါဘြန္းရဲ႕ ၅ ႀကိမ္း ၿခိမ္းေျခာက္မႈမွာ ၃ ဂိုးေပးခဲ့ရၿပီး လက္စြမ္းဆိုး႐ြားခဲ့သလို ေပါင္ၾကားက သြင္းယူမႈကိုပါ ခြင့္ျပဳခဲ့ရ။

– လီဗာပူးလ္အသင္းမွာ မေပ်ာ္႐ႊင္ေတာ့ဘူးလို႔ သတင္းထြက္ေနတဲ့ တိုက္စစ္မႉး မိုဟာမက္ ဆာလားရဲ႕ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာကို ေရာက္ႏိုင္ေျခဟာ မျဖစ္ႏိုင္သေလာက္ပဲလို႔ ေဂ်မီ ကာေရဂါက သုံးသပ္လိုက္ၿပီး အသက္ ၂၉ ႏွစ္ျပည့္ေတာ့မယ့္ ကစားသမားအတြက္ စပိန္အင္အားႀကီးကလပ္ေတြက ေငြမသုံးေလာက္ေတာ့ဘူးလို႔ဆို။

– အိုဇန္ ကာဘက္ကို လီဗာပူးလ္အသင္းက စိတ္ဝင္စားေနၿပီး တိုက္စစ္မႉး ဒီေဗာ့ခ္ အိုရီဂီနဲ႔ အလဲအထပ္လုပ္မယ္လို႔ သတင္းေတြ ထြက္ေနေပမယ့္ တကယ္တမ္းမွာ တစ္စုံတစ္ရာ သေဘာတူညီမႈ မရွိေသးဘူးလို႔ ေအးဂ်င့္ဘက္က ေျပာၾကားခဲ့တယ္လို႔ အီတလီသတင္းေတြ ေဖာ္ျပ။

– လီဗာပူးလ္အသင္းနဲ႔ လိုင္လီအသင္းတို႔ၾကားမွာ ကြင္းလယ္လူ ရီနာတို ဆန္ခ်က္စ္အတြက္ ေဆြးေႏြးမႈတခ်ိဳ႕ ရွိထားေပမယ့္ တကယ္တမ္း သေဘာတူညီမႈမ်ိဳး မရရွိေသးဘဲ မာေဆးဆိုက္သားေတြအေနနဲ႔ ကြင္းလယ္လူ ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္ရဲ႕ ဆုံးျဖတ္ခ်က္ကို ေစာင့္ဆိုင္းၿပီးမွ ေရွ႕ဆက္သြားမယ္လို႔ ဖာဘရီဇီယို ႐ိုမာႏို ထုတ္ေဖာ္သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.