Premier League

23 Dec နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက် သတင်းများ စုစည်းမှု


-မန်ချက်စတာယူနိုက်တက်ဟာ အီကွေဒေါလက်ရွေးစင် မွိုက်စ်ကိုင်ဆဲဒိုးကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး Diario Extra ရဲ့ ဖော်ပြချက်အရ ၂ဖက်အသင်းနဲ့ ကိုင်ဆဲဒိုးတို့အားလုံး သဘောတူညီမှုရရှိခဲ့ပြီဖြစ်တာကြောင့် လာမယ့်နာရီပိုင်းအတွင်း စာချုပ်ချုပ်ဆိုမယ်လို့ သိရ။


-မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးရဲမက်ဒရစ်ကို အနိုင်ယူပြီး ဘိုင်ယန်မြူးနစ်နောက်ခံကစားသမား အလာဘာကို လာမယ့်ဇန်နဝါရီအပြာင်းအရွှေ့ကာလမှာ ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိနေ။


-ယူနိုက်တက်နည်းပြဆိုးလ်ရှားက ပေါ့ဂ်ဘာရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မတင်မကျပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး ပြင်သစ်ကွင်းလယ်ကစားသမားဟာ လေ့ကျင့်ရေးပြုလုပ်ရာမှာရော ပွဲကစားရမှာပါ ခံယူချက်ကောင်းမွန်စွာနဲ့ ကစားခဲ့ပေမယ့် အောင်မြင်မှုတွေ ရရှိချင်တာကြောင့် ရှေ့ဆက်အသင်းမှာ ဘယ်သူက အစိတ်အပိုင်းတစ်ခုဖြစ်ရှိနေမလဲဆိုတာကို ကြည့်ကြတာပေါ့လို့ ပြောကြားခဲ့။


-လက်စတာစီးတီးဝါရင့်နောက်ခံလူ ဂျွန်နီအီဗန်က လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းမကုန်ဆုံးမီ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုပြီး ယူနိုက်တက်ကို ပြန်သွားတော့မယ်ဆိုတဲ့ ကောလာဟလသတင်းတွေကို အဆုံးသတ်ခဲ့။


-အဲဗာတန်နည်းပြအန်ဆယ်လော့တီဟာ ယူနိုက်တက်ဂန္တဝင်နည်းပြကြီး ဖာဂူဆန်အနားမယူမီ ၎င်းကို နည်းပြသစ်အဖြစ် ကိုင်တွယ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ရီးရဲမက်ဒရစ်ကို ကိုင်တွယ်ဖို့ လက်ခံထားပြီးဖြစ်တာကြောင့် ယူနိုက်တက်နည်းပြဖြစ်မလာခဲ့တာလို့ ထုတ်ဖော်ပြောကြားခဲ့။


-ယူနိုက်တက်ဂန္တဝင်နည်းပြကြီးဖာဂူဆန်က အိုးထရက်ဖို့ဒ်မှာ ကမ္ဘာ့အဆင့်ကစားသမား ၄ဦးသာ နည်းပြပေးခဲ့ရတယ်လို့ ပြောကြားခဲ့ပြီး ကန်တိုနာ၊ရိုင်ယန်ဂစ်၊ ရော်နယ်ဒိုနဲ့ ပေါလ်စခိုးတို့သာ ကမ္ဘာ့အဆင့်ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက ယခုရာသီမှာ ဒန်နီရယ်ဂျိမ်းစ်ဟာ ယူနိုက်တက်အတွက် ပိုမိုကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးရမယ်လို့ ပြောကြားခဲ့ပြီး ၎င်းရဲ့သူမတူတဲ့မြန်နှုန်းနဲ့ အသင်းရဲ့စွမ်းဆောင်ရည်ကို ဘယ်လိုတိုးတက်အောင်လုပ်နိုင်လဲဆိုတာကို အချိန်တိုင်း သက်သေပြသခဲ့တယ်လို့ ချီးကျူးခဲ့။


-မန်ချက်စတာယူနိုက်တက်ဟာ ဝမ်ဘစ်စ်ကာနဲ့ တနင်္ဂနွေနေ့က လိဒ်စ်နဲ့ပွဲစဉ်မှာ သူရဲကောင်းဖြစ်တဲ့ မက်တွန်မီနေးတို့မပါဝင်ဘဲ ဗုဒ္ဓဟူးနေ့ည အဲဗာတန်နဲ့ကစားရမယ့် ကရာဘောင်ဖလားကွာတားဖိုင်နယ်ပွဲစဉ်ကို ကစားသွားရမယ်လို့ နည်းပြဆိုးလ်ရှားက အတည်ပြုပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-မန္ခ်က္စတာယူႏိုက္တက္ဟာ အီေကြေဒါလက္ေ႐ြးစင္ မြိဳက္စ္ကိုင္ဆဲဒိုးကို ေခၚယူဖို႔ သေဘာတူညီမႈရရွိခဲ့ၿပီျဖစ္ၿပီး Diario Extra ရဲ႕ ေဖာ္ျပခ်က္အရ ၂ဖက္အသင္းနဲ႔ ကိုင္ဆဲဒိုးတို႔အားလုံး သေဘာတူညီမႈရရွိခဲ့ၿပီျဖစ္တာေၾကာင့္ လာမယ့္နာရီပိုင္းအတြင္း စာခ်ဳပ္ခ်ဳပ္ဆိုမယ္လို႔ သိရ။


-မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ရီးရဲမက္ဒရစ္ကို အႏိုင္ယူၿပီး ဘိုင္ယန္ျမဴးနစ္ေနာက္ခံကစားသမား အလာဘာကို လာမယ့္ဇန္နဝါရီအျပာင္းအေ႐ႊ႕ကာလမွာ ေခၚယူႏိုင္လိမ့္မယ္လို႔ ယုံၾကည္ခ်က္ရွိေန။


-ယူႏိုက္တက္နည္းျပဆိုးလ္ရွားက ေပါ့ဂ္ဘာရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး မတင္မက်ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၿပီး ျပင္သစ္ကြင္းလယ္ကစားသမားဟာ ေလ့က်င့္ေရးျပဳလုပ္ရာမွာေရာ ပြဲကစားရမွာပါ ခံယူခ်က္ေကာင္းမြန္စြာနဲ႔ ကစားခဲ့ေပမယ့္ ေအာင္ျမင္မႈေတြ ရရွိခ်င္တာေၾကာင့္ ေရွ႕ဆက္အသင္းမွာ ဘယ္သူက အစိတ္အပိုင္းတစ္ခုျဖစ္ရွိေနမလဲဆိုတာကို ၾကည့္ၾကတာေပါ့လို႔ ေျပာၾကားခဲ့။


-လက္စတာစီးတီးဝါရင့္ေနာက္ခံလူ ဂြၽန္နီအီဗန္က လာမယ့္ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းမကုန္ဆုံးမီ အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုၿပီး ယူႏိုက္တက္ကို ျပန္သြားေတာ့မယ္ဆိုတဲ့ ေကာလာဟလသတင္းေတြကို အဆုံးသတ္ခဲ့။


-အဲဗာတန္နည္းျပအန္ဆယ္ေလာ့တီဟာ ယူႏိုက္တက္ဂႏၲဝင္နည္းျပႀကီး ဖာဂူဆန္အနားမယူမီ ၎ကို နည္းျပသစ္အျဖစ္ ကိုင္တြယ္ဖို႔ ကမ္းလွမ္းခဲ့ေပမယ့္ ရီးရဲမက္ဒရစ္ကို ကိုင္တြယ္ဖို႔ လက္ခံထားၿပီးျဖစ္တာေၾကာင့္ ယူႏိုက္တက္နည္းျပျဖစ္မလာခဲ့တာလို႔ ထုတ္ေဖာ္ေျပာၾကားခဲ့။


-ယူႏိုက္တက္ဂႏၲဝင္နည္းျပႀကီးဖာဂူဆန္က အိုးထရက္ဖို႔ဒ္မွာ ကမာၻ႔အဆင့္ကစားသမား ၄ဦးသာ နည္းျပေပးခဲ့ရတယ္လို႔ ေျပာၾကားခဲ့ၿပီး ကန္တိုနာ၊႐ိုင္ယန္ဂစ္၊ ေရာ္နယ္ဒိုနဲ႔ ေပါလ္စခိုးတို႔သာ ကမာၻ႔အဆင့္ျဖစ္ခဲ့တယ္လို႔ ေျပာၾကားခဲ့။


-မန္ခ်က္စတာယူႏိုက္တက္နည္းျပဆိုးလ္ရွားက ယခုရာသီမွာ ဒန္နီရယ္ဂ်ိမ္းစ္ဟာ ယူႏိုက္တက္အတြက္ ပိုမိုႀကီးမားတဲ့အခန္းက႑ကေန ပါဝင္ကစားေပးရမယ္လို႔ ေျပာၾကားခဲ့ၿပီး ၎ရဲ႕သူမတူတဲ့ျမန္ႏႈန္းနဲ႔ အသင္းရဲ႕စြမ္းေဆာင္ရည္ကို ဘယ္လိုတိုးတက္ေအာင္လုပ္ႏိုင္လဲဆိုတာကို အခ်ိန္တိုင္း သက္ေသျပသခဲ့တယ္လို႔ ခ်ီးက်ဴးခဲ့။


-မန္ခ်က္စတာယူႏိုက္တက္ဟာ ဝမ္ဘစ္စ္ကာနဲ႔ တနဂၤေႏြေန႔က လိဒ္စ္နဲ႔ပြဲစဥ္မွာ သူရဲေကာင္းျဖစ္တဲ့ မက္တြန္မီေနးတို႔မပါဝင္ဘဲ ဗုဒၶဟူးေန႔ည အဲဗာတန္နဲ႔ကစားရမယ့္ ကရာေဘာင္ဖလားကြာတားဖိုင္နယ္ပြဲစဥ္ကို ကစားသြားရမယ္လို႔ နည္းျပဆိုးလ္ရွားက အတည္ျပဳေျပာၾကားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.