Premier League Transfer News

23 Dec နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်ဖန်တီးမှုအတွက် အင်တာမီလန်ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ဆန်ကိုလည်း အလိုရှိနေပြီး ချာကာနဲ့ အလဲအထပ် မလုပ်နိုင်ခဲ့ရင်တော့ ဆန်စီရိုဘက်က အရန်အစီအစဉ်အဖြစ် အလိုရှိနေတဲ့ ဒါနီ စီဘာယော့စ်ရဲ့ လက်ကျန် အငှားစာချုပ်ကို လွှဲပြောင်းပေးဖို့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ သုံးပွင့်ဆိုင် ညှိနှိုင်းသွားရဖွယ်ရှိနေ။

– မန်ချက်စတာစီးတီးနဲ့ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့တဲ့ လူငယ်တိုက်စစ်မှူး ဂါဘရီယယ်လ် မာတီနယ်လီအတွက် သူနဲ့ နီးစပ်သူ နှစ်ဦးဖြစ်ကြတဲ့ အာဆင်နယ်နောက်ခံလူ ဒေးဗစ် လူးဝစ်ဇ်နဲ့ အက်စတန်ဗီလာဂိုးသမား အီမီလီယာနို မာတီနက်ဇ်တို့က ဆုတောင်းပေးခဲ့ကြ။

– အာဆင်နယ်အသင်းအတွက် ဖလားပွဲမှာ ပွဲထွက်လာခဲ့တဲ့ ဂိုးသမား အဲလက်စ် ရူနာဆန်လို ကစားသမားမျိုးကို ခေါ်ယူခဲ့တာအတွက် နည်းစနစ်ဒါရိုက်တာ အီဒူးဟာ သူ့အလုပ်သူ ဘယ်လောက်တောင်မှ မကျွမ်းကျင်သူမျိုးဖြစ်တယ်ဆိုတာကို ပြသလိုက်တာဖြစ်ကြောင်း ပရိသတ်တွေ ဝေဖန်။

– မာတီနယ်လီကို ပြင်းပြင်းထန်ထန် ဒဏ်ရာရနေခဲ့တာတောင် ကွင်းထဲ ပြန်ထည့်ခဲ့ပြီး ဒုတိယပိုင်းအစအထိ ပြန်သုံးခဲ့တဲ့ နည်းပြ အာတီတာရဲ့ ဆုံးဖြတ်ချက် ရာထူးက ဖြုတ်သင့်တဲ့ စီမံခန့်ခွဲမှုလို့ ပရိသတ်တွေက ဝေဖန်တိုက်ခိုက်နေကြပြီး ကျန်ခဲ့တဲ့ ပွဲတွေက သောမတ်စ် ပါတေးနဲ့ ဒေးဗစ် လူးဝစ်ဇ်တို့ရဲ့ အဖြစ်တွေကိုပါ ပြန်လည်ယူဆောင် ထိုးနှက်ခဲ့ကြ။

– အာဆင်နယ်အသင်းအနေနဲ့ နည်းပြ မီခယ်လ် အာတီတာကို အက်ဖ်အေဖလားကို ရယူပေးခဲ့ပြီး အသင်းရဲ့ အကျိုးအမြတ်တွေကို တစ်စိတ်တစ်ပိုင်း ကာကွယ်ပေးခဲ့လို့သာ ဒီလောက် စိတ်ရှည်နေတာလို့ ကွင်းလယ်လူဟောင်း ဂျေမီ ရက်ဒ်နက်ပ်က ပြောကြားလိုက်ပြီး ဒီဆုံးဖြတ်ချက်နဲ့ ထောက်ခံမှု မှန်ကန်ကြောင်းနဲ့ ဝေဖန်သံတွေကို တိတ်စေဖို့ နိုင်ပွဲတွေ မဖြစ်မနေ ရယူဖို့တော့လိုကြောင်း ထောက်ပြ။

– တန်းဆင်းဇုန်နဲ့ တော်တော်လေး နီးကပ်နေပြီး ပွဲကျပ်ကာလမှာ အောက်က ဘရိုက်တန်နဲ့ ဘန်လေတို့ ကျော်တက်သွားနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ အာဆင်နယ်အသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ အစ္စကို,ကို ဖန်တီးမှုတွေအတွက် ခေါ်ယူသွားဖို့ စီစဉ်နေ။

– ကာရာဘောင်းဖလားရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာမှ VAR စနစ်ကို စတင်သုံးစွဲမှာဖြစ်တာဟာ အာဆင်နယ်အသင်းအတွက်တော့ နစ်နာခဲ့ပြီး ဖာနန်ဒင်ညိုရဲ့ စီဘာယော့စ်မျက်နှာကို တွန်းခဲ့တာ၊ မာတီနယ်လီ ခပ်ကြမ်းကြမ်း အဖျက်ခံခဲ့ရတာနဲ့ ဖိုဒန်ရဲ့ဂိုးတွေကို ပြန်မစစ်ဆေးနိုင်ခဲ့တာက ဒီပွဲရဲ့ ကြီးမားတဲ့ အလှည့်အပြောင်းတွေ ဖြစ်စေခဲ့။

– မန်ချက်စတာစီးတီးအသင်းနည်းပြ ပက်ပ် ဂွါဒီယိုလာက အာဆင်နယ်အသင်းအနေနဲ့ အာတီတာကို ထုတ်ပယ်ရင် မှားလိမ့်မယ်လို့ ကာရာဘောင်းဖလားပွဲအပြီး အင်တာဗျူးမှာ ပြောကြားသွားခဲ့ပြီး ဘာပဲဖြစ်ဖြစ် ယုံကြည်မှု ပေးထားရလိမ့်မယ်လို့ တပည့်ဖြစ်သူဘက်က ကာကွယ်သွားခဲ့။

– အာဆင်နယ်နည်းပြ အာတီတာက သူတို့အနေနဲ့ လက်ရှိမှာ ရလဒ်ကောင်းတွေကို ပြောင်းလဲနိုင်ဖို့ မဖြစ်မနေ လုပ်ဆောင်ရမယ့် အချိန်ကို ရောက်ရှိနေပြီး ဒီနေ့ပွဲမှာ ပေးလိုက်ရတဲ့ လွယ်ကူတဲ့ ဂိုးတွေလိုမျိုး ထပ်မဖြစ်အောင် ကြိုးစားသွားရလိမ့်မယ်လို့ ပွဲအပြီးမှာ အသင်းကို သတိပေးသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ ကြင္းလယ္ဖန္တီးမႈအတြက္ အင္တာမီလန္ကြင္းလယ္လူ ခရစၥတီယန္ အဲရစ္ဆန္ကိုလည္း အလိုရွိေနၿပီး ခ်ာကာနဲ႔ အလဲအထပ္ မလုပ္ႏိုင္ခဲ့ရင္ေတာ့ ဆန္စီ႐ိုဘက္က အရန္အစီအစဥ္အျဖစ္ အလိုရွိေနတဲ့ ဒါနီ စီဘာေယာ့စ္ရဲ႕ လက္က်န္ အငွားစာခ်ဳပ္ကို လႊဲေျပာင္းေပးဖို႔ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ သုံးပြင့္ဆိုင္ ညႇိႏႈိင္းသြားရဖြယ္ရွိေန။

– မန္ခ်က္စတာစီးတီးနဲ႔ပြဲမွာ ေျခက်င္းဝတ္ဒဏ္ရာ ရရွိသြားခဲ့တဲ့ လူငယ္တိုက္စစ္မႉး ဂါဘရီယယ္လ္ မာတီနယ္လီအတြက္ သူနဲ႔ နီးစပ္သူ ႏွစ္ဦးျဖစ္ၾကတဲ့ အာဆင္နယ္ေနာက္ခံလူ ေဒးဗစ္ လူးဝစ္ဇ္နဲ႔ အက္စတန္ဗီလာဂိုးသမား အီမီလီယာႏို မာတီနက္ဇ္တို႔က ဆုေတာင္းေပးခဲ့ၾက။

– အာဆင္နယ္အသင္းအတြက္ ဖလားပြဲမွာ ပြဲထြက္လာခဲ့တဲ့ ဂိုးသမား အဲလက္စ္ ႐ူနာဆန္လို ကစားသမားမ်ိဳးကို ေခၚယူခဲ့တာအတြက္ နည္းစနစ္ဒါ႐ိုက္တာ အီဒူးဟာ သူ႔အလုပ္သူ ဘယ္ေလာက္ေတာင္မွ မကြၽမ္းက်င္သူမ်ိဳးျဖစ္တယ္ဆိုတာကို ျပသလိုက္တာျဖစ္ေၾကာင္း ပရိသတ္ေတြ ေဝဖန္။

– မာတီနယ္လီကို ျပင္းျပင္းထန္ထန္ ဒဏ္ရာရေနခဲ့တာေတာင္ ကြင္းထဲ ျပန္ထည့္ခဲ့ၿပီး ဒုတိယပိုင္းအစအထိ ျပန္သုံးခဲ့တဲ့ နည္းျပ အာတီတာရဲ႕ ဆုံးျဖတ္ခ်က္ ရာထူးက ျဖဳတ္သင့္တဲ့ စီမံခန႔္ခြဲမႈလို႔ ပရိသတ္ေတြက ေဝဖန္တိုက္ခိုက္ေနၾကၿပီး က်န္ခဲ့တဲ့ ပြဲေတြက ေသာမတ္စ္ ပါေတးနဲ႔ ေဒးဗစ္ လူးဝစ္ဇ္တို႔ရဲ႕ အျဖစ္ေတြကိုပါ ျပန္လည္ယူေဆာင္ ထိုးႏွက္ခဲ့ၾက။

– အာဆင္နယ္အသင္းအေနနဲ႔ နည္းျပ မီခယ္လ္ အာတီတာကို အက္ဖ္ေအဖလားကို ရယူေပးခဲ့ၿပီး အသင္းရဲ႕ အက်ိဳးအျမတ္ေတြကို တစ္စိတ္တစ္ပိုင္း ကာကြယ္ေပးခဲ့လို႔သာ ဒီေလာက္ စိတ္ရွည္ေနတာလို႔ ကြင္းလယ္လူေဟာင္း ေဂ်မီ ရက္ဒ္နက္ပ္က ေျပာၾကားလိုက္ၿပီး ဒီဆုံးျဖတ္ခ်က္နဲ႔ ေထာက္ခံမႈ မွန္ကန္ေၾကာင္းနဲ႔ ေဝဖန္သံေတြကို တိတ္ေစဖို႔ ႏိုင္ပြဲေတြ မျဖစ္မေန ရယူဖို႔ေတာ့လိုေၾကာင္း ေထာက္ျပ။

– တန္းဆင္းဇုန္နဲ႔ ေတာ္ေတာ္ေလး နီးကပ္ေနၿပီး ပြဲက်ပ္ကာလမွာ ေအာက္က ဘ႐ိုက္တန္နဲ႔ ဘန္ေလတို႔ ေက်ာ္တက္သြားႏိုင္တဲ့ အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရတဲ့ အာဆင္နယ္အသင္းအေနနဲ႔ ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူ အစၥကို,ကို ဖန္တီးမႈေတြအတြက္ ေခၚယူသြားဖို႔ စီစဥ္ေန။

– ကာရာေဘာင္းဖလားရဲ႕ ဆီမီးဖိုင္နယ္အဆင့္မွာမွ VAR စနစ္ကို စတင္သုံးစြဲမွာျဖစ္တာဟာ အာဆင္နယ္အသင္းအတြက္ေတာ့ နစ္နာခဲ့ၿပီး ဖာနန္ဒင္ညိဳရဲ႕ စီဘာေယာ့စ္မ်က္ႏွာကို တြန္းခဲ့တာ၊ မာတီနယ္လီ ခပ္ၾကမ္းၾကမ္း အဖ်က္ခံခဲ့ရတာနဲ႔ ဖိုဒန္ရဲ႕ဂိုးေတြကို ျပန္မစစ္ေဆးႏိုင္ခဲ့တာက ဒီပြဲရဲ႕ ႀကီးမားတဲ့ အလွည့္အေျပာင္းေတြ ျဖစ္ေစခဲ့။

– မန္ခ်က္စတာစီးတီးအသင္းနည္းျပ ပက္ပ္ ဂြါဒီယိုလာက အာဆင္နယ္အသင္းအေနနဲ႔ အာတီတာကို ထုတ္ပယ္ရင္ မွားလိမ့္မယ္လို႔ ကာရာေဘာင္းဖလားပြဲအၿပီး အင္တာဗ်ဴးမွာ ေျပာၾကားသြားခဲ့ၿပီး ဘာပဲျဖစ္ျဖစ္ ယုံၾကည္မႈ ေပးထားရလိမ့္မယ္လို႔ တပည့္ျဖစ္သူဘက္က ကာကြယ္သြားခဲ့။

– အာဆင္နယ္နည္းျပ အာတီတာက သူတို႔အေနနဲ႔ လက္ရွိမွာ ရလဒ္ေကာင္းေတြကို ေျပာင္းလဲႏိုင္ဖို႔ မျဖစ္မေန လုပ္ေဆာင္ရမယ့္ အခ်ိန္ကို ေရာက္ရွိေနၿပီး ဒီေန႔ပြဲမွာ ေပးလိုက္ရတဲ့ လြယ္ကူတဲ့ ဂိုးေတြလိုမ်ိဳး ထပ္မျဖစ္ေအာင္ ႀကိဳးစားသြားရလိမ့္မယ္လို႔ ပြဲအၿပီးမွာ အသင္းကို သတိေပးသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.