Premier League

ဆိုးလ်ရှားရှိနေသမျှကာလပတ်လုံး ဘာဖလားမှရမှာမဟုတ်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ မကြာသေးမီက ပုံမှန်ခြေစွမ်း ပြန်လည်ပြသလာနိုင်ပြီဖြစ်ပေမယ့်လည်း ယခုရာသီမှာ ဘာဖလားမှ ရမှာမဟုတ်ဘူးလို့ ခရစ်စတယ်ပဲလေ့စ်အသင်းပိုင်ရှင်ဟောင်း ဆိုင်မွန်ဂျော်ဒန်က ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က လိဒ်စ်ယူနိုက်တက်အသင်းကို အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ၆:၂ နဲ့ အနိုင်ရရှိပြီးနောက်ပိုင်း အမှတ်ပေးဇယားအဆင့် ၃ နေရာအထိ တက်လှမ်းနိုင်ခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးအသင်းကို ၁ ပွဲလျော့နဲ့ ၅မှတ်သာလိုက်မီဖို့ လိုအပ်တော့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆိုးလ်ရှားကို ကာလရှည်ဝေဖန်မှုတွေ ပြုလုပ်ခဲ့တဲ့ ဂျော်ဒန်ကတော့ နော်ဝေလူမျိုးနည်းပြ တာဝန်ယူကိုင်တွယ်နေသမျှကာလပတ်လုံး ဆုဖလားစိန်ခေါ်နိုင်ဖို့ဆိုတာ လက်တွေ့ကျလာလိမ့်မယ်လို့ ယုံကြည်နေခြင်းမရှိတာဖြစ်ပါတယ်။

ဒီမှာ မန်ယူနိုက်တက်က ကစားသမားကောင်းတွေ ရှိပါတယ်။ သူတို့တွေ ဖလားမရနိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ…မန်ယူနိုက်တက်က အသင်းကောင်းဖြစ်လာဖို့ လုပ်နိုင်စွမ်းရှိတယ်။ ဘယ်သူက မလုပ်နိုင်ဘူးပြောလဲ

ကျွန်တော့်အမြင်အရတော့ အိုလေဂန်နာဆိုးလ်ရှားက ဘာဖလားတစ်လုံးမှ ရယူပေးနိုင်မှာမဟုတ်ပါဘူး။ သူ အသင်းကို ထိပ်ဆုံးလေးနေရာထဲဝင်အောင် လုပ်ပေးမှာဖြစ်ပြီး အဲဒါက မန်ယူနိုက်တက်ရဲ့ ရည်ရွယ်ချက်ဟုတ်လို့လား။ ထူးခြားဆန်းကြယ်လိုက်တာ… ဒါပေမယ့် မန်ချက်စတာယူနိုက်တက် ဆုလားတွေကို အနိုင်ရချင်ခဲ့တယ်လို့ ကျွန်တော် တွေးခဲ့မိပါတယ်။ မန်ယူနိုက်တက် ဆုဖလားရမှာလား။ လုံးဝ အခွင့်အရေးမရှိပါဘူး လို့ talkSPORT ကို ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.