Premier League

ချန်ပီယံလိဂ်သူရဲကောင်းကို အလိုက်ပေးပြီး ဘွန်ဒက်စ်လီဂါကြယ်ပွင့်ကို ခေါ်မယ့် လီဗာပူး


လီဗာပူးအသင်းဟာ ရှော်ကေးအသင်းနောက်ခံကစားသမား အိုဇန်ခဘတ်အတွက် တိုက်စစ်မှူး အိုရီဂီကို အလိုက်ပေး ကမ်းလှမ်းသွားရလိမ့်မယ်လို့ Express က ဖော်ပြခဲ့ပါတယ်။

ဘွန်ဒက်စ်လီဂါအသင်းဟာ ကမ်းလှမ်းမှုအတွက် ကိုယ့်လူပဲ ပါသွားတာမဖြစ်ရလေအောင် အန်းဖီးမှာ နေရာမရဖြစ်နေတဲ့ တိုက်စစ်မှူးကို ပြန်ပေးဖို့အတွက် တောင်းဆိုလိမ့်မယ်လို့ မျှော်မှန်းရပါတယ်။ လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ဟာ ယခုရာသီမှာ ခံစစ်ကစားသမားတွေရဲ့ဒဏ်ရာပြဿနာကို မြင်တွေ့ခဲ့ရပြီးနောက် ဇန်နဝါရီလမှာ ခံစစ်ကစားသမား ခေါ်ယူမှုပြုလုပ်သွားချင်နေတာဖြစ်ပါတယ်။


လီဗာပူးအသင်းရဲ့ ပစ်မှတ်စာရင်းနဲ့ပတ်သက်တဲ့ နာမည်တွေ ကောလာဟလထွက်ပေါ်လာတဲ့အထဲက အလားအလာများစွာရှိသူလို့ သတ်မှတ်ခံထားရတဲ့ တူရကီနောက်ခံကစားသမား အိုဇန်ခဘတ်ဟာ ပြောင်းရွှေ့ကြေးပေါင် ၂၂ သန်းဝန်းကျင်ကုန်ကျဖွယ်ရှိနေတာဖြစ်ပါတယ်။ ခဘတ်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်နွေရာသီကမှ စတုဂတ်အသင်းကနေ ရှော်ကေးကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဗဟိုခံစစ်ကစားသမားဟာ အရင်က တူရကီယူ-၁၇ အသင်းကို အသင်းခေါင်းဆောင်အနေနဲ့ ဦးဆောင်ပြီး ဥရောပယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖူးသူဖြစ်ပါတယ်။


ရှော်ကေးဟာ လက်ရှိမှာတော့ ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားအောက်ခြေမှာ ရပ်တည်နေရတာဖြစ်ပြီး ခဘတ်က ပရီးမီးယားလိဂ်ချန်ပီယံအသင်းဆီကို ပြောင်းရွှေ့ဖို့ ကြိုးပမ်းသွားဖွယ်ရှိနေတာဖြစ်ပါတယ်။ အသက် ၂၀ အရွယ်သာရှိသေးတဲ့ ခဘတ်အတွက် ရှော်ကေးအသင်းဟာ ငွေသားချည်းပဲထက် ကစားသမားတစ်ဦး အလိုက်ပေးကမ်းလှမ်းတာကို လိုချင်နေတယ်လို့ သိရပြီး The Telegraph ရဲ့သတင်းအရ အန်းဖီးက အချိန်တွေ မကြာမီကုန်ဆုံးတော့မယ့် ဘယ်လ်ဂျီယံကြယ်ပွင့်ကို ရှော်ကေးအသင်းက တောင်းဆိုလိမ့်မယ်လို့ သိရပါတယ်။


အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အိုရီဂီဟာ ၂၀၁၄ ခုနှစ်မှာ လိုင်လီအသင်းကနေ လီဗာပူးအသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပထမအသင်းမှာ နေရာရဖို့ ရုန်းကန်နေခဲ့ရပေမယ့်လည်း ၂၀၁၉ ခုနှစ်တုန်းက ဘာစီလိုနာအသင်းနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ လီဗာပူးအသင်း အံ့အားသင့်ဖွယ်ပြန်လာနိုင်အောင် ၂ ဂိုးသွင်းယူပေးခဲ့ပြီး သူရဲကောင်းဖြစ်ခဲ့သူဖြစ်ပါတယ်။

REF: INTERNET SOURCES , FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

(Zawgyi)


လီဗာပူးအသင္းဟာ ေရွာ္ေကးအသင္းေနာက္ခံကစားသမား အိုဇန္ခဘတ္အတြက္ တိုက္စစ္မႉး အိုရီဂီကို အလိုက္ေပး ကမ္းလွမ္းသြားရလိမ့္မယ္လို႔ Express က ေဖာ္ျပခဲ့ပါတယ္။

ဘြန္ဒက္စ္လီဂါအသင္းဟာ ကမ္းလွမ္းမႈအတြက္ ကိုယ့္လူပဲ ပါသြားတာမျဖစ္ရေလေအာင္ အန္းဖီးမွာ ေနရာမရျဖစ္ေနတဲ့ တိုက္စစ္မႉးကို ျပန္ေပးဖို႔အတြက္ ေတာင္းဆိုလိမ့္မယ္လို႔ ေမၽွာ္မွန္းရပါတယ္။ လီဗာပူးနည္းၿပ ယာဂင္ကေလာ့ပ္ဟာ ယခုရာသီမွာ ခံစစ္ကစားသမားေတြရဲ့ဒဏ္ရာျပႆနာကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ ဇန္နဝါရီလမွာ ခံစစ္ကစားသမား ေခၚယူမႈျပဳလုပ္သြားခ်င္ေနတာျဖစ္ပါတယ္။


လီဗာပူးအသင္းရဲ့ ပစ္မွတ္စာရင္းနဲ႔ပတ္သက္တဲ့ နာမည္ေတြ ေကာလာဟလထြက္ေပၚလာတဲ့အထဲက အလားအလာမ်ားစြာရွိသူလို႔ သတ္မွတ္ခံထားရတဲ့ တူရကီေနာက္ခံကစားသမား အိုဇန္ခဘတ္ဟာ ေျပာင္းေရႊ႕ေၾကးေပါင္ ၂၂ သန္းဝန္းက်င္ကုန္က်ဖြယ္ရွိေနတာျဖစ္ပါတယ္။ ခဘတ္ဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ေႏြရာသီကမွ စတုဂတ္အသင္းကေန ေရွာ္ေကးကို ေျပာင္းေရႊ႕လာခဲ့သူျဖစ္ၿပီး ဗဟိုခံစစ္ကစားသမားဟာ အရင္က တူရကီယူ-၁၇ အသင္းကို အသင္းေခါင္းေဆာင္အေနနဲ႔ ဦးေဆာင္ၿပီး ဥေရာပယူ-၁၇ ခ်န္ပီယံရွစ္ၿပိဳင္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ဖူးသူျဖစ္ပါတယ္။


ေရွာ္ေကးဟာ လက္ရွိမွာေတာ့ ဘြန္ဒက္စ္လီဂါအမွတ္ေပးဇယားေအာက္ေျခမွာ ရပ္တည္ေနရတာျဖစ္ၿပီး ခဘတ္က ပရီးမီးယားလိဂ္ခ်န္ပီယံအသင္းဆီကို ေျပာင္းေရႊ႕ဖို႔ ႀကိဳးပမ္းသြားဖြယ္ရွိေနတာျဖစ္ပါတယ္။ အသက္ ၂၀ အရြယ္သာရွိေသးတဲ့ ခဘတ္အတြက္ ေရွာ္ေကးအသင္းဟာ ေငြသားခ်ည္းပဲထက္ ကစားသမားတစ္ဦး အလိုက္ေပးကမ္းလွမ္းတာကို လိုခ်င္ေနတယ္လို႔ သိရၿပီး The Telegraph ရဲ့သတင္းအရ အန္းဖီးက အခ်ိန္ေတြ မၾကာမီကုန္ဆုံးေတာ့မယ့္ ဘယ္လ္ဂ်ီယံၾကယ္ပြင့္ကို ေရွာ္ေကးအသင္းက ေတာင္းဆိုလိမ့္မယ္လို႔ သိရပါတယ္။


အသက္ ၂၄ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ အိုရီဂီဟာ ၂၀၁၄ ခုႏွစ္မွာ လိုင္လီအသင္းကေန လီဗာပူးအသင္းကို ေျပာင္းေရႊ႕ခဲ့သူျဖစ္ၿပီး ပထမအသင္းမွာ ေနရာရဖို႔ ႐ုန္းကန္ေနခဲ့ရေပမယ့္လည္း ၂၀၁၉ ခုႏွစ္တုန္းက ဘာစီလိုနာအသင္းနဲ႔ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္မွာ လီဗာပူးအသင္း အံ့အားသင့္ဖြယ္ျပန္လာနိုင္ေအာင္ ၂ ဂိုးသြင္းယူေပးခဲ့ၿပီး သူရဲေကာင္းျဖစ္ခဲ့သူျဖစ္ပါတယ္။

REF: INTERNET SOURCES , FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.