Premier League

22 Dec နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု


-BBC ရဲ့မှတ်တမ်းရုပ်ရှင်ထဲမှာ မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ မိခင်ဖြစ်တဲ့ မယ်လာနီက ၎င်းတို့ ခက်ခဲခဲ့တဲ့အချိန်တုန်းက ပေါင်မုန့်လေးတစ်လုံးတောင် မရှိခဲ့တဲ့အချိန်တွေရှိခဲ့ကြောင်း ပြောပြပြခဲ့ပြီး ဘာကြောင့် အားလပ်ရက်တွေမှာ ကျောင်းနေ့လယ်စာအခမဲ့စားသုံးနိုင်တဲ့ဘောက်ချာရဖို့ ရက်ရှ်ဖို့ဒ် တိုက်ပွဲဝင်နေရတာလဲဆိုတာ ပြောပြခဲ့။


-မန်ချက်စတာယူနိုက်တက်ဟာ ဘိုင်ယန်မြူးနစ်နောက်ခံကစားသမား ဒေးဗစ်အလာဘာကို တရားဝင်ကမ်းလှမ်းမှုပြုလုပ်လိုက်ပြီလို့ သိရပြီး အသက် ၂၈ နှစ်အရွယ်နောက်ခံကစားသမားဟာ လာမယ့်ဇန်နဝါရီမှာ ပြည်ပကလပ်အသင်းတွေနဲ့ လွတ်လပ်စွာ ဆွေးနွေးနိုင်တော့မှာဖြစ်။


-မန်ချက်စတာယူနိုက်တက်ဟာ အသင်းအတွက် ကာလရှည်ကစားပေးခဲ့တဲ့ ဖီးလ်ဂျုံးစ်ရဲ့ လုပ်ခလစာ ပေါင် ၁၂၀၀၀၀ ထဲက ကြီးမားတဲ့ပမာဏကို ပေးချေပြီး အငှားချသွားဖို့ ဆန္ဒရှိနေပြီး ၂၀၀၉ ခုနှစ်က ဘလက်ဘန်းအသင်းမှာ ဖီးလ်ဂျုံးစ်ကို ပွဲဦးထွက်ပါဝင်ကစားခွင့်ပေးခဲ့တဲ့ လက်ရှိဝက်စ်ဘရွန်းနည်းပြ ဆမ်အလာဒိုက်စ်က အငှားနဲ့ ခေါ်ယူချင်နေ။


-မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျူဗင်တပ်အသင်းရဲ့အားကစားဒါရိုက်တာ ဖေဘီယိုပရာတီစီကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေပြီး ဖိအားတွေများနေတဲ့ ဆိုးလ်ရှားအတွက် ဘောလုံးဒါရိုက်တာတစ်ဦး ခန့်အပ်ပေးဖို့ ဆုံးဖြတ်လိုက်ပြီလို့ Calciomercato က ဖော်ပြခဲ့။


-အန်သိုနီ မာစီယယ်လ်ဟာ ယခုရာသီပြိုင်ပွဲစုံမှာ ၃ ဂိုးသာ သွင်းယူထားနိုင်သေးပေမယ့် လိဒ်စ်ယူနိုက်တက်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် အကျိုးသက်ရောက်မှုရှိနေဆဲဖြစ်ကြောင်းကို ကိန်းဂဏန်းတွေက ဖော်ပြခဲ့ပြီး ဘောလုံးပေးပို့ရာမှာတိကျမှု-၈၁ ရာခိုင်နှုန်း၊ လိမ်ခေါက်ဖို့ ကြိုးပမ်းမှု ၉ ကြိမ်၊ လိမ်ခေါက်ရာမှာ အောင်မြင်မှု- ၇ ကြိမ်၊ ပင်နယ်တီဧရိယာထဲကို ပေးပို့မှု- ၆ ကြိမ်၊ ပင်နယ်တီဧရိယာအတွင်း ဂိုးကန်သွင်းမှု-၄ ကြိမ်၊ အခွင့်အရေးဖန်တီးမှု- ၄ ကြိမ်၊ ဘောလုံးပြန်လည်ရယူနိုင်မှု- ၃ ကြိမ်၊ ဂိုးဖန်တီးမှု ၂ ကြိမ်။


-ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးက ၂၀၁၂ ခုနှစ်တုန်းက မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ဆာအဲလက်စ်ဖာဂူဆန်နဲ့ ပြောဆိုဆွေးနွေးခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး အိုးထရက်ဖို့ဒ်ကို ပြောင်းဖို့ အဆင်သင့်တောင်ဖြစ်နေခဲ့ပေမယ့် ဒေါ့မွန်က ထွက်ခွာခွင့်မပေးခဲ့တာကြောင့် ဆက်နေဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့။


-အတ္တလန္တာတောင်ပံကစားသမား အာမက်ဒီရယ်လိုဟာ ဇန်နဝါရီလအစောပိုင်းမှာ မန်ချက်စတာယူနိုက်တက်ကို အပြီးသတ်ပြောင်းရွှေ့နိုင်ဖို့ အင်္ဂလန်ကို ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ သိရပြီး အသက် ၁၈ နှစ်အရွယ်ကစားသမားဟာ ပြောင်းရွှေ့ကြေးယူရို ၂၇.၅ သန်းအပြင် စွမ်းဆောင်ရည်ကြေးတွေလည်း ထပ်ဆောင်းရရှိမှာဖြစ်။


-မန်ချက်စတာယူနိုက်တက်ဟာ အလားအလာများစွာရှိသူအဖြစ် သတ်မှတ်ခံထားရတဲ့ ဖီအိုရင်တီးနားနောက်ခံကစားသမား မီလင်ကိုဗစ်ရဲ့ အေးဂျင့်ကို ချဉ်းကပ်ခဲ့တယ်လို့ သိရပြီး အေစီမီလန်နဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ကလည်း ဆားဘီးယားနောက်ခံကစားသမားကို အသည်းအသန်လိုချင်နေကြတယ်လို့ Sports Witness က ဖော်ပြခဲ့။

REF: INTERNET SOURCES , FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-BBC ရဲ့မွတ္တမ္း႐ုပ္ရွင္ထဲမွာ မားကပ္စ္ရက္ရွ္ဖို႔ဒ္ရဲ့ မိခင္ျဖစ္တဲ့ မယ္လာနီက ၎တို႔ ခက္ခဲခဲ့တဲ့အခ်ိန္တုန္းက ေပါင္မုန႔္ေလးတစ္လုံးေတာင္ မရွိခဲ့တဲ့အခ်ိန္ေတြရွိခဲ့ေၾကာင္း ေျပာျပျပခဲ့ၿပီး ဘာေၾကာင့္ အားလပ္ရက္ေတြမွာ ေက်ာင္းေန႔လယ္စာအခမဲ့စားသုံးနိုင္တဲ့ေဘာက္ခ်ာရဖို႔ ရက္ရွ္ဖို႔ဒ္ တိုက္ပြဲဝင္ေနရတာလဲဆိုတာ ေျပာျပခဲ့။


-မန္ခ်က္စတာယူနိုက္တက္ဟာ ဘိုင္ယန္ျမဴးနစ္ေနာက္ခံကစားသမား ေဒးဗစ္အလာဘာကို တရားဝင္ကမ္းလွမ္းမႈျပဳလုပ္လိုက္ၿပီလို႔ သိရၿပီး အသက္ ၂၈ ႏွစ္အရြယ္ေနာက္ခံကစားသမားဟာ လာမယ့္ဇန္နဝါရီမွာ ျပည္ပကလပ္အသင္းေတြနဲ႔ လြတ္လပ္စြာ ေဆြးေႏြးနိုင္ေတာ့မွာျဖစ္။


-မန္ခ်က္စတာယူနိုက္တက္ဟာ အသင္းအတြက္ ကာလရွည္ကစားေပးခဲ့တဲ့ ဖီးလ္ဂ်ဳံးစ္ရဲ့ လုပ္ခလစာ ေပါင္ ၁၂၀၀၀၀ ထဲက ႀကီးမားတဲ့ပမာဏကို ေပးေခ်ၿပီး အငွားခ်သြားဖို႔ ဆႏၵရွိေနၿပီး ၂၀၀၉ ခုႏွစ္က ဘလက္ဘန္းအသင္းမွာ ဖီးလ္ဂ်ဳံးစ္ကို ပြဲဦးထြက္ပါဝင္ကစားခြင့္ေပးခဲ့တဲ့ လက္ရွိဝက္စ္ဘရြန္းနည္းၿပ ဆမ္အလာဒိုက္စ္က အငွားနဲ႔ ေခၚယူခ်င္ေန။


-မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ဂ်ဴဗင္တပ္အသင္းရဲ့အားကစားဒါရိုက္တာ ေဖဘီယိုပရာတီစီကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနၿပီး ဖိအားေတြမ်ားေနတဲ့ ဆိုးလ္ရွားအတြက္ ေဘာလုံးဒါရိုက္တာတစ္ဦး ခန႔္အပ္ေပးဖို႔ ဆုံးျဖတ္လိုက္ၿပီလို႔ Calciomercato က ေဖာ္ျပခဲ့။


-အန္သိုနီ မာစီယယ္လ္ဟာ ယခုရာသီၿပိဳင္ပြဲစုံမွာ ၃ ဂိုးသာ သြင္းယူထားနိုင္ေသးေပမယ့္ လိဒ္စ္ယူနိုက္တက္ကို အနိုင္ရရွိခဲ့တဲ့ပြဲမွာ အသင္းအတြက္ အက်ိဳးသက္ေရာက္မႈရွိေနဆဲျဖစ္ေၾကာင္းကို ကိန္းဂဏန္းေတြက ေဖာ္ျပခဲ့ၿပီး ေဘာလုံးေပးပို႔ရာမွာတိက်မႈ-၈၁ ရာခိုင္ႏႈန္း၊ လိမ္ေခါက္ဖို႔ ႀကိဳးပမ္းမႈ ၉ ႀကိမ္၊ လိမ္ေခါက္ရာမွာ ေအာင္ျမင္မႈ- ၇ ႀကိမ္၊ ပင္နယ္တီဧရိယာထဲကို ေပးပို႔မႈ- ၆ ႀကိမ္၊ ပင္နယ္တီဧရိယာအတြင္း ဂိုးကန္သြင္းမႈ-၄ ႀကိမ္၊ အခြင့္အေရးဖန္တီးမႈ- ၄ ႀကိမ္၊ ေဘာလုံးျပန္လည္ရယူနိုင္မႈ- ၃ ႀကိမ္၊ ဂိုးဖန္တီးမႈ ၂ ႀကိမ္။


-ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး လီဝန္ေဒါစကီးက ၂၀၁၂ ခုႏွစ္တုန္းက မန္ခ်က္စတာယူနိုက္တက္ကို ေျပာင္းေရႊ႕ဖို႔ ဆာအဲလက္စ္ဖာဂူဆန္နဲ႔ ေျပာဆိုေဆြးေႏြးခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး အိုးထရက္ဖို႔ဒ္ကို ေျပာင္းဖို႔ အဆင္သင့္ေတာင္ျဖစ္ေနခဲ့ေပမယ့္ ေဒါ့မြန္က ထြက္ခြာခြင့္မေပးခဲ့တာေၾကာင့္ ဆက္ေနျဖစ္ခဲ့တယ္လို႔ ေျပာၾကားခဲ့။


-အတၱလႏၲာေတာင္ပံကစားသမား အာမက္ဒီရယ္လိုဟာ ဇန္နဝါရီလအေစာပိုင္းမွာ မန္ခ်က္စတာယူနိုက္တက္ကို အၿပီးသတ္ေျပာင္းေရႊ႕နိုင္ဖို႔ အဂၤလန္ကို ထြက္ခြာဖို႔ ျပင္ဆင္ေနတယ္လို႔ သိရၿပီး အသက္ ၁၈ ႏွစ္အရြယ္ကစားသမားဟာ ေျပာင္းေရႊ႕ေၾကးယူရို ၂၇.၅ သန္းအျပင္ စြမ္းေဆာင္ရည္ေၾကးေတြလည္း ထပ္ေဆာင္းရရွိမွာျဖစ္။


-မန္ခ်က္စတာယူနိုက္တက္ဟာ အလားအလာမ်ားစြာရွိသူအျဖစ္ သတ္မွတ္ခံထားရတဲ့ ဖီအိုရင္တီးနားေနာက္ခံကစားသမား မီလင္ကိုဗစ္ရဲ့ ေအးဂ်င့္ကို ခ်ဥ္းကပ္ခဲ့တယ္လို႔ သိရၿပီး ေအစီမီလန္နဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းတို႔ကလည္း ဆားဘီးယားေနာက္ခံကစားသမားကို အသည္းအသန္လိုခ်င္ေနၾကတယ္လို႔ Sports Witness က ေဖာ္ျပခဲ့။

REF: INTERNET SOURCES , FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.