Match Report Premier League

ချဲလ်ဆီး 3-0 ဝက်စ်ဟမ်းပွဲအပြီး မှတ်မှတ်ရရပြောစရာ အချက် ၇ ချက်

တုံ့ပြန်နိုင်ခဲ့တဲ့ အပြာရောင်အသင်း – ချဲလ်ဆီးအပြာရောင်တွေအနေနဲ့ ဝုလ်ဗ်စ်၊ အဲဗာတန်တို့ကို နှစ်ပွဲဆက်တိုက်ရှုံးပြီး ချန်ပီယံ ပြေးလမ်းက ချော်ထွက်သွားခဲ့တာကို ပြန်လည်တည့်မတ်နိုင်ခဲ့ပါတယ်။ အဝေးကွင်းတွေမှာ ၄ ရက်အတွင်း ၆ မှတ်အထိ လျော့ခဲ့ပေမယ့် ဒီနေ့နိုင်ပွဲက ဇယားထိပ်မှာ ရှိနေတဲ့ လီဗာပူးလ်အသင်းနဲ့ ၆ မှတ်အကွာကနေ အမှားစောင့်ပြီး အခွင့်အရေး ရှာဖွေနိုင်တဲ့ နေရာကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။

ဒေးဗစ် မွိုက်စ်အတွက် စိတ်ပျက်စရာ ဝက်စ်ဟမ်း – မန်ချက်စတာယူနိုက်တက်ကို မရှုံးခင်အထိတော့ ဝက်စ်ဟမ်းအသင်းရဲ့ ခံစစ်ကောင်းမွန်မှုနဲ့အတူ အမှတ်ပေးဇယားရဲ့ အပေါ်ပိုင်းနားမှာ စကော့တလန်သားတစ်ယောက် ဝင့်ကြွားနိုင်ခဲ့တာပါ။ ဒါပေမယ့် နောက်ခံလူ မာဆူအာကူ ဒဏ်ရာသွားချိန်မှာ သူ့ရဲ့ ခံစစ်ပိုင်းကိုပါ ၄ ယောက်တန်း ပြန်ပြောင်းအပြီးမှာ မာကျောမှု မရှိတဲ့ ခံစစ်တွေက ဒီနေ့ပွဲမှာလည်း ဖရိုဖရဲပဲ ဖြစ်နေခဲ့ပါတယ်။

ပိုင်ရှင်ကို ငွေတောင်းနေတဲ့ လမ်းပတ် – အသင်းရဲ့ ကောင်းကွက်တွေကို ကြုံရင် ကြုံသလို ပြသနေတဲ့ ချဲလ်ဆီးကွင်းလယ်လူဟောင်းအနေနဲ့ ဆိုးရွားတဲ့ အားနည်းချက်တွေကိုလည်း ပြီးခဲ့တဲ့ ပွဲတွေမှာ ပြသခဲ့ပါတယ်။ ကွင်းလယ်မှာ ကွန်တေနဲ့ တွဲဖက်ဖို့ လူတစ်ယောက်၊ တောင်ပံသမား တစ်ယောက် အဓိက လိုအပ်နေပြီး တိုက်စစ်နဲ့ ခံစစ်တွေကိုလည်း အားဖြည့်သွားရဦးမယ့် လက်ရှိအသင်းမှာ အေဗရာမိုဗစ်ချ်တစ်ယောက် ရင်းနှီးမြှုပ်နှံရင် ဘာဖြစ်လာနိုင်တယ်ဆိုတာကို လမ်းပတ်တစ်ယောက် Presentation လုပ်ပြနေသလိုပါပဲ။

လွဲလွဲလေးလည်း ကောင်းနေတဲ့ တီမို – တစ်ချက်တစ်ချက်မှာ တွေ့မြင်ရတဲ့ အရည်အသွေးနဲ့ လျင်မြန်မှုတွေက ပြီးခဲ့တဲ့ ရာသီက လိုက်ပ်ဇစ်မှာ ခြေစွမ်းပြခဲ့တဲ့သူနဲ့ အတူတူပဲဆိုတာကို သက်သေခံအဖြစ် ပြသနေပေမယ့် အဆုံးသတ်ပိုင်းကတော့ တော်တော်လေး ခြားနားနေခဲ့ပါတယ်။ တိုက်စစ်မှူး တစ်ဦးရဲ့ အခြေခံ အဆုံးသတ်မှုတွေကို လုပ်မပြနိုင်ဘဲ လွဲချော်နေဆဲဖြစ်တဲ့ တီမို ဗာနာအတွက် ဒီပွဲကတော့ ပြိုင်ပွဲစုံ ၉ ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးမှုဖြစ်ခဲ့ပြီး သူ့ရဲ့ အားထုတ်မှုက အသင်းဖော်တွေ ဂိုးရနေလို့သာ နည်းပြရဲ့ ယုံကြည်မှုကို ထိန်းသိမ်းထားနိုင်ခဲ့တာပါ။

တည်ကန်ဘောဆရာတွေ ပညာဖလှယ်ပွဲ – ချဲလ်ဆီးရော ဝက်စ်ဟမ်းအသင်းပါ ဒီနှစ် ပရီးမီးယားလိဂ်မှာ တည်ကန်ဘော အကောင်းဆုံး အသင်းတွေဖြစ်ပြီး ဂိုးရယူနိုင်မှု အများဆုံးအသင်းတွေ ဖြစ်နေခဲ့ပါတယ်။ ဒီနေ့မှာတော့ အိမ်ရှင်တွေက ဧည့်သည်တွေကို သီယာဂို ဆေးလ်ဗားရဲ့ ခေါင်းတိုက်ဂိုးနဲ့ အလဲထိုးခဲ့ပြီး ၈ ဂိုးမြောက်အဖြစ် ရယူသွားခဲ့တာကို ဧည့်သည်တွေဘက်က သူရဲကောင်းတွေဖြစ်ကြတဲ့ ဆူးချက်နဲ့ အော့ဘွန်နာတို့ မတုံ့ပြန်နိုင်ဘဲ ကြည့်နေခဲ့ရတာပါ။

ပွဲ ၅၀ မေဆန်မောင့် – ဒီနေ့ပွဲမှာ လုပ်အားနှုန်းကောင်းကောင်းနဲ့ ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်လူ မေဆန်မောင့်ကတော့ ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ် ပွဲ ၅၀ ပြည့်ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ အင်္ဂလိပ်ကစားသမားတွေထဲက ဒီစံချိန်ကို ဂျွန်တယ်ရီနောက် အသက်ငယ်ဆုံး ရရှိခဲ့သူဖြစ်ပြီး အသက် ၂၁ နှစ်နဲ့ ၃၄၆ ရက်မှာ ပွဲ ၅၀ ပြည့်ခဲ့သလို ဝေဖန်မှုတွေကိုလည်း ခြေစွမ်းနဲ့ ရှင်းလင်းနိုင်ခဲ့ပါတယ်။

စတမ်းဖို့ဒ်ဘရစ်ချ်ဆိုတာ ယုံကြည်လို့ရတဲ့ နေရာ – ချဲလ်ဆီးအသင်းအနေနဲ့ သူတို့ရဲ့ အိမ်ကွင်း နောက်ဆုံး ၁၃ ပွဲမှာ တစ်ပွဲသာ ရှုံးခဲ့ပြီး ၁၀ ပွဲနိုင်၊ ၂ ပွဲ သရေ ရရှိထားခဲ့ပါတယ်။ တစ်ပွဲတည်းသော ရှုံးပွဲကလည်း ပြီးခဲ့တဲ့ စက်တင်ဘာက ချန်ပီယံ လီဗာပူးလ်ကို ရှုံးခဲ့တာဖြစ်လို့ ကျန်တဲ့ပွဲတွေမှာ တော်တော်လေး ယုံကြည်စိတ်ချနိုင်တယ်လို့ ဆိုရမှာဖြစ်ပြီး အိမ်ကွင်းကတော့ လမ်းပတ်အတွက် အားသာချက်တစ်ခုလည်းဖြစ်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

တုံ႔ျပန္ႏိုင္ခဲ့တဲ့ အျပာေရာင္အသင္း – ခ်ဲလ္ဆီးအျပာေရာင္ေတြအေနနဲ႔ ဝုလ္ဗ္စ္၊ အဲဗာတန္တို႔ကို ႏွစ္ပြဲဆက္တိုက္ရႈံးၿပီး ခ်န္ပီယံ ေျပးလမ္းက ေခ်ာ္ထြက္သြားခဲ့တာကို ျပန္လည္တည့္မတ္ႏိုင္ခဲ့ပါတယ္။ အေဝးကြင္းေတြမွာ ၄ ရက္အတြင္း ၆ မွတ္အထိ ေလ်ာ့ခဲ့ေပမယ့္ ဒီေန႔ႏိုင္ပြဲက ဇယားထိပ္မွာ ရွိေနတဲ့ လီဗာပူးလ္အသင္းနဲ႔ ၆ မွတ္အကြာကေန အမွားေစာင့္ၿပီး အခြင့္အေရး ရွာေဖြႏိုင္တဲ့ ေနရာကို ျပန္လည္ေရာက္ရွိလာခဲ့တာပါ။

ေဒးဗစ္ မြိဳက္စ္အတြက္ စိတ္ပ်က္စရာ ဝက္စ္ဟမ္း – မန္ခ်က္စတာယူႏိုက္တက္ကို မရႈံးခင္အထိေတာ့ ဝက္စ္ဟမ္းအသင္းရဲ႕ ခံစစ္ေကာင္းမြန္မႈနဲ႔အတူ အမွတ္ေပးဇယားရဲ႕ အေပၚပိုင္းနားမွာ စေကာ့တလန္သားတစ္ေယာက္ ဝင့္ႂကြားႏိုင္ခဲ့တာပါ။ ဒါေပမယ့္ ေနာက္ခံလူ မာဆူအာကူ ဒဏ္ရာသြားခ်ိန္မွာ သူ႔ရဲ႕ ခံစစ္ပိုင္းကိုပါ ၄ ေယာက္တန္း ျပန္ေျပာင္းအၿပီးမွာ မာေက်ာမႈ မရွိတဲ့ ခံစစ္ေတြက ဒီေန႔ပြဲမွာလည္း ဖ႐ိုဖရဲပဲ ျဖစ္ေနခဲ့ပါတယ္။

ပိုင္ရွင္ကို ေငြေတာင္းေနတဲ့ လမ္းပတ္ – အသင္းရဲ႕ ေကာင္းကြက္ေတြကို ႀကဳံရင္ ႀကဳံသလို ျပသေနတဲ့ ခ်ဲလ္ဆီးကြင္းလယ္လူေဟာင္းအေနနဲ႔ ဆိုး႐ြားတဲ့ အားနည္းခ်က္ေတြကိုလည္း ၿပီးခဲ့တဲ့ ပြဲေတြမွာ ျပသခဲ့ပါတယ္။ ကြင္းလယ္မွာ ကြန္ေတနဲ႔ တြဲဖက္ဖို႔ လူတစ္ေယာက္၊ ေတာင္ပံသမား တစ္ေယာက္ အဓိက လိုအပ္ေနၿပီး တိုက္စစ္နဲ႔ ခံစစ္ေတြကိုလည္း အားျဖည့္သြားရဦးမယ့္ လက္ရွိအသင္းမွာ ေအဗရာမိုဗစ္ခ်္တစ္ေယာက္ ရင္းႏွီးျမႇဳပ္ႏွံရင္ ဘာျဖစ္လာႏိုင္တယ္ဆိုတာကို လမ္းပတ္တစ္ေယာက္ Presentation လုပ္ျပေနသလိုပါပဲ။

လြဲလြဲေလးလည္း ေကာင္းေနတဲ့ တီမို – တစ္ခ်က္တစ္ခ်က္မွာ ေတြ႕ျမင္ရတဲ့ အရည္အေသြးနဲ႔ လ်င္ျမန္မႈေတြက ၿပီးခဲ့တဲ့ ရာသီက လိုက္ပ္ဇစ္မွာ ေျခစြမ္းျပခဲ့တဲ့သူနဲ႔ အတူတူပဲဆိုတာကို သက္ေသခံအျဖစ္ ျပသေနေပမယ့္ အဆုံးသတ္ပိုင္းကေတာ့ ေတာ္ေတာ္ေလး ျခားနားေနခဲ့ပါတယ္။ တိုက္စစ္မႉး တစ္ဦးရဲ႕ အေျခခံ အဆုံးသတ္မႈေတြကို လုပ္မျပႏိုင္ဘဲ လြဲေခ်ာ္ေနဆဲျဖစ္တဲ့ တီမို ဗာနာအတြက္ ဒီပြဲကေတာ့ ၿပိဳင္ပြဲစုံ ၉ ပြဲဆက္ ဂိုးေပါက္ေပ်ာက္ဆုံးမႈျဖစ္ခဲ့ၿပီး သူ႔ရဲ႕ အားထုတ္မႈက အသင္းေဖာ္ေတြ ဂိုးရေနလို႔သာ နည္းျပရဲ႕ ယုံၾကည္မႈကို ထိန္းသိမ္းထားႏိုင္ခဲ့တာပါ။

တည္ကန္ေဘာဆရာေတြ ပညာဖလွယ္ပြဲ – ခ်ဲလ္ဆီးေရာ ဝက္စ္ဟမ္းအသင္းပါ ဒီႏွစ္ ပရီးမီးယားလိဂ္မွာ တည္ကန္ေဘာ အေကာင္းဆုံး အသင္းေတြျဖစ္ၿပီး ဂိုးရယူႏိုင္မႈ အမ်ားဆုံးအသင္းေတြ ျဖစ္ေနခဲ့ပါတယ္။ ဒီေန႔မွာေတာ့ အိမ္ရွင္ေတြက ဧည့္သည္ေတြကို သီယာဂို ေဆးလ္ဗားရဲ႕ ေခါင္းတိုက္ဂိုးနဲ႔ အလဲထိုးခဲ့ၿပီး ၈ ဂိုးေျမာက္အျဖစ္ ရယူသြားခဲ့တာကို ဧည့္သည္ေတြဘက္က သူရဲေကာင္းေတြျဖစ္ၾကတဲ့ ဆူးခ်က္နဲ႔ ေအာ့ဘြန္နာတို႔ မတုံ႔ျပန္ႏိုင္ဘဲ ၾကည့္ေနခဲ့ရတာပါ။

ပြဲ ၅၀ ေမဆန္ေမာင့္ – ဒီေန႔ပြဲမွာ လုပ္အားႏႈန္းေကာင္းေကာင္းနဲ႔ ေျခစြမ္းျပခဲ့တဲ့ ကြင္းလယ္လူ ေမဆန္ေမာင့္ကေတာ့ ခ်ဲလ္ဆီးအတြက္ ပရီးမီးယားလိဂ္ ပြဲ ၅၀ ျပည့္ခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းရဲ႕ အဂၤလိပ္ကစားသမားေတြထဲက ဒီစံခ်ိန္ကို ဂြၽန္တယ္ရီေနာက္ အသက္ငယ္ဆုံး ရရွိခဲ့သူျဖစ္ၿပီး အသက္ ၂၁ ႏွစ္နဲ႔ ၃၄၆ ရက္မွာ ပြဲ ၅၀ ျပည့္ခဲ့သလို ေဝဖန္မႈေတြကိုလည္း ေျခစြမ္းနဲ႔ ရွင္းလင္းႏိုင္ခဲ့ပါတယ္။

စတမ္းဖို႔ဒ္ဘရစ္ခ်္ဆိုတာ ယုံၾကည္လို႔ရတဲ့ ေနရာ – ခ်ဲလ္ဆီးအသင္းအေနနဲ႔ သူတို႔ရဲ႕ အိမ္ကြင္း ေနာက္ဆုံး ၁၃ ပြဲမွာ တစ္ပြဲသာ ရႈံးခဲ့ၿပီး ၁၀ ပြဲႏိုင္၊ ၂ ပြဲ သေရ ရရွိထားခဲ့ပါတယ္။ တစ္ပြဲတည္းေသာ ရႈံးပြဲကလည္း ၿပီးခဲ့တဲ့ စက္တင္ဘာက ခ်န္ပီယံ လီဗာပူးလ္ကို ရႈံးခဲ့တာျဖစ္လို႔ က်န္တဲ့ပြဲေတြမွာ ေတာ္ေတာ္ေလး ယုံၾကည္စိတ္ခ်ႏိုင္တယ္လို႔ ဆိုရမွာျဖစ္ၿပီး အိမ္ကြင္းကေတာ့ လမ္းပတ္အတြက္ အားသာခ်က္တစ္ခုလည္းျဖစ္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.