Premier League Transfer News

နိုင်ပွဲနဲ့အတူ ယုံကြည်မှုတွေကို ပြန်လည်ရှာဖွေနိုင်ခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးနည်းပြ ဖရန့် လမ်းပတ်အနေနဲ့ အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားရတဲ့ ဒီနေ့ပွဲမှာ အသင်းခေါင်းဆောင် အက်ဇ်ပီလီကွေတာကို ပြန်သုံးခဲ့ပြီး ကွင်းလယ်မှာ ကွန်တေနဲ့ ဂျော်ဂျင်ညိုတို့ကို တွဲပေးခဲ့သလို တိုက်စစ်မှာတော့ အေဘရာဟမ်၊ တီမို ဗာနာနဲ့ ပူလီရှစ်ချ်တို့ကို အသုံးပြုလာခဲ့ပါတယ်။

လမ်းပတ်ရဲ့ လှုပ်လှုပ်ရှားရှားနဲ့ အကွက်ကျဲကျဲ ကစားစေတဲ့ ဗျူဟာ မှန်ကန်ခဲ့တယ်လို့ပဲ ဆိုရမှာဖြစ်ပြီး ပထမပိုင်းမှာ ချဲလ်ဆီးတို့အနေနဲ့ ဝက်စ်ဟမ်းဘက်ကို စောစောစီးစီးမှာပဲ ထိထိရောက်ရောက် ထိုးဖောက်နိုင်ခဲ့ပြီး ဟာဗတ်ဇ် မပါလို့ ပိုမိုမြန်ဆန်လာတဲ့ မေဆန်မောင့်ရဲ့ ချိတ်ဆက်မှုတွေကလည်း ပုံစံကောင်းကို ဦးတည်စေခဲ့ပါတယ်။

ပွဲချိန် ၁၀ မိနစ်မှာတော့ ဒဏ်ရာရသွားတဲ့ ချေးလ်ဝဲလ်ကို အီမာဆန်နဲ့ လူစားလဲပြီး မကြာခင်မှာပဲ ဝါရင့်ခံစစ်မှူး သီယာဂို ဆေးလ်ဗားက ထောင့်ကန်ဘောကနေ မေဆန်မောင့် ကန်ပို့ပေးတာကို ဝက်စ်ဟမ်းနောက်ခံလူတွေ ထင်မှတ်မထားတဲ့ နေရာကနေ ပြေးဝင်ခေါင်းတိုက်သွင်းယူခဲ့လို့ အဖွင့်ဂိုးနဲ့ ချဲလ်ဆီးတို့ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဝက်စ်ဟမ်းတို့ ဖိကစားနေခဲ့လို့ ချဲလ်ဆီးနောက်တန်းက တော်တော်လေး အလုပ်များခဲ့ရပြီး ပွဲချိန် ၄၂ မိနစ်မှာတော့ တန်ပြန်တိုက်စစ်က ရရှိတဲ့ အခွင့်အရေးကို ပူလီရှစ်ချ် ပေးဖို့ နှောင့်နှေးနေခဲ့သလို ဗာနာကလည်း ညာခြေနဲ့ စိတ်ကြိုက်မဟုတ်ဘဲ ဘယ်နဲ့ဆိုရင် အလုပ် မဖြစ်တာကြောင့် အခွင့်အရေးကောင်းတစ်ခု ဆုံးရှုံးခဲ့ရပြီး ပထမပိုင်းကို အိမ်ရှင်တွေ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။

တီမို ဗာနာအနေနဲ့ လျှပ်တစ်ပြက် အဆုံးသတ်ရမယ့် အခွင့်အရေးတွေကို အသုံးမချနိုင်တာကိုလည်း နောက်ပိုင်းပွဲစဉ်တွေမှာ ဆက်တိုက် တွေ့မြင်နေရပြီး သူ့အနေနဲ့ ဘယ်ခြမ်းကနေ ညာခြေနဲ့ စိတ်ကြိုက်အဆုံးသတ်ခွင့်ရမယ့် အပိုင်လုံးတွေနဲ့ ဘောလုံးကို ခြေထဲမှာ ထားချိန် ၁၀ စက္ကန့် ဝန်းကျင်လောက် လိုအပ်နေတာကတော့ ပရီးမီးယားလိဂ်မှာ သူ့အနေနဲ့ ပြောင်းလဲပြင်ဆင်ရမယ့်အချက်လို့လည်း ယူဆမိပါတယ်။

ဒုတိယပိုင်းမှာတော့ ဝက်စ်ဟမ်းတို့ ဖြတ်တင်ဘောတွေကနေ ချေပနိုင်ဖို့ ကြိုးစားနေခဲ့သလို မေဆန်မောင့်နဲ့ သီယာဂို ဆေးလ်ဗားတို့လည်း ထောင့်ကန်ဘောက ချိတ်ဆက်ခဲ့ပေမယ့် မအောင်မြင်ခဲ့ကြဘဲ ၇၈ မိနစ်မှာတော့ တီမို ဗာနာရဲ့ ပေးမှန်းကန်မှန်း မကွဲပြားတဲ့ ဘောလုံးကို အေဘရာဟမ်က ပိတ်သွင်းပြီး ဒုတိယ ဦးဆောင်ဂိုး ရယူနိုင်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၈၀ မှာတော့ ဘယ်တောင်ပံက မေဆန်မောင့်ရဲ့ ဖြတ်တင်ဘောကို ပူလီရှစ်ချ် ပိတ်သွင်းရာမှာ ချိန်သားမကိုက်ဘဲ သူနဲ့ထိပြီး နောက်ကို ပြန်ကျလာတဲ့ ဘောလုံးကို အေဘရာဟမ်ကပဲ အပိုင်ပိတ်သွင်းပြီး အသင်းအတွက် အနိုင်သေချာစေမယ့်ဂိုးကို သွင်းယူနိုင်ခဲ့လို့ ပွဲအပြီးမှာ လန်ဒန်ပြိုင်ဘက် ဝက်စ်ဟမ်းကို ချဲလ်ဆီးတို့ သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီနေ့ပွဲကို အနိုင်ရရှိခဲ့လို့ နည်းပြ လမ်းပတ်ကတော့ အသင်းအတွက် နှစ်ပွဲဆက်ရှုံးခဲ့တဲ့ ရလဒ်ဆိုးကို အိမ်ကွင်းမှာ ရပ်တန့်နိုင်ခဲ့ပြီး ရမှတ် သုံးမှတ်နဲ့ ချန်ပီယံဆုအတွက် မျက်ခြေမပြတ်အောင် လီဗာပူးလ်နဲ့ ၆ မှတ်အကွာ အဆင့် ၅ နေရာကနေ ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သလို ပရိသတ်တွေအတွက် မျှော်လင့်ချက်နဲ့ ယုံကြည်မှုတွေကို ပြန်လည်ရှာဖွေပေးနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးနည္းျပ ဖရန႔္ လမ္းပတ္အေနနဲ႔ အိမ္ကြင္း စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ကစားရတဲ့ ဒီေန႔ပြဲမွာ အသင္းေခါင္းေဆာင္ အက္ဇ္ပီလီေကြတာကို ျပန္သုံးခဲ့ၿပီး ကြင္းလယ္မွာ ကြန္ေတနဲ႔ ေဂ်ာ္ဂ်င္ညိဳတို႔ကို တြဲေပးခဲ့သလို တိုက္စစ္မွာေတာ့ ေအဘရာဟမ္၊ တီမို ဗာနာနဲ႔ ပူလီရွစ္ခ်္တို႔ကို အသုံးျပဳလာခဲ့ပါတယ္။

လမ္းပတ္ရဲ႕ လႈပ္လႈပ္ရွားရွားနဲ႔ အကြက္က်ဲက်ဲ ကစားေစတဲ့ ဗ်ဴဟာ မွန္ကန္ခဲ့တယ္လို႔ပဲ ဆိုရမွာျဖစ္ၿပီး ပထမပိုင္းမွာ ခ်ဲလ္ဆီးတို႔အေနနဲ႔ ဝက္စ္ဟမ္းဘက္ကို ေစာေစာစီးစီးမွာပဲ ထိထိေရာက္ေရာက္ ထိုးေဖာက္ႏိုင္ခဲ့ၿပီး ဟာဗတ္ဇ္ မပါလို႔ ပိုမိုျမန္ဆန္လာတဲ့ ေမဆန္ေမာင့္ရဲ႕ ခ်ိတ္ဆက္မႈေတြကလည္း ပုံစံေကာင္းကို ဦးတည္ေစခဲ့ပါတယ္။

ပြဲခ်ိန္ ၁၀ မိနစ္မွာေတာ့ ဒဏ္ရာရသြားတဲ့ ေခ်းလ္ဝဲလ္ကို အီမာဆန္နဲ႔ လူစားလဲၿပီး မၾကာခင္မွာပဲ ဝါရင့္ခံစစ္မႉး သီယာဂို ေဆးလ္ဗားက ေထာင့္ကန္ေဘာကေန ေမဆန္ေမာင့္ ကန္ပို႔ေပးတာကို ဝက္စ္ဟမ္းေနာက္ခံလူေတြ ထင္မွတ္မထားတဲ့ ေနရာကေန ေျပးဝင္ေခါင္းတိုက္သြင္းယူခဲ့လို႔ အဖြင့္ဂိုးနဲ႔ ခ်ဲလ္ဆီးတို႔ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဝက္စ္ဟမ္းတို႔ ဖိကစားေနခဲ့လို႔ ခ်ဲလ္ဆီးေနာက္တန္းက ေတာ္ေတာ္ေလး အလုပ္မ်ားခဲ့ရၿပီး ပြဲခ်ိန္ ၄၂ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္က ရရွိတဲ့ အခြင့္အေရးကို ပူလီရွစ္ခ်္ ေပးဖို႔ ေႏွာင့္ေႏွးေနခဲ့သလို ဗာနာကလည္း ညာေျခနဲ႔ စိတ္ႀကိဳက္မဟုတ္ဘဲ ဘယ္နဲ႔ဆိုရင္ အလုပ္ မျဖစ္တာေၾကာင့္ အခြင့္အေရးေကာင္းတစ္ခု ဆုံးရႈံးခဲ့ရၿပီး ပထမပိုင္းကို အိမ္ရွင္ေတြ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခဲ့ပါတယ္။

တီမို ဗာနာအေနနဲ႔ လွ်ပ္တစ္ျပက္ အဆုံးသတ္ရမယ့္ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္တာကိုလည္း ေနာက္ပိုင္းပြဲစဥ္ေတြမွာ ဆက္တိုက္ ေတြ႕ျမင္ေနရၿပီး သူ႔အေနနဲ႔ ဘယ္ျခမ္းကေန ညာေျခနဲ႔ စိတ္ႀကိဳက္အဆုံးသတ္ခြင့္ရမယ့္ အပိုင္လုံးေတြနဲ႔ ေဘာလုံးကို ေျခထဲမွာ ထားခ်ိန္ ၁၀ စကၠန႔္ ဝန္းက်င္ေလာက္ လိုအပ္ေနတာကေတာ့ ပရီးမီးယားလိဂ္မွာ သူ႔အေနနဲ႔ ေျပာင္းလဲျပင္ဆင္ရမယ့္အခ်က္လို႔လည္း ယူဆမိပါတယ္။

ဒုတိယပိုင္းမွာေတာ့ ဝက္စ္ဟမ္းတို႔ ျဖတ္တင္ေဘာေတြကေန ေခ်ပႏိုင္ဖို႔ ႀကိဳးစားေနခဲ့သလို ေမဆန္ေမာင့္နဲ႔ သီယာဂို ေဆးလ္ဗားတို႔လည္း ေထာင့္ကန္ေဘာက ခ်ိတ္ဆက္ခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ၾကဘဲ ၇၈ မိနစ္မွာေတာ့ တီမို ဗာနာရဲ႕ ေပးမွန္းကန္မွန္း မကြဲျပားတဲ့ ေဘာလုံးကို ေအဘရာဟမ္က ပိတ္သြင္းၿပီး ဒုတိယ ဦးေဆာင္ဂိုး ရယူႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၈၀ မွာေတာ့ ဘယ္ေတာင္ပံက ေမဆန္ေမာင့္ရဲ႕ ျဖတ္တင္ေဘာကို ပူလီရွစ္ခ်္ ပိတ္သြင္းရာမွာ ခ်ိန္သားမကိုက္ဘဲ သူနဲ႔ထိၿပီး ေနာက္ကို ျပန္က်လာတဲ့ ေဘာလုံးကို ေအဘရာဟမ္ကပဲ အပိုင္ပိတ္သြင္းၿပီး အသင္းအတြက္ အႏိုင္ေသခ်ာေစမယ့္ဂိုးကို သြင္းယူႏိုင္ခဲ့လို႔ ပြဲအၿပီးမွာ လန္ဒန္ၿပိဳင္ဘက္ ဝက္စ္ဟမ္းကို ခ်ဲလ္ဆီးတို႔ သုံးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

ဒီေန႔ပြဲကို အႏိုင္ရရွိခဲ့လို႔ နည္းျပ လမ္းပတ္ကေတာ့ အသင္းအတြက္ ႏွစ္ပြဲဆက္ရႈံးခဲ့တဲ့ ရလဒ္ဆိုးကို အိမ္ကြင္းမွာ ရပ္တန႔္ႏိုင္ခဲ့ၿပီး ရမွတ္ သုံးမွတ္နဲ႔ ခ်န္ပီယံဆုအတြက္ မ်က္ေျခမျပတ္ေအာင္ လီဗာပူးလ္နဲ႔ ၆ မွတ္အကြာ အဆင့္ ၅ ေနရာကေန ဆက္လက္ထိန္းသိမ္းထားႏိုင္ခဲ့သလို ပရိသတ္ေတြအတြက္ ေမွ်ာ္လင့္ခ်က္နဲ႔ ယုံၾကည္မႈေတြကို ျပန္လည္ရွာေဖြေပးႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.