Premier League

21 Dec နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ


-ချဲလ်ဆီးတောင်ပံကြယ်ပွင့် ဟာကင်ဇီးယက်ရှ်က တနင်္လာနေ့ည ဝက်စ်ဟမ်းယူနိုက်တက်နဲ့ကစားရမယ့်ပွဲစဉ်မှာ ဒဏ်ရာကနေ ပြန်လည်သက်သာပြီး ပါဝင်ကစားပေးဖို့ ပြင်ဆင်နေတယ်လို့ သိရပြီး ၎င်းနဲ့တိုမိုရီတို့ ကွင်းထဲမှာ အတူတူရှိနေတဲ့ပုံနဲ့အတူ တိုမိုရီကို မွေးနေ့ဆုတောင်းပေးရင်း ပရိသတ်တွေကို အရိပ်အမြွက်ပြသခဲ့တာဖြစ်။


-ချဲလ်ဆီးနည်းပြလမ်းပတ်ဟာ အင်္ဂါနေ့ညက ဝုဗ်အသင်းကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ကစားသမားအများအပြားဟာ မောပန်းနွမ်းနယ်နေတဲ့ လက္ခဏာမျိုး ပြသခဲ့တဲ့အတွက် အားလပ်ရက် ၂ ရက်ခွင့်ပြုပေးခဲ့ပြီး ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ အနိုင်ရလဒ် ပြန်လည်ရယူသွားဖို့ မျှော်လင့်နေ။


-ချဲလ်ဆီးနောက်ခံကစားသမား ရိစ်ဂျိမ်းစ်ဟာ ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူမယ့်အစား အနားယူသွားမယ်လို့ သိရပြီး The Athletic ရဲ့ ဖော်ပြချက်အရ ဝက်စ်ဟမ်းနဲ့ပွဲကို လွဲချော်မှာဖြစ်ပေမယ့် ခွဲစိတ်ကုသမှုပြုလုပ်ဖို့ လိုအပ်မယ်လို့ မမျှော်မှန်းထားကြောင်း သိရ။


-တီမိုဝါနာဟာ ချဲလ်ဆီးအသင်းကို ပြီးခဲ့တဲ့နွေရာသီမှာ ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်က ထင်ထားတာထက်ကို ပိုခက်ခဲကြမ်းတမ်းကြောင်း ဝန်ခံပြောကြားခဲ့ပြီး ကောင်းကောင်းအသားကျအောင် အကောင်းဆုံးကြိုးပမ်းသွားမယ်လို့ ပရိသတ်တွေကို ကတိပေးခဲ့။


-အန်တိုနီယိုရူဒီဂါဟာ စတန်းဖို့ဒ်ဘရစ်ဂျ်က ၎င်းရဲ့အခြေအနေနဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှုမရှိပေမယ့် တိုက်ခိုက်မှုတွေကို လက်ခံခဲ့ရပြီး လာမယ့်ဇန်နဝါရီမှာ ဘာတွေဖြစ်လာမလဲဆိုတာနဲ့ပတ်သက်ပြီး စိတ်ပူပင်မှုမရှိဘူးလို့ Daily Mail ကို ပြောကြားခဲ့။


-မိုက်ကယ်ဘီရယ်က ချဲလ်ဆီးအသင်းရဲ့ ထိပ်တန်းပစ်မှတ်ဖြစ်တဲ့ ဒီကလန်ရိုက်စ်သာ ချယ်ဆီးအသင်းကို ပြန်လာပြီး ၎င်းကို အကယ်ဒမီကနေ ထွက်ခွာခွင့်ပြုခဲ့တာ မှားယွင်းကြောင်း သက်သေပြခဲ့မယ်ဆိုရင် အရမ်းကောင်းမွန်လိမ့်မယ်လို့ ယုံကြည်နေ။


-ချဲဆီးအသင်းဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ စတန်းဖို့ဒ်ဘရစ်ဂျ်ကနေ ထွက်ခွာမယ်လို့ သတင်းတွေထွက်နေတဲ့ ၀ါရင့်တိုက်စစ်မှူး ဂီရော့ဒ်ကို လာမယ့်ဇွန်လအထိ ဆက်လက်ထိန်းသိမ်းထားနိုင်မယ်လို့ မျှော်လင့်နေ။


-ချဲလ်ဆီးနောက်ခံကစားသမား ကတ်ဇူးမားက နောက်ဆုံးပွဲစဉ် ၂ ပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့်လည်း ပြန်လာနိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး တနင်္လာနေ့ညမှာ အနိုင်ကစားဖို့ကလွဲပြီး အခြားဖြေရှင်းနည်း မရှိတော့ဘူးလို့ ပြောကြားခဲ့။


-ချဲလ်ဆီးနည်းပြ လမ်းပတ်က ပြီးခဲ့တဲ့ရာသီတွေက လီဗာပူး၊ မန်ချက်စတာစီးတီးတို့ရဲ့ စွမ်းဆောင်ရည်အတိုင်း ချဲလ်ဆီးအသင်းက စွမ်းဆောင်ပြနိုင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး ဝက်စ်ဟမ်းအသင်းကို အနိုင်ယူနိုင်ခဲ့မယ်ဆိုရင်တော့ လီဗာပူးနဲ့ အမှတ်ကွာဟမှုကို ၆ မှတ်အထိတော့ လျှော့ချနိုင်လိမ့်မယ်လို့ ပြောကြားခဲ့။


ဒူးဒဏ်ရာကြောင့် ဝက်စ်ဟမ်းနဲ့ပွဲကို လွဲချော်မယ့် ရိစ်ဂျိမ်းစ်နေရာအတွက် ပရီးမီယားလိဂ်မှာ ယူနိုက်တက်နဲ့ သရေကျတဲ့ ပွဲပြီးနောက် ပွဲထွက်မကစားရတဲ့ ချဲလ်ဆီးအသင်းခေါင်းဆောင် နောက်ခံလူ ဆီဇာ အက်ဇ်ပီလီကွေတာကို နည်းပြလမ်းပတ်က ပွဲထွက် ကစားစေဖွယ်ရှိပြီး ၊ ခြေစွမ်းမပြနိုင်ဖြစ်နေတဲ့ ခိုင် ဟာဗက်ဇ်နေရာမှာ ကိုဗာချစ်ကို နေရာပေးဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

(Zawgyi)










-အန်တိုနီယိုရူဒီဂါဟာ စတန်းဖို့ဒ်ဘရစ်ဂ်ျက ၎င်းရဲ့အခြေအနေနဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှုမရှိပေမယ့် တိုက်ခိုက်မှုတွေကို လက်ခံခဲ့ရပြီး လာမယ့်ဇန်နဝါရီမှာ ဘာတွေဖြစ်လာမလဲဆိုတာနဲ့ပတ်သက်ပြီး စိတ်ပူပင်မှုမရှိဘူးလို့ Daily Mail ကို ပြောကြားခဲ့။




-ချဲဆီးအသင်းဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ စတန်းဖို့ဒ်ဘရစ်ဂ်ျကနေ ထွက်ခွာမယ်လို့ သတင်းတွေထွက်နေတဲ့ ၀ါရင့်တိုက်စစ်မှူး ဂီရော့ဒ်ကို လာမယ့်ဇွန်လအထိ ဆက်လက်ထိန်းသိမ်းထားနိုင်မယ်လို့ မျှော်လင့်နေ။







REF: INTERNET SOURCES
SPORTS A2Z.