Premier League

21 Dec နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများစုစည်းမှု


-မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမား မက်တွန်မ်နေးဟာ လိဒ်စ်ယူနိုက်တက်နဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီပြစ်ဒဏ်ဘောကန်ခွင့်ကို အသင်းဖော် ဘရူနိုဖာနန်ဒက်စ်ဆီ လွှဲပြောင်းပေးခဲ့ပြီး ဘရူနိုက ပင်နယ်တီကန်သွင်းသူအဖြစ် တာဝန်ယူထားသူဖြစ်တာကြောင့် ပရော်ဖက်ရှင်နယ်ဆန်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့။


-မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ BBC ရဲ့ တစ်နှစ်တာကိုယ်ရည်ကိုယ်သွေးအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပြီးနောက် ချီးကျူးစကားပြောကြားခဲ့တဲ့ အသင်းဖော်ဟောင်း လူကာကူကို ကျေးဇူးတင်ကြောင်း ပြန်လည်တုံ့ပြန်ပြောကြားခဲ့။


-ယူနိုက်တက်ကွင်းလယ်ကစားသမားဟောင်း ရွိုင်ကိန်းက ယူနိုက်တက်ကစားသမားတွေဟာ ယခုရာသီအစောပိုင်းမှာ အမှတ်ပေးဇယားကို သိပ်အာရုံမထားခဲ့ကြဘူးလို့ ပြောကြားခဲ့တဲ့ မက်တွန်မ်နေးကို လူလိမ်လို့ ခေါ်ဝေါ်ခဲ့ပြီး အမှတ်ပေးဇယားအတွက်ပဲ အားလုံးက ကစားနေကြတာလို့ ပြောကြားခဲ့။


-မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ရွိုင်ကိန်းက ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်ဖလားအတွက် လီဗာပူးအသင်းကို စိန်ခေါ်နိုင်တယ်လို့ ယုံကြည်နေပြီး ရာသီအစက အိမ်ကွင်းရလဒ်တွေကြောင့် သံသယရှိခဲ့ပေမယ့် လက်ရှိမှာ အိမ်ကွင်းနိုင်ပွဲ ရယူနိုင်ခဲ့ပြီဖြစ်တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးကို မတက်ရောက်နိုင်စရာ ဘာအကြောင်းမှမရှိတော့ဘူးလို့ ပြောကြားခဲ့။


-ယူနိုက်တက်နည်းပြဆိုးလ်ရှားက လိဒ်စ်ယူနိုက်တက်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ မက်တွန်မ်နေးနဲ့လုခ်ရှောတို့ ဒဏ်ရာရရှိခဲ့တယ်လို့ ပြောကြားခဲ့ပြီး လုခ်ရှောက မကန်ခင်ကတည်းက ဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရပေမယ့် လိဒ်စ်နဲ့ကစားမယ့်နေ့မှာ ဒဏ်ရာပြဿနာရှင်းလင်းနေခဲ့တာကြောင့် ပါဝင်ကစားပေးခဲ့ပြီး မိနစ် ၆၀ လောက်မှာ လူစားလဲလှယ်ခံခဲ့ရသလို မက်တွန်မ်နေးကလည်း မိနစ် ၉၀ အပြည့်ပါဝင်ကစားပေးခဲ့ပေမယ့် ပေါင်ခြံဒဏ်ရာရရှိခဲ့တယ်လို့ ပြောကြားခဲ့။


-အိုလေဂန်နာဆိုးလ်ရှားက လိဒ်စ်ကို ဂိုးပြတ်အနိုင်ရရှိပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၃ နေရာအထိ တက်ရောက်နိုင်ခဲ့ပြီးနောက် အသင်းရဲ့အလွန်ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး ၁၂ ဂိုးလောက် သွင်းယူနိုင်တဲ့အခြေအနေရှိခဲ့တယ်လို့ ပြောကြားခဲ့။


-ချယ်ဆီးနဲ့ လိဒ်စ်တိုက်စစ်မှူးဟောင်း ဟက်ဆဲဘိန့်က မန်ချက်စတာယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့ဆိုရင် အသင်းကြီးတွေအချင်းချင်းတွေ့ဆုံရာမှာ အခွင့်အရေးပိုမိုဖန်တီးနိုင်ဖို့လိုအပ်တယ်လို့ ပြောကြားခဲ့ပြီး ပရီးမီးယားလိဂ်အသင်းတွေအားလုံးထဲမှာ အကောင်းဆုံးဆိုတဲ့ ရွိုင်ကိန်းရဲ့ ပြောဆိုမှုကို ငြင်းပယ်ခဲ့။


-မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက ဒန်နီရယ်ဂျိမ်းစ်ကို အဝါကတ်ပြသဖို့ အံ့အားသင့်ဖွယ်ဆုံးဖြတ်ခဲ့တဲ့ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကို ညည်းတွားခဲ့ပြီး ပင်နယ်တီ သို့မဟုတ် ပြစ်ဒဏ်ဘောဖြစ်ခဲ့ရမှာဖြစ်ပေမယ့် ဒိုင်ဗင်ထိုးတယ်ဆိုပြီး အဝါကတ်ပြား ပြသခံခဲ့ရတာကြောင့် စိတ်ပျက်ခဲ့တာဖြစ်။


-ယူနိုက်တက်ဂန္တဝင်တိုက်စစ်မှူး အန်ဒီကိုးလ်က အိုးထရက်ဖို့ဒ်ကို ပေါ့ဂ်ဘာ စွန့်ခွာချင်နေတယ်ဆိုတဲ့ အေးဂျင့်မိုင်နိုရွိုင်အိုလာရဲ့ မှတ်ချက်စကားကြောင့် ဝေဖန်မှုတွေခံနေရတဲ့ ယူနိုက်တက်ကြယ်ပွင့်ဘက်ကနေ ကာကွယ်ပေးခဲ့ပြီး အသက် ၂၇ နှစ်အရွယ်ကွင်းလယ်ကြယ်ပွင့်ဟာ မမျှမတဝေဖန်မှုတွေ ခံနေရတာဖြစ်တယ်လို့ ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

(Zawgyi)


-မန္ခ်က္စတာယူနိုက္တက္ကြင္းလယ္ကစားသမား မက္တြန္မ္ေနးဟာ လိဒ္စ္ယူနိုက္တက္နဲ႔ပြဲစဥ္မွာ ရရွိခဲ့တဲ့ ပင္နယ္တီျပစ္ဒဏ္ေဘာကန္ခြင့္ကို အသင္းေဖာ္ ဘ႐ူနိုဖာနန္ဒက္စ္ဆီ လႊဲေျပာင္းေပးခဲ့ၿပီး ဘ႐ူနိုက ပင္နယ္တီကန္သြင္းသူအျဖစ္ တာဝန္ယူထားသူျဖစ္တာေၾကာင့္ ပေရာ္ဖက္ရွင္နယ္ဆန္ခဲ့တာျဖစ္တယ္လို႔ ေျပာၾကားခဲ့။


-မားကပ္စ္ရက္ရွ္ဖို႔ဒ္ဟာ BBC ရဲ့ တစ္ႏွစ္တာကိုယ္ရည္ကိုယ္ေသြးအေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့ၿပီးေနာက္ ခ်ီးက်ဴးစကားေျပာၾကားခဲ့တဲ့ အသင္းေဖာ္ေဟာင္း လူကာကူကို ေက်းဇူးတင္ေၾကာင္း ျပန္လည္တုံ႔ျပန္ေျပာၾကားခဲ့။


-ယူနိုက္တက္ကြင္းလယ္ကစားသမားေဟာင္း ရြိဳင္ကိန္းက ယူနိုက္တက္ကစားသမားေတြဟာ ယခုရာသီအေစာပိုင္းမွာ အမွတ္ေပးဇယားကို သိပ္အာ႐ုံမထားခဲ့ၾကဘူးလို႔ ေျပာၾကားခဲ့တဲ့ မက္တြန္မ္ေနးကို လူလိမ္လို႔ ေခၚေဝၚခဲ့ၿပီး အမွတ္ေပးဇယားအတြက္ပဲ အားလုံးက ကစားေနၾကတာလို႔ ေျပာၾကားခဲ့။


-မန္ခ်က္စတာယူနိုက္တက္ကစားသမားေဟာင္း ရြိဳင္ကိန္းက ယူနိုက္တက္အေနနဲ႔ ပရီးမီးယားလိဂ္ဖလားအတြက္ လီဗာပူးအသင္းကို စိန္ေခၚနိုင္တယ္လို႔ ယုံၾကည္ေနၿပီး ရာသီအစက အိမ္ကြင္းရလဒ္ေတြေၾကာင့္ သံသယရွိခဲ့ေပမယ့္ လက္ရွိမွာ အိမ္ကြင္းနိုင္ပြဲ ရယူနိုင္ခဲ့ၿပီျဖစ္တာေၾကာင့္ အမွတ္ေပးဇယားထိပ္ဆုံးကို မတက္ေရာက္နိုင္စရာ ဘာအေၾကာင္းမွမရွိေတာ့ဘူးလို႔ ေျပာၾကားခဲ့။


-ယူနိုက္တက္နည္းျပဆိုးလ္ရွားက လိဒ္စ္ယူနိုက္တက္ကို အနိုင္ရရွိခဲ့တဲ့ပြဲစဥ္အၿပီးမွာ မက္တြန္မ္ေနးနဲ႔လုခ္ေရွာတို႔ ဒဏ္ရာရရွိခဲ့တယ္လို႔ ေျပာၾကားခဲ့ၿပီး လုခ္ေရွာက မကန္ခင္ကတည္းက ဒဏ္ရာေၾကာင့္ ႐ုန္းကန္ခဲ့ရေပမယ့္ လိဒ္စ္နဲ႔ကစားမယ့္ေန႔မွာ ဒဏ္ရာျပႆနာရွင္းလင္းေနခဲ့တာေၾကာင့္ ပါဝင္ကစားေပးခဲ့ၿပီး မိနစ္ ၆၀ ေလာက္မွာ လူစားလဲလွယ္ခံခဲ့ရသလို မက္တြန္မ္ေနးကလည္း မိနစ္ ၉၀ အျပည့္ပါဝင္ကစားေပးခဲ့ေပမယ့္ ေပါင္ၿခံဒဏ္ရာရရွိခဲ့တယ္လို႔ ေျပာၾကားခဲ့။


-အိုေလဂန္နာဆိုးလ္ရွားက လိဒ္စ္ကို ဂိုးျပတ္အနိုင္ရရွိၿပီး ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္ ၃ ေနရာအထိ တက္ေရာက္နိုင္ခဲ့ၿပီးေနာက္ အသင္းရဲ့အလြန္ေကာင္းမြန္တဲ့စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးခဲ့ၿပီး ၁၂ ဂိုးေလာက္ သြင္းယူနိုင္တဲ့အေျခအေနရွိခဲ့တယ္လို႔ ေျပာၾကားခဲ့။


-ခ်ယ္ဆီးနဲ႔ လိဒ္စ္တိုက္စစ္မႉးေဟာင္း ဟက္ဆဲဘိန႔္က မန္ခ်က္စတာယူနိုက္တက္အေနနဲ႔ ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚနိုင္ဖို႔ဆိုရင္ အသင္းႀကီးေတြအခ်င္းခ်င္းေတြ႕ဆုံရာမွာ အခြင့္အေရးပိုမိုဖန္တီးနိုင္ဖို႔လိုအပ္တယ္လို႔ ေျပာၾကားခဲ့ၿပီး ပရီးမီးယားလိဂ္အသင္းေတြအားလုံးထဲမွာ အေကာင္းဆုံးဆိုတဲ့ ရြိဳင္ကိန္းရဲ့ ေျပာဆိုမႈကို ျငင္းပယ္ခဲ့။


-မန္ခ်က္စတာယူနိုက္တက္နည္းျပဆိုးလ္ရွားက ဒန္နီရယ္ဂ်ိမ္းစ္ကို အဝါကတ္ျပသဖို႔ အံ့အားသင့္ဖြယ္ဆုံးျဖတ္ခဲ့တဲ့ ဒိုင္လူႀကီးရဲ့ဆုံးျဖတ္ခ်က္ကို ညည္းတြားခဲ့ၿပီး ပင္နယ္တီ သို႔မဟုတ္ ျပစ္ဒဏ္ေဘာျဖစ္ခဲ့ရမွာျဖစ္ေပမယ့္ ဒိုင္ဗင္ထိုးတယ္ဆိုၿပီး အဝါကတ္ျပား ျပသခံခဲ့ရတာေၾကာင့္ စိတ္ပ်က္ခဲ့တာျဖစ္။


-ယူနိုက္တက္ဂႏၲဝင္တိုက္စစ္မႉး အန္ဒီကိုးလ္က အိုးထရက္ဖို႔ဒ္ကို ေပါ့ဂ္ဘာ စြန႔္ခြာခ်င္ေနတယ္ဆိုတဲ့ ေအးဂ်င့္မိုင္နိုရြိဳင္အိုလာရဲ့ မွတ္ခ်က္စကားေၾကာင့္ ေဝဖန္မႈေတြခံေနရတဲ့ ယူနိုက္တက္ၾကယ္ပြင့္ဘက္ကေန ကာကြယ္ေပးခဲ့ၿပီး အသက္ ၂၇ ႏွစ္အရြယ္ကြင္းလယ္ၾကယ္ပြင့္ဟာ မမၽွမတေဝဖန္မႈေတြ ခံေနရတာျဖစ္တယ္လို႔ ေျပာၾကားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.