Premier League

21 Dec နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများစုစည်းမှု


-အာဆင်နယ်အသင်းနည်းစနစ်ဒါရိုက်တာ အီဒူးဟာ ၎င်းရဲ့လက်ရှိရာထူးကို စွန့်ခွာရဖို့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပြီး အေဂျက်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အက်ဒွင်ဗန်ဒါဆားက အာဆင်နယ်ရဲ့ နည်းစနစ်ဒါရိုက်တာအသစ်ဖြစ်လာနိုင်တယ်လို့ တစ်ကြိုပေးခြင်းခံနေရကြောင်း The Sun က ဖော်ပြခဲ့။


-အာဆင်နယ်အသင်းဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မန်စီးတီးနောက်ခံကစားသမား ဂျွန်စတုန်းကို ခေါ်ယူချင်နေတာဖြစ်ပေမယ့် မန်စီးတီးနည်းပြ ဂွါဒီယိုလာက အင်္ဂလန်နောက်ခံကစားသမားရဲ့ အကောင်းဆုံးပုံစံကို ပြန်လည်မြင်တွေ့ခဲ့ရတာကြောင့် ရောင်းချလိုခြင်းမရှိကြောင်း သိရ။


-အာဆင်နယ်ကစားသမားတွေဟာ ၎င်းတို့ရဲ့ နည်းပြ အာတီတာကို ရာထူးကနေ ထုတ်ပယ်ခံရအောင် ဒုက္ခပေးကြလိမ့်မယ်လို့ အက်စ်တွန်ဗီလာဂန္တဝင်တိုက်စစ်မှူး အက်ဂ်ဘွန်လဟောက ပြောကြားခဲ့ပြီး ပီပီနဲ့ လာကာဇက်တို့ရဲ့ ကိုယ်ဟန်အမူအရာက ၎င်းတို့မှာ နည်းပြမရှိသလိုပဲလို့ ဝေဖန်ခဲ့။


-အာဆင်နယ်အသင်းအဝတ်လဲခန်းဟာ နောက်ကွယ်မှာ မပျော်ရွှင်မှုတွေရှိနေတယ်ဆိုတဲ့သတင်းတွေနဲ့အတူ အဆိပ်အတောက်ဖြစ်နေပြီဖြစ်ပြီး ဒေးဗစ်လုဇ်နဲ့ အာတီတာတို့ စကားမပြောကြတော့သလို အိုဇေးလ်နဲ့ ဆိုခရေးတစ်တို့ကလည်း အသင်းမှာ ဆေးဖော်ကြောဖက်အလုပ်မခံရတော့တဲ့ ကစားသမားတွေအဖြစ် ရှိနေ။


-အက်ဂ်ဘွန်လဟောက အာဆင်နယ်အနေနဲ့ ချဲလ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မှာ အနိုင်ရလဒ်ရယူနိုင်ခဲ့ခြင်းမရှိဘူးဆိုရင် နည်းပြအာတီတာကို ထုတ်ပယ်လိမ့်မယ်လို့ ယုံကြည်နေပြီး အာဆင်နယ်ဟာ အဲဗာတန်ကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ၇ ပွဲဆက်တိုက် နိုင်ပွဲမရှိခဲ့တာဖြစ်။


-အာဆင်နယ်ဂိုးသမား လီနိုက ၎င်းတို့အသင်းအနေနဲ့ ဆိုရွားတဲ့နေရာမှာရှိနေပြီး ကစားသမားတွေရဲ့ယုံကြည်မှုအပေါ် အကျိုးသက်ရောက်မှုရှိနေခဲ့တယ်ဆိုတာ ဝန်ခံပြောကြားခဲ့ပြီး များစွာနာကျင်ရပေမယ့်လည်း အသင်းက အသက်ရှင်နေဆဲဖြစ်တာကြောင့် ကိုယ့်အတွက်ကိုယ် စိတ်မကောင်းဖြစ်နေဖို့ အချိန်မဟုတ်ဘူးလို့ ပြောကြားခဲ့။


-ဂျေမီရက်က်နက်က ဒေးဗစ်လုဇ်ရဲ့ ကိုယ်ဟန်အမူအရာဟာ အာဆင်နယ်ကစားသမားတွေ တစ်စုတစည်းတည်းကစားရမယ့်အပေါ် ရုန်းကန်ရအောင် ပြုလုပ်နေတဲ့အရာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး အတွေ့အကြုံအရင့်ကျက်ဆုံးကစားသမားဆီက အပြုအမူဟာ ကျန်ကစားသမားတွေဆီကို အကျိုးသက်ရောက်မှုရှိစေခဲ့တယ်လို့ ပြောကြားခဲ့။


-ဖီနာဘာချီအသင်းဟာ အာဆင်နယ်ကြယ်ပွင့် အိုဇေးလ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပြီး တူရကီသတင်းဌာန Takvim ရဲ့သတင်းအရ ဖီနာဘာချီအားကစားဒါရိုက်တာ ဘီလိုဇိုဂလူဟာ ယခုအပတ်မှာ အိုဇေးလ်ရဲ့အနာဂတ်အတွက် ဆွေးနွေးဖို့ လန်ဒန်မှာ ရှိနေခဲ့တယ်လို့ သိရ။


-အာဆင်နယ်အသင်းဟာ တန်းဆင်းဇုန်တိုက်ပွဲထဲကို ကျရောက်သွားမှာ ကြောက်ရွံ့နေတာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ နည်းပြအာတီတာကို ထောက်ပံ့ပေးသွားမယ်လို့ သိရပြီး ဖန်တီးမှုအားကောင်းတဲ့ ကွင်းလယ်ကစားသမားကို အဓိကဦးစားပေးခေါ်ယူသွားမယ်လို့ သိရ။


-နည်းပြအာတီတာရဲ့ ညှိနှိုင်းလို့မရတဲ့သတ်မှတ်ချက်တွေကို အသင်းမှာ နောက်ထပ်မြင်တွေ့ရနိုင်တော့မှာမဟုတ်ဘဲ အသင်းရဲ့စွမ်းဆောင်ရည်ကျဆင်းနေတဲ့အချိန်မှာ ပါရမီရှိတဲ့လူငယ်ကစားသမားတွေအနေနဲ့ အခွင့်အရေးရရှိဖို့ ထိုက်တန်ပြီး စမစ်ရိုးဟာ သူမတူတဲ့စွမ်းရည်နဲ့ ဖန်တီးမှုအပိုင်းကို ကူညီပေးနိုင်မှာဖြစ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

















-အာဆင်နယ်အသင်းဟာ တန်းဆင်းဇုန်တိုက်ပွဲထဲကို ကျရောက်သွားမှာ ကြောက်ရွံ့နေတာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ နည်းပြအာတီတာကို ထောက်ပံ့ပေးသွားမယ်လို့ သိရပြီး ဖန်တီးမှုအားကောင်းတဲ့ ကွင်းလယ်ကစားသမားကို အဓိကဦးစားပေးခေါ်ယူသွားမယ်လို့ သိရ။



REF: INTERNET SOURCES
SPORTS A2Z.