Premier League

တော့တင်ဟမ်ဟော့စပါးစ် 0-2 လက်စတာ ပွဲအပြီး မှတ်မှတ်ရရ အချက်အလက် ၇ ချက်


မော်ရင်ညိုနဲ့ တွေ့ဆုံမှုမှာ လှပသွားခဲ့တဲ့ ရော့ဂျားစ် – ဒီပွဲမတိုင်ခင်က မော်ရင်ညိုနဲ့ ရင်ဆိုင်ဖူးသမျှ သူ့ရဲ့အသင်းတွေနဲ့ ယှဉ်ပြိုင်မှုမှာ ဘရန်ဒန် ရော့ဂျားစ်အနေနဲ့ ၇ ပွဲစလုံး နိုင်ပွဲမရှိခဲ့ဘဲ ၂ ပွဲသရေ၊ ၅ ပွဲရှုံး ရလဒ်ကိုသာ ရခဲ့ဖူးတာပါ။ ဒီနေ့မှာတော့ မြင်းစကားနဲ့ဆိုရင် မေဒင်(Maiden) ပြုတ်၊ တံခါးသစ် ဖွင့်လှစ်နိုင်ခဲ့ပြီလို့ ဆိုရမှာဖြစ်ပြီး ပထမဆုံးနိုင်ပွဲကို ပေါ်တူဂီသားရဲ့ ကွင်းအထိ သွားရောက်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။


ပြတိုက်ပို့ထားဖို့ကောင်းတဲ့ ဗာဒီ – ဂျေမီ ဗာဒီရဲ့ ဒီနေ့ပွဲက မှတ်တမ်းကတော့ အရေးသိပ်မပါပေမယ့် ထူးခြားလွန်းနေပါတယ်။ ဒါကတော့ တူညီတဲ့ အသင်းတစ်သင်းကို ခြားနားတဲ့ အိမ်ကွင်း ၃ ကွင်းမှာ ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ စပါးစ်အသင်းရဲ့ နောက်ဆုံးအိမ်ကွင်း ၃ ကွင်းဖြစ်ခဲ့တဲ့ ဝှိုက်ဟတ်လိန်း၊ လန်ဒန်ကွင်းနဲ့ နောက်ဆုံးကွင်းသစ် တော့တင်ဟမ်ဟော့စပါးစ်ကွင်းတို့မှာ ဗာဒီအနေနဲ့ ဂိုးသွင်းယူဖူးခဲ့တာပါ။


ပင်နယ်တီ အပေးကြမ်းတဲ့ ဒေးဗစ် လူးဝစ်ဇ် တပည့်လေး – ၂၀၁၇-၁၈ ရာသီမှာ အသင်းကို ရောက်ရှိလာခဲ့ကတည်းက စပါးစ်အတွက် ပင်နယ်တီ ၄ ကြိမ်ပေးထားရတဲ့ ကောင်ဆိုးလေးကို ဆာ့ဂျ် အော်ရီယေးလို့ ခေါ်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာတော့ အာဆင်နယ်နဲ့ ဒေးဗစ် လူးဝစ်ဇ်ကို မကျော်နိုင်သေးဘဲ ပီအက်စ်ဂျီမှာ ၂၀၁၄-၁၅ ကနေ ၂၀၁၆-၁၇ ရာသီအထိ လက်တွဲခဲ့ဖူးတဲ့ ဘရာဇီးလ်သားကြီးရဲ့ ၅ ကြိမ်ကိုတော့ လိုက်မမီသေးဘဲ ရှိနေတာက ကြံဖန်ပြီး စိတ်ဖြေစရာလည်းဖြစ်ပါတယ်။


ကိုယ့်အမှားနဲ့ကိုယ် ခံလိုက်ရတဲ့ စပါးစ် – ၂၀၀၀ ပြည့်နှစ်က အာဆင်နယ်ကို နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲနောက်ပိုင်း ဒါက ပထမဆုံးပါပဲ။ ကိုယ့်ဂိုးကိုယ် တစ်ဂိုးသွင်းပြီး ပင်နယ်တီတစ်လုံးပေးရတဲ့ တူညီတဲ့ စံချိန်က တစ်ဖက်အသင်းကို ရှုံးဖို့ လုံလောက်ခဲ့ပြီး VAR ခေတ်မှာ ဉာဏ်နည်းလွန်းလို့ ပေးရတဲ့ ပထမပိုင်း နာကျင်အချိန်ပိုက ပင်နယ်တီဂိုးကတော့ စပါးစ်တို့ကို ကြီးကြီးမားမား အထိနာစေခဲ့ပါတယ်။


ခရစ္စမတ်ဆို နေရာဦးကောင်းတတ်တဲ့ လက်စတာ – လက်စတာစီးတီးအသင်းကတော့ ခရစ္စမတ်တွေမှာ အမှတ်ပေးဇယား ရပ်တည်မှု ကောင်းခဲ့ပြီး ထိပ်ဆုံးနှစ်နေရာအတွင်းကို နှစ်နှစ်ဆက်တိုက် ဝင်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှု လမ်းကြောင်းပေါ်ကို ဒီလိုမျိုး ပြန်လည် တက်ရောက်နိုင်ခဲ့တာက သူတို့အသင်းရဲ့ သမိုင်းမှာတော့ ထူးထူးခြားခြား စွမ်းဆောင်ရည်မျိုးလည်းဖြစ်နေပါတယ်။


ဖျက်လိုဖျက်ဆီးလုပ်တတ်ပြီး စိတ်ပုပ်တဲ့ မြေခွေးတွေလား – လက်စတာတို့အနေနဲ့ ဒီပွဲမတိုင်ခင်က အဲဗာတန်ကို အိမ်ကွင်းမှာ ရှုံးခဲ့ပြီး ဟိုလိုလို ဒီလိုလိုဖြစ်ခဲ့ပေမယ့် ဒီနေ့မှာတော့ စပါးစ်ကို လမ်းကြောင်းပေါ်က တွန်းချပြီး သူတို့နေရာကို ဝင်ယူလိုက်တာဖြစ်ပါတယ်။ လာမယ့် ဘောက်ဆင်ဒေးမှာ တူညီတဲ့ ပုံစံမျိုး ထပ်မံကြုံရနိုင်ပြီး မန်ချက်စတာယူနိုက်တက်ကို အိမ်ကွင်းမှာ ရင်ဆိုင်ရချိန်မှာလည်း ဒီလိုပဲ မြေခွေးတွေအနေနဲ့ သူများရဲ့ ရည်မှန်းချက်ကို ဖျက်လိုဖျက်ဆီးလုပ်ဦးမလား စောင့်ကြည့်ရမှာပါ။


ကိုယ်ဖော်တဲ့ဆေးကို ကိုယ်မစားနိုင်ခဲ့တဲ့ မော်ရင်ညို – မော်ရင်ညိုအနေနဲ့ သူ့ရဲ့ တန်ပြန်တိုက်စစ်တွေအပေါ်မှာ မှီခိုအားကိုးလွန်းတဲ့ ဗျူဟာ လွဲချော်သွားတာကို ကြုံတွေ့ခဲ့ရပြီး တောင်ပံသမားစစ်စစ်တွေ မပါဝင်ဘဲ ဆွန်ဟောင်မင်ကို မှီခိုနေရတဲ့ အသင်းအနေနဲ့ လက်စတာကို ဖိအားမပေးနိုင်ဘဲ လမ်းမှာတင် ဖြတ်တောက်ခံခဲ့ရသလို ခံစစ်ကစားပုံ လိုအပ်ချက်တွေ များပြီး သူတို့ကိုယ်တိုင် ကောင်တာဝင်ခံရချိန်မှာ ဆက်တိုက် အမှတ်လျော့ခဲ့ပြီး ပရီးမီးယားလိဂ် စိန်ခေါ်သူဆိုတဲ့ နာမည်ကပါ မှေးမှိန်သွားခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေမာ္ရင္ညိဳနဲ႔ ေတြ႕ဆုံမႈမွာ လွပသြားခဲ့တဲ့ ေရာ့ဂ်ားစ္ – ဒီပြဲမတိုင္ခင္က ေမာ္ရင္ညိဳနဲ႔ ရင္ဆိုင္ဖူးသမွ် သူ႔ရဲ႕အသင္းေတြနဲ႔ ယွဥ္ၿပိဳင္မႈမွာ ဘရန္ဒန္ ေရာ့ဂ်ားစ္အေနနဲ႔ ၇ ပြဲစလုံး ႏိုင္ပြဲမရွိခဲ့ဘဲ ၂ ပြဲသေရ၊ ၅ ပြဲရႈံး ရလဒ္ကိုသာ ရခဲ့ဖူးတာပါ။ ဒီေန႔မွာေတာ့ ျမင္းစကားနဲ႔ဆိုရင္ ေမဒင္(Maiden) ျပဳတ္၊ တံခါးသစ္ ဖြင့္လွစ္ႏိုင္ခဲ့ၿပီလို႔ ဆိုရမွာျဖစ္ၿပီး ပထမဆုံးႏိုင္ပြဲကို ေပၚတူဂီသားရဲ႕ ကြင္းအထိ သြားေရာက္ရယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။


ျပတိုက္ပို႔ထားဖို႔ေကာင္းတဲ့ ဗာဒီ – ေဂ်မီ ဗာဒီရဲ႕ ဒီေန႔ပြဲက မွတ္တမ္းကေတာ့ အေရးသိပ္မပါေပမယ့္ ထူးျခားလြန္းေနပါတယ္။ ဒါကေတာ့ တူညီတဲ့ အသင္းတစ္သင္းကို ျခားနားတဲ့ အိမ္ကြင္း ၃ ကြင္းမွာ ဂိုးသြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။ စပါးစ္အသင္းရဲ႕ ေနာက္ဆုံးအိမ္ကြင္း ၃ ကြင္းျဖစ္ခဲ့တဲ့ ဝႈိက္ဟတ္လိန္း၊ လန္ဒန္ကြင္းနဲ႔ ေနာက္ဆုံးကြင္းသစ္ ေတာ့တင္ဟမ္ေဟာ့စပါးစ္ကြင္းတို႔မွာ ဗာဒီအေနနဲ႔ ဂိုးသြင္းယူဖူးခဲ့တာပါ။


ပင္နယ္တီ အေပးၾကမ္းတဲ့ ေဒးဗစ္ လူးဝစ္ဇ္ တပည့္ေလး – ၂၀၁၇-၁၈ ရာသီမွာ အသင္းကို ေရာက္ရွိလာခဲ့ကတည္းက စပါးစ္အတြက္ ပင္နယ္တီ ၄ ႀကိမ္ေပးထားရတဲ့ ေကာင္ဆိုးေလးကို ဆာ့ဂ်္ ေအာ္ရီေယးလို႔ ေခၚပါတယ္။ ဒါေပမယ့္ ပရီးမီးယားလိဂ္မွာေတာ့ အာဆင္နယ္နဲ႔ ေဒးဗစ္ လူးဝစ္ဇ္ကို မေက်ာ္ႏိုင္ေသးဘဲ ပီအက္စ္ဂ်ီမွာ ၂၀၁၄-၁၅ ကေန ၂၀၁၆-၁၇ ရာသီအထိ လက္တြဲခဲ့ဖူးတဲ့ ဘရာဇီးလ္သားႀကီးရဲ႕ ၅ ႀကိမ္ကိုေတာ့ လိုက္မမီေသးဘဲ ရွိေနတာက ႀကံဖန္ၿပီး စိတ္ေျဖစရာလည္းျဖစ္ပါတယ္။


ကိုယ့္အမွားနဲ႔ကိုယ္ ခံလိုက္ရတဲ့ စပါးစ္ – ၂၀၀၀ ျပည့္ႏွစ္က အာဆင္နယ္ကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲေနာက္ပိုင္း ဒါက ပထမဆုံးပါပဲ။ ကိုယ့္ဂိုးကိုယ္ တစ္ဂိုးသြင္းၿပီး ပင္နယ္တီတစ္လုံးေပးရတဲ့ တူညီတဲ့ စံခ်ိန္က တစ္ဖက္အသင္းကို ရႈံးဖို႔ လုံေလာက္ခဲ့ၿပီး VAR ေခတ္မွာ ဉာဏ္နည္းလြန္းလို႔ ေပးရတဲ့ ပထမပိုင္း နာက်င္အခ်ိန္ပိုက ပင္နယ္တီဂိုးကေတာ့ စပါးစ္တို႔ကို ႀကီးႀကီးမားမား အထိနာေစခဲ့ပါတယ္။


ခရစၥမတ္ဆို ေနရာဦးေကာင္းတတ္တဲ့ လက္စတာ – လက္စတာစီးတီးအသင္းကေတာ့ ခရစၥမတ္ေတြမွာ အမွတ္ေပးဇယား ရပ္တည္မႈ ေကာင္းခဲ့ၿပီး ထိပ္ဆုံးႏွစ္ေနရာအတြင္းကို ႏွစ္ႏွစ္ဆက္တိုက္ ဝင္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ခ်န္ပီယံဆုအတြက္ ၿပိဳင္ဆိုင္မႈ လမ္းေၾကာင္းေပၚကို ဒီလိုမ်ိဳး ျပန္လည္ တက္ေရာက္ႏိုင္ခဲ့တာက သူတို႔အသင္းရဲ႕ သမိုင္းမွာေတာ့ ထူးထူးျခားျခား စြမ္းေဆာင္ရည္မ်ိဳးလည္းျဖစ္ေနပါတယ္။


ဖ်က္လိုဖ်က္ဆီးလုပ္တတ္ၿပီး စိတ္ပုပ္တဲ့ ေျမေခြးေတြလား – လက္စတာတို႔အေနနဲ႔ ဒီပြဲမတိုင္ခင္က အဲဗာတန္ကို အိမ္ကြင္းမွာ ရႈံးခဲ့ၿပီး ဟိုလိုလို ဒီလိုလိုျဖစ္ခဲ့ေပမယ့္ ဒီေန႔မွာေတာ့ စပါးစ္ကို လမ္းေၾကာင္းေပၚက တြန္းခ်ၿပီး သူတို႔ေနရာကို ဝင္ယူလိုက္တာျဖစ္ပါတယ္။ လာမယ့္ ေဘာက္ဆင္ေဒးမွာ တူညီတဲ့ ပုံစံမ်ိဳး ထပ္မံႀကဳံရႏိုင္ၿပီး မန္ခ်က္စတာယူႏိုက္တက္ကို အိမ္ကြင္းမွာ ရင္ဆိုင္ရခ်ိန္မွာလည္း ဒီလိုပဲ ေျမေခြးေတြအေနနဲ႔ သူမ်ားရဲ႕ ရည္မွန္းခ်က္ကို ဖ်က္လိုဖ်က္ဆီးလုပ္ဦးမလား ေစာင့္ၾကည့္ရမွာပါ။


ကိုယ္ေဖာ္တဲ့ေဆးကို ကိုယ္မစားႏိုင္ခဲ့တဲ့ ေမာ္ရင္ညိဳ – ေမာ္ရင္ညိဳအေနနဲ႔ သူ႔ရဲ႕ တန္ျပန္တိုက္စစ္ေတြအေပၚမွာ မွီခိုအားကိုးလြန္းတဲ့ ဗ်ဴဟာ လြဲေခ်ာ္သြားတာကို ႀကဳံေတြ႕ခဲ့ရၿပီး ေတာင္ပံသမားစစ္စစ္ေတြ မပါဝင္ဘဲ ဆြန္ေဟာင္မင္ကို မွီခိုေနရတဲ့ အသင္းအေနနဲ႔ လက္စတာကို ဖိအားမေပးႏိုင္ဘဲ လမ္းမွာတင္ ျဖတ္ေတာက္ခံခဲ့ရသလို ခံစစ္ကစားပုံ လိုအပ္ခ်က္ေတြ မ်ားၿပီး သူတို႔ကိုယ္တိုင္ ေကာင္တာဝင္ခံရခ်ိန္မွာ ဆက္တိုက္ အမွတ္ေလ်ာ့ခဲ့ၿပီး ပရီးမီးယားလိဂ္ စိန္ေခၚသူဆိုတဲ့ နာမည္ကပါ ေမွးမွိန္သြားခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.