Match Report Premier League

အိုးလ်ထရက်ဖို့ဒ်မှာ ပြိုင်ဘက်ဟောင်းကို ဂိုးမိုးရွာပြီး နှိပ်ကွပ်လိုက်တဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အနေနဲ့ ဒီနေ့ပွဲမှာ လုခ်ရှောကို ပြန်လည်ထည့်သွင်းခဲ့ပြီး ကွင်းလယ်မှာလည်း ဖရက်ဒ် ပါဝင်လာခဲ့သလို လိဒ်စ်ကို ပြောင်းရွှေ့ဖို့ သတင်းထွက်နေတဲ့ ဒန်နီယယ်လ် ဂျိမ်းစ်ကိုပါ ထည့်ခဲ့ပြီး အိမ်ကွင်းမှာ မတူညီတဲ့ ပုံစံနဲ့ လျင်မြန်မှု ဦးစားပေးပြီး ကစားလာခဲ့ပါတယ်။

ပွဲစစချင်းကတည်းက ယူနိုက်တက်တို့ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၂ မိနစ်မှာ ဘယ်ခြမ်းကနေ အတွင်းကို ဘောလုံးဆွဲယူလာခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် ချပေးတာကို မက်တော်မီနေးက လျှပ်တစ်ပြက်ကန်သွင်းခဲ့ရာမှာ မြင်ကွင်းမှာ နောက်ခံလူပိတ်နေတဲ့ ဂိုးသမား မေလီယေး အချိန်မီ မကာကွယ်နိုင်ခဲ့လို့ စောစောစီးစီးမှာပဲ အိမ်ရှင်တွေ ပျော်ရွှင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၃ မိနစ်မှာတော့ လက်ပစ်ဘောကနေ မာစီယယ်လ် ဘောလုံးရသွားပြီး ဧရိယာအစပ်မှာ ဘောလုံးကိုင်ထားတုန်းမှာ ပြေးဝင်လာခဲ့တဲ့ မက်တော်မီနေးရဲ့ ခြေထဲကို ကွက်တိ ထည့်ပေးလိုက်နိုင်တာကြောင့် စကော့တလန်ကွင်းလယ်လူက အနီးကပ်ကန်ခွင့်နဲ့အတူ ဒုတိယဂိုးကို ဆက်တိုက် ဆိုသလိုပဲ သွင်းယူနိုင်ခဲ့တာပါ။

ဒန်နီယယ်လ် ဂျိမ်းစ်နဲ့ မာစီယယ်လ်တို့ရဲ့ လျင်မြန်မှုတွေက လိဒ်စ်တို့ရဲ့ နောက်တန်းကို ပြဿနာဖြစ်စေခဲ့ပြီး ပွဲချိန် မိနစ် ၂၀ မှာတော့ မာစီယယ်လ်ဂိုးသွင်းဖို့ ကြိုးစားတာကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို နောက်က လိုက်လာတဲ့ ဘရူနို ဖာနန်ဒက်စ်က အပြင်းကန်သွင်းပြီး တတိယဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၃၇ မိနစ်မှာတော့ ယူနိုက်တက်တို့ စတုတ္ထဂိုးကို ရယူနိုင်ခဲ့ပြီး ရှက်ဖီးလ်ဒ်နဲ့ပွဲက ဂိုးဖန်တီးရှင် နောက်ခံလူ လင်ဒီလော့ဖ်က မာစီယယ်လ် ခေါင်းတိုက်ချပေးတာကို အဝေးတိုင်ဘက်ကနေ အဆင်သင့်စောင့်ပိတ်ပြီး လိဒ်စ်ယူနိုက်တက်ရဲ့ နည်းပြကြီး ဘီယယ်လ်ဆာကို မျက်နှာပျက်စေခဲ့တာပါ။

ဒါပေမယ့် ပထမပိုင်း မပြီးဆုံးခင် လိဒ်စ်တို့ တစ်ဂိုးပြန်လည် ချေပနိုင်ခဲ့ပြီး ပွဲချိန် ၄၂ မိနစ်မှာတော့ တောင်ပံကစားသမား ရာဖင်ညာရဲ့ ထောင့်ကန်ဘောကို နောက်ခံလူ ကူးပါးက ခေါင်းတိုက်ခဲ့ရာမှာ ဒဟေးယား ဆန့်ထုတ်တဲ့ လက်ထက် အနည်းငယ်ကွာဝေးတဲ့ အနေအထားကနေ ဂိုးဝင်သွားခဲ့လို့ ၄၅ မိနစ်အပြီးမှာ လေးဂိုး-တစ်ဂိုးနဲ့ ယူနိုက်တက်တို့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းပွဲစပြီး မကြာခင်မှာ အပိုင်အခွင့်အရေးကို မာစီယယ်လ် လွဲချော်ခဲ့သလို ရာဖင်ညာရဲ့ ကန်သွင်းမှုတစ်ကြိမ်ကိုလည်း ဒဟေးယား သတိကြီးကြီးနဲ့ ကာကွယ်ခဲ့ရပြီး ပွဲချိန် ၅၂ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဘောလုံးဆွဲပြေးရင်း ကူးပါးနဲ့ ထိပြီး ပင်နယ်တီဧရိယာထဲ လဲကျတဲ့ ဂျိမ်းစ်ကို ဒိုင်လူကြီး အန်ထော်နီ တေလာက ပင်နယ်တီအစား အဝါကတ်ပဲ ပေးခဲ့ပါတယ်။

ဒါကို မခံချင်စိတ်ဖြစ်သွားတဲ့ ဝေလသားကတော့ နောက်ထပ် ၁၄ မိနစ်အကြာမှာ ပေါက်ကွဲပြခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ မက်တော်မီနေး ပေးပို့လိုက်တဲ့ ဘောလုံးကို ရယူပြီး ဂိုးသမား မေလီယေးရဲ့ ပေါင်ကြားထဲကနေ သူ့အတွက် ရှားပါးလှတဲ့ ပရီးမီးယားလိဂ်ဂိုးတစ်ဂိုးကို ရယူသွားခဲ့ပါတယ်။

ပွဲချိန် ၆၉ မိနစ်မှာတော့ မာစီယယ်လ်ကို နောက်ခံလူ စထရွိုက် ဖျက်ထုတ်ရာကနေ ရှိတဲ့ ပင်နယ်တီကို ထုံးစံအတိုင်းပဲ ဘရူနို ဖာနန်ဒက်စ်က လှလှပပ လှည့်စားကန်သွင်းသွားခဲ့လို့ မန်ချက်စတာယူနိုက်တက်တို့ အိမ်ကွင်းမှာ ဂိုးဒါဇင်ဝက်အထိ ရယူသွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၇၂ မိနစ်မှာတော့ ခံစစ်ကစားပုံ ပေါ့လျော့မှုနဲ့ အမြင့်ဘောကို တုံ့ပြန်မှု နှေးတာကနေ ရာဖင်ညာက ဘောလုံးရယူသွားခဲ့ပြီး ပြန်ချပေးတာကို နောက်ခံလူ စတူးဝပ် ဒါးလက်စ်က ယူနိုက်တက်ခံစစ်တန်းကို ဝေ့ဝိုက်ကန်သွင်းခဲ့ရာမှာ ဒဟေးယား မကာကွယ်နိုင်ခဲ့ဘဲ တစ်ဂိုး ပြန်ပေးခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ ယူနိုက်တက်တို့ ဖာနန်ဒက်စ်အစား ဗန်ဒဘိခ်၊ ရက်ရှ်ဖို့ဒ်အစား ကာဗာနီတို့ လူစားလဲပြီး ကစားခဲ့ပေမယ့် တိုက်စစ်ကိုတော့ ဆက်လက် ဖိကစားနိုင်ခဲ့ပြီး လုခ်ရှောအစား ဝင်လာတဲ့ အဲလက်စ် တဲလက်စ်ရဲ့ ကန်ချက်ကို လိဒ်စ်ဂိုးသမား ကာကွယ်သွားနိုင်ခဲ့တာကြောင့် ဂိုးတော့ ထပ်မရခဲ့ဘဲ အိုးလ်ထရက်ဖို့ဒ်မှာ ခြောက်ဂိုး-နှစ်ဂိုးရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့တဲ့ မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ အမှတ်ပေးဇယားရဲ့ တတိယနေရာကို တက်ရောက်လာနိုင်ခဲ့သလို လက်ထဲမှာလည်း ပွဲကျန်တစ်ပွဲ ရှိနေခဲ့တာကြောင့် ချန်ပီယံဆုအတွက် လီဗာပူးလ်ကိုပါ ဖိအားပေးနိုင်တဲ့ အနေအထားကို ရောက်ရှိသွားခဲ့ပြီး အိမ်ကွင်းမှာ ဂိုးမိုးရွာမှုနဲ့အတူ ပရိသတ်တွေအတွက် ပျော်ရွှင်စရာ ညချမ်းလေးတစ်ခု ဖြစ်ခဲ့ပါကြောင်း ရေးသားလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ဒီေန႔ပြဲမွာ လုခ္ေရွာကို ျပန္လည္ထည့္သြင္းခဲ့ၿပီး ကြင္းလယ္မွာလည္း ဖရက္ဒ္ ပါဝင္လာခဲ့သလို လိဒ္စ္ကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းထြက္ေနတဲ့ ဒန္နီယယ္လ္ ဂ်ိမ္းစ္ကိုပါ ထည့္ခဲ့ၿပီး အိမ္ကြင္းမွာ မတူညီတဲ့ ပုံစံနဲ႔ လ်င္ျမန္မႈ ဦးစားေပးၿပီး ကစားလာခဲ့ပါတယ္။

ပြဲစစခ်င္းကတည္းက ယူႏိုက္တက္တို႔ အဖြင့္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၂ မိနစ္မွာ ဘယ္ျခမ္းကေန အတြင္းကို ေဘာလုံးဆြဲယူလာခဲ့တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္ ခ်ေပးတာကို မက္ေတာ္မီေနးက လွ်ပ္တစ္ျပက္ကန္သြင္းခဲ့ရာမွာ ျမင္ကြင္းမွာ ေနာက္ခံလူပိတ္ေနတဲ့ ဂိုးသမား ေမလီေယး အခ်ိန္မီ မကာကြယ္ႏိုင္ခဲ့လို႔ ေစာေစာစီးစီးမွာပဲ အိမ္ရွင္ေတြ ေပ်ာ္႐ႊင္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၃ မိနစ္မွာေတာ့ လက္ပစ္ေဘာကေန မာစီယယ္လ္ ေဘာလုံးရသြားၿပီး ဧရိယာအစပ္မွာ ေဘာလုံးကိုင္ထားတုန္းမွာ ေျပးဝင္လာခဲ့တဲ့ မက္ေတာ္မီေနးရဲ႕ ေျခထဲကို ကြက္တိ ထည့္ေပးလိုက္ႏိုင္တာေၾကာင့္ စေကာ့တလန္ကြင္းလယ္လူက အနီးကပ္ကန္ခြင့္နဲ႔အတူ ဒုတိယဂိုးကို ဆက္တိုက္ ဆိုသလိုပဲ သြင္းယူႏိုင္ခဲ့တာပါ။

ဒန္နီယယ္လ္ ဂ်ိမ္းစ္နဲ႔ မာစီယယ္လ္တို႔ရဲ႕ လ်င္ျမန္မႈေတြက လိဒ္စ္တို႔ရဲ႕ ေနာက္တန္းကို ျပႆနာျဖစ္ေစခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၂၀ မွာေတာ့ မာစီယယ္လ္ဂိုးသြင္းဖို႔ ႀကိဳးစားတာကေန ျပန္ထြက္လာတဲ့ ေဘာလုံးကို ေနာက္က လိုက္လာတဲ့ ဘ႐ူႏို ဖာနန္ဒက္စ္က အျပင္းကန္သြင္းၿပီး တတိယဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၃၇ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ စတုတၳဂိုးကို ရယူႏိုင္ခဲ့ၿပီး ရွက္ဖီးလ္ဒ္နဲ႔ပြဲက ဂိုးဖန္တီးရွင္ ေနာက္ခံလူ လင္ဒီေလာ့ဖ္က မာစီယယ္လ္ ေခါင္းတိုက္ခ်ေပးတာကို အေဝးတိုင္ဘက္ကေန အဆင္သင့္ေစာင့္ပိတ္ၿပီး လိဒ္စ္ယူႏိုက္တက္ရဲ႕ နည္းျပႀကီး ဘီယယ္လ္ဆာကို မ်က္ႏွာပ်က္ေစခဲ့တာပါ။

ဒါေပမယ့္ ပထမပိုင္း မၿပီးဆုံးခင္ လိဒ္စ္တို႔ တစ္ဂိုးျပန္လည္ ေခ်ပႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၄၂ မိနစ္မွာေတာ့ ေတာင္ပံကစားသမား ရာဖင္ညာရဲ႕ ေထာင့္ကန္ေဘာကို ေနာက္ခံလူ ကူးပါးက ေခါင္းတိုက္ခဲ့ရာမွာ ဒေဟးယား ဆန႔္ထုတ္တဲ့ လက္ထက္ အနည္းငယ္ကြာေဝးတဲ့ အေနအထားကေန ဂိုးဝင္သြားခဲ့လို႔ ၄၅ မိနစ္အၿပီးမွာ ေလးဂိုး-တစ္ဂိုးနဲ႔ ယူႏိုက္တက္တို႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းပြဲစၿပီး မၾကာခင္မွာ အပိုင္အခြင့္အေရးကို မာစီယယ္လ္ လြဲေခ်ာ္ခဲ့သလို ရာဖင္ညာရဲ႕ ကန္သြင္းမႈတစ္ႀကိမ္ကိုလည္း ဒေဟးယား သတိႀကီးႀကီးနဲ႔ ကာကြယ္ခဲ့ရၿပီး ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ေဘာလုံးဆြဲေျပးရင္း ကူးပါးနဲ႔ ထိၿပီး ပင္နယ္တီဧရိယာထဲ လဲက်တဲ့ ဂ်ိမ္းစ္ကို ဒိုင္လူႀကီး အန္ေထာ္နီ ေတလာက ပင္နယ္တီအစား အဝါကတ္ပဲ ေပးခဲ့ပါတယ္။

ဒါကို မခံခ်င္စိတ္ျဖစ္သြားတဲ့ ေဝလသားကေတာ့ ေနာက္ထပ္ ၁၄ မိနစ္အၾကာမွာ ေပါက္ကြဲျပခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန မက္ေတာ္မီေနး ေပးပို႔လိုက္တဲ့ ေဘာလုံးကို ရယူၿပီး ဂိုးသမား ေမလီေယးရဲ႕ ေပါင္ၾကားထဲကေန သူ႔အတြက္ ရွားပါးလွတဲ့ ပရီးမီးယားလိဂ္ဂိုးတစ္ဂိုးကို ရယူသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ မာစီယယ္လ္ကို ေနာက္ခံလူ စထ႐ြိဳက္ ဖ်က္ထုတ္ရာကေန ရွိတဲ့ ပင္နယ္တီကို ထုံးစံအတိုင္းပဲ ဘ႐ူႏို ဖာနန္ဒက္စ္က လွလွပပ လွည့္စားကန္သြင္းသြားခဲ့လို႔ မန္ခ်က္စတာယူႏိုက္တက္တို႔ အိမ္ကြင္းမွာ ဂိုးဒါဇင္ဝက္အထိ ရယူသြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ ခံစစ္ကစားပုံ ေပါ့ေလ်ာ့မႈနဲ႔ အျမင့္ေဘာကို တုံ႔ျပန္မႈ ေႏွးတာကေန ရာဖင္ညာက ေဘာလုံးရယူသြားခဲ့ၿပီး ျပန္ခ်ေပးတာကို ေနာက္ခံလူ စတူးဝပ္ ဒါးလက္စ္က ယူႏိုက္တက္ခံစစ္တန္းကို ေဝ့ဝိုက္ကန္သြင္းခဲ့ရာမွာ ဒေဟးယား မကာကြယ္ႏိုင္ခဲ့ဘဲ တစ္ဂိုး ျပန္ေပးခဲ့ရပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ယူႏိုက္တက္တို႔ ဖာနန္ဒက္စ္အစား ဗန္ဒဘိခ္၊ ရက္ရွ္ဖို႔ဒ္အစား ကာဗာနီတို႔ လူစားလဲၿပီး ကစားခဲ့ေပမယ့္ တိုက္စစ္ကိုေတာ့ ဆက္လက္ ဖိကစားႏိုင္ခဲ့ၿပီး လုခ္ေရွာအစား ဝင္လာတဲ့ အဲလက္စ္ တဲလက္စ္ရဲ႕ ကန္ခ်က္ကို လိဒ္စ္ဂိုးသမား ကာကြယ္သြားႏိုင္ခဲ့တာေၾကာင့္ ဂိုးေတာ့ ထပ္မရခဲ့ဘဲ အိုးလ္ထရက္ဖို႔ဒ္မွာ ေျခာက္ဂိုး-ႏွစ္ဂိုးရလဒ္နဲ႔ ပြဲၿပီးဆုံးခဲ့ပါတယ္။

ဒီပြဲကို အႏိုင္ရရွိခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ အမွတ္ေပးဇယားရဲ႕ တတိယေနရာကို တက္ေရာက္လာႏိုင္ခဲ့သလို လက္ထဲမွာလည္း ပြဲက်န္တစ္ပြဲ ရွိေနခဲ့တာေၾကာင့္ ခ်န္ပီယံဆုအတြက္ လီဗာပူးလ္ကိုပါ ဖိအားေပးႏိုင္တဲ့ အေနအထားကို ေရာက္ရွိသြားခဲ့ၿပီး အိမ္ကြင္းမွာ ဂိုးမိုး႐ြာမႈနဲ႔အတူ ပရိသတ္ေတြအတြက္ ေပ်ာ္႐ႊင္စရာ ညခ်မ္းေလးတစ္ခု ျဖစ္ခဲ့ပါေၾကာင္း ေရးသားလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.