Match Report Premier League

အိမ်ကွင်းမှာ အားလုံးရဲ့ ယုံကြည်မှုတွေကို ပြောင်းပြန်လှန်ပြီး ရေနစ်ခဲ့တဲ့ စပါးစ်

လီဗာပူးလ်ကို ပြီးခဲ့တဲ့ပွဲက နောက်ဆုံးမိနစ်မှာ ရှုံးနိမ့်ခဲ့ရတဲ့ စပါးစ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ လက်စတာစီးတီးအသင်းကို အိမ်ကွင်းနိုင်ပွဲ ရယူနိုင်လိမ့်မယ်လို့ ပရိသတ်တွေအားလုံးက မျှော်လင့်ခဲ့ကြပေမယ့် နည်းပြ မော်ရင်ညိုရဲ့ ဗျူဟာတွေက မှားယွင်းခဲ့ပြီး မထင်မှတ်တဲ့ အချိန်တွေမှာ အလဲထိုးသွားခဲ့တဲ့ ရော့ဂျားစ်ရဲ့ ဗျူဟာကတောင် ပိုပြီး မော်ရင်ညိုဆန်နေခဲ့တာဖြစ်ပါတယ်။

စပါးစ်ရဲ့ ကစားကွက်ကလည်း လူတွေ နည်းနည်းရိုးသွားပြီလို့ ပြောရမှာဖြစ်ပြီး ဟန်ချက်ညီအောင် ညာတောင်ပံကစားသမားတစ်ဦး ပါမလာဘဲ လိုဆဲလ်ဆိုနဲ့ အန်ဒွမ်ဘီလီတို့ကို တိုက်စစ်လိုက်ပါ ကစားခိုင်းတဲ့ ပုံစံက ကွင်းလယ်ဖန်တီးမှုမှာ တစ်အိမ်လိုသလိုဖြစ်နေပြီး ဆွန်နဲ့ ကိန်းရဲ့ တန်ပြန်တိုက်စစ်ကို ထိန်းချုပ်နိုင်ခဲ့ချိန်မှာ ထိရောက်မှုနည်းသွားခဲ့ပါတယ်။

ဆွန်ဟောင်မင်နဲ့ ကိန်းတို့နှစ်ယောက်တည်း ကစားရကျပ်နေချိန်မှာ ကူပေးမယ့်သူမျိုးတွေဖြစ်တဲ့ လာမယ်လာ၊ မော်ရာ၊ ဘာ့ဂ်ဗိန်းတို့လို ကစားသမားမျိုးတွေ မပါဝင်ခဲ့တာကတော့ ပရိသတ်တွေကို မချင့်မရဲဖြစ်စေပြီး ပထမပိုင်း နာကျင်အချိန်ပိုမှာတော့ စည်းကမ်းမဲ့ ကစားတဲ့ အော်ရီယေးကြောင့် စပါးစ်တို့ ပင်နယ်တီပေးခဲ့ရပါတယ်။

ပြန်ကြည့်လို့ရတဲ့ VAR ခေတ်မှာ ဥပဒေဘောင်ထဲက မကစားဘဲ ကြမ်းကြမ်းတမ်းတမ်းကစားဖို့ ကြိုးစားတဲ့ အိုင်ဗရီကို့စ်နောက်ခံလူရဲ့ လက်ဆောင်ပေးတဲ့ ပင်နယ်တီကို ဗာဒီက အလယ်တည့်တည့်ကို ကန်သွင်းပြီး ဂိုးသမား လိုရစ်ကို လမ်းလွှဲနိုင်ခဲ့သလို ဦးဆောင်ဂိုး ရယူသွားနိုင်ခဲ့တာဖြစ်သလို ပြန်ချေပလို့မရတဲ့ တကယ့် အချိန်ကောင်းဖြစ်တဲ့ ပွဲတစ်ဝက်ပြီးချိန်မှာမှ စိတ်ဓာတ်ပိုင်းကိုပါ ထိုးနှက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်စလို့ ပွဲချိန် ၄၇ မိနစ်မှာတော့ VAR ရဲ့ ဟာသဆန်ဆန် တံတောင်ဆစ်ကျွံဘော အဖမ်းခံရတဲ့ အဖြစ်ကြောင့် မက်ဒီဆန်ရဲ့ လှပတဲ့ Control နဲ့ သွင်းဂိုး ပယ်ဖျက်ခံခဲ့ရပြီး ပွဲချိန် မိနစ် ၆၀ မှာတော့ တန်ပြန်တိုက်စစ်ကနေ ဗာဒီက ခေါင်းတိုက်သွင်းယူခဲ့ရာမှာ အယ်လ်ဒါဝီရယ်လ်နဲ့ ထိပြီး ဂိုးဝင်သွားခဲ့လို့ ကိုယ့်ဂိုးကိုယ်သွင်းမှုအဖြစ် သတ်မှတ်ခံခဲ့ရပြီး လက်စတာတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရနေခဲ့ပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာ လက်စတာတစ်သင်းလုံး လူကျွံဘောဖမ်းရာကနေ အရိပ်အကဲ နားမလည်ဘဲ ကျန်နေတဲ့ တိုက်စစ်မှူး ဗာဒီကြောင့် ဆွန် အနီးကပ် ကန်ခွင့်ရခဲ့ပေမယ့် ကက်စပါ ရှမိုက်ကယ်က မယုံနိုင်လောက်အောင် ကာကွယ်သွားခဲ့ပြီး ကံမလိုက်တဲ့နေ့မှာတော့ စပါးစ်တို့ အိမ်ကွင်းမှာ ထိုက်ထိုက်တန်တန်ပဲ ရှုံးနိမ့်ခဲ့ရတာလည်းဖြစ်ပါတယ်။

ဒီပွဲကို ရှုံးနိမ့်ခဲ့ပြီး အာဆင်နယ်ကို နိုင်ခဲ့ပြီးကတည်း နောက်ဆုံးသုံးပွဲမှာ နိုင်ပွဲပျောက်ပြီး တစ်မှတ်သာ ရခဲ့တဲ့ စပါးစ်တို့ အမှတ်ပေးဇယားရဲ့ အဆင့် ၄ အထိ ဆင်းပေးခဲ့ရပြီး မန်ချက်စတာယူနိုက်တက်ရဲ့ ကျော်တက်သွားနိုင်တဲ့ အန္တရာယ်ကို ရင်ဆိုင်ခဲ့ရသလို လက်စတာစီးတီးကတော့ လီဗာပူးလ်ရဲ့နောက် ဒုတိယနေရာကို ရောက်ရှိလာနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္ကို ၿပီးခဲ့တဲ့ပြဲက ေနာက္ဆုံးမိနစ္မွာ ရႈံးနိမ့္ခဲ့ရတဲ့ စပါးစ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ လက္စတာစီးတီးအသင္းကို အိမ္ကြင္းႏိုင္ပြဲ ရယူႏိုင္လိမ့္မယ္လို႔ ပရိသတ္ေတြအားလုံးက ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ နည္းျပ ေမာ္ရင္ညိဳရဲ႕ ဗ်ဴဟာေတြက မွားယြင္းခဲ့ၿပီး မထင္မွတ္တဲ့ အခ်ိန္ေတြမွာ အလဲထိုးသြားခဲ့တဲ့ ေရာ့ဂ်ားစ္ရဲ႕ ဗ်ဴဟာကေတာင္ ပိုၿပီး ေမာ္ရင္ညိဳဆန္ေနခဲ့တာျဖစ္ပါတယ္။

စပါးစ္ရဲ႕ ကစားကြက္ကလည္း လူေတြ နည္းနည္း႐ိုးသြားၿပီလို႔ ေျပာရမွာျဖစ္ၿပီး ဟန္ခ်က္ညီေအာင္ ညာေတာင္ပံကစားသမားတစ္ဦး ပါမလာဘဲ လိုဆဲလ္ဆိုနဲ႔ အန္ဒြမ္ဘီလီတို႔ကို တိုက္စစ္လိုက္ပါ ကစားခိုင္းတဲ့ ပုံစံက ကြင္းလယ္ဖန္တီးမႈမွာ တစ္အိမ္လိုသလိုျဖစ္ေနၿပီး ဆြန္နဲ႔ ကိန္းရဲ႕ တန္ျပန္တိုက္စစ္ကို ထိန္းခ်ဳပ္ႏိုင္ခဲ့ခ်ိန္မွာ ထိေရာက္မႈနည္းသြားခဲ့ပါတယ္။

ဆြန္ေဟာင္မင္နဲ႔ ကိန္းတို႔ႏွစ္ေယာက္တည္း ကစားရက်ပ္ေနခ်ိန္မွာ ကူေပးမယ့္သူမ်ိဳးေတြျဖစ္တဲ့ လာမယ္လာ၊ ေမာ္ရာ၊ ဘာ့ဂ္ဗိန္းတို႔လို ကစားသမားမ်ိဳးေတြ မပါဝင္ခဲ့တာကေတာ့ ပရိသတ္ေတြကို မခ်င့္မရဲျဖစ္ေစၿပီး ပထမပိုင္း နာက်င္အခ်ိန္ပိုမွာေတာ့ စည္းကမ္းမဲ့ ကစားတဲ့ ေအာ္ရီေယးေၾကာင့္ စပါးစ္တို႔ ပင္နယ္တီေပးခဲ့ရပါတယ္။

ျပန္ၾကည့္လို႔ရတဲ့ VAR ေခတ္မွာ ဥပေဒေဘာင္ထဲက မကစားဘဲ ၾကမ္းၾကမ္းတမ္းတမ္းကစားဖို႔ ႀကိဳးစားတဲ့ အိုင္ဗရီကို႔စ္ေနာက္ခံလူရဲ႕ လက္ေဆာင္ေပးတဲ့ ပင္နယ္တီကို ဗာဒီက အလယ္တည့္တည့္ကို ကန္သြင္းၿပီး ဂိုးသမား လိုရစ္ကို လမ္းလႊဲႏိုင္ခဲ့သလို ဦးေဆာင္ဂိုး ရယူသြားႏိုင္ခဲ့တာျဖစ္သလို ျပန္ေခ်ပလို႔မရတဲ့ တကယ့္ အခ်ိန္ေကာင္းျဖစ္တဲ့ ပြဲတစ္ဝက္ၿပီးခ်ိန္မွာမွ စိတ္ဓာတ္ပိုင္းကိုပါ ထိုးႏွက္ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

ဒုတိယပိုင္း ျပန္စလို႔ ပြဲခ်ိန္ ၄၇ မိနစ္မွာေတာ့ VAR ရဲ႕ ဟာသဆန္ဆန္ တံေတာင္ဆစ္ကြၽံေဘာ အဖမ္းခံရတဲ့ အျဖစ္ေၾကာင့္ မက္ဒီဆန္ရဲ႕ လွပတဲ့ Control နဲ႔ သြင္းဂိုး ပယ္ဖ်က္ခံခဲ့ရၿပီး ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ တန္ျပန္တိုက္စစ္ကေန ဗာဒီက ေခါင္းတိုက္သြင္းယူခဲ့ရာမွာ အယ္လ္ဒါဝီရယ္လ္နဲ႔ ထိၿပီး ဂိုးဝင္သြားခဲ့လို႔ ကိုယ့္ဂိုးကိုယ္သြင္းမႈအျဖစ္ သတ္မွတ္ခံခဲ့ရၿပီး လက္စတာတို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရေနခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၇၀ မွာ လက္စတာတစ္သင္းလုံး လူကြၽံေဘာဖမ္းရာကေန အရိပ္အကဲ နားမလည္ဘဲ က်န္ေနတဲ့ တိုက္စစ္မႉး ဗာဒီေၾကာင့္ ဆြန္ အနီးကပ္ ကန္ခြင့္ရခဲ့ေပမယ့္ ကက္စပါ ရွမိုက္ကယ္က မယုံႏိုင္ေလာက္ေအာင္ ကာကြယ္သြားခဲ့ၿပီး ကံမလိုက္တဲ့ေန႔မွာေတာ့ စပါးစ္တို႔ အိမ္ကြင္းမွာ ထိုက္ထိုက္တန္တန္ပဲ ရႈံးနိမ့္ခဲ့ရတာလည္းျဖစ္ပါတယ္။

ဒီပြဲကို ရႈံးနိမ့္ခဲ့ၿပီး အာဆင္နယ္ကို ႏိုင္ခဲ့ၿပီးကတည္း ေနာက္ဆုံးသုံးပြဲမွာ ႏိုင္ပြဲေပ်ာက္ၿပီး တစ္မွတ္သာ ရခဲ့တဲ့ စပါးစ္တို႔ အမွတ္ေပးဇယားရဲ႕ အဆင့္ ၅ အထိ ဆင္းေပးခဲ့ရၿပီး လက္စတာစီးတီးကေတာ့ လီဗာပူးလ္ရဲ႕ေနာက္ ဒုတိယေနရာကို ေရာက္ရွိလာႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.