Premier League Transfer News

20 Dec ညပိုင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းနည်းပြ ပက်ပ် ဂွါဒီယိုလာအနေနဲ့ ဇန်နဝါရီမှာ အသင်းကို အင်အားဖြည့်တင်းဖို့ စဉ်းစားနေပြီး ဘယ်နောက်ခံလူနေရာအတွက် အဲဗာတန်အသင်းမှာ ခြေစွမ်းပြနေတဲ့ ပြင်သစ်သား လူကာ ဒီညီကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေ။

– ဗလင်စီယာအသင်းရဲ့ အကယ်ဒမီထွက် ဒေးဗစ် ဆေးလ်ဗားလက်သစ်လို့ နာမည်ကြီးနေတဲ့ ကွင်းလယ်နဲ့ တိုက်စစ်မှာ ကစားတတ်တဲ့ တောင်ကိုရီးယားသားလေး လီဂန်းအင်းကို ခေါ်ယူဖို့ မန်ချက်စတာစီးတီးပရိသတ်တွေကြား တောင်းဆိုမှုတွေ ရှိနေ။

– ဘာစီလိုနာနဲ့ ဥရောပအသင်းကြီးတချို့ရဲ့ စိတ်ဝင်စားမှုတွေ ရရှိနေတဲ့ နောက်ခံအစွန်လူ ဂျာအို ကန်ဆယ်လိုကိုသာ မန်ချက်စတာစီးတီးအနေနဲ့ ရောင်းချဖြစ်ခဲ့မယ် ဆိုရင် အသင်းကို ပြန်လည်သွားရောက်နိုင်မယ့် အခွင့်အရေး ရှိလိမ့်မယ်လို့ ဂျီရိုနာအသင်းမှာ အငှားချခံထားရတဲ့ နောက်ခံလူ ယန် ကော်တို မျှော်လင့်နေ။

– ပြီးခဲ့တဲ့ ဆောက်သမ်တန်နဲ့ပွဲက စွမ်းဆောင်ရည်ဟာ အသင်းကြီးတစ်သင်းမှာ ရှိနေရမယ့် ပုံစံမျိုး မဟုတ်ကြောင်းနဲ့ မန်စီးတီးတို့အနေနဲ့ လာမယ့် ဇန်နဝါရီ ဈေးကွက်ထဲကို ဝင်ရောက်ပြီး ကွန်ပနီ၊ ဒေးဗစ် ဆေးလ်ဗားရဲ့ ကွက်လပ်နဲ့ အဂွေရိုရဲ့ အစားထိုးမှုတွေကို လုပ်ဆောင်သွားရလိမ့်မယ်လို့ နည်းပြဟောင်းကြီး ဟာရီ ရက်ဒ်နက်ပ် သတိပေး။

– နောက်ခံလူ ဂျွန်စတုန်းစ်ကို အကောင်းဆုံးပုံစံရအောင် ပြန်လည်အသက်သွင်းပေးနိုင်ခဲ့တဲ့ နည်းပြ ဂွါဒီယိုလာအနေနဲ့ ချီးကျူးမှုတွေကို ရရှိနေပြီး မိမိကိုယ်ကို ပြန်လည်ရှာတွေ့နိုင်ခဲ့တဲ့ အင်္ဂလန်သားကိုလည်း လက်ရွေးစင်အသင်းကြီးမှာ ပြန်လည်ရွေးချယ်ဖို့ နည်းပြ ဂါရက် ဆောက်သ်ဂိတ်ကို ပရိသတ်တွေ တောင်းဆို။

– မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ် ၁၃ ပွဲ ကစားပြီးချိန်မှာ ၇ ဂိုး ဖန်တီးပေးထားနိုင်ပြီးဖြစ်တဲ့ ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားအနေနဲ့ ဒီရာသီကုန်ဆုံးချိန်မှာ သူ့ရဲ့ ဖန်တီးမှု မှတ်တမ်းတွေကို သူ့ဘာသာသူရိုက်ချိုးပြီး အမြင့်ဆုံးစံချိန်တွေကို ရယူလိမ့်မယ်လို့ လက်ရွေးစင် အသင်းနည်းပြ ရော်ဘတ်တို မာတီနက်ဇ် ထောက်ခံပြောကြား။

– အသင်းမှာ ကစားခွင့် ပုံမှန်မရတာကြောင့် အစ်တီဟတ်ကနေ ထွက်ခွာချင်နေပြီဖြစ်တဲ့ ယူကရိန်းတောင်ပံကစားသမား အိုလက်ဇန်ဒါ ဇင်ချန်ကိုအတွက် စိတ်ဝင်စားနေကြတဲ့ ဝက်စ်ဟမ်းအပါအဝင် ပရီးမီးယားလိဂ်အသင်းတွေအနေနဲ့ ခေါ်ယူဖို့ ပြဿနာ တစ်စုံတစ်ရာ မရှိနိုင်ပဲ သူ့အတွက် လစာငွေအဖြစ် တစ်ပတ်လုပ်ခ ပေါင်နှစ်သောင်းသာ ပေးချရမယ်လို့ သိရ။

– လစာငွေလျှော့ယူရတော့မှာမို့ နူးကမ့်ကနေ ထွက်ခွာတော့မယ့် မက်ဆီအတွက် ပီအက်စ်ဂျီအသင်းက မန်စီးတီးတို့အတွက် အဓိက ပြိုင်ဘက်ဖြစ်လာချိန်မှာ အာဂျင်တီးနားသားဘက်ကတော့ နည်းပြ ဂွါဒီယိုလာနဲ့ ဆုံစည်းဖို့အတွက် တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းခွဲလောက်နဲ့ ကျေနပ်နိုင်တယ်လို့ သတင်းထွက်လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းနည္းျပ ပက္ပ္ ဂြါဒီယိုလာအေနနဲ႔ ဇန္နဝါရီမွာ အသင္းကို အင္အားျဖည့္တင္းဖို႔ စဥ္းစားေနၿပီး ဘယ္ေနာက္ခံလူေနရာအတြက္ အဲဗာတန္အသင္းမွာ ေျခစြမ္းျပေနတဲ့ ျပင္သစ္သား လူကာ ဒီညီကို ေခၚယူသြားဖို႔ စိတ္ဝင္စားေန။

– ဗလင္စီယာအသင္းရဲ႕ အကယ္ဒမီထြက္ ေဒးဗစ္ ေဆးလ္ဗားလက္သစ္လို႔ နာမည္ႀကီးေနတဲ့ ကြင္းလယ္နဲ႔ တိုက္စစ္မွာ ကစားတတ္တဲ့ ေတာင္ကိုရီးယားသားေလး လီဂန္းအင္းကို ေခၚယူဖို႔ မန္ခ်က္စတာစီးတီးပရိသတ္ေတြၾကား ေတာင္းဆိုမႈေတြ ရွိေန။

– ဘာစီလိုနာနဲ႔ ဥေရာပအသင္းႀကီးတခ်ိဳ႕ရဲ႕ စိတ္ဝင္စားမႈေတြ ရရွိေနတဲ့ ေနာက္ခံအစြန္လူ ဂ်ာအို ကန္ဆယ္လိုကိုသာ မန္ခ်က္စတာစီးတီးအေနနဲ႔ ေရာင္းခ်ျဖစ္ခဲ့မယ္ ဆိုရင္ အသင္းကို ျပန္လည္သြားေရာက္ႏိုင္မယ့္ အခြင့္အေရး ရွိလိမ့္မယ္လို႔ ဂ်ီ႐ိုနာအသင္းမွာ အငွားခ်ခံထားရတဲ့ ေနာက္ခံလူ ယန္ ေကာ္တို ေမွ်ာ္လင့္ေန။

– ၿပီးခဲ့တဲ့ ေဆာက္သမ္တန္နဲ႔ပြဲက စြမ္းေဆာင္ရည္ဟာ အသင္းႀကီးတစ္သင္းမွာ ရွိေနရမယ့္ ပုံစံမ်ိဳး မဟုတ္ေၾကာင္းနဲ႔ မန္စီးတီးတို႔အေနနဲ႔ လာမယ့္ ဇန္နဝါရီ ေဈးကြက္ထဲကို ဝင္ေရာက္ၿပီး ကြန္ပနီ၊ ေဒးဗစ္ ေဆးလ္ဗားရဲ႕ ကြက္လပ္နဲ႔ အေဂြ႐ိုရဲ႕ အစားထိုးမႈေတြကို လုပ္ေဆာင္သြားရလိမ့္မယ္လို႔ နည္းျပေဟာင္းႀကီး ဟာရီ ရက္ဒ္နက္ပ္ သတိေပး။

– ေနာက္ခံလူ ဂြၽန္စတုန္းစ္ကို အေကာင္းဆုံးပုံစံရေအာင္ ျပန္လည္အသက္သြင္းေပးႏိုင္ခဲ့တဲ့ နည္းျပ ဂြါဒီယိုလာအေနနဲ႔ ခ်ီးက်ဴးမႈေတြကို ရရွိေနၿပီး မိမိကိုယ္ကို ျပန္လည္ရွာေတြ႕ႏိုင္ခဲ့တဲ့ အဂၤလန္သားကိုလည္း လက္ေ႐ြးစင္အသင္းႀကီးမွာ ျပန္လည္ေ႐ြးခ်ယ္ဖို႔ နည္းျပ ဂါရက္ ေဆာက္သ္ဂိတ္ကို ပရိသတ္ေတြ ေတာင္းဆို။

– မန္စီးတီးနဲ႔အတူ ပရီးမီးယားလိဂ္ ၁၃ ပြဲ ကစားၿပီးခ်ိန္မွာ ၇ ဂိုး ဖန္တီးေပးထားႏိုင္ၿပီးျဖစ္တဲ့ ကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားအေနနဲ႔ ဒီရာသီကုန္ဆုံးခ်ိန္မွာ သူ႔ရဲ႕ ဖန္တီးမႈ မွတ္တမ္းေတြကို သူ႔ဘာသာသူ႐ိုက္ခ်ိဳးၿပီး အျမင့္ဆုံးစံခ်ိန္ေတြကို ရယူလိမ့္မယ္လို႔ လက္ေ႐ြးစင္ အသင္းနည္းျပ ေရာ္ဘတ္တို မာတီနက္ဇ္ ေထာက္ခံေျပာၾကား။

– အသင္းမွာ ကစားခြင့္ ပုံမွန္မရတာေၾကာင့္ အစ္တီဟတ္ကေန ထြက္ခြာခ်င္ေနၿပီျဖစ္တဲ့ ယူကရိန္းေတာင္ပံကစားသမား အိုလက္ဇန္ဒါ ဇင္ခ်န္ကိုအတြက္ စိတ္ဝင္စားေနၾကတဲ့ ဝက္စ္ဟမ္းအပါအဝင္ ပရီးမီးယားလိဂ္အသင္းေတြအေနနဲ႔ ေခၚယူဖို႔ ျပႆနာ တစ္စုံတစ္ရာ မရွိႏိုင္ပဲ သူ႔အတြက္ လစာေငြအျဖစ္ တစ္ပတ္လုပ္ခ ေပါင္ႏွစ္ေသာင္းသာ ေပးခ်ရမယ္လို႔ သိရ။

– လစာေငြေလွ်ာ့ယူရေတာ့မွာမို႔ ႏူးကမ့္ကေန ထြက္ခြာေတာ့မယ့္ မက္ဆီအတြက္ ပီအက္စ္ဂ်ီအသင္းက မန္စီးတီးတို႔အတြက္ အဓိက ၿပိဳင္ဘက္ျဖစ္လာခ်ိန္မွာ အာဂ်င္တီးနားသားဘက္ကေတာ့ နည္းျပ ဂြါဒီယိုလာနဲ႔ ဆုံစည္းဖို႔အတြက္ တစ္ပတ္လုပ္ခ ေပါင္သုံးသိန္းခြဲေလာက္နဲ႔ ေက်နပ္ႏိုင္တယ္လို႔ သတင္းထြက္လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.