Premier League Transfer News

20 Dec ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– အသင်းနဲ့အတူ ပထမဆုံး ပရီးမီးယားလိဂ်ဂိုးကို တစ်ဦးချင်း ကျွမ်းကျင်မှုနဲ့ သွင်းယူနိုင်ခဲ့ပြီး တွစ်တာမှာ အောင်ပွဲခံခဲ့တဲ့ တာကူမီ မီနာမီနိုကို ဆာ့လ်ဇ်ဘတ်အသင်းဖော်ဟောင်း အာလင်း ဟားလန်းက ချီးကျူးသွားခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ လီဗာပူးလ်မှာ အတူပြန်လည်တွေ့မြင်ရဦးမလားလို့ မျှော်လင့်နေကြ။

– ခရစ္စတယ်လ်ပဲလေ့စ်နဲ့ ပွဲစဉ်မှာ ဆာဒီယို မာနေးကို လူစားလဲခဲတဲ့ ယာဂန် ကလော့ပ်ရဲ့ ဆုံးဖြတ်ချက်အတွက် ပရီးမီးယားလိဂ် ဂန္ထဝင် တိုက်စစ်မှူးဟောင်းကြီး အလန် ရှီးရားက ထောက်ခံလိုက်ပြီး သူတို့တွေရဲ့ စွမ်းဆောင်ရည်ကို လိုအပ်ချိန်တိုင်းမှာ ရရှိနိုင်ဖို့အတွက် ဒီလိုမျိုး တိကျတဲ့ စီမံခန့်ခွဲမှုလိုတယ်လို့ ပြောကြားသွား။

– ပေါချောင်ကောင်းနောက်ခံလူ ဆီမီကတ်စ်ကို အဝယ်မှားသလို ဖြစ်နေတဲ့ လီဗာပူးလ်အသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အသံထွက်နေတဲ့ စပို့တင်းလစ္စဘွန်းနောက်ခံလူ နူနို မန်ဒက်စ်ကို သေချာတဲ့ စိတ်ဝင်စားမှု ပြသထားပြီး ဒီအသက် ၁၈ နှစ်အရွယ် ပေါ်တူဂီ ဘယ်နောက်ခံလူအတွက် ယူရို ၄၅ သန်း ပေးချေရဖွယ်ရှိနေ။

– ဆာဒီယို မာနေးရဲ့ ခရစ္စတယ်လ်ပဲလေ့စ်နဲ့ပွဲက ဂိုးအတွက် အောင်ပွဲခံပုံက လီဗာပူးလ်အသင်းရဲ့ မသန်စွမ်းပရိသတ်တစ်ဦးရဲ့ ကွယ်လွန် သွားခဲ့ပြီဖြစ်တဲ့ အဘိုးဖြစ်သူအတွက် ရည်ရွယ်ကြောင်းနဲ့ ဒီလိုအောင်ပွဲခံဖို့ ပရိသတ်နဲ့ ဗီဒီယိုကောလ်ပြောကြားစဉ်က ဆီနီဂေါသား အနေနဲ့ တိုင်ပင်ထားခဲ့တာဖြစ်ကြောင်း ထုတ်ဖော်သွား။

– ဆာလားရဲ့ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့နဲ့ ပတ်သက်တဲ့ ဖြေကြားမှုတွေအပေါ် လီဗာပူးလ်ပရိသတ်တွေကြားထဲမှာ အမြင်အမျိုးမျိုး ကွဲပြားနေကြပြီး ပိုအဆင့်နိမ့်တဲ့ဆီ သွားချင်ရင်သွားပေါ့လို့ ဆိုခဲ့ကြသူတွေ ရှိသလို ရောင်းဖြစ်ခဲ့ရင် ပီအက်စ်ဂျီရဲ့ ခိုင်လျန် အမ်ဘာပေနဲ့ အစားထိုးဖို့ တိုက်တွန်းနေကြ။

– လီဗာပူးလ်အသင်းရဲ့ ဒဏ်ရာများနေတဲ့ ခံစစ်အတွက် ဇန်နဝါရီမှာ အစားထိုးနိုင်ဖို့ စီစဉ်နေရာမှာ ချန်ပီယံလိဂ်နောက်တစ်ဆင့်တက်လို့ ခေါ်ယူဖို့ ခက်ခဲသွားတဲ့ RB လိုက်ပ်ဇစ်နောက်ခံလူ ဒါယို အူပါမီကာနိုအစား ဒေါ့မွန်အသင်းရဲ့ ဆွစ်ဇာလန်နောက်ခံလူ မန်ညူယယ် အာကန်ဂျီကို ခေါ်ယူဖို့ ပြောင်းလဲပစ်မှတ်ထားလာ။

– မိုဟာမက် ဆာလားဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ဘရူနို ဖာနန်ဒက်စ်လိုပဲ အသင်းအတွက် ခြေစွမ်းအပြသနိုင်ဆုံးသူဖြစ်ပေမယ့် အသင်းခေါင်းဆောင်လက်ပတ်ကိုတော့ ရယူခွင့်မရှိတဲ့ တူညီတဲ့ အခြေအနေက စိတ်ပျက်စရာဖြစ်ကြောင်း အီဂျစ်ဂန္ထဝင်တိုက်စစ်မှူး မိုဟာမက် အဘူထရီကာ ဝေဖန်။

– လီဗာပူးလ်အသင်းရဲ့ ခရစ္စတယ်လ်ပဲလေ့စ်ကို ၇ ဂိုးသွင်းပြီး အနိုင်ရခဲ့တဲ့အပေါ် မိမိတို့အနေနဲ့ အာရုံစိုက်နေရာ မလိုကြောင်းနဲ့ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အမှတ်ပေးဇယားကို တစ်နေရာချင်း တက်ရောက်ဖို့သာ ကြိုးစားရမှာဖြစ်တယ်လို့ ပြိုင်ဘက်အသင်းရဲ့ အောင်ပွဲနဲ့ ပတ်သက်လို့ စိတ်ထဲ ထားမနေကြောင်း ဂွါဒီယိုလာပြောကြား။

– ပဲလေ့စ်ဘက်ကို သွင်းယူတဲ့ ၃ ဂိုးမြောက်ဂိုးမှာ ရောဘတ်တို ဖာမီနို သွင်းယူနိုင်ဖို့အတွက် ဖန်တီးပေးခဲ့တဲ့ နောက်ခံလူ အန်ဒီ ရောဘတ်ဆန်အနေနဲ့ ပွေ့ဖက်အောင်ပွဲမခံခင်မှာ ဘရာဇီးလ်သားရဲ့ ကွန်ဖူးကစ်နဲ့ အောင်ပွဲခံတာကို အရင် ရှောင်တိမ်းခဲ့ရသေးတာကို ပရိသတ်တွေအနေနဲ့ ရယ်ရွှင်ပျော်မြူးဖွယ် တွေ့မြင်ခဲ့ရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အသင္းနဲ႔အတူ ပထမဆုံး ပရီးမီးယားလိဂ္ဂိုးကို တစ္ဦးခ်င္း ကြၽမ္းက်င္မႈနဲ႔ သြင္းယူႏိုင္ခဲ့ၿပီး တြစ္တာမွာ ေအာင္ပြဲခံခဲ့တဲ့ တာကူမီ မီနာမီႏိုကို ဆာ့လ္ဇ္ဘတ္အသင္းေဖာ္ေဟာင္း အာလင္း ဟားလန္းက ခ်ီးက်ဴးသြားခဲ့တာေၾကာင့္ ပရိသတ္ေတြအေနနဲ႔ လီဗာပူးလ္မွာ အတူျပန္လည္ေတြ႕ျမင္ရဦးမလားလို႔ ေမွ်ာ္လင့္ေနၾက။

– ခရစၥတယ္လ္ပဲေလ့စ္နဲ႔ ပြဲစဥ္မွာ ဆာဒီယို မာေနးကို လူစားလဲခဲတဲ့ ယာဂန္ ကေလာ့ပ္ရဲ႕ ဆုံးျဖတ္ခ်က္အတြက္ ပရီးမီးယားလိဂ္ ဂႏၴဝင္ တိုက္စစ္မႉးေဟာင္းႀကီး အလန္ ရွီးရားက ေထာက္ခံလိုက္ၿပီး သူတို႔ေတြရဲ႕ စြမ္းေဆာင္ရည္ကို လိုအပ္ခ်ိန္တိုင္းမွာ ရရွိႏိုင္ဖို႔အတြက္ ဒီလိုမ်ိဳး တိက်တဲ့ စီမံခန႔္ခြဲမႈလိုတယ္လို႔ ေျပာၾကားသြား။

– ေပါေခ်ာင္ေကာင္းေနာက္ခံလူ ဆီမီကတ္စ္ကို အဝယ္မွားသလို ျဖစ္ေနတဲ့ လီဗာပူးလ္အသင္းအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အသံထြက္ေနတဲ့ စပို႔တင္းလစၥဘြန္းေနာက္ခံလူ ႏူႏို မန္ဒက္စ္ကို ေသခ်ာတဲ့ စိတ္ဝင္စားမႈ ျပသထားၿပီး ဒီအသက္ ၁၈ ႏွစ္အ႐ြယ္ ေပၚတူဂီ ဘယ္ေနာက္ခံလူအတြက္ ယူ႐ို ၄၅ သန္း ေပးေခ်ရဖြယ္ရွိေန။

– ဆာဒီယို မာေနးရဲ႕ ခရစၥတယ္လ္ပဲေလ့စ္နဲ႔ပြဲက ဂိုးအတြက္ ေအာင္ပြဲခံပုံက လီဗာပူးလ္အသင္းရဲ႕ မသန္စြမ္းပရိသတ္တစ္ဦးရဲ႕ ကြယ္လြန္ သြားခဲ့ၿပီျဖစ္တဲ့ အဘိုးျဖစ္သူအတြက္ ရည္႐ြယ္ေၾကာင္းနဲ႔ ဒီလိုေအာင္ပြဲခံဖို႔ ပရိသတ္နဲ႔ ဗီဒီယိုေကာလ္ေျပာၾကားစဥ္က ဆီနီေဂါသား အေနနဲ႔ တိုင္ပင္ထားခဲ့တာျဖစ္ေၾကာင္း ထုတ္ေဖာ္သြား။

– ဆာလားရဲ႕ ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာတို႔နဲ႔ ပတ္သက္တဲ့ ေျဖၾကားမႈေတြအေပၚ လီဗာပူးလ္ပရိသတ္ေတြၾကားထဲမွာ အျမင္အမ်ိဳးမ်ိဳး ကြဲျပားေနၾကၿပီး ပိုအဆင့္နိမ့္တဲ့ဆီ သြားခ်င္ရင္သြားေပါ့လို႔ ဆိုခဲ့ၾကသူေတြ ရွိသလို ေရာင္းျဖစ္ခဲ့ရင္ ပီအက္စ္ဂ်ီရဲ႕ ခိုင္လ်န္ အမ္ဘာေပနဲ႔ အစားထိုးဖို႔ တိုက္တြန္းေနၾက။

– လီဗာပူးလ္အသင္းရဲ႕ ဒဏ္ရာမ်ားေနတဲ့ ခံစစ္အတြက္ ဇန္နဝါရီမွာ အစားထိုးႏိုင္ဖို႔ စီစဥ္ေနရာမွာ ခ်န္ပီယံလိဂ္ေနာက္တစ္ဆင့္တက္လို႔ ေခၚယူဖို႔ ခက္ခဲသြားတဲ့ RB လိုက္ပ္ဇစ္ေနာက္ခံလူ ဒါယို အူပါမီကာႏိုအစား ေဒါ့မြန္အသင္းရဲ႕ ဆြစ္ဇာလန္ေနာက္ခံလူ မန္ညဴယယ္ အာကန္ဂ်ီကို ေခၚယူဖို႔ ေျပာင္းလဲပစ္မွတ္ထားလာ။

– မိုဟာမက္ ဆာလားဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဘ႐ူႏို ဖာနန္ဒက္စ္လိုပဲ အသင္းအတြက္ ေျခစြမ္းအျပသႏိုင္ဆုံးသူျဖစ္ေပမယ့္ အသင္းေခါင္းေဆာင္လက္ပတ္ကိုေတာ့ ရယူခြင့္မရွိတဲ့ တူညီတဲ့ အေျခအေနက စိတ္ပ်က္စရာျဖစ္ေၾကာင္း အီဂ်စ္ဂႏၴဝင္တိုက္စစ္မႉး မိုဟာမက္ အဘူထရီကာ ေဝဖန္။

– လီဗာပူးလ္အသင္းရဲ႕ ခရစၥတယ္လ္ပဲေလ့စ္ကို ၇ ဂိုးသြင္းၿပီး အႏိုင္ရခဲ့တဲ့အေပၚ မိမိတို႔အေနနဲ႔ အာ႐ုံစိုက္ေနရာ မလိုေၾကာင္းနဲ႔ ကိုယ့္အလုပ္ကိုယ္လုပ္ၿပီး အမွတ္ေပးဇယားကို တစ္ေနရာခ်င္း တက္ေရာက္ဖို႔သာ ႀကိဳးစားရမွာျဖစ္တယ္လို႔ ၿပိဳင္ဘက္အသင္းရဲ႕ ေအာင္ပြဲနဲ႔ ပတ္သက္လို႔ စိတ္ထဲ ထားမေနေၾကာင္း ဂြါဒီယိုလာေျပာၾကား။

– ပဲေလ့စ္ဘက္ကို သြင္းယူတဲ့ ၃ ဂိုးေျမာက္ဂိုးမွာ ေရာဘတ္တို ဖာမီႏို သြင္းယူႏိုင္ဖို႔အတြက္ ဖန္တီးေပးခဲ့တဲ့ ေနာက္ခံလူ အန္ဒီ ေရာဘတ္ဆန္အေနနဲ႔ ေပြ႕ဖက္ေအာင္ပြဲမခံခင္မွာ ဘရာဇီးလ္သားရဲ႕ ကြန္ဖူးကစ္နဲ႔ ေအာင္ပြဲခံတာကို အရင္ ေရွာင္တိမ္းခဲ့ရေသးတာကို ပရိသတ္ေတြအေနနဲ႔ ရယ္႐ႊင္ေပ်ာ္ျမဴးဖြယ္ ေတြ႕ျမင္ခဲ့ရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.