Premier League

အမှတ်ပေးဇယားအပေါ်ကို ပြန်တက်ချင်ရင် အိုဇေးလ်ကို ပြန်ထည့်ဖို့ ရက်က်နက် တိုက်တွန်း

Sky Sports အားကစားဝေဖန်သူ ဂျေမီရက်က်နက်က အာဆင်နယ်အနေနဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအပေါ်ကို စတင်တက်ရောက်ချင်တယ်ဆိုရင် အိုဇေးလ်ကို ပြန်ထည့်သုံးမှရမယ်လို့ ယုံကြည်နေပါတယ်။

အာဆင်နယ်အသင်းဟာ အင်္ဂါနေ့ညနေမှာ မန်ချက်စတာစီးတီးအသင်းကို ကရာဘောင်ဖလား ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး စနေနေ့ညနေမှာ အဲဗာတန်အသင်းကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် နောက်ဆုံးပရီးမီးယားလိဂ် ၅ ပွဲမှာ ၄ ပွဲအထိ ရှုံးနိမ့်ထားခဲ့ပြီဖြစ်ပါတယ်။ ရော့ဘ်ဟိုးဒင်းရဲ့ ကိုယ့်ဂိုးကိုယ်ပြန်သွင်းယူမိတဲ့သွင်းဂိုး၊ အသင်းခေါင်းဆောင်တိုက်စစ်မှူး အူဘာမီယန်း ဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်းမရှိမှုတို့က အာဆင်နယ်အသင်းအတွက် ပေးဆပ်မှုကြီးမားသွားစေခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်ဖွင့်ဖို့ကလည်း ၂ ပတ်လောက်သာလိုတော့တာဖြစ်ပြီး အာဆင်နယ်အသင်းအနေနဲ့ တိုက်စစ်ပါရမီရှိတဲ့ကစားသမားသစ်တွေ လိုအပ်နေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ရက်က်နက်က အာတီတာအနေနဲ့ လာမယ့်ဇန်နဝါရီလမှာ အိုဇေးလ်ကို ပဏာမ ၂၅ ဦးလူစာရင်းထဲမှာ ပြန်ထည့်မှဖြစ်တော့မယ်လို့ ယုံကြည်နေပြီး အခုလို အခက်အခဲတွေနဲ့ရုန်းကန်နေရတဲ့အချိန်မှာ ဂျာမန်ကွင်းလယ်ကြယ်ပွင့်ကို လူစာရင်းထဲ ပြန်ထည့်ဖို့ဆိုတာ အများကြီးစဉ်းစားစရာတောင်လိုတဲ့ကိစ္စမဟုတ်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“နောက်ထပ်တစ်ကြိမ် ဘာမှ ဖန်တီးနိုင်စွမ်းမရှိခဲ့ပါဘူး။ ဒုတိယပိုင်းမှာ ဂိုးပေါက်ကန်သွင်းနိုင်ခဲ့တာမျိုး မရှိပါဘူး။ ကျွန်တော် နည်းပြအတွက် ခံစားပေးနိုင်ပါတယ်။ သူ့မှာ သောမတ်စ်ပါတေးကို ထည့်သွင်းအသုံးပြုလို့ မရခဲ့ဘူး။ သူတို့ သူ့ကို ကွင်းလယ်မှာ ပြန်ရတဲ့အချိန်ကျရင် တိုက်စစ်မှာ အူဘာမီယန်း၊ နောက်တန်းမှာ ဂက်ဘရီရယ်ရှိမယ်။ သူတို့ တန်းဆင်းရမယ့်ပြဿနာရှိလာတော့မှာမဟုတ်တော့ပါဘူး။ သူတို့တွေ တိုးတက်လာပါလိမ့်မယ်။ အခုအချိန်မှာတော့ ဒီလိုပွဲမျိုးတွေမှာ အခွင့်အရေးမဖန်တီးနိုင်ဘူး။ ကောင်းသင့်သလောက် မကောင်းခဲ့ပါဘူး”

“သူတို့မှာ အရည်အသွေးနည်းပါးနေပုံပေါ်ပါတယ်။ ကျွန်တော် ဒေးဗစ်လုဇ်ကို ကြည့်လိုက်တယ်။ သူ အကောင်းဆုံးဖြစ်ခဲ့တဲ့အချိန်တုန်းပေါ့။ သူက အကောင်းဆုံးထဲက တစ်ယောက်ပါ။ ဒါပေမယ့် သူ အခုအချိန် သိပ်မကောင်းတော့တဲ့အခါမှာ သူ့ကိုယ်သူပဲ ဂရုစိုက်နိုင်ပြီး အဲဒါက တခြားကစားသမားတွေကို သွားပြီး ရိုက်ခတ်တာကို ခင်ဗျား မြင်နိုင်ပါတယ်။ အဲဒါက အကုန်လုံးဆီကို ကူးစက်သွားပါတယ်”

“အခုအချိန် အသင်းမှာ ပြဿနာတွေ အများကြီးရှိနေတာကြောင့် ဘယ်ပြဿနာဆိုတာကို ခင်ဗျား လက်ညှိုးထိုးဖို့တောင် ခက်မှာပါ။ လူတွေက ဇန်နဝါရီမှာ အိုဇေးလ်ကို ပြန်ခေါ်သင့်လားဆိုတဲ့အကြောင်း ပြောနေကြတယ်။ ကျွန်တော့်အတွက်ကတော့ ခေါ်ကို ခေါ်ရမှာပေါ့။ အဲဒါက အဲဒါက ဦးနှောက်နဲ့ တစက္ကန့်စဉ်းစားနေစရာတောင် မလိုပါဘူး”

“သူတို့တွေ ဘာအခွင့်အရေးမှ မဖန်တီးနိုင်ဘူး။ ခင်ဗျား အခွင့်အရေးဖန်တီးနိုင်ခဲ့ပြီး ပွဲရှုံးခဲ့ရင် ခင်ဗျား သူ့ကို မခေါ်နဲ့လို့ ကျွန်တော် ပြောမှာပါ။ ဒါပေမယ့် ဘန်လေအသင်းနဲ့ ကစားခဲ့တဲ့နေ့တုန်းက သူတို့တွေ အူဘာမီယန်းလိုမျိုး ကစားသမားအတွက် တိကျတဲ့ပေးပို့မှုမျိုးလုပ်နိုင်တဲ့ တစ်စုံတယောက်ကို လိုအပ်နေခဲ့ပါတယ်”

“တစ်ခါတလေ ဘဝမှာ ကံဆိုးမိုးမှောင်ကျမှုတွေကို လက်မခံချင်လည်း လက်ခံရတာပဲ။ ‘ဟုတ်ပြီ၊ ဒါက အလုပ်မဖြစ်ဘူး’ဆိုပြီးပေါ့။ ဒါပေမယ့် ခင်ဗျား သူ့ကို သုံးလို့ရနေတဲ့အချိန်မှာတော့ သုံးသာသုံးလိုက်ပါ။ အဲဒီတော့ ဆိုလိုချင်တာက ဘာများရှိဦးမှာလဲ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

Sky Sports အားကစားေဝဖန္သူ ေဂ်မီရက္က္နက္က အာဆင္နယ္အေနနဲ႔ ပရီးမီးယားလိဂ္အမွတ္ေပးဇယားအေပၚကို စတင္တက္ေရာက္ခ်င္တယ္ဆိုရင္ အိုေဇးလ္ကို ျပန္ထည့္သုံးမွရမယ္လို႔ ယုံၾကည္ေနပါတယ္။

အာဆင္နယ္အသင္းဟာ အဂၤါေန႔ညေနမွာ မန္ခ်က္စတာစီးတီးအသင္းကို ကရာေဘာင္ဖလား ကြာတားဖိုင္နယ္အဆင့္ပြဲစဥ္အျဖစ္ အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ၿပီး စေနေန႔ညေနမွာ အဲဗာတန္အသင္းကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့အတြက္ ေနာက္ဆုံးပရီးမီးယားလိဂ္ ၅ ပြဲမွာ ၄ ပြဲအထိ ရႈံးနိမ့္ထားခဲ့ၿပီျဖစ္ပါတယ္။ ေရာ့ဘ္ဟိုးဒင္းရဲ႕ ကိုယ့္ဂိုးကိုယ္ျပန္သြင္းယူမိတဲ့သြင္းဂိုး၊ အသင္းေခါင္းေဆာင္တိုက္စစ္မႉး အူဘာမီယန္း ဒဏ္ရာေၾကာင့္ ပါဝင္ႏိုင္ျခင္းမရွိမႈတို႔က အာဆင္နယ္အသင္းအတြက္ ေပးဆပ္မႈႀကီးမားသြားေစခဲ့တာျဖစ္ပါတယ္။

ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေစ်းကြက္ဖြင့္ဖို႔ကလည္း ၂ ပတ္ေလာက္သာလိုေတာ့တာျဖစ္ၿပီး အာဆင္နယ္အသင္းအေနနဲ႔ တိုက္စစ္ပါရမီရွိတဲ့ကစားသမားသစ္ေတြ လိုအပ္ေနတာျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္လည္း ရက္က္နက္က အာတီတာအေနနဲ႔ လာမယ့္ဇန္နဝါရီလမွာ အိုေဇးလ္ကို ပဏာမ ၂၅ ဦးလူစာရင္းထဲမွာ ျပန္ထည့္မွျဖစ္ေတာ့မယ္လို႔ ယုံၾကည္ေနၿပီး အခုလို အခက္အခဲေတြနဲ႔႐ုန္းကန္ေနရတဲ့အခ်ိန္မွာ ဂ်ာမန္ကြင္းလယ္ၾကယ္ပြင့္ကို လူစာရင္းထဲ ျပန္ထည့္ဖို႔ဆိုတာ အမ်ားႀကီးစဥ္းစားစရာေတာင္လိုတဲ့ကိစၥမဟုတ္ဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ေနာက္ထပ္တစ္ႀကိမ္ ဘာမွ ဖန္တီးႏိုင္စြမ္းမရွိခဲ့ပါဘူး။ ဒုတိယပိုင္းမွာ ဂိုးေပါက္ကန္သြင္းႏိုင္ခဲ့တာမ်ိဳး မရွိပါဘူး။ ကြၽန္ေတာ္ နည္းျပအတြက္ ခံစားေပးႏိုင္ပါတယ္။ သူ႔မွာ ေသာမတ္စ္ပါေတးကို ထည့္သြင္းအသုံးျပဳလို႔ မရခဲ့ဘူး။ သူတို႔ သူ႔ကို ကြင္းလယ္မွာ ျပန္ရတဲ့အခ်ိန္က်ရင္ တိုက္စစ္မွာ အူဘာမီယန္း၊ ေနာက္တန္းမွာ ဂက္ဘရီရယ္ရွိမယ္။ သူတို႔ တန္းဆင္းရမယ့္ျပႆနာရွိလာေတာ့မွာမဟုတ္ေတာ့ပါဘူး။ သူတို႔ေတြ တိုးတက္လာပါလိမ့္မယ္။ အခုအခ်ိန္မွာေတာ့ ဒီလိုပြဲမ်ိဳးေတြမွာ အခြင့္အေရးမဖန္တီးႏိုင္ဘူး။ ေကာင္းသင့္သေလာက္ မေကာင္းခဲ့ပါဘူး”

“သူတို႔မွာ အရည္အေသြးနည္းပါးေနပုံေပၚပါတယ္။ ကြၽန္ေတာ္ ေဒးဗစ္လုဇ္ကို ၾကည့္လိုက္တယ္။ သူ အေကာင္းဆုံးျဖစ္ခဲ့တဲ့အခ်ိန္တုန္းေပါ့။ သူက အေကာင္းဆုံးထဲက တစ္ေယာက္ပါ။ ဒါေပမယ့္ သူ အခုအခ်ိန္ သိပ္မေကာင္းေတာ့တဲ့အခါမွာ သူ႔ကိုယ္သူပဲ ဂ႐ုစိုက္ႏိုင္ၿပီး အဲဒါက တျခားကစားသမားေတြကို သြားၿပီး ႐ိုက္ခတ္တာကို ခင္ဗ်ား ျမင္ႏိုင္ပါတယ္။ အဲဒါက အကုန္လုံးဆီကို ကူးစက္သြားပါတယ္”

“အခုအခ်ိန္ အသင္းမွာ ျပႆနာေတြ အမ်ားႀကီးရွိေနတာေၾကာင့္ ဘယ္ျပႆနာဆိုတာကို ခင္ဗ်ား လက္ညႇိဳးထိုးဖို႔ေတာင္ ခက္မွာပါ။ လူေတြက ဇန္နဝါရီမွာ အိုေဇးလ္ကို ျပန္ေခၚသင့္လားဆိုတဲ့အေၾကာင္း ေျပာေနၾကတယ္။ ကြၽန္ေတာ့္အတြက္ကေတာ့ ေခၚကို ေခၚရမွာေပါ့။ အဲဒါက အဲဒါက ဦးေႏွာက္နဲ႔ တစကၠန႔္စဥ္းစားေနစရာေတာင္ မလိုပါဘူး”

“သူတို႔ေတြ ဘာအခြင့္အေရးမွ မဖန္တီးႏိုင္ဘူး။ ခင္ဗ်ား အခြင့္အေရးဖန္တီးႏိုင္ခဲ့ၿပီး ပြဲရႈံးခဲ့ရင္ ခင္ဗ်ား သူ႔ကို မေခၚနဲ႔လို႔ ကြၽန္ေတာ္ ေျပာမွာပါ။ ဒါေပမယ့္ ဘန္ေလအသင္းနဲ႔ ကစားခဲ့တဲ့ေန႔တုန္းက သူတို႔ေတြ အူဘာမီယန္းလိုမ်ိဳး ကစားသမားအတြက္ တိက်တဲ့ေပးပို႔မႈမ်ိဳးလုပ္ႏိုင္တဲ့ တစ္စုံတေယာက္ကို လိုအပ္ေနခဲ့ပါတယ္”

“တစ္ခါတေလ ဘဝမွာ ကံဆိုးမိုးေမွာင္က်မႈေတြကို လက္မခံခ်င္လည္း လက္ခံရတာပဲ။ ‘ဟုတ္ၿပီ၊ ဒါက အလုပ္မျဖစ္ဘူး’ဆိုၿပီးေပါ့။ ဒါေပမယ့္ ခင္ဗ်ား သူ႔ကို သုံးလို႔ရေနတဲ့အခ်ိန္မွာေတာ့ သုံးသာသုံးလိုက္ပါ။ အဲဒီေတာ့ ဆိုလိုခ်င္တာက ဘာမ်ားရွိဦးမွာလဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.