La Liga

ဂိုးသွင်းစံချိန်လိုက်မီခဲ့ပြီးနောက် ပီလီရဲ့ဂုဏ်ပြုခြင်းကို ခံခဲ့ရတဲ့ မက်ဆီ


ပီလီရဲ့တစ်သင်းတည်းအတွက် ဂိုးအများဆုံးသွင်းယူထားတဲ့စံချိန်ကို လိုက်မီခဲ့ပြီးနောက် ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ဘရာဇီးလ်ဂန္တဝင်တိုက်စစ်မှူးကြီးရဲ့ ဂုဏ်ပြုစကားပြောကြားခြင်းကို ခံခဲ့ရပါတယ်။


ဘရာဇီးလ်ဂန္တဝင် ပီလီက ၎င်းရဲ့ တစ်သင်းတည်းအတွက် ဂိုးအများဆုံးသွင်းယူထားတဲ့စံချိန်ကို အာဂျင်တီးနားကြယ်ပွင့်က လိုက်မီခဲ့တဲ့အတွက် ဂုဏ်ပြုခဲ့ပြီး လီယွန်နယ်မက်ဆီကို ချစ်ခင်လေးစားမိတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ လီယွန်နယ်မက်ဆီဟာ စနေနေ့က အိမ်ကွင်းမှာ ဗလင်စီယာအသင်းနဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း ဘာစီလိုနာအသင်းအတွက် ၆၄၃ ဂိုးမြောက် သွင်းဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။


ဘလွန်းဒီအော် ၆ ဆုရှင်ဟာ ၁၉၅၆ ခုနှစ်ကနေ ၁၉၇၄ ခုနှစ်ကြား ဆန်းတို့စ်အသင်းအတွက် ၆၅၆ ပွဲသာ ကစားပြီး ၆၄၃ ဂိုးအထိ အံ့အားသင့်ဖွယ် သွင်းယူနိုင်ခဲ့တဲ့ ပီလီရဲ့ ဂိုးသွင်းစံချိန်နဲ့ တူညီသွားခဲ့တာဖြစ်ပြီး လူအများစုက ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံးကစားသမားအဖြစ် မှတ်ယူခြင်းခံထားရတဲ့ ပီလီက အင်စတာဂရမ်မှာ မက်ဆီကို ဂုဏ်ပြုတဲ့အနေနဲ့ ပို့စ်တင်ခဲ့တာဖြစ်ပါတယ်။


“ခင်ဗျားရဲ့နှလုံးသားက အချစ်တွေနဲ့ စီးမျောနေတဲ့အချိန်မှာ ခင်ဗျားရဲ့လမ်းကြောင်းကို ပြောင်းလဲပစ်ဖို့ ခက်ခဲပါတယ်”

“ခင်ဗျားလိုပဲ နေ့တိုင်း တူညီတဲ့ရှပ်ကို နှစ်သက်စွာ ဝတ်ဆင်ရတာက ဘာနဲ့တူလဲဆိုတာ ကျွန်တော် သိပါတယ်။ ခင်ဗျားလိုပဲ ကျွန်တော်တို့ အိမ်လို့ ခံစားရတဲ့နေရာထက် ပိုကောင်းတဲ့နေရာမရှိတော့ဘူးဆိုတာ ကျွန်တော် သိပါတယ်”


“ခင်ဗျားရဲ့ သမိုင်းဝင်စံချိန်အတွက် ဂုဏ်ပြုပါတယ် လီယွန်နယ်။ အဲဒါတွေအားလုံးထက် ဘာစီလိုနာအသင်းက ခင်ဗျားရဲ့ လှပတဲ့ကစားသမားဘဝကို ဂုဏ်ပြုပါတယ်။ တူညီတဲ့ကလပ်အသင်းကို အချိန်ကာလကြာမြင့်တဲ့အထိ ချစ်ခင်မြတ်နိုးကြတဲ့ ကျွန်တော်တို့ရဲ့ ဇာတ်လမ်းတွေက ဘောလုံးလောကမှာ ကံဆိုးစွာနဲ့ ရှားပါးလာနေပါပြီ”

“ခင်ဗျားကို အရမ်းလေးစားပါတယ် လီယိုမက်ဆီ”လို့ ရေးသားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီလီရဲ႕တစ္သင္းတည္းအတြက္ ဂိုးအမ်ားဆုံးသြင္းယူထားတဲ့စံခ်ိန္ကို လိုက္မီခဲ့ၿပီးေနာက္ ဘာစီလိုနာတိုက္စစ္မႉး လီယြန္နယ္မက္ဆီဟာ ဘရာဇီးလ္ဂႏၲဝင္တိုက္စစ္မႉးႀကီးရဲ႕ ဂုဏ္ျပဳစကားေျပာၾကားျခင္းကို ခံခဲ့ရပါတယ္။


ဘရာဇီးလ္ဂႏၲဝင္ ပီလီက ၎ရဲ႕ တစ္သင္းတည္းအတြက္ ဂိုးအမ်ားဆုံးသြင္းယူထားတဲ့စံခ်ိန္ကို အာဂ်င္တီးနားၾကယ္ပြင့္က လိုက္မီခဲ့တဲ့အတြက္ ဂုဏ္ျပဳခဲ့ၿပီး လီယြန္နယ္မက္ဆီကို ခ်စ္ခင္ေလးစားမိတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ လီယြန္နယ္မက္ဆီဟာ စေနေန႔က အိမ္ကြင္းမွာ ဗလင္စီယာအသင္းနဲ႔ တစ္ဖက္ ၂ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္အတြင္း ဘာစီလိုနာအသင္းအတြက္ ၆၄၃ ဂိုးေျမာက္ သြင္းဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။


ဘလြန္းဒီေအာ္ ၆ ဆုရွင္ဟာ ၁၉၅၆ ခုႏွစ္ကေန ၁၉၇၄ ခုႏွစ္ၾကား ဆန္းတို႔စ္အသင္းအတြက္ ၆၅၆ ပြဲသာ ကစားၿပီး ၆၄၃ ဂိုးအထိ အံ့အားသင့္ဖြယ္ သြင္းယူႏိုင္ခဲ့တဲ့ ပီလီရဲ႕ ဂိုးသြင္းစံခ်ိန္နဲ႔ တူညီသြားခဲ့တာျဖစ္ၿပီး လူအမ်ားစုက ေဘာလုံးသမိုင္းတေလွ်ာက္ အေကာင္းဆုံးကစားသမားအျဖစ္ မွတ္ယူျခင္းခံထားရတဲ့ ပီလီက အင္စတာဂရမ္မွာ မက္ဆီကို ဂုဏ္ျပဳတဲ့အေနနဲ႔ ပို႔စ္တင္ခဲ့တာျဖစ္ပါတယ္။


“ခင္ဗ်ားရဲ႕ႏွလုံးသားက အခ်စ္ေတြနဲ႔ စီးေမ်ာေနတဲ့အခ်ိန္မွာ ခင္ဗ်ားရဲ႕လမ္းေၾကာင္းကို ေျပာင္းလဲပစ္ဖို႔ ခက္ခဲပါတယ္”

“ခင္ဗ်ားလိုပဲ ေန႔တိုင္း တူညီတဲ့ရွပ္ကို ႏွစ္သက္စြာ ဝတ္ဆင္ရတာက ဘာနဲ႔တူလဲဆိုတာ ကြၽန္ေတာ္ သိပါတယ္။ ခင္ဗ်ားလိုပဲ ကြၽန္ေတာ္တို႔ အိမ္လို႔ ခံစားရတဲ့ေနရာထက္ ပိုေကာင္းတဲ့ေနရာမရွိေတာ့ဘူးဆိုတာ ကြၽန္ေတာ္ သိပါတယ္”


“ခင္ဗ်ားရဲ႕ သမိုင္းဝင္စံခ်ိန္အတြက္ ဂုဏ္ျပဳပါတယ္ လီယြန္နယ္။ အဲဒါေတြအားလုံးထက္ ဘာစီလိုနာအသင္းက ခင္ဗ်ားရဲ႕ လွပတဲ့ကစားသမားဘဝကို ဂုဏ္ျပဳပါတယ္။ တူညီတဲ့ကလပ္အသင္းကို အခ်ိန္ကာလၾကာျမင့္တဲ့အထိ ခ်စ္ခင္ျမတ္ႏိုးၾကတဲ့ ကြၽန္ေတာ္တို႔ရဲ႕ ဇာတ္လမ္းေတြက ေဘာလုံးေလာကမွာ ကံဆိုးစြာနဲ႔ ရွားပါးလာေနပါၿပီ”

“ခင္ဗ်ားကို အရမ္းေလးစားပါတယ္ လီယိုမက္ဆီ”လို႔ ေရးသားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.