Premier League

20 Dec နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု


-မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း လူးဝစ္စဗန်ဟားလ်က ဆိုးလ်ရှားရဲ့ နည်းဗျူဟာတွေကို ဝေဖန်ပြောဆိုခဲ့ပြီး အသင်းရဲ့ဂန္တဝင်ကစားသမားဖြစ်နေတာကြောင့် တခြားနည်းပြတွေလောက် မြန်မြန်နဲ့ အထုတ်မခံရတာဖြစ်တယ်လို့ ပြောကြားခဲ့။


-ယူနိုက်တက်နည်းပြဆိုးလ်ရှားက ပြီးခဲ့တဲ့အပတ်က မိုင်နိုရွိုင်အိုလာရဲ့ မီးလောင်ရာလေပင့်မှတ်ချက်ပြီးနောက် ပေါ့ဂ်ဘာရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး အသင်းထက် ပိုမိုကြီးမားတဲ့ကစားသမားမရှိဘူးလို့ ကျန်အသင်းသားတွေကို သတိပေးစကားပြောကြားခဲ့။


-မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ အိုးထရက်ဖို့ဒ်မှာ ဂန္တဝင်ကစားသမားဖြစ်လာဖို့အတွက် လိုအပ်တဲ့ ပါရမီနဲ့ ကိုယ်ရည်ကိုယ်သွေးအားလုံးရှိကြောင်း နည်းပြဆိုးလ်ရှားက ပြောကြားခဲ့ပြီး အင်္ဂလန်တိုက်စစ်မှူးဟာ ယူနိုက်တက်ဒီအင်န်အေရှိသူလို့ ယုံကြည်နေ။


-မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ကြီးမားတဲ့ဆုဖလားတွေကို ရယူနိုင်စွမ်းရှိနေပြီဖြစ်ပြီး နောက်ထပ်နည်းနည်းအားထုတ်လိုက်မယ်ဆိုရင် ဆုဖလားအားလုံးအတွက် စိန်ခေါ်နိုင်စွမ်းရှိလာလိမ့်မယ်လို့ မားကပ်စ်ရက်ရှ်ဖို့ဒ် ယုံကြည်နေ။


-ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာဟာ ဇန်နဝါရီလမှာ ယူနိုက်တက်တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ကို အငှားနဲ့ခေါ်ယူသွားချင်နေပြီး ပြီးခဲ့တဲ့ရာသီက အငှားနဲ့ ကမ်းလှမ်းမှု မအောင်မြင်ခဲ့တာကို ပြန်လည်ကြိုးပမ်းချင်နေတယ်လို့ The Sunက ဖော်ပြခဲ့။


-ဒတ်ချ်ကွင်းလယ်ကြယ်ပွင့် ဗန်ဒီဘိခ်အနေနဲ့ ပေါ့ဂ်ဘာနဲ့ ဖာနန်ဒက်စ်တို့က ၎င်းရဲ့ အောင်မြင်မှုလမ်းကြောင်းကို ပိတ်ဆို့ထားတာဖြစ်တဲ့အတွက် အေဂျက်ကို စွန့်ခွာပြီး ယူနိုက်တက်ကို ဘယ်တုန်းကမှ မပြောင်းခဲ့သင့်ဘူးလို့ ပြောကြားခဲ့ပြီး ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တာက အမှားကျူးလွန်ခဲ့တာလို့ လူးဝစ္စဗန်ဟားလ်က ဝေဖန်ခဲ့။


-ယူနိုက်တက်နောက်ခံကစားသမား ဖီးလ်ဂျုံးစ်ဟာ ဇန်နဝါရီလမှာ အငှားနဲ့ ထွက်ကစားဖို့ ရှိနေတယ်လို့ သိရပြီး အသက် ၂၈ နှစ်အရွယ်ကစားသမားကို ဝက်စ်ဘရွန်းနဲ့ ဒါဘီအသင်းတို့က အငှားနဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း သိရ။


-မန်ချက်စတာယူနိုက်တက်ဟာ ဘရိုက်တန်အသင်းက ဘစ်ဆူးမားကို ခေါ်ယူဖို့ ကြိုးပမ်းနေကြတဲ့ အာဆင်နယ်၊ လီဗာပူးတို့ရဲ့ပြိုင်ပွဲထဲကို ဝင်ရောက်ခဲ့တယ်လို့ ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဂျိုနသန်ရှရေဂါရဲ့ ပြောကြားချက်အရ သိရ။


-ဒေးဗစ်ဘက်ခမ်းရဲ့ အင်တာမိုင်ယာမီအသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ အသင်းကနေ ထွက်ခွာခွင့်တောင်းခံခဲ့ပေမယ့် ပိတ်ဆို့ခြင်းခံခဲ့ရတဲ့ တတိယဂိုးသမား ဆာဂျီယိုရိုမဲရိုးကို ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူသွားချင်နေတယ်လို့ The Athletic ကဖော်ပြခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-မန္ခ်က္စတာယူႏိုက္တက္နည္းျပေဟာင္း လူးဝစၥဗန္ဟားလ္က ဆိုးလ္ရွားရဲ႕ နည္းဗ်ဴဟာေတြကို ေဝဖန္ေျပာဆိုခဲ့ၿပီး အသင္းရဲ႕ဂႏၲဝင္ကစားသမားျဖစ္ေနတာေၾကာင့္ တျခားနည္းျပေတြေလာက္ ျမန္ျမန္နဲ႔ အထုတ္မခံရတာျဖစ္တယ္လို႔ ေျပာၾကားခဲ့။


-ယူႏိုက္တက္နည္းျပဆိုးလ္ရွားက ၿပီးခဲ့တဲ့အပတ္က မိုင္ႏို႐ြိဳင္အိုလာရဲ႕ မီးေလာင္ရာေလပင့္မွတ္ခ်က္ၿပီးေနာက္ ေပါ့ဂ္ဘာရဲ႕ စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးခဲ့ၿပီး အသင္းထက္ ပိုမိုႀကီးမားတဲ့ကစားသမားမရွိဘူးလို႔ က်န္အသင္းသားေတြကို သတိေပးစကားေျပာၾကားခဲ့။


-မားကပ္စ္ရက္ရွ္ဖို႔ဒ္ဟာ အိုးထရက္ဖို႔ဒ္မွာ ဂႏၲဝင္ကစားသမားျဖစ္လာဖို႔အတြက္ လိုအပ္တဲ့ ပါရမီနဲ႔ ကိုယ္ရည္ကိုယ္ေသြးအားလုံးရွိေၾကာင္း နည္းျပဆိုးလ္ရွားက ေျပာၾကားခဲ့ၿပီး အဂၤလန္တိုက္စစ္မႉးဟာ ယူႏိုက္တက္ဒီအင္န္ေအရွိသူလို႔ ယုံၾကည္ေန။


-မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ လက္ရွိအခ်ိန္မွာ ႀကီးမားတဲ့ဆုဖလားေတြကို ရယူႏိုင္စြမ္းရွိေနၿပီျဖစ္ၿပီး ေနာက္ထပ္နည္းနည္းအားထုတ္လိုက္မယ္ဆိုရင္ ဆုဖလားအားလုံးအတြက္ စိန္ေခၚႏိုင္စြမ္းရွိလာလိမ့္မယ္လို႔ မားကပ္စ္ရက္ရွ္ဖို႔ဒ္ ယုံၾကည္ေန။


-ဘ႐ိုက္တန္နည္းျပ ဂေရဟမ္ေပၚတာဟာ ဇန္နဝါရီလမွာ ယူႏိုက္တက္ေတာင္ပံကစားသမား ဒန္နီရယ္ဂ်ိမ္းစ္ကို အငွားနဲ႔ေခၚယူသြားခ်င္ေနၿပီး ၿပီးခဲ့တဲ့ရာသီက အငွားနဲ႔ ကမ္းလွမ္းမႈ မေအာင္ျမင္ခဲ့တာကို ျပန္လည္ႀကိဳးပမ္းခ်င္ေနတယ္လို႔ The Sunက ေဖာ္ျပခဲ့။


-ဒတ္ခ်္ကြင္းလယ္ၾကယ္ပြင့္ ဗန္ဒီဘိခ္အေနနဲ႔ ေပါ့ဂ္ဘာနဲ႔ ဖာနန္ဒက္စ္တို႔က ၎ရဲ႕ ေအာင္ျမင္မႈလမ္းေၾကာင္းကို ပိတ္ဆို႔ထားတာျဖစ္တဲ့အတြက္ ေအဂ်က္ကို စြန႔္ခြာၿပီး ယူႏိုက္တက္ကို ဘယ္တုန္းကမွ မေျပာင္းခဲ့သင့္ဘူးလို႔ ေျပာၾကားခဲ့ၿပီး ယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ခဲ့တာက အမွားက်ဴးလြန္ခဲ့တာလို႔ လူးဝစၥဗန္ဟားလ္က ေဝဖန္ခဲ့။


-ယူႏိုက္တက္ေနာက္ခံကစားသမား ဖီးလ္ဂ်ဳံးစ္ဟာ ဇန္နဝါရီလမွာ အငွားနဲ႔ ထြက္ကစားဖို႔ ရွိေနတယ္လို႔ သိရၿပီး အသက္ ၂၈ ႏွစ္အ႐ြယ္ကစားသမားကို ဝက္စ္ဘ႐ြန္းနဲ႔ ဒါဘီအသင္းတို႔က အငွားနဲ႔ ေခၚယူဖို႔ ပစ္မွတ္ထားေနေၾကာင္း သိရ။


-မန္ခ်က္စတာယူႏိုက္တက္ဟာ ဘ႐ိုက္တန္အသင္းက ဘစ္ဆူးမားကို ေခၚယူဖို႔ ႀကိဳးပမ္းေနၾကတဲ့ အာဆင္နယ္၊ လီဗာပူးတို႔ရဲ႕ၿပိဳင္ပြဲထဲကို ဝင္ေရာက္ခဲ့တယ္လို႔ ဂ်ာနယ္လစ္တစ္ဦးျဖစ္တဲ့ ဂ်ိဳနသန္ရွေရဂါရဲ႕ ေျပာၾကားခ်က္အရ သိရ။


-ေဒးဗစ္ဘက္ခမ္းရဲ႕ အင္တာမိုင္ယာမီအသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ အသင္းကေန ထြက္ခြာခြင့္ေတာင္းခံခဲ့ေပမယ့္ ပိတ္ဆို႔ျခင္းခံခဲ့ရတဲ့ တတိယဂိုးသမား ဆာဂ်ီယို႐ိုမဲ႐ိုးကို ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ေခၚယူသြားခ်င္ေနတယ္လို႔ The Athletic ကေဖာ္ျပခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.