Premier League

ဆောက်သမ်တန် 0-1 မန်ချက်စတာစီးတီး ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ ၇ ချက်


မှော်ဆရာ ဒီဘရိုင်းနားရဲ့ ဖန်တီးမှုတွေ – မန်ချက်စတာစီးတီးအသင်းရဲ့ တိုက်စစ်ကစားသမားတွေ အခွင့်အရေးတွေကိုသာ အသုံးချနိုင်ရင် ကီဗင် ဒီဘရိုင်းနားရဲ့ ဖန်တီးမှုတွေက ဒီညမှာ အနည်းဆုံး ၃ ကြိမ်လောက် မှတ်တမ်းဝင်ခဲ့ပါလိမ့်မယ်။ စတာလင်၊ ဘာနာဒို၊ ဖယ်ရန် တောရက်စ်တို့ အခွင့်အရေးတွေကို အသုံးမချနိုင်ပေမယ့် ဘယ်လ်ဂျီယမ်သားရဲ့ အရှိန်အဝါကတော့ တောက်ပဆဲပါ၊ သူကိုယ်တိုင် အဆုံးသတ်မှုတွေ ပိုကောင်းလာဖို့ လိုနေတာက လွဲရင်ပေါ့။


ဂျွန်စတုန်းစ် ပြန်လာပြီလား – မန်စီးတီးရဲ့ နောက်တန်းမှာ ရူဘင် ဒီယက်စ်က ပုံသေဆိုရင် ကျန်တဲ့ ကစားသမားတစ်ယောက်ကို အလှည့်နဲ့ သုံးစွဲလေ့ရှိတဲ့ ဂွါဒီယိုလာအတွက် ဘယ်သူ့ကို တွဲပေးမလဲဆိုရင် ပေးဂိုးအနည်းဆုံးသူကိုပဲ တွဲရတော့မှာပါ။ အင်္ဂလန်သားဟာ အပယ်ခံဘဝကနေ ဒီလိုမျိုး နည်းစနစ်ပိုင်းရော ခံစစ်ပိုင်းမှာပါ တန်ဖိုးရှိတဲ့သူအဖြစ် ပြန်လည်ရပ်တည်နိုင်ခဲ့ပြီး သူပါဝင်ကစားတဲ့ အဝေးကွင်းပွဲက Clean Sheet ဆိုရင် ချီးကျူးတဲ့ စကားက လုံလောက်ပြီ ထင်ပါတယ်။

ဖြေရှင်းလို့ မရသေးတဲ့ တိုက်စစ်ပြဿနာ – ဂွါဒီယိုလာအနေနဲ့ ဂျေဆူးစ်ကို အနားပေး၊ အဂွေရိုကို ဒဏ်ရာကြောင့် ထုတ်မသုံးဘဲ စိန့်မေရီမှာ ပွဲကခဲ့ပါတယ်။ ဒီဘရိုင်းနားရဲ့ အမြော်အမြင်ရှိတဲ့ ဖြတ်ချိုးပေးမှုကနေ စတာလင်ရဲ့ သွင်းဂိုးတစ်ဂိုးရပေမယ့် ကျန်တဲ့အချိန်၊ ကျန်တဲ့ ထိုးဖောက်မှုတွေ ကတော့ အရင်ပွဲတွေနဲ့ ထူးမခြားနားပါပဲ။ နည်းနည်းလေး လန်းဆန်းပြီး လူမှန်နေရာမှန်ဖြစ်အောင် ပြင်ဆင်ရမယ်လို့ ဂွါဒီယိုလာ ပြောထားတာက ယုံချင်စရာ သိပ်မကောင်းဘဲ အားလုံးကို မြေလှန်ပစ်မှ ရမယ့် ပုံစံမျိုးဖြစ်နေခဲ့တာပါ။


ဒန်နီ အင်းစ်ရဲ့ ကံမကောင်းတဲ့ ရာသီ – ဒီရာသီကတော့ အင်္ဂလန်တိုက်စစ်မှူးအတွက် ကံမကောင်းပါလားလို့ ညည်းရမယ့် ရာသီပါ။ ပြီးခဲ့တဲ့ ဗီလာနဲ့ပွဲမှာ နာသွားပြီး ဘရိုက်တန်နဲ့ပွဲမှာ ပြန်လာတဲ့ အင်းစ်အနေနဲ့ သုံးပွဲလွဲချော်ပြီးကတည်းက ပင်နယ်တီတစ်လုံးသာ သွင်းယူနိုင်သေးပြီး ခြေစွမ်းကို ထိခိုက်စေတဲ့ ဒဏ်ရာတွေဟာ ရှားရှားပါးပါးရရှိထားခဲ့တဲ့ လက်ရွေးစင်အသင်းနဲ့ ကစားခွင့်ကို ထိခိုက်လာရင်တော့ ဗူးလေးရာ ဖရုံဆင့်သလို ဖြစ်ပါလိမ့်မယ်။


ထစ်ထစ် အငေါ့ငေါ့ မန်စီးတီး – မန်ချက်စတာစီးတီးအနေနဲ့ သူတို့ရဲ့ နိုင်ပွဲအကြောင်း ပြန်ပြောပြပါဆိုရင် သွက်သွက်လက်လက် မပြောနိုင်ဘဲ အထစ်ထစ် အငေါ့ငေါ့သာ ဖြစ်နေပါလိမ့်မယ်။ ဒါက အသင်းရဲ့ သွက်လက်တဲ့ တိုက်စစ်က အထစ်ထစ် အငေါ့ငေါ့ဖြစ်ခဲ့လို့ပါပဲ။ ဂွါဒီယိုလာ အနေနဲ့ ပြီးခဲ့တဲ့ သုံးရာသီက ဒီအချိန်မှာ ဂိုး ၄၀ လောက်ရရှိထားချိန်မှာ လက်ရှိရာသီသွင်းဂိုးက ၁၉ ဂိုးဆိုတာ သူတို့ မဟုတ်သလိုပါပဲ။


၂၀၂၀ မှာ ၁၅ ကြိမ် – မန်ချက်စတာစီးတီးအသင်းရဲ့ လက်ထောက်ခေါင်းဆောင် ကီဗင် ဒီဘရိုင်းနားရဲ့ ပရီးမီးယားလိဂ်ဖန်တီးမှုဖြစ်ပါတယ်။ ပြက္ခဒိန်နှစ်တစ်နှစ်အတွင်းမှာ သူနဲ့ အနီးဆုံးလိုက်နိုင်သူတွေဟာ အနည်းဆုံး ၃ ကြိမ် အဝေးမှာ ရှိနေဆဲပါ။ သူကိုယ်တိုင်ရဲ့ အမြင့်ဆုံးစံချိန်ကတော့ ၂၀၁၇ ခုနှစ်က စံချိန်ဖြစ်ပြီး တစ်နှစ်အတွင်းမှာ ၁၈ ကြိမ်အထိ ဖန်တီးနိုင်ခဲ့တာပဲဖြစ်ပါတယ်။


စီးတီးနဲ့ စနေနေ့ညနေ ၃ နာရီ – စနေနေ့ညနေ ၃ နာရီမှာ အဝေးကွင်းပွဲ ကစားရတိုင်း မန်ချက်စတာစီးတီးတို့ ကံကောင်းလေ့ရှိပါတယ်။ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလက အက်စတန်ဗီလာကို သုံးဂိုး-နှစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့အပြီးမှာ လက်ရှိအချိန်အထိ ကစားထားတဲ့ ညနေ သုံးနာရီ အဝေးကွင်းပွဲတွေကို မရှုံးသလို နောက်ဆုံး ၁၁ ပွဲကိုတော့ ဆက်တိုက်အနိုင်ရရှိထားခဲ့တယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေမွာ္ဆရာ ဒီဘ႐ိုင္းနားရဲ႕ ဖန္တီးမႈေတြ – မန္ခ်က္စတာစီးတီးအသင္းရဲ႕ တိုက္စစ္ကစားသမားေတြ အခြင့္အေရးေတြကိုသာ အသုံးခ်ႏိုင္ရင္ ကီဗင္ ဒီဘ႐ိုင္းနားရဲ႕ ဖန္တီးမႈေတြက ဒီညမွာ အနည္းဆုံး ၃ ႀကိမ္ေလာက္ မွတ္တမ္းဝင္ခဲ့ပါလိမ့္မယ္။ စတာလင္၊ ဘာနာဒို၊ ဖယ္ရန္ ေတာရက္စ္တို႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ေပမယ့္ ဘယ္လ္ဂ်ီယမ္သားရဲ႕ အရွိန္အဝါကေတာ့ ေတာက္ပဆဲပါ၊ သူကိုယ္တိုင္ အဆုံးသတ္မႈေတြ ပိုေကာင္းလာဖို႔ လိုေနတာက လြဲရင္ေပါ့။


ဂြၽန္စတုန္းစ္ ျပန္လာၿပီလား – မန္စီးတီးရဲ႕ ေနာက္တန္းမွာ ႐ူဘင္ ဒီယက္စ္က ပုံေသဆိုရင္ က်န္တဲ့ ကစားသမားတစ္ေယာက္ကို အလွည့္နဲ႔ သုံးစြဲေလ့ရွိတဲ့ ဂြါဒီယိုလာအတြက္ ဘယ္သူ႔ကို တြဲေပးမလဲဆိုရင္ ေပးဂိုးအနည္းဆုံးသူကိုပဲ တြဲရေတာ့မွာပါ။ အဂၤလန္သားဟာ အပယ္ခံဘဝကေန ဒီလိုမ်ိဳး နည္းစနစ္ပိုင္းေရာ ခံစစ္ပိုင္းမွာပါ တန္ဖိုးရွိတဲ့သူအျဖစ္ ျပန္လည္ရပ္တည္ႏိုင္ခဲ့ၿပီး သူပါဝင္ကစားတဲ့ အေဝးကြင္းပြဲက Clean Sheet ဆိုရင္ ခ်ီးက်ဴးတဲ့ စကားက လုံေလာက္ၿပီ ထင္ပါတယ္။

ေျဖရွင္းလို႔ မရေသးတဲ့ တိုက္စစ္ျပႆနာ – ဂြါဒီယိုလာအေနနဲ႔ ေဂ်ဆူးစ္ကို အနားေပး၊ အေဂြ႐ိုကို ဒဏ္ရာေၾကာင့္ ထုတ္မသုံးဘဲ စိန႔္ေမရီမွာ ပြဲကခဲ့ပါတယ္။ ဒီဘ႐ိုင္းနားရဲ႕ အေျမာ္အျမင္ရွိတဲ့ ျဖတ္ခ်ိဳးေပးမႈကေန စတာလင္ရဲ႕ သြင္းဂိုးတစ္ဂိုးရေပမယ့္ က်န္တဲ့အခ်ိန္၊ က်န္တဲ့ ထိုးေဖာက္မႈေတြ ကေတာ့ အရင္ပြဲေတြနဲ႔ ထူးမျခားနားပါပဲ။ နည္းနည္းေလး လန္းဆန္းၿပီး လူမွန္ေနရာမွန္ျဖစ္ေအာင္ ျပင္ဆင္ရမယ္လို႔ ဂြါဒီယိုလာ ေျပာထားတာက ယုံခ်င္စရာ သိပ္မေကာင္းဘဲ အားလုံးကို ေျမလွန္ပစ္မွ ရမယ့္ ပုံစံမ်ိဳးျဖစ္ေနခဲ့တာပါ။


ဒန္နီ အင္းစ္ရဲ႕ ကံမေကာင္းတဲ့ ရာသီ – ဒီရာသီကေတာ့ အဂၤလန္တိုက္စစ္မႉးအတြက္ ကံမေကာင္းပါလားလို႔ ညည္းရမယ့္ ရာသီပါ။ ၿပီးခဲ့တဲ့ ဗီလာနဲ႔ပြဲမွာ နာသြားၿပီး ဘ႐ိုက္တန္နဲ႔ပြဲမွာ ျပန္လာတဲ့ အင္းစ္အေနနဲ႔ သုံးပြဲလြဲေခ်ာ္ၿပီးကတည္းက ပင္နယ္တီတစ္လုံးသာ သြင္းယူႏိုင္ေသးၿပီး ေျခစြမ္းကို ထိခိုက္ေစတဲ့ ဒဏ္ရာေတြဟာ ရွားရွားပါးပါးရရွိထားခဲ့တဲ့ လက္ေ႐ြးစင္အသင္းနဲ႔ ကစားခြင့္ကို ထိခိုက္လာရင္ေတာ့ ဗူးေလးရာ ဖ႐ုံဆင့္သလို ျဖစ္ပါလိမ့္မယ္။


အထစ္ထစ္ အေငါ့ေငါ့ မန္စီးတီး – မန္ခ်က္စတာစီးတီးအေနနဲ႔ သူတို႔ရဲ႕ ႏိုင္ပြဲအေၾကာင္း ျပန္ေျပာျပပါဆိုရင္ သြက္သြက္လက္လက္ မေျပာႏိုင္ဘဲ အထစ္ထစ္ အေငါ့ေငါ့သာ ျဖစ္ေနပါလိမ့္မယ္။ ဒါက အသင္းရဲ႕ သြက္လက္တဲ့ တိုက္စစ္က အထစ္ထစ္ အေငါ့ေငါ့ျဖစ္ခဲ့လို႔ပါပဲ။ ဂြါဒီယိုလာ အေနနဲ႔ ၿပီးခဲ့တဲ့ သုံးရာသီက ဒီအခ်ိန္မွာ ဂိုး ၄၀ ေလာက္ရရွိထားခ်ိန္မွာ လက္ရွိရာသီသြင္းဂိုးက ၁၉ ဂိုးဆိုတာ သူတို႔ မဟုတ္သလိုပါပဲ။


၂၀၂၀ မွာ ၁၅ ႀကိမ္ – မန္ခ်က္စတာစီးတီးအသင္းရဲ႕ လက္ေထာက္ေခါင္းေဆာင္ ကီဗင္ ဒီဘ႐ိုင္းနားရဲ႕ ပရီးမီးယားလိဂ္ဖန္တီးမႈျဖစ္ပါတယ္။ ျပကၡဒိန္ႏွစ္တစ္ႏွစ္အတြင္းမွာ သူနဲ႔ အနီးဆုံးလိုက္ႏိုင္သူေတြဟာ အနည္းဆုံး ၃ ႀကိမ္ အေဝးမွာ ရွိေနဆဲပါ။ သူကိုယ္တိုင္ရဲ႕ အျမင့္ဆုံးစံခ်ိန္ကေတာ့ ၂၀၁၇ ခုႏွစ္က စံခ်ိန္ျဖစ္ၿပီး တစ္ႏွစ္အတြင္းမွာ ၁၈ ႀကိမ္အထိ ဖန္တီးႏိုင္ခဲ့တာပဲျဖစ္ပါတယ္။


စီးတီးနဲ႔ စေနေန႔ညေန ၃ နာရီ – စေနေန႔ညေန ၃ နာရီမွာ အေဝးကြင္းပြဲ ကစားရတိုင္း မန္ခ်က္စတာစီးတီးတို႔ ကံေကာင္းေလ့ရွိပါတယ္။ ၂၀၁၃ ခုႏွစ္၊ စက္တင္ဘာလက အက္စတန္ဗီလာကို သုံးဂိုး-ႏွစ္ဂိုးနဲ႔ ရႈံးနိမ့္ခဲ့အၿပီးမွာ လက္ရွိအခ်ိန္အထိ ကစားထားတဲ့ ညေန သုံးနာရီ အေဝးကြင္းပြဲေတြကို မရႈံးသလို ေနာက္ဆုံး ၁၁ ပြဲကိုေတာ့ ဆက္တိုက္အႏိုင္ရရွိထားခဲ့တယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.