Match Report Premier League

ကစားပုံမကောင်းပေမယ့် သုံးမှတ်ကိုတော့ အဝေးကွင်းမှာ ထိန်းသိမ်းရယူတဲ့ စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာတော့ တိုက်စစ်မှူးတစ်ဦးမှ မပါဘဲ ပွဲထွက်ခဲ့ပြီး ဖယ်ရန် တောရက်စ်ကို အထောင်ထားပြီး ပွဲထွက်လာခဲ့သလို အိမ်ရှင်တွေကတော့ သူတို့ရဲ့ အတောင့်တင်းဆုံးလူစာရင်းနဲ့ အမှတ်ပေးဇယားထိပ်နားကို ရောက်နေတဲ့ သူတို့ရဲ့ စိန်ခေါ်မှုအတွက် ကြိုးစားပြင်ဆင်လာခဲ့ပါတယ်။

အခွင့်အရေးတွေ ဖော်ဆောင်နိုင်ခဲ့ပေမယ့် တိုက်စစ်မှူး မပါသလို ဂိုးဧရိယာထဲ မဝင်တတ်တဲ့ အသင်းအနေနဲ့ ခပ်ဖြုန်းဖြုန်းပဲ ကစားနေခဲ့ပြီး အပြင်ကနေ ကံစမ်းနေခဲ့တာကြောင့် အပိုင်အခွင့်အရေးတွေ နည်းခဲ့ပေမယ့် အသင်းရဲ့ ဘောလုံးပိုင်ဆိုင်မှုဦးစားပေးတဲ့ ကစားဟန်ကတော့ မဆိုးခဲ့ဘူးလို့ သုံးသပ်ရမှာဖြစ်ပါတယ်။

ပွဲချိန် ၁၆ မိနစ်မှာတော့ ဘာနာဒို ဆေးလ်ဗားနဲ့ အပေးအယူလုပ်ပြီး ချပေးတဲ့ ဒီဘရိုင်းနားရဲ့ Cut Back ကနေ ဆောက်သမ်တန် နောက်ခံလူတွေ လိုက်မျောသွားရာကနေ လူကပ်ခံမထားရတဲ့ စတာလင်က အနီးကပ် အပိုင်ကန်သွင်းပြီး မန်ချက်စတာစီးတီးတို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။

ပထမပိုင်းမှာ စီးတီးတို့ရဲ့ ဘောလုံးပိုင်ဆိုင်မှုကို စိန့်တို့အနေနဲ့ သွက်လက်တဲ့ တန်ပြန်တိုက်စစ်တွေနဲ့ပဲ ထိုးနှက်ခဲ့ပြီး အင်းစ်၊ ရိုမီယူနဲ့ အက်ဒမ်စ်တို့ အဆုံးသတ်ပုံတွေ အားနည်းခဲ့တာကြောင့်သာ ဧည့်သည်တွေ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ ချေပဂိုးရဖို့ ပိုပြီးဖွင့်ကစားလာခဲ့တဲ့ ဆောက်သမ်တန်တို့ကြောင့် မန်ချက်စတာစီးတီးတို့ အခွင့်အရေးတွေကို ထပ်မံ ရရှိခဲ့ပေမယ့် ဖယ်ရန် တောရက်စ်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ ဒီဘရိုင်းနားရဲ့ ဘောလုံးတွေကို အသုံးမချနိုင်ခဲ့ဘဲဖြစ်နေတာကြောင့် မာရက်ဇ်ကို ထပ်ပြီး ထည့်သွင်းခဲ့ရပါတယ်။

အဆုံးသတ်ပိုင်းမှာတော့ ဒီဘရိုင်းနားကလည်း ဘာမှ မထူးဘူးလို့ပဲ ဆိုရမှာဖြစ်ပြီး အပိုင်အခွင့်အရေးကို ဂိုးသမားဆီ လွယ်ကူတဲ့ ဘောလုံး တစ်လုံးအဖြစ် ကန်ခဲ့သလို စတာလင်နဲ့ တခြားတိုက်စစ်သမားတွေကလည်း Final Third Zone ထဲမှာ အချိတ်အဆက်တွေနဲ့ နားလည်မှုတွေ လွဲချော်နေခဲ့တာကြောင့် ဂိုးထပ်မရခဲ့ဘဲ စိန့်တို့ကတော့ ဂိုးရဖို့ နီးစပ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် နှစ်ဖက်စလုံးမှာ လုံလောက်တဲ့ တိုက်စစ်ဗျူဟာကို မပြသနိုင်တာကြောင့် ပထမပိုင်းက ရလဒ်အတိုင်း တစ်ဂိုး-ဂိုးမရှိနဲ့ပဲ မန်စီးတီးတို့ အောင်ပွဲခံနိုင်ခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၆ ကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပေမယ့် ဂွါဒီယိုလာအတွက်တော့ တိုက်စစ်ပုစ္ဆာကို ဆက်လက်ဖြေဆိုဖို့နဲ့ အခွင့်အရေးပေးရင် ဇန်နဝါရီမှာ အထောင်တိုက်စစ်မှူးကောင်းတစ်ယောက် အားဖြည့်ဖို့ လုပ်ဆောင်ရဦးမှာဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာေတာ့ တိုက္စစ္မႉးတစ္ဦးမွ မပါဘဲ ပြဲထြက္ခဲ့ၿပီး ဖယ္ရန္ ေတာရက္စ္ကို အေထာင္ထားၿပီး ပြဲထြက္လာခဲ့သလို အိမ္ရွင္ေတြကေတာ့ သူတို႔ရဲ႕ အေတာင့္တင္းဆုံးလူစာရင္းနဲ႔ အမွတ္ေပးဇယားထိပ္နားကို ေရာက္ေနတဲ့ သူတို႔ရဲ႕ စိန္ေခၚမႈအတြက္ ႀကိဳးစားျပင္ဆင္လာခဲ့ပါတယ္။

အခြင့္အေရးေတြ ေဖာ္ေဆာင္ႏိုင္ခဲ့ေပမယ့္ တိုက္စစ္မႉး မပါသလို ဂိုးဧရိယာထဲ မဝင္တတ္တဲ့ အသင္းအေနနဲ႔ ခပ္ျဖဳန္းျဖဳန္းပဲ ကစားေနခဲ့ၿပီး အျပင္ကေန ကံစမ္းေနခဲ့တာေၾကာင့္ အပိုင္အခြင့္အေရးေတြ နည္းခဲ့ေပမယ့္ အသင္းရဲ႕ ေဘာလုံးပိုင္ဆိုင္မႈဦးစားေပးတဲ့ ကစားဟန္ကေတာ့ မဆိုးခဲ့ဘူးလို႔ သုံးသပ္ရမွာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၆ မိနစ္မွာေတာ့ ဘာနာဒို ေဆးလ္ဗားနဲ႔ အေပးအယူလုပ္ၿပီး ခ်ေပးတဲ့ ဒီဘ႐ိုင္းနားရဲ႕ Cut Back ကေန ေဆာက္သမ္တန္ ေနာက္ခံလူေတြ လိုက္ေမ်ာသြားရာကေန လူကပ္ခံမထားရတဲ့ စတာလင္က အနီးကပ္ အပိုင္ကန္သြင္းၿပီး မန္ခ်က္စတာစီးတီးတို႔ ဦးေဆာင္ဂိုး ရခဲ့ပါတယ္။

ပထမပိုင္းမွာ စီးတီးတို႔ရဲ႕ ေဘာလုံးပိုင္ဆိုင္မႈကို စိန႔္တို႔အေနနဲ႔ သြက္လက္တဲ့ တန္ျပန္တိုက္စစ္ေတြနဲ႔ပဲ ထိုးႏွက္ခဲ့ၿပီး အင္းစ္၊ ႐ိုမီယူနဲ႔ အက္ဒမ္စ္တို႔ အဆုံးသတ္ပုံေတြ အားနည္းခဲ့တာေၾကာင့္သာ ဧည့္သည္ေတြ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ေခ်ပဂိုးရဖို႔ ပိုၿပီးဖြင့္ကစားလာခဲ့တဲ့ ေဆာက္သမ္တန္တို႔ေၾကာင့္ မန္ခ်က္စတာစီးတီးတို႔ အခြင့္အေရးေတြကို ထပ္မံ ရရွိခဲ့ေပမယ့္ ဖယ္ရန္ ေတာရက္စ္နဲ႔ ဘာနာဒို ေဆးလ္ဗားတို႔ ဒီဘ႐ိုင္းနားရဲ႕ ေဘာလုံးေတြကို အသုံးမခ်ႏိုင္ခဲ့ဘဲျဖစ္ေနတာေၾကာင့္ မာရက္ဇ္ကို ထပ္ၿပီး ထည့္သြင္းခဲ့ရပါတယ္။

အဆုံးသတ္ပိုင္းမွာေတာ့ ဒီဘ႐ိုင္းနားကလည္း ဘာမွ မထူးဘူးလို႔ပဲ ဆိုရမွာျဖစ္ၿပီး အပိုင္အခြင့္အေရးကို ဂိုးသမားဆီ လြယ္ကူတဲ့ ေဘာလုံး တစ္လုံးအျဖစ္ ကန္ခဲ့သလို စတာလင္နဲ႔ တျခားတိုက္စစ္သမားေတြကလည္း Final Third Zone ထဲမွာ အခ်ိတ္အဆက္ေတြနဲ႔ နားလည္မႈေတြ လြဲေခ်ာ္ေနခဲ့တာေၾကာင့္ ဂိုးထပ္မရခဲ့ဘဲ စိန႔္တို႔ကေတာ့ ဂိုးရဖို႔ နီးစပ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ႏွစ္ဖက္စလုံးမွာ လုံေလာက္တဲ့ တိုက္စစ္ဗ်ဴဟာကို မျပသႏိုင္တာေၾကာင့္ ပထမပိုင္းက ရလဒ္အတိုင္း တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ မန္စီးတီးတို႔ ေအာင္ပြဲခံႏိုင္ခဲ့ၿပီး အမွတ္ေပးဇယားရဲ႕ အဆင့္ ၆ ကို ျပန္လည္တက္လွမ္းႏိုင္ခဲ့ေပမယ့္ ဂြါဒီယိုလာအတြက္ေတာ့ တိုက္စစ္ပုစာၦကို ဆက္လက္ေျဖဆိုဖို႔နဲ႔ အခြင့္အေရးေပးရင္ ဇန္နဝါရီမွာ အေထာင္တိုက္စစ္မႉးေကာင္းတစ္ေယာက္ အားျဖည့္ဖို႔ လုပ္ေဆာင္ရဦးမွာျဖစ္ေၾကာင္း သုံးသပ္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.