Premier League

၁.၃.၂၀၂၀ တစ္ေန႔တာ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– မန္ခ်က္စတာယူႏိုက္တက္အသင္းကို ဂ်က္ခ္ ဂရီးလစ္ရွ္ ေျပာင္းေရႊ႕ျဖစ္ခဲ့ရင္ လစာအေနနဲ႔ တစ္ပတ္ကို ေပါင္တစ္သိန္းခြဲရႏိုင္တယ္လို႔ သတင္းထြက္ေနပါတယ္။ သူ႕ကို ေခၚဖို႔ ဗီလာနဲ႔ ယူႏုိက္တက္ၾကား ဒီတစ္ပတ္အတြင္း ေဆြးေႏြးသြားဖို႔ ရွိေနပါတယ္။

-ကလပ္ဘရုဂ်္နဲ႔ ယူရိုပါလိဂ္ ဒုတိယအေက်ာ့ပြဲစဥ္မတိုင္ခင္ မန္ခ်က္စတာယူႏုိက္တက္ကစားသမားေတြနဲ႔ အသင္း၀န္ထမ္းတခ်ိဳ႕ကို အသင္းအမႈေဆာင္အရာရွိ အက္ဒ္၀ုဒ္၀ပ္က လိုရီဟုိတယ္မွာ ေတြ႔ဆံုစကားေျပာၿပီး တည္ခင္းေကၽြးေမြးခဲ့တယ္လို႔ သိရပါတယ္။

-၀ါရင့္ကြင္းလယ္လူ နီမန္ဂ်ာ မာတစ္ခ်္က အိုေလဂန္နာ ဆုိးလ္ရွားဟာ ၿပီးခဲ့တဲ့တစ္ႏွစ္ကထက္ ပိုေတာ္တဲ့ နည္းျပတစ္ေယာက္ျဖစ္လာေၾကာင္း ခ်ီးက်ဴးလိုက္သလို သူ႔လက္ထက္မွာ အသင္းဟာ တိုးတက္လာတယ္လို႔လည္း ေျပာလိုက္ပါတယ္။

– မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ စပါးစ္နဲ႔အၿပိဳင္ ဘယ္လ္ဂ်ီယံကလပ္ ဂ်န္႔အသင္းက အသက္ ၂၀ အရြယ္သာရွိေသးတဲ့ တိုက္စစ္မွဴးေလး ဂ်ိဳနသန္ ေဒးဗစ္ကို ေခၚယူဖို႔ ႀကိဳးစားေနပါတယ္။ ဂ်ိဳနသန္ေဒးဗစ္ဟာ ဒီရာသီၿပိဳင္ပြဲအရပ္ရပ္မွာ ဂ်န္႔အသင္းအတြက္ ၃၈ ပြဲကစား၊ ၂၃ ဂိုးသြင္းၿပီး ၁၀ ဂိုး ဖန္တီးေပးထားပါတယ္။

– နာပိုလီေနာက္ခံလူ ခါလီဒူး ကူလီေဘလီကို ေႏြရာသီမွာ ေခၚယူႏိုင္ဖို႔ ဥေရာပကလပ္အသင္းႀကီးေတြ အၿပိဳင္ႀကိဳးပမ္းေနၾကရာမွာ မန္ခ်က္စတာယူႏိုက္တက္က အားသာေနေပမယ့္ ကစားသမားအတြက္ အနည္းဆံုး ေပါင္သန္း ၇၀ ေလာက္ေပးရမယ္လို႔ သတင္းထြက္ေနပါတယ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– မန်ချက်စတာယူနိုက်တက်အသင်းကို ဂျက်ခ် ဂရီးလစ်ရှ် ပြောင်းရွှေ့ဖြစ်ခဲ့ရင် လစာအနေနဲ့ တစ်ပတ်ကို ပေါင်တစ်သိန်းခွဲရနိုင်တယ်လို့ သတင်းထွက်နေပါတယ်။ သူ့ကို ခေါ်ဖို့ ဗီလာနဲ့ ယူနိုက်တက်ကြား ဒီတစ်ပတ်အတွင်း ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

-ကလပ်ဘရုဂျ်နဲ့ ယူရိုပါလိဂ် ဒုတိယအကျော့ပွဲစဉ်မတိုင်ခင် မန်ချက်စတာယူနိုက်တက်ကစားသမားတွေနဲ့ အသင်းဝန်ထမ်းတချို့ကို အသင်းအမှုဆောင်အရာရှိ အက်ဒ်ဝုဒ်ဝပ်က လိုရီဟိုတယ်မှာ တွေ့ဆုံစကားပြောပြီး တည်ခင်းကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။

-ဝါရင့်ကွင်းလယ်လူ နီမန်ဂျာ မာတစ်ချ်က အိုလေဂန်နာ ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့တစ်နှစ်ကထက် ပိုတော်တဲ့ နည်းပြတစ်ယောက်ဖြစ်လာကြောင်း ချီးကျူးလိုက်သလို သူ့လက်ထက်မှာ အသင်းဟာ တိုးတက်လာတယ်လို့လည်း ပြောလိုက်ပါတယ်။

– မန်ချက်စတာယူနိုက်တက်အသင်းဟာ စပါးစ်နဲ့အပြိုင် ဘယ်လ်ဂျီယံကလပ် ဂျန့်အသင်းက အသက် ၂၀ အရွယ်သာရှိသေးတဲ့ တိုက်စစ်မှူးလေး ဂျိုနသန် ဒေးဗစ်ကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ဂျိုနသန်ဒေးဗစ်ဟာ ဒီရာသီပြိုင်ပွဲအရပ်ရပ်မှာ ဂျန့်အသင်းအတွက် ၃၈ ပွဲကစား၊ ၂၃ ဂိုးသွင်းပြီး ၁၀ ဂိုး ဖန်တီးပေးထားပါတယ်။

– နာပိုလီနောက်ခံလူ ခါလီဒူး ကူလီဘေလီကို နွေရာသီမှာ ခေါ်ယူနိုင်ဖို့ ဥရောပကလပ်အသင်းကြီးတွေ အပြိုင်ကြိုးပမ်းနေကြရာမှာ မန်ချက်စတာယူနိုက်တက်က အားသာနေပေမယ့် ကစားသမားအတွက် အနည်းဆုံး ပေါင်သန်း ၇၀ လောက်ပေးရမယ်လို့ သတင်းထွက်နေပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.