Premier League

19 Dec နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

-မန်ချက်စတာယူနိုက်တက်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလ ပထမဆုံးခေါ်ယူမှုအနေနဲ့ ဆယ်တာဗီဂိုလူငယ်ကြယ်ပွင့် စတီဖန်ဘက်ဆက်တစ်ကို အပြီးသတ်ခေါ်ယူနိုင်တော့မယ်လို့ သိရပြီး လျော်ကြေးအဖြစ် ပေးချေရမယ့်ပမာဏကို သဘောတူညီဖို့သာ ကျန်တော့တယ်လို့ Givemesport က ဖော်ပြခဲ့။

-မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက ယခုအပတ်လိဒ်စ်ယူနိုက်တက်နဲ့ကစားရမယ့်ပွဲစဉ်မှာ ဧဟိုခံစစ်ကစားသမား ၂ ဦးဖြစ်တဲ့ ဟယ်ရီမက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့ကို အနားပေးသွားဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားခဲ့ပြီး ကြံ့ခိုင်မှုပြန်လည်ပြည့်ဝနေကြပြီဖြစ်တဲ့ အဲရစ်ဘိုင်လီနဲ့ တူအန်ဇီဘီတို့အတွဲကို အလှည့်ကျအသုံးပြုသွားဖွယ်ရှိနေ။

-ဂျူဗင်တပ်အသင်းဟာ ယူနိုက်တက်ကွင်းလယ်ကြယ်ပွင့်ပေါ့ဂ်ဘာကို ပြန်လည်ခေါ်ယူနိုင်ဖို့အတွက် ဒီဘာလာ၊ ဘာနာဒက်စ်ချီတို့ ၂ ဦးကိုအလိုက်ပေး ကမ်းလှမ်းသွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ESPN က ဖော်ပြခဲ့။

-ဒဏ်ရာကြောင့် အနားယူနေရတဲ့ ယူနိုက်တက်ဝါရင့်တိုက်စစ်မှူး ကာဗာနီဟာ သောကြာနေ့နံနက်မှာ လေ့ကျင့်ရေးပြုလုပ်ခဲ့တဲ့အတွက် လိဒ်စ်ယူနိုက်တက်နဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်ကစားပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ နည်းပြဆိုးလ်ရှားက ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ နေရာလေးနေရာကို အင်အားဖြည့်တင်းသွားဖို့ စီစဉ်ထားပြီး ယင်းနေရာတွေထဲက တစ်နေရာဖြစ်တဲ့ ဗဟိုခံစစ်နေရာအတွက် တစ်ပတ်လုပ်ခလစာ ပေါင် ၃၅၀၀၀၀ တောင်းဆိုထားတဲ့ ဘိုင်ယန်မြူးနစ်နောက်ခံကစားသမား ဒေးဗစ်အလာဘာကို မန်စီးတီး၊ပီအက်စ်ဂျီ၊ချဲလ်ဆီး၊ရီးရဲ၊ ဘာစီလိုနာတို့နဲ့အပြိုင် ခေါ်ယူသွားမယ်လို့ Bild က ဖော်ပြခဲ့။

-မန်ချက်စတာယူနိုက်တက်ဘယ်နောက်ခံကစားသမားဟောင်း ဂက်ဘရီရယ်ဟိန့်ဇ်ဟာ မေဂျာလိဂ်အသင်းဖြစ်တဲ့ အတ္တလန်တာယူနိုက်တက်ရဲ့နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ နည်းပြဘဝကို စတင်ခဲ့တဲ့ ဟိန့်ဇ်ကို ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်။

-မန်ချက်စတာယူနိုက်တက်က လာမယ့် ၂ လအတွင်း ကြယ်ပွင့်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကို လက်ရှိရရှိနေတဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၂ သိန်းကနေ ပေါင် ၃ သိန်းအထိ မြင့်တက်လာနိုင်တဲ့ ၅ နှစ်စာချုပ်သစ်ကို ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပြီး အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟာ ယခုရာသီမှာ အသင်းအတွက် ၁၂ ဂိုးသွင်းယူပေးထားတဲ့ ကစားသမားဖြစ်။

-အတ္တလန္တာလူငယ်ကြယ်ပွင့် အာမက်ဒီရယ်လိုဟာ ပတ်စ်ပို့ ရရှိခဲ့ပြီဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၃၇ သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့ဖို့ ပိုမိုနီးကပ်လာပြီလို့ Metro က ဖော်ပြခဲ့။

-ယူနိုက်တက်တသက်တာထိပ်တန်းဂိုးသွင်းရှင် ၀ိန်းရူနီရဲ့သားဖြစ်သူ ကိုင်ရူနီဟာ ဖခင်ဖြစ်သူရဲ့ခြေရာလိုက်နင်းဖို့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့သူဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်လောက်က မန်စီးတီးက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ယူနိုက်တက်အတွက် ကစားပေးချင်တာကြောင့် ငြင်းပယ်ခဲ့တယ်လို့ Daily Star က ဖော်ပြခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလ ပထမဆုံးေခၚယူမႈအေနနဲ႔ ဆယ္တာဗီဂိုလူငယ္ၾကယ္ပြင့္ စတီဖန္ဘက္ဆက္တစ္ကို အၿပီးသတ္ေခၚယူႏိုင္ေတာ့မယ္လို႔ သိရၿပီး ေလ်ာ္ေၾကးအျဖစ္ ေပးေခ်ရမယ့္ပမာဏကို သေဘာတူညီဖို႔သာ က်န္ေတာ့တယ္လို႔ Givemesport က ေဖာ္ျပခဲ့။


-မန္ခ်က္စတာယူႏိုက္တက္နည္းျပဆိုးလ္ရွားက ယခုအပတ္လိဒ္စ္ယူႏိုက္တက္နဲ႔ကစားရမယ့္ပြဲစဥ္မွာ ဧဟိုခံစစ္ကစားသမား ၂ ဦးျဖစ္တဲ့ ဟယ္ရီမက္ဂြိဳင္းယားနဲ႔ လင္ဒီေလာ့ဖ္တို႔ကို အနားေပးသြားဖြယ္ရွိေၾကာင္း အရိပ္အႁမြက္ေျပာၾကားခဲ့ၿပီး ႀကံ့ခိုင္မႈျပန္လည္ျပည့္ဝေနၾကၿပီျဖစ္တဲ့ အဲရစ္ဘိုင္လီနဲ႔ တူအန္ဇီဘီတို႔အတြဲကို အလွည့္က်အသုံးျပဳသြားဖြယ္ရွိေန။


-ဂ်ဴဗင္တပ္အသင္းဟာ ယူႏိုက္တက္ကြင္းလယ္ၾကယ္ပြင့္ေပါ့ဂ္ဘာကို ျပန္လည္ေခၚယူႏိုင္ဖို႔အတြက္ ဒီဘာလာ၊ ဘာနာဒက္စ္ခ်ီတို႔ ၂ ဦးကိုအလိုက္ေပး ကမ္းလွမ္းသြားဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ESPN က ေဖာ္ျပခဲ့။


-ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ ယူႏိုက္တက္ဝါရင့္တိုက္စစ္မႉး ကာဗာနီဟာ ေသာၾကာေန႔နံနက္မွာ ေလ့က်င့္ေရးျပဳလုပ္ခဲ့တဲ့အတြက္ လိဒ္စ္ယူႏိုက္တက္နဲ႔ပြဲစဥ္မွာ ျပန္လည္ပါဝင္ကစားေပးဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ နည္းျပဆိုးလ္ရွားက ေျပာၾကားခဲ့။


-မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ေနရာေလးေနရာကို အင္အားျဖည့္တင္းသြားဖို႔ စီစဥ္ထားၿပီး ယင္းေနရာေတြထဲက တစ္ေနရာျဖစ္တဲ့ ဗဟိုခံစစ္ေနရာအတြက္ တစ္ပတ္လုပ္ခလစာ ေပါင္ ၃၅၀၀၀၀ ေတာင္းဆိုထားတဲ့ ဘိုင္ယန္ျမဴးနစ္ေနာက္ခံကစားသမား ေဒးဗစ္အလာဘာကို မန္စီးတီး၊ပီအက္စ္ဂ်ီ၊ခ်ဲလ္ဆီး၊ရီးရဲ၊ ဘာစီလိုနာတို႔နဲ႔အၿပိဳင္ ေခၚယူသြားမယ္လို႔ Bild က ေဖာ္ျပခဲ့။


-မန္ခ်က္စတာယူႏိုက္တက္ဘယ္ေနာက္ခံကစားသမားေဟာင္း ဂက္ဘရီရယ္ဟိန႔္ဇ္ဟာ ေမဂ်ာလိဂ္အသင္းျဖစ္တဲ့ အတၱလန္တာယူႏိုက္တက္ရဲ႕နည္းျပအျဖစ္ ခန႔္အပ္ခံခဲ့ရၿပီျဖစ္ၿပီး ၂၀၁၅ ခုႏွစ္မွာ နည္းျပဘဝကို စတင္ခဲ့တဲ့ ဟိန႔္ဇ္ကို ၂ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္။


-မန္ခ်က္စတာယူႏိုက္တက္က လာမယ့္ ၂ လအတြင္း ၾကယ္ပြင့္တိုက္စစ္မႉး မားကပ္စ္ရက္ရွ္ဖို႔ဒ္ကို လက္ရွိရရွိေနတဲ့ တစ္ပတ္လုပ္ခလစာ ေပါင္ ၂ သိန္းကေန ေပါင္ ၃ သိန္းအထိ ျမင့္တက္လာႏိုင္တဲ့ ၅ ႏွစ္စာခ်ဳပ္သစ္ကို ကမ္းလွမ္းသြားဖို႔ ျပင္ဆင္ေနၿပီး အဂၤလန္လက္ေ႐ြးစင္တိုက္စစ္မႉးဟာ ယခုရာသီမွာ အသင္းအတြက္ ၁၂ ဂိုးသြင္းယူေပးထားတဲ့ ကစားသမားျဖစ္။


-အတၱလႏၲာလူငယ္ၾကယ္ပြင့္ အာမက္ဒီရယ္လိုဟာ ပတ္စ္ပို႔ ရရွိခဲ့ၿပီျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၃၇ သန္းနဲ႔ အၿပီးသတ္ေျပာင္းေ႐ႊ႕ဖို႔ ပိုမိုနီးကပ္လာၿပီလို႔ Metro က ေဖာ္ျပခဲ့။


-ယူႏိုက္တက္တသက္တာထိပ္တန္းဂိုးသြင္းရွင္ ၀ိန္း႐ူနီရဲ႕သားျဖစ္သူ ကိုင္႐ူနီဟာ ဖခင္ျဖစ္သူရဲ႕ေျခရာလိုက္နင္းဖို႔ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့သူျဖစ္ၿပီး လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္က မန္စီးတီးက ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ ယူႏိုက္တက္အတြက္ ကစားေပးခ်င္တာေၾကာင့္ ျငင္းပယ္ခဲ့တယ္လို႔ Daily Star က ေဖာ္ျပခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.