Premier League

19 Dec နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

-မန်ချက်စတာယူနိုက်တက်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလ ပထမဆုံးခေါ်ယူမှုအနေနဲ့ ဆယ်တာဗီဂိုလူငယ်ကြယ်ပွင့် စတီဖန်ဘက်ဆက်တစ်ကို အပြီးသတ်ခေါ်ယူနိုင်တော့မယ်လို့ သိရပြီး လျော်ကြေးအဖြစ် ပေးချေရမယ့်ပမာဏကို သဘောတူညီဖို့သာ ကျန်တော့တယ်လို့ Givemesport ကဖော်ပြခဲ့။

-မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက ယခုအပတ်လိဒ်စ်ယူနိုက်တက်နဲ့ကစားရမယ့်ပွဲစဉ်မှာ ဗဟိုခံစစ်ကစားသမား ၂ဦးဖြစ်တဲ့ ဟယ်ရီမက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့ကို အနားပေးသွားဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားခဲ့ပြီး ကြံ့ခိုင်မှုပြန်လည်ပြည့်ဝနေကြပြီဖြစ်တဲ့ အဲရစ်ဘိုင်လီနဲ့ တူအန်ဇီဘီတို့အတွဲကို အလှည့်ကျအသုံးပြုသွားဖွယ်ရှိနေ။

-ဂျူဗင်တပ်အသင်းဟာ ယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာကို ပြန်လည်ခေါ်ယူနိုင်ဖို့အတွက် ဒီဘာလာ၊ ဘာနာဒက်စ်ချီတို့ ၂ဦးကိုအလိုက်ပေး ကမ်းလှမ်းသွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ESPN ကဖော်ပြခဲ့။

-ဒဏ်ရာကြောင့် အနားယူနေရတဲ့ ယူနိုက်တက်ဝါရင့်တိုက်စစ်မှူး ကာဗာနီဟာ သောကြာနေ့နံနက်မှာ လေ့ကျင့်ရေးပြုလုပ်ခဲ့တဲ့အတွက် လိဒ်စ်ယူနိုက်တက်နဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်ကစားပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ နည်းပြဆိုးလ်ရှားက ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ နေရာလေးနေရာကို အင်အားဖြည့်တင်းသွားဖို့ စီစဉ်ထားပြီး ယင်းနေရာတွေထဲက တစ်နေရာဖြစ်တဲ့ ဗဟိုခံစစ်နေရာအတွက် တစ်ပတ်လုပ်ခလစာ ပေါင် ၃၅၀၀၀၀ တောင်းဆိုထားတဲ့ ဘိုင်ယန်မြူးနစ်နောက်ခံကစားသမား ဒေးဗစ်အလာဘာကို မန်စီးတီး၊ပီအက်စ်ဂျီ၊ချဲလ်ဆီး၊ရီးရဲ၊ ဘာစီလိုနာတို့နဲ့အပြိုင် ခေါ်ယူသွားမယ်လို့ Bild က ဖော်ပြခဲ့။

-မန်ချက်စတာယူနိုက်တက်ဘယ်နောက်ခံကစားသမားဟောင်း ဂက်ဘရီရယ်ဟိန့်ဇ်ဟာ မေဂျာလိဂ်အသင်းဖြစ်တဲ့ အတ္တလန်တာယူနိုက်တက်ရဲ့နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ နည်းပြဘဝကို စတင်ခဲ့တဲ့ ဟိန့်ဇ်ကို ၂နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်။

-မန်ချက်စတာယူနိုက်တက်က လာမယ့် ၂ လအတွင်း ကြယ်ပွင့်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကို လက်ရှိရရှိနေတဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၂သိန်းကနေ ပေါင် ၃သိန်းအထိ မြင့်တက်လာနိုင်တဲ့ ၅နှစ်စာချုပ်သစ်ကို ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပြီး အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟာ ယခုရာသီမှာ အသင်းအတွက် ၁၂ဂိုးသွင်းယူပေးထားတဲ့ ကစားသမားဖြစ်။

-အတ္တလန္တာလူငယ်ကြယ်ပွင့် အာမက်ဒီရယ်လိုဟာ ပတ်စ်ပို့ ရရှိခဲ့ပြီဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၃၇သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့ဖို့ ပိုမိုနီးကပ်လာပြီလို့ Metro ကဖော်ပြခဲ့။

-ယူနိုက်တက်တသက်တာထိပ်တန်းဂိုးသွင်းရှင် ဝိန်းရူနီရဲ့သားဖြစ်သူ ကိုင်ရူနီဟာ ဖခင်ဖြစ်သူရဲ့ခြေရာလိုက်နင်းဖို့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့သူဖြစ်ပြီး လွန်ခဲ့တဲ့ ၂နှစ်လောက်က မန်စီးတီးက ခေါ်ယူဖို့ကြိုးပမ်းခဲ့ပေမယ့် ယူနိုက်တက်အတွက် ကစားပေးချင်တာကြောင့် ငြင်းပယ်ခဲ့တယ်လို့ Daily Star ကဖော်ပြခဲ့။