Premier League

19 Dec နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု


-ချဲလ်ဆီးအသင်းဒါရိုက်တာ မာရီနာဂရာနော့စကီရာဟာ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ ပထမဆုံးခေါ်ယူမယ့် အပြောင်းအရွှေ့အတွက် ဆုံးဖြတ်ချက်ချထားပြီးဖြစ်တယ်လို့ သိရပြီး နောက်ခံကစားသမား တိုမိုရီနဲ့ လမ်းခွဲသွားဖွယ်ရှိသလို ပေါင်သန်း ၈၀ ဝန်းကျင်တန်ကြေးရှိတဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့လည်း ကြိုးပမ်းသွားဖွယ်ရှိနေ။


-ဒဏ်ရာကြောင့် ပြိုင်ပွဲစုံ နောက်ဆုံး ၅ပွဲကို လွဲချော်ခဲ့တဲ့ ချဲလ်ဆီးတောင်ပံကြယ်ပွင့် ဟဒ်ဆန်-အိုဒွိုင်းဟာ လေ့ကျင့်ရေးပြန်လည်ပြုလုပ်နိုင်နေပြီဖြစ်ပြီး ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၃ရက်မတိုင်မီ ဝက်စ်ဟမ်း၊ အာဆင်နယ်၊ အက်စ်တွန်ဗီလာ၊ မန်ချက်စတာစီးတီးတို့နဲ့ ယှဉ်ပြိုင်ကစားရမယ့် လမ်းပတ်ရဲ့ချဲလ်ဆီးအသင်းအတွက် အားတက်စရာဖြစ်လာခဲ့။


-ဟာကင်ဇီးယက်ရှ်ဟာ လွန်ခဲ့တဲ့ ၂ပတ်နီးပါးက လိဒ်စ်ယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီးနောက် အသင်းပွဲစဉ်တွေကို လွဲချော်ခဲ့သူဖြစ်ပြီး သောကြာနေ့က လေ့ကျင့်ရေးပြန်လည်ပြုလုပ်နိုင်ခဲ့တဲ့အတွက် တနင်္လာနေ့မှာ ကစားရမယ့် ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မှာ ပါဝင်ကစားပေးနိုင်ဖွယ်ရှိတယ်လို့ နည်းပြလမ်းပတ် အတည်ပြုပြောကြား။


-အန်တိုနီယိုရူဒီဂါဟာ ၎င်းရဲ့ဇာတိမြေဖြစ်တဲ့ ဂျာမနီနိုင်ငံက ဆေးရုံ ၁၃ရုံက ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၄၂၀ဦးကို ပီဇာမုန့်တွေလှူဒါန်းခဲ့ပြီး ကိုယ့်အသက်ကိုယ်ပဓာနမထားဘဲ အများအတွက် လုပ်ဆောင်နေသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ လှူဒါန်းခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့။


-ချဲလ်ဆီးနည်းပြလမ်းပတ်က အင်္ဂလန်လက်ရွေးစင်ကစားသမားဖြစ်လာမယ့် ဒီကလန်ရိုက်စ်ကို အကယ်ဒမီက ထွက်ခွာခွင့်ပေးခဲ့တဲ့ကိစ္စဟာ အမှားလုပ်ခဲ့တာမဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး ဘယ်ကစားသမားက ဘယ်လောက်အထိတိုးတက်လာနိုင်မလဲဆိုတာကို အတိအကျတွက်ချက် ရွေးထုတ်လို့မရတာကြောင့် နောင်တရတယ်ဆိုတဲ့စကားကို သုံးမှာမဟုတ်ဘူးလို့ ပြောကြားခဲ့။


-ဂျာမန်တိုက်စစ်မှူး တီမိုဝါနာဟာ စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ဂိုးပေါက်ပျောက်ဆုံးနေမှုကြောင့် ဖိအားတွေမြင့်တက်လာနေတဲ့ကစားသမားဖြစ်ပေမယ့် နည်းပြလမ်းပတ်က ဝါနာအနေနဲ့ ယုံကြည်မှုဆက်လက်ရှိနေဖို့ လိုအပ်ပြီး မကြာမီအချိန်အတွင်း သွင်းဂိုးတွေ ပြန်လည်သွင်းယူနိုင်လိမ့်မယ်ဆိုတာ သံသယမရှိကြောင်း ထောက်ခံပြောကြားခဲ့။


-ပေါလ်မာဆန်က တစ်ပတ်လုပ်ခပေါင် ၁၄၀၀၀၀ ပေးချေနေရတဲ့ ခိုင်ဟာဗတ်ဇ်ကို ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး ဝေဖန်ပြောကြားခဲ့ပြီး တစ်နေရာတည်းမှာ ခြေစွမ်းတည်ငြိမ်အောင် အသုံးမပြုဘဲ နေရာအများကြီး ကစားခိုင်းနေတာကို အံ့အားသင့်မိကြောင်း ပြောကြားခဲ့။


-အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူး အလန်ရှီးယားရားက ချဲလ်ဆီးအသင်းအနေနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်လိမ့်မယ်လို့ ထောက်ခံပြောကြားခဲ့ပြီး ချဲလ်ဆီးအသင်းဟာ အက်သလက်တီကိုမက်ဒရစ်နဲ့ ၁၆သင်းရှုံးထွက်အဆင့်မှာ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပေမယ့် နယူးကာဆယ်တိုက်စစ်မှူးဟောင်းက နောက်တဆင့်တက်ဖို့ အခွင့်အရေးကောင်းရှိနေတယ်လို့ ယုံကြည်နေ။


-ချဲလ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်က ၃ ကြိမ်အထိ ငြင်းပယ်ခြင်းခံထားရတဲ့ ကစားသမား ၅ ဦးအထိ လူစားလဲလှယ်နိုင်တဲ့စည်းမျဉ်းက ခရစ်စမတ်ပွဲကြပ်ကာလမှာ အကျိုးရှိနိုင်တယ်လို့ ထောက်ခံပြောကြားခဲ့ပြီး ချဲလ်ဆီးဟာ ခရစ်စမတ်ကာလအတွင်း ၃ရက်ကို ၂ ပွဲအထိ ကစားရဖို့ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-ခ်ဲလ္ဆီးအသင္းဒါ႐ိုက္တာ မာရီနာဂရာေနာ့စကီရာဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ပထမဆုံးေခၚယူမယ့္ အေျပာင္းအေ႐ႊ႕အတြက္ ဆုံးျဖတ္ခ်က္ခ်ထားၿပီးျဖစ္တယ္လို႔ သိရၿပီး ေနာက္ခံကစားသမား တိုမိုရီနဲ႔ လမ္းခြဲသြားဖြယ္ရွိသလို ေပါင္သန္း ၈၀ ဝန္းက်င္တန္ေၾကးရွိတဲ့ ဝက္စ္ဟမ္းကြင္းလယ္လူ ဒီကလန္႐ိုက္စ္ကို ေခၚယူဖို႔လည္း ႀကိဳးပမ္းသြားဖြယ္ရွိေန။


-ဒဏ္ရာေၾကာင့္ ၿပိဳင္ပြဲစုံ ေနာက္ဆုံး ၅ပြဲကို လြဲေခ်ာ္ခဲ့တဲ့ ခ်ဲလ္ဆီးေတာင္ပံၾကယ္ပြင့္ ဟဒ္ဆန္-အိုဒြိဳင္းဟာ ေလ့က်င့္ေရးျပန္လည္ျပဳလုပ္ႏိုင္ေနၿပီျဖစ္ၿပီး ၂၀၂၁ခုႏွစ္ ဇန္နဝါရီလ ၃ရက္မတိုင္မီ ဝက္စ္ဟမ္း၊ အာဆင္နယ္၊ အက္စ္တြန္ဗီလာ၊ မန္ခ်က္စတာစီးတီးတို႔နဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ လမ္းပတ္ရဲ႕ခ်ဲလ္ဆီးအသင္းအတြက္ အားတက္စရာျဖစ္လာခဲ့။


-ဟာကင္ဇီးယက္ရွ္ဟာ လြန္ခဲ့တဲ့ ၂ပတ္နီးပါးက လိဒ္စ္ယူႏိုက္တက္ကို အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ တံေကာက္ေၾကာဒဏ္ရာရရွိခဲ့ၿပီးေနာက္ အသင္းပြဲစဥ္ေတြကို လြဲေခ်ာ္ခဲ့သူျဖစ္ၿပီး ေသာၾကာေန႔က ေလ့က်င့္ေရးျပန္လည္ျပဳလုပ္ႏိုင္ခဲ့တဲ့အတြက္ တနလၤာေန႔မွာ ကစားရမယ့္ ဝက္စ္ဟမ္းအသင္းနဲ႔ ပြဲစဥ္မွာ ပါဝင္ကစားေပးႏိုင္ဖြယ္ရွိတယ္လို႔ နည္းျပလမ္းပတ္ အတည္ျပဳေျပာၾကား။


-အန္တိုနီယို႐ူဒီဂါဟာ ၎ရဲ႕ဇာတိေျမျဖစ္တဲ့ ဂ်ာမနီႏိုင္ငံက ေဆး႐ုံ ၁၃႐ုံက က်န္းမာေရးဝန္ထမ္း စုစုေပါင္း ၄၂၀ဦးကို ပီဇာမုန႔္ေတြလႉဒါန္းခဲ့ၿပီး ကိုယ့္အသက္ကိုယ္ပဓာနမထားဘဲ အမ်ားအတြက္ လုပ္ေဆာင္ေနသူေတြကို ဂုဏ္ျပဳတဲ့အေနနဲ႔ လႉဒါန္းခဲ့တာျဖစ္တယ္လို႔ ေျပာၾကားခဲ့။


-ခ်ဲလ္ဆီးနည္းျပလမ္းပတ္က အဂၤလန္လက္ေ႐ြးစင္ကစားသမားျဖစ္လာမယ့္ ဒီကလန္႐ိုက္စ္ကို အကယ္ဒမီက ထြက္ခြာခြင့္ေပးခဲ့တဲ့ကိစၥဟာ အမွားလုပ္ခဲ့တာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ၿပီး ဘယ္ကစားသမားက ဘယ္ေလာက္အထိတိုးတက္လာႏိုင္မလဲဆိုတာကို အတိအက်တြက္ခ်က္ ေ႐ြးထုတ္လို႔မရတာေၾကာင့္ ေနာင္တရတယ္ဆိုတဲ့စကားကို သုံးမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့။


-ဂ်ာမန္တိုက္စစ္မႉး တီမိုဝါနာဟာ စတန္းဖို႔ဒ္ဘရစ္ဂ်္မွာ ဂိုးေပါက္ေပ်ာက္ဆုံးေနမႈေၾကာင့္ ဖိအားေတြျမင့္တက္လာေနတဲ့ကစားသမားျဖစ္ေပမယ့္ နည္းျပလမ္းပတ္က ဝါနာအေနနဲ႔ ယုံၾကည္မႈဆက္လက္ရွိေနဖို႔ လိုအပ္ၿပီး မၾကာမီအခ်ိန္အတြင္း သြင္းဂိုးေတြ ျပန္လည္သြင္းယူႏိုင္လိမ့္မယ္ဆိုတာ သံသယမရွိေၾကာင္း ေထာက္ခံေျပာၾကားခဲ့။


-ေပါလ္မာဆန္က တစ္ပတ္လုပ္ခေပါင္ ၁၄၀၀၀၀ ေပးေခ်ေနရတဲ့ ခိုင္ဟာဗတ္ဇ္ကို ကိုင္တြယ္ပုံနဲ႔ပတ္သက္ၿပီး ေဝဖန္ေျပာၾကားခဲ့ၿပီး တစ္ေနရာတည္းမွာ ေျခစြမ္းတည္ၿငိမ္ေအာင္ အသုံးမျပဳဘဲ ေနရာအမ်ားႀကီး ကစားခိုင္းေနတာကို အံ့အားသင့္မိေၾကာင္း ေျပာၾကားခဲ့။


-အဂၤလန္ဂႏၲဝင္တိုက္စစ္မႉး အလန္ရွီးယားရားက ခ်ဲလ္ဆီးအသင္းအေနနဲ႔ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္လိမ့္မယ္လို႔ ေထာက္ခံေျပာၾကားခဲ့ၿပီး ခ်ဲလ္ဆီးအသင္းဟာ အက္သလက္တီကိုမက္ဒရစ္နဲ႔ ၁၆သင္းရႈံးထြက္အဆင့္မွာ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ေပမယ့္ နယူးကာဆယ္တိုက္စစ္မႉးေဟာင္းက ေနာက္တဆင့္တက္ဖို႔ အခြင့္အေရးေကာင္းရွိေနတယ္လို႔ ယုံၾကည္ေန။


-ခ်ဲလ္ဆီးအသင္းနည္းျပ ဖရန႔္လမ္းပတ္က ၃ ႀကိမ္အထိ ျငင္းပယ္ျခင္းခံထားရတဲ့ ကစားသမား ၅ ဦးအထိ လူစားလဲလွယ္ႏိုင္တဲ့စည္းမ်ဥ္းက ခရစ္စမတ္ပြဲၾကပ္ကာလမွာ အက်ိဳးရွိႏိုင္တယ္လို႔ ေထာက္ခံေျပာၾကားခဲ့ၿပီး ခ်ဲလ္ဆီးဟာ ခရစ္စမတ္ကာလအတြင္း ၃ရက္ကို ၂ ပြဲအထိ ကစားရဖို႔ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.