Premier League

19 Dec – နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

-အာဆင်နယ်အသင်းနည်းပြ အာတီတာက ဆယ်စုနှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံးရာသီအစဖြစ်ပေမယ့်လည်း ဘာကြောင့် သံသယမရှိတာလဲဆိုတာ ရှင်းပြခဲ့ပြီး စီမံကိန်းအသစ်ကို ပြုလုပ်ဖို့ အသင်းက ဆုံးဖြတ်ခဲ့တာကြောင့် အချိန်လိုအပ်တယ်ဆိုတာ သိခဲ့ကြသလို လျင်လျင်မြန်မြန်ပြင်ဆင်နိုင်မှာလည်းမဟုတ်ဘူးဆိုတာ သိခဲ့တယ်လို့ ပြောကြားခဲ့။

-အာဆင်နယ်အသင်းဘုတ်အဖွဲ့ဟာ အချိန်တိုအတွင်း အက်ဖ်အေဖလား၊ ကွန်မြူနတီဒိုင်းတို့ကို ရယူပေးခဲ့တဲ့ အာတီတာဘက်ကနေ ထောက်ခံနေဆဲဖြစ်ပြီး အသင်းဖော်ဟောင်းဖြစ်တဲ့ နည်းစနစ်ဒါရိုက်တာအီဒူးက စပိန်လူမျိုးနည်းပြဟာ အရာအားလုံးကို ပြောင်းလဲပစ်ပြီး လှပတဲ့အနာဂတ်ရှိလာနိုင်တယ်လို့ ယုံကြည်နေ။

-အိုဇေးလ်ရဲ့အေးဂျင့်ဖြစ်သူမူရတ်ဇူလူက ဖီနာဘာချီအသင်းနဲ့ သတင်းတွေထွက်ပေါ်နေတဲ့အခြေအနေကို ရှင်းလင်းသွားခဲ့ပြီး ဂျာမန်လက်ရွေးစင်ဟောင်းအနေနဲ့ တူရကီလိဂ် ၁၉ ကြိမ်ချန်ပီယံအသင်းကို လာမယ့်လမှာ ပြောင်းရွှေ့လိမ့်မယ်လို့ မျှော်မှန်းထားကြောင်း Sport Digitale ကို ပြောကြားခဲ့။


-အဲဗာတန်အသင်းနဲ့ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ အာဆင်နယ်ရဲ့နောက်ဆုံး လေ့ကျင့်ရေးအစီအစဉ်က ဓာတ်ပုံတွေထဲမှာရော၊ ၅ မိနစ်စာဗီဒီယိုထဲမှာပါ တိုက်စစ်မှူး အူဘာမီယန်းကို မြင်တွေ့ခဲ့ရခြင်းမရှိတာကြောင့် ပါဝင်ကစားပေးနိုင်ခြင်းရှိပါ့မလားလို့ မေးခွန်းတွေ မြင့်တက်နေခဲ့။


-အာဆင်နယ်နည်းပြအာတီတာဟာ အဲဗာတန်နဲ့ပွဲမတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မိတ်လန်းနိုင်းစ်အကြောင်း မေးမြန်းခြင်းခံခဲ့ရပြီး ဆောက်သမ်တန်အသင်းနဲ့သရေကျခဲ့တဲ့ပွဲစဉ်မှာ ညာနောက်ခံနေရာကနေ ပွဲထွက်လာခဲ့တဲ့ ကစားသမားကို အဲဗာတန်အသင်းနဲ့ပွဲစဉ်မှာ ဆက်လက်ပွဲထွက်ခွင့်ပေးဖို့ တွစ်တာလူမှုကွန်ရက်ပေါ်မှာ ပရိသတ်တွေ တောင်းဆိုနေကြ။


-အဲဗာတန်အသင်းက အာဆင်နယ်နဲ့ကစားရမယ့်ပွဲစဉ်မတိုင်မီ ဂျိမ်းစ်ရိုဒရီဂွက်ဇ်အပါအဝင် အလန်၊ ဖေဘီယံဒဲ့ဖ်တို့အားလုံး လွဲချော်မယ်လို့ အတည်ပြုခဲ့ပြီး အာဆင်နယ်ကစားသမားဟောင်း အိုင်ဝိုဘီက ဂျိမ်းစ်ရိုဒရီဂွက်ဇ်ရဲ့နေရာမှာ ပွဲထွက်ပါဝင်လာဖို့ ဖြစ်နိုင်ခြေအရှိဆုံးဖြစ်နေသလို ကွင်းလယ်မှာ အန်ဒရီဂိုးမက်စ်နဲ့ ဒိုကိုရေးတို့ ပါဝင်ကစားပေးဖို့ ရှိနေ။


-နည်းပြအာတီတာက ၎င်းရဲ့အသင်းဟာ အဓိကအခိုက်အတံ့တွေမှာ အလွန်အကျိုးသက်ရောက်မှုရှိတဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်ခြင်းမရှိဘူးလို့ ဝန်ခံပြောကြားခဲ့ပြီး အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့်လည်း ရလဒ်ကတော့ ကွဲပြားခြားနေခဲ့တယ်လို့ ဆို။


-အဲဗာတန်နည်းပြအန်ဆယ်လော့တီက အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ နည်းပြအာတီတာအပေါ်မှာ ကိုယ်ချင်းစာစိတ်ထားခဲ့ပြီး စပိန်လူမျိုးနည်းပြအနေနဲ့ ဆိုးရွားတဲ့အသင်းရဲ့ရလဒ်တွေကို ပြန်လည်ကောင်းမွန်လာအောင် စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေ။


-အာဆင်နယ်နောက်ခံကစားသမားဟောင်း ဝီလီယံဂါးလက်စ်က ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အနီကတ်ပြထုတ်ပယ်ခံရတဲ့အထိ စိတ်လွတ်ခဲ့တဲ့ ရှာခါဟာ အသင်းကို ကွဲပြားခြားနားမှုတွေ မယူဆောင်နိုင်ခဲ့ဘဲ ကတ်ပြားတွေ များစွာ ပြသခံရတဲ့အထိ အမှားလုပ်လွန်းအားကြီးတယ်လို့ ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-အာဆင္နယ္အသင္းနည္းျပ အာတီတာက ဆယ္စုႏွစ္ေပါင္းမ်ားစြာအတြင္း အဆိုး႐ြားဆုံးရာသီအစျဖစ္ေပမယ့္လည္း ဘာေၾကာင့္ သံသယမရွိတာလဲဆိုတာ ရွင္းျပခဲ့ၿပီး စီမံကိန္းအသစ္ကို ျပဳလုပ္ဖို႔ အသင္းက ဆုံးျဖတ္ခဲ့တာေၾကာင့္ အခ်ိန္လိုအပ္တယ္ဆိုတာ သိခဲ့ၾကသလို လ်င္လ်င္ျမန္ျမန္ျပင္ဆင္ႏိုင္မွာလည္းမဟုတ္ဘူးဆိုတာ သိခဲ့တယ္လို႔ ေျပာၾကားခဲ့။

-အာဆင္နယ္အသင္းဘုတ္အဖြဲ႕ဟာ အခ်ိန္တိုအတြင္း အက္ဖ္ေအဖလား၊ ကြန္ျမဴနတီဒိုင္းတို႔ကို ရယူေပးခဲ့တဲ့ အာတီတာဘက္ကေန ေထာက္ခံေနဆဲျဖစ္ၿပီး အသင္းေဖာ္ေဟာင္းျဖစ္တဲ့ နည္းစနစ္ဒါ႐ိုက္တာအီဒူးက စပိန္လူမ်ိဳးနည္းျပဟာ အရာအားလုံးကို ေျပာင္းလဲပစ္ၿပီး လွပတဲ့အနာဂတ္ရွိလာႏိုင္တယ္လို႔ ယုံၾကည္ေန။

-အိုေဇးလ္ရဲ႕ေအးဂ်င့္ျဖစ္သူမူရတ္ဇူလူက ဖီနာဘာခ်ီအသင္းနဲ႔ သတင္းေတြထြက္ေပၚေနတဲ့အေျခအေနကို ရွင္းလင္းသြားခဲ့ၿပီး ဂ်ာမန္လက္ေ႐ြးစင္ေဟာင္းအေနနဲ႔ တူရကီလိဂ္ ၁၉ ႀကိမ္ခ်န္ပီယံအသင္းကို လာမယ့္လမွာ ေျပာင္းေ႐ႊ႕လိမ့္မယ္လို႔ ေမွ်ာ္မွန္းထားေၾကာင္း Sport Digitale ကို ေျပာၾကားခဲ့။


-အဲဗာတန္အသင္းနဲ႔ပြဲစဥ္အတြက္ ႀကိဳတင္ျပင္ဆင္မႈေတြ ျပဳလုပ္ေနတဲ့ အာဆင္နယ္ရဲ႕ေနာက္ဆုံး ေလ့က်င့္ေရးအစီအစဥ္က ဓာတ္ပုံေတြထဲမွာေရာ၊ ၅ မိနစ္စာဗီဒီယိုထဲမွာပါ တိုက္စစ္မႉး အူဘာမီယန္းကို ျမင္ေတြ႕ခဲ့ရျခင္းမရွိတာေၾကာင့္ ပါဝင္ကစားေပးႏိုင္ျခင္းရွိပါ့မလားလို႔ ေမးခြန္းေတြ ျမင့္တက္ေနခဲ့။


-အာဆင္နယ္နည္းျပအာတီတာဟာ အဲဗာတန္နဲ႔ပြဲမတိုင္မီ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ မိတ္လန္းႏိုင္းစ္အေၾကာင္း ေမးျမန္းျခင္းခံခဲ့ရၿပီး ေဆာက္သမ္တန္အသင္းနဲ႔သေရက်ခဲ့တဲ့ပြဲစဥ္မွာ ညာေနာက္ခံေနရာကေန ပြဲထြက္လာခဲ့တဲ့ ကစားသမားကို အဲဗာတန္အသင္းနဲ႔ပြဲစဥ္မွာ ဆက္လက္ပြဲထြက္ခြင့္ေပးဖို႔ တြစ္တာလူမႈကြန္ရက္ေပၚမွာ ပရိသတ္ေတြ ေတာင္းဆိုေနၾက။


-အဲဗာတန္အသင္းက အာဆင္နယ္နဲ႔ကစားရမယ့္ပြဲစဥ္မတိုင္မီ ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္အပါအဝင္ အလန္၊ ေဖဘီယံဒဲ့ဖ္တို႔အားလုံး လြဲေခ်ာ္မယ္လို႔ အတည္ျပဳခဲ့ၿပီး အာဆင္နယ္ကစားသမားေဟာင္း အိုင္ဝိုဘီက ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ရဲ႕ေနရာမွာ ပြဲထြက္ပါဝင္လာဖို႔ ျဖစ္ႏိုင္ေျခအရွိဆုံးျဖစ္ေနသလို ကြင္းလယ္မွာ အန္ဒရီဂိုးမက္စ္နဲ႔ ဒိုကိုေရးတို႔ ပါဝင္ကစားေပးဖို႔ ရွိေန။


-နည္းျပအာတီတာက ၎ရဲ႕အသင္းဟာ အဓိကအခိုက္အတံ့ေတြမွာ အလြန္အက်ိဳးသက္ေရာက္မႈရွိတဲ့ စြမ္းေဆာင္ရည္မ်ိဳး ျပသႏိုင္ျခင္းမရွိဘူးလို႔ ဝန္ခံေျပာၾကားခဲ့ၿပီး အခြင့္အေရးေတြ ဖန္တီးႏိုင္ခဲ့ေပမယ့္လည္း ရလဒ္ကေတာ့ ကြဲျပားျခားေနခဲ့တယ္လို႔ ဆို။


-အဲဗာတန္နည္းျပအန္ဆယ္ေလာ့တီက အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတဲ့ နည္းျပအာတီတာအေပၚမွာ ကိုယ္ခ်င္းစာစိတ္ထားခဲ့ၿပီး စပိန္လူမ်ိဳးနည္းျပအေနနဲ႔ ဆိုး႐ြားတဲ့အသင္းရဲ႕ရလဒ္ေတြကို ျပန္လည္ေကာင္းမြန္လာေအာင္ စြမ္းေဆာင္ေပးႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေန။


-အာဆင္နယ္ေနာက္ခံကစားသမားေဟာင္း ဝီလီယံဂါးလက္စ္က ၿပီးခဲ့တဲ့တနဂၤေႏြေန႔က အနီကတ္ျပထုတ္ပယ္ခံရတဲ့အထိ စိတ္လြတ္ခဲ့တဲ့ ရွာခါဟာ အသင္းကို ကြဲျပားျခားနားမႈေတြ မယူေဆာင္ႏိုင္ခဲ့ဘဲ ကတ္ျပားေတြ မ်ားစြာ ျပသခံရတဲ့အထိ အမွားလုပ္လြန္းအားႀကီးတယ္လို႔ ေျပာၾကားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.