Premier League Transfer News

18 Dec ညပိုင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအမျိုးသမီးအသင်းကို ဒီနှစ်မှာ ပြင်သစ်ကလပ် လီယွန်အသင်းကနေ ပြန်လည်ပြောင်းရွှေ့လာခဲ့တဲ့ အင်္ဂလန် လက်ရွေးစင်နောက်ခံလူ လူစီ ဘရွန့်ဇ်အနေနဲ့ ကမ္ဘာ့အကောင်းဆုံးအမျိုးသမီးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မနှစ်က ရရှိခဲ့တဲ့ သူ့နာမည်နဲ့အတူတူဖြစ်တဲ့ Bronze ကြေးတံဆိပ်ဆုထက် အမြင့်ဆုံးဆီ တက်လှမ်းနိုင်ခဲ့။

– ဂျူဗင်တပ်စ်အသင်းက အလိုရှိနေတယ်လို့ သတင်းထွက်နေတဲ့ တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ်ရဲ့ လက်ရှိခြေစွမ်းကို ပရိသတ်တွေ စိတ်ကုန်နေပြီး အမြန်ဆုံး လာခေါ်ဖို့ တူရင်ကလပ်ဆီက ကမ်းလှမ်းမှုကို စောင့်မျှော်နေကြသလို အသင်းတာဝန်ရှိသူတွေကိုလည်း အမြန်ဆုံး ရောင်းချဖို့ တိုက်တွန်းနေကြ။

– ဝက်စ်ဘရွန်းနဲ့ သရေကျခဲ့တဲ့ပွဲမှာ ၁၄ မိနစ် ပါဝင်ကစားပြီး အသင်းရဲ့ ထရိန်နင်ကနေ နှစ်ရက်တာ လွဲချော်ခဲ့တဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုအနေနဲ့ ဆောက်သမ်တန်နဲ့ပွဲကို ပါဝင်နိုင်ဖို့ မသေချာဘဲ ဘယ်နှမိနစ် ကစားခိုင်းရမလဲ မသိဘူးလို့ ဂွါဒီယိုလာ ညည်းတွား။

– မန်ချက်စတာစီးတီးအသင်းရဲ့ ဒီဇင်ဘာပွဲကျပ်ကာလမှာ လက်ထောက်အသင်းခေါင်းဆောင် ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားအနေနဲ့ အလွန်တရာ အရေးပါနေပြီး အသင်းရဲ့ ပရီးမီးယားလိဂ်ဆုဖလားကို ပြန်လည်သိမ်းပိုက်ရာလမ်းမှာ အဓိက လမ်းညွှန်ပေးဖို့ အားကိုးရမှာ ဖြစ်ကြောင်း နည်းပြဆို။

– မန်စီးတီးနဲ့ အိမ်ကွင်း စိန့်မေရီမှာ ကစားရမယ့် ဆောက်သမ်တန်အသင်းအနေနဲ့ ဒဏ်ရာပြဿနာ ကင်းစင်နေပြီး ကြံ့ခိုင်မှု ပြည့်ဝနေသလို ကစားသမားရွေးချယ်မှုအတွက် ခေါင်းခဲစရာ မရှိဘဲ အကောင်းဆုံး ယှဉ်ပြိုင်ကစားလာမှာဖြစ်တယ်လို့ နည်းပြ ရာ့လ်ဖ် ဟေဆန်ဟွတ်တယ်လ် ပြောကြား။

– အသင်းအတွက် ဂိုးတွေ ရှာဖွေဖို့က သူ့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေကြောင်း ဂွါဒီယိုလာ ပြောကြားလိုက်ပြီး ပြီးခဲ့တဲ့ သုံးရာသီမှာ ၁၂ ပွဲ ကစားပြီးချိန်မှာ ဂိုး ၄၀၊ ၃၆ ဂိုးနဲ့ ၃၅ ဂိုး အသီးသီးသွင်းယူထားနိုင်ချိန်မှာ ဒီရာသီ ၁၈ ဂိုးဆိုတာကတော့ ကွာခြားလွန်းတဲ့ မှတ်တမ်းဖြစ်နေ။

– အယ်လ်ဂျီးရီးယားအသင်းကပ္ပတိန် တောင်ပံကစားသမား ရီယက် မာရက်ဇ်အနေနဲ့ ဖီဖာအကောင်းဆုံးဆုအတွက် မဲပေးရာမှာ အသင်းဖော် ကီဗင် ဒီဘရိုင်းနားထက် လီဗာပူးလ်ကစားသမား ဆာဒီယို မာနေးကိုပဲ အာဖရိကသားချင်း ဝံသာနုလုပ်ရပ်အဖြစ် ပထမ နေရာက ရွေးချယ်သွားခဲ့။

– မန်ချက်စတာစီးတီးလူငယ်ကစားသမား ဖီးလ် ဖိုဒန်ဟာ နိုင်ငံအသင်းမှာ အောင်မြင်နေသလို ကလပ်အသင်းမှာလည်း ခြေစွမ်းပြနိုင်ပေမယ့် အသင်းနဲ့အတူ တစ်သားတည်းဖြစ်ပြီး အကျိုးပြုနိုင်မှုမှာတော့ လီဗာပူးလ်လူငယ်ကစားသမား ကားတစ်ဂျုံးစ်က ပိုမိုကောင်းမွန်ကြောင်း အာဆင်နယ်ဂန္ထဝင် အီယန်ရိုက် နှိုင်းယှဉ်သွား။

– လီယွန်နယ် မက်ဆီနဲ့ နည်းပြ ပက်ပ် ဂွါဒီယိုလာတို့ နွေရာသီမှာ ဒုတိယအကြိမ် ပူးပေါင်းနိုင်ဖို့ နီးစပ်နေပြီး လာမယ့်ရာသီမှာ လစာလျှော့ယူဖို့ ဘာစီလိုနာအသင်းဘက်က တောင်းဆိုမှုကြောင့် အစ်တီဟတ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာဖို့ ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအမ်ိဳးသမီးအသင္းကို ဒီႏွစ္မွာ ျပင္သစ္ကလပ္ လီယြန္အသင္းကေန ျပန္လည္ေျပာင္းေ႐ႊ႕လာခဲ့တဲ့ အဂၤလန္ လက္ေ႐ြးစင္ေနာက္ခံလူ လူစီ ဘ႐ြန႔္ဇ္အေနနဲ႔ ကမာၻ႔အေကာင္းဆုံးအမ်ိဳးသမီးကစားသမားဆုကို ဆြတ္ခူးႏိုင္ခဲ့ၿပီး မႏွစ္က ရရွိခဲ့တဲ့ သူ႔နာမည္နဲ႔အတူတူျဖစ္တဲ့ Bronze ေၾကးတံဆိပ္ဆုထက္ အျမင့္ဆုံးဆီ တက္လွမ္းႏိုင္ခဲ့။

– ဂ်ဴဗင္တပ္စ္အသင္းက အလိုရွိေနတယ္လို႔ သတင္းထြက္ေနတဲ့ တိုက္စစ္မႉး ဂါဘရီယယ္လ္ ေဂ်ဆူးစ္ရဲ႕ လက္ရွိေျခစြမ္းကို ပရိသတ္ေတြ စိတ္ကုန္ေနၿပီး အျမန္ဆုံး လာေခၚဖို႔ တူရင္ကလပ္ဆီက ကမ္းလွမ္းမႈကို ေစာင့္ေမွ်ာ္ေနၾကသလို အသင္းတာဝန္ရွိသူေတြကိုလည္း အျမန္ဆုံး ေရာင္းခ်ဖို႔ တိုက္တြန္းေနၾက။

– ဝက္စ္ဘ႐ြန္းနဲ႔ သေရက်ခဲ့တဲ့ပြဲမွာ ၁၄ မိနစ္ ပါဝင္ကစားၿပီး အသင္းရဲ႕ ထရိန္နင္ကေန ႏွစ္ရက္တာ လြဲေခ်ာ္ခဲ့တဲ့ တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုအေနနဲ႔ ေဆာက္သမ္တန္နဲ႔ပြဲကို ပါဝင္ႏိုင္ဖို႔ မေသခ်ာဘဲ ဘယ္ႏွမိနစ္ ကစားခိုင္းရမလဲ မသိဘူးလို႔ ဂြါဒီယိုလာ ညည္းတြား။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ဒီဇင္ဘာပြဲက်ပ္ကာလမွာ လက္ေထာက္အသင္းေခါင္းေဆာင္ ကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားအေနနဲ႔ အလြန္တရာ အေရးပါေနၿပီး အသင္းရဲ႕ ပရီးမီးယားလိဂ္ဆုဖလားကို ျပန္လည္သိမ္းပိုက္ရာလမ္းမွာ အဓိက လမ္းၫႊန္ေပးဖို႔ အားကိုးရမွာ ျဖစ္ေၾကာင္း နည္းျပဆို။

– မန္စီးတီးနဲ႔ အိမ္ကြင္း စိန႔္ေမရီမွာ ကစားရမယ့္ ေဆာက္သမ္တန္အသင္းအေနနဲ႔ ဒဏ္ရာျပႆနာ ကင္းစင္ေနၿပီး ႀကံ့ခိုင္မႈ ျပည့္ဝေနသလို ကစားသမားေ႐ြးခ်ယ္မႈအတြက္ ေခါင္းခဲစရာ မရွိဘဲ အေကာင္းဆုံး ယွဥ္ၿပိဳင္ကစားလာမွာျဖစ္တယ္လို႔ နည္းျပ ရာ့လ္ဖ္ ေဟဆန္ဟြတ္တယ္လ္ ေျပာၾကား။

– အသင္းအတြက္ ဂိုးေတြ ရွာေဖြဖို႔က သူ႔အတြက္ ႀကီးမားတဲ့ စိန္ေခၚမႈတစ္ရပ္ျဖစ္ေနေၾကာင္း ဂြါဒီယိုလာ ေျပာၾကားလိုက္ၿပီး ၿပီးခဲ့တဲ့ သုံးရာသီမွာ ၁၂ ပြဲ ကစားၿပီးခ်ိန္မွာ ဂိုး ၄၀၊ ၃၆ ဂိုးနဲ႔ ၃၅ ဂိုး အသီးသီးသြင္းယူထားႏိုင္ခ်ိန္မွာ ဒီရာသီ ၁၈ ဂိုးဆိုတာကေတာ့ ကြာျခားလြန္းတဲ့ မွတ္တမ္းျဖစ္ေန။

– အယ္လ္ဂ်ီးရီးယားအသင္းကပၸတိန္ ေတာင္ပံကစားသမား ရီယက္ မာရက္ဇ္အေနနဲ႔ ဖီဖာအေကာင္းဆုံးဆုအတြက္ မဲေပးရာမွာ အသင္းေဖာ္ ကီဗင္ ဒီဘ႐ိုင္းနားထက္ လီဗာပူးလ္ကစားသမား ဆာဒီယို မာေနးကိုပဲ အာဖရိကသားခ်င္း ဝံသာႏုလုပ္ရပ္အျဖစ္ ပထမ ေနရာက ေ႐ြးခ်ယ္သြားခဲ့။

– မန္ခ်က္စတာစီးတီးလူငယ္ကစားသမား ဖီးလ္ ဖိုဒန္ဟာ ႏိုင္ငံအသင္းမွာ ေအာင္ျမင္ေနသလို ကလပ္အသင္းမွာလည္း ေျခစြမ္းျပႏိုင္ေပမယ့္ အသင္းနဲ႔အတူ တစ္သားတည္းျဖစ္ၿပီး အက်ိဳးျပဳႏိုင္မႈမွာေတာ့ လီဗာပူးလ္လူငယ္ကစားသမား ကားတစ္ဂ်ဳံးစ္က ပိုမိုေကာင္းမြန္ေၾကာင္း အာဆင္နယ္ဂႏၴဝင္ အီယန္႐ိုက္ ႏႈိင္းယွဥ္သြား။

– လီယြန္နယ္ မက္ဆီနဲ႔ နည္းျပ ပက္ပ္ ဂြါဒီယိုလာတို႔ ေႏြရာသီမွာ ဒုတိယအႀကိမ္ ပူးေပါင္းႏိုင္ဖို႔ နီးစပ္ေနၿပီး လာမယ့္ရာသီမွာ လစာေလွ်ာ့ယူဖို႔ ဘာစီလိုနာအသင္းဘက္က ေတာင္းဆိုမႈေၾကာင့္ အစ္တီဟတ္ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေရာက္လာဖို႔ ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.