Premier League Transfer News

18 Dec ညပိုင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအမျိုးသမီးအသင်းကို ဒီနှစ်မှာ ပြင်သစ်ကလပ် လီယွန်အသင်းကနေ ပြန်လည်ပြောင်းရွှေ့လာခဲ့တဲ့ အင်္ဂလန် လက်ရွေးစင်နောက်ခံလူ လူစီ ဘရွန့်ဇ်အနေနဲ့ ကမ္ဘာ့အကောင်းဆုံးအမျိုးသမီးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မနှစ်က ရရှိခဲ့တဲ့ သူ့နာမည်နဲ့အတူတူဖြစ်တဲ့ Bronze ကြေးတံဆိပ်ဆုထက် အမြင့်ဆုံးဆီ တက်လှမ်းနိုင်ခဲ့။

– ဂျူဗင်တပ်စ်အသင်းက အလိုရှိနေတယ်လို့ သတင်းထွက်နေတဲ့ တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ်ရဲ့ လက်ရှိခြေစွမ်းကို ပရိသတ်တွေ စိတ်ကုန်နေပြီး အမြန်ဆုံး လာခေါ်ဖို့ တူရင်ကလပ်ဆီက ကမ်းလှမ်းမှုကို စောင့်မျှော်နေကြသလို အသင်းတာဝန်ရှိသူတွေကိုလည်း အမြန်ဆုံး ရောင်းချဖို့ တိုက်တွန်းနေကြ။

– ဝက်စ်ဘရွန်းနဲ့ သရေကျခဲ့တဲ့ပွဲမှာ ၁၄ မိနစ် ပါဝင်ကစားပြီး အသင်းရဲ့ ထရိန်နင်ကနေ နှစ်ရက်တာ လွဲချော်ခဲ့တဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုအနေနဲ့ ဆောက်သမ်တန်နဲ့ပွဲကို ပါဝင်နိုင်ဖို့ မသေချာဘဲ ဘယ်နှမိနစ် ကစားခိုင်းရမလဲ မသိဘူးလို့ ဂွါဒီယိုလာ ညည်းတွား။

– မန်ချက်စတာစီးတီးအသင်းရဲ့ ဒီဇင်ဘာပွဲကျပ်ကာလမှာ လက်ထောက်အသင်းခေါင်းဆောင် ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားအနေနဲ့ အလွန်တရာ အရေးပါနေပြီး အသင်းရဲ့ ပရီးမီးယားလိဂ်ဆုဖလားကို ပြန်လည်သိမ်းပိုက်ရာလမ်းမှာ အဓိက လမ်းညွှန်ပေးဖို့ အားကိုးရမှာ ဖြစ်ကြောင်း နည်းပြဆို။

– မန်စီးတီးနဲ့ အိမ်ကွင်း စိန့်မေရီမှာ ကစားရမယ့် ဆောက်သမ်တန်အသင်းအနေနဲ့ ဒဏ်ရာပြဿနာ ကင်းစင်နေပြီး ကြံ့ခိုင်မှု ပြည့်ဝနေသလို ကစားသမားရွေးချယ်မှုအတွက် ခေါင်းခဲစရာ မရှိဘဲ အကောင်းဆုံး ယှဉ်ပြိုင်ကစားလာမှာဖြစ်တယ်လို့ နည်းပြ ရာ့လ်ဖ် ဟေဆန်ဟွတ်တယ်လ် ပြောကြား။

– အသင်းအတွက် ဂိုးတွေ ရှာဖွေဖို့က သူ့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေကြောင်း ဂွါဒီယိုလာ ပြောကြားလိုက်ပြီး ပြီးခဲ့တဲ့ သုံးရာသီမှာ ၁၂ ပွဲ ကစားပြီးချိန်မှာ ဂိုး ၄၀၊ ၃၆ ဂိုးနဲ့ ၃၅ ဂိုး အသီးသီးသွင်းယူထားနိုင်ချိန်မှာ ဒီရာသီ ၁၈ ဂိုးဆိုတာကတော့ ကွာခြားလွန်းတဲ့ မှတ်တမ်းဖြစ်နေ။

– အယ်လ်ဂျီးရီးယားအသင်းကပ္ပတိန် တောင်ပံကစားသမား ရီယက် မာရက်ဇ်အနေနဲ့ ဖီဖာအကောင်းဆုံးဆုအတွက် မဲပေးရာမှာ အသင်းဖော် ကီဗင် ဒီဘရိုင်းနားထက် လီဗာပူးလ်ကစားသမား ဆာဒီယို မာနေးကိုပဲ အာဖရိကသားချင်း ဝံသာနုလုပ်ရပ်အဖြစ် ပထမ နေရာက ရွေးချယ်သွားခဲ့။

– မန်ချက်စတာစီးတီးလူငယ်ကစားသမား ဖီးလ် ဖိုဒန်ဟာ နိုင်ငံအသင်းမှာ အောင်မြင်နေသလို ကလပ်အသင်းမှာလည်း ခြေစွမ်းပြနိုင်ပေမယ့် အသင်းနဲ့အတူ တစ်သားတည်းဖြစ်ပြီး အကျိုးပြုနိုင်မှုမှာတော့ လီဗာပူးလ်လူငယ်ကစားသမား ကားတစ်ဂျုံးစ်က ပိုမိုကောင်းမွန်ကြောင်း အာဆင်နယ်ဂန္ထဝင် အီယန်ရိုက် နှိုင်းယှဉ်သွား။

– လီယွန်နယ် မက်ဆီနဲ့ နည်းပြ ပက်ပ် ဂွါဒီယိုလာတို့ နွေရာသီမှာ ဒုတိယအကြိမ် ပူးပေါင်းနိုင်ဖို့ နီးစပ်နေပြီး လာမယ့်ရာသီမှာ လစာလျှော့ယူဖို့ ဘာစီလိုနာအသင်းဘက်က တောင်းဆိုမှုကြောင့် အစ်တီဟတ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာဖို့ ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.