Premier League Transfer News

17 Dec ညချမ်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– အာလင်း ဟားလန်းကို ရောင်းချဖြစ်မယ်ဆိုရင် လီဗာပူးလ်အသင်းမှာ နေရာပျောက်ဆုံးနေခဲ့တဲ့ ဘယ်လ်ဂျီယမ်တိုက်စစ်မှူး ဒီဗော့ခ် အိုရီဂီကို ဒေါ့မွန်အသင်းအနေနဲ့ ခေါ်ယူပြီး အစားထိုးသွားဖို့ ဂျာမန်ဂန္ထဝင် ကွင်းလယ်လူဟောင်း စတီဖင် အက်ဖင်ဘတ် တိုက်တွန်း။

– စပါးစ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ကွင်းလယ်ဘယ်ခြမ်းတစ်လျှောက် မာနေး၊ ရောဘတ်ဆန်တို့နဲ့ ချိတ်ဆက်ပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ လူငယ်ကွင်းလယ်လူ ကားတစ်ဂျုံးစ်ဟာ ဇီဒန်း၊ ပေါလ်စခိုးလ်နဲ့ ကော်တင်ညိုတို့ရဲ့ လုပ်အားနှုန်းနဲ့ ပေါက်ကွဲအားအတိုင်း ကစားနိုင်ခဲ့တယ်လို့ ပရိသတ်တွေနဲ့ စောင့်ကြည့်လေ့လာသူတွေ သုံးသပ်။

– စပါးစ်အသင်းကို အဖွင့်ဂိုးသွင်းယူပြီး ဒီရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၁၁ ဂိုးနဲ့အတူ ဆွန်ဟောင်မင်နဲ့ အပြိုင်ဖြစ်နေခဲ့တဲ့ တိုက်စစ်မှူး မိုဟာမက် ဆာလားဟာ ဒီပြိုင်ဘက်နဲ့ဆိုရင် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး ၇ ကြိမ်တွေ့ဆုံရာမှာ ၅ ဂိုးသွင်း၊ ၁ ဂိုး ဖန်တီးပေးထားခဲ့။

– လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ် နှစ်သက်သဘောကျနေတဲ့ ပစ်မှတ်တစ်ခုဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ဘီအသင်းရဲ့ တောင်ပံကစားသမား အိန်ဂျလို စတီးလားဟာ အသင်းဘက်က ကမ်းလှမ်းတဲ့ စာချုပ်သစ်ကို ပယ်ချလိုက်တယ်လို့ သိရပြီး နွေရာသီမှာ အန်းဖီးလ်ကို ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းလာခဲ့။

– လိဒ်စ်ယူနိုက်တက်အသင်းရဲ့ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ကယ်လ်ဗင် ဖိလစ်က အက်စတန်ဗီလာ အသင်းခေါင်းဆောင် ဂျက်ခ် ဂရီးလစ်ရှ်ရဲ့ စွမ်းဆောင်ရည်ကို ကောင်းကောင်းသိနားလည်ထားပြီး သူ့ရဲ့ ကစားပုံဟာ လီဗာပူးလ်အသင်းနဲ့ပဲ အသင့်တော်ဆုံးဖြစ်လိမ့်မယ်လို့ သုံးသပ်ပြောကြားသွားခဲ့။

– ရောဘတ်တို ဖာမီနိုရဲ့ မိနစ် ၉၀ သွင်းဂိုးဟာ ခွင့်မပြုသင့်ဘူးလို့ ဘီအင်စပို့စ်ရဲ့ တင်ဆက်သူ စကိုင်းပို့စ်ဝန်ထမ်းဟောင်း ရစ်ချတ်ကီးစ်က ကန့်ကွက်လိုက်ပြီး ဒီဂိုးမသွင်းခင် ဟန်ဒါဆန်ဟာ အဲရစ် ဒိုင်ယာကို ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ ဂိုးသွင်းတဲ့ နေရာနဲ့ အတော်ဝေးဝေးက ဘာမှ မဆိုင်တဲ့ ဧရိယာအစပ်က ဖြစ်ရပ်ကို ရယ်ရွှင်ဖွယ် ဝေဖန်သွားခဲ့။

– အသင်းခေါင်းဆောင်ဟောင်း စတီဗင် ဂျရတ်ရဲ့ နံပါတ်တစ်ခုဖြစ်တဲ့ ကျောနံပါတ် ၁၇ ကို ဝတ်ဆင်ပြီး ကွင်းလယ်မှာ တစ်စထက်တစ်စ ခြေစွမ်းပြလာတဲ့ လူငယ်ကွင်းလယ်လူ ကားတစ်ဂျုံးစ်ဟာ နာဘီ ကီတာနဲ့ အဲလက်စ် ချိမ်ဘာလိန်တို့ ပြန်ကစားခွင့်မရအောင် ခြိမ်းခြောက်နေပြီလို့ လီဗာပူးလ်ပရိသတ်အခြေပြု ဝက်ဘ်ဆိုက်တစ်ခု သုံးသပ်။

– စပါးစ်နည်းပြ ဂျိုဆေး မော်ရင်ညိုက ပွဲအပြီးမှာ သူ့အနေနဲ့ လီဗာပူးလနည်းပြ ယာဂန် ကလော့ပ်ကို စကားပြောဖြစ်ခဲ့ပြီး ပိုကောင်းတဲ့အသင်းက ရှုံးနိမ့်ခဲ့တာလို့ ပြောတာကို ဂျာမန်သားက လက်မခံချင်ခဲ့ကြောင်းနဲ့ တကယ်လို့သာ သူ့အနေနဲ့ ကွင်းဘေးစည်းကနေ ကလော့ပ်လိုမျိုး ပြုမူနေခဲ့ရင် ဒိုင်က ကွင်းထဲမှာ ဆက်ထားမှာ မဟုတ်ဘူးလို့ လှောင်ပြောင်သွားခဲ့။

– နိုင်ပွဲတွေနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့အတွက် ဖူလ်ဟမ်နဲ့ပွဲကလိုမျိုး လုပ်လို့ မရဘဲ၊ ဒီနေ့ စပါးစ်နဲ့ပွဲက နောက်ကျဂိုး သွင်းယူနိုင်တဲ့ အားထုတ်မှုမျိုးတွေနဲ့ နိုင်ပွဲတွေ ရယူနိုင်ဖို့ ရှေ့ဆက်တည်ဆောက်သွားရမှာဖြစ်ကြောင်း နောက်ခံလူ အန်ဒီ ရောဘတ်ဆန် ပြောကြား။

– ကစားသမားသစ် ဒီယိုဂို ဂျိုတာရဲ့ ခြေစွမ်းပြ ဂိုးတွေ သွင်းယူနေမှုကြောင့် အမေ့ခံလို ဖြစ်နေခဲ့ပေမယ့် စပါးစ်နဲ့ပွဲမှာ ကြိုးစားကစားပြီး တစ်ဖက်နောက်တန်းကို ဖိအားပေးခဲ့တဲ့ ကစားပုံက အထင်ကြီးစရာဖြစ်ခဲ့သလို အနိုင်ဂိုးကို နောက်ဆုံးအချိန်မှာ သွင်းယူပေးခဲ့ပြီး အရေးပါခဲ့တဲ့ ရောဘတ်တို ဖာမီနိုရဲ့ ခြေစွမ်းကို ကွင်းလယ်လူဟောင်း ဒန်နီ မာဖီက ချီးကျူးသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာလင္း ဟားလန္းကို ေရာင္းခ်ျဖစ္မယ္ဆုိရင္ လီဗာပူးလ္အသင္းမွာ ေနရာေပ်ာက္ဆုံးေနခဲ့တဲ့ ဘယ္လ္ဂ်ီယမ္တုိက္စစ္မွဴး ဒီေဗာ့ခ္ အိုရီဂီကို ေဒါ့မြန္အသင္းအေနနဲ႔ ေခၚယူၿပီး အစားထိုးသြားဖို႔ ဂ်ာမန္ဂႏၴဝင္ ကြင္းလယ္လူေဟာင္း စတီဖင္ အက္ဖင္ဘတ္ တုိက္တြန္း။

– စပါးစ္အသင္းကို အႏုိင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ကြင္းလယ္ဘယ္ျခမ္းတစ္ေလွ်ာက္ မာေနး၊ ေရာဘတ္ဆန္တုိ႔နဲ႔ ခ်ိတ္ဆက္ၿပီး ေျခစြမ္းျပႏုိင္ခဲ့တဲ့ လူငယ္ကြင္းလယ္လူ ကားတစ္ဂ်ဳံးစ္ဟာ ဇီဒန္း၊ ေပါလ္စခုိးလ္နဲ႔ ေကာ္တင္ညဳိတုိ႔ရဲ႕ လုပ္အားႏွဳန္းနဲ႔ ေပါက္ကြဲအားအတုိင္း ကစားႏုိင္ခဲ့တယ္လို႔ ပရိသတ္ေတြနဲ႔ ေစာင့္ၾကည့္ေလ့လာသူေတြ သုံးသပ္။

– စပါးစ္အသင္းကို အဖြင့္ဂိုးသြင္းယူၿပီး ဒီရာသီ ပရီးမီးယားလိဂ္သြင္းဂိုး ၁၁ ဂိုးနဲ႔အတူ ဆြန္ေဟာင္မင္နဲ႔ အၿပဳိင္ျဖစ္ေနခဲ့တဲ့ တုိက္စစ္မွဴး မိုဟာမက္ ဆာလားဟာ ဒီၿပဳိင္ဘက္နဲ႔ဆုိရင္ အေကာင္းဆုံးေျခစြမ္းျပႏုိင္ခဲ့ၿပီး ၇ ႀကိမ္ေတြ႕ဆုံရာမွာ ၅ ဂိုးသြင္း၊ ၁ ဂိုး ဖန္တီးေပးထားခဲ့။

– လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ ႏွစ္သက္သေဘာက်ေနတဲ့ ပစ္မွတ္တစ္ခုျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္ဘီအသင္းရဲ႕ ေတာင္ပံကစားသမား အိန္ဂ်လို စတီးလားဟာ အသင္းဘက္က ကမ္းလွမ္းတဲ့ စာခ်ဳပ္သစ္ကို ပယ္ခ်လိုက္တယ္လို႔ သိရၿပီး ေႏြရာသီမွာ အန္းဖီးလ္ကို ေခၚယူႏုိင္ဖို႔ အေျခအေနေကာင္းလာခဲ့။

– လိဒ္စ္ယူႏုိက္တက္အသင္းရဲ႕ အဂၤလန္လက္ေရြးစင္ကြင္းလယ္လူ ကယ္လ္ဗင္ ဖိလစ္က အက္စတန္ဗီလာ အသင္းေခါင္းေဆာင္ ဂ်က္ခ္ ဂရီးလစ္ရွ္ရဲ႕ စြမ္းေဆာင္ရည္ကို ေကာင္းေကာင္းသိနားလည္ထားၿပီး သူ႕ရဲ႕ ကစားပုံဟာ လီဗာပူးလ္အသင္းနဲ႔ပဲ အသင့္ေတာ္ဆုံးျဖစ္လိမ့္မယ္လို႔ သုံးသပ္ေျပာၾကားသြားခဲ့။

– ေရာဘတ္တို ဖာမီႏိုရဲ႕ မိနစ္ ၉၀ သြင္းဂိုးဟာ ခြင့္မျပဳသင့္ဘူးလို႔ ဘီအင္စပုိ႔စ္ရဲ႕ တင္ဆက္သူ စကိုင္းပုိ႔စ္ဝန္ထမ္းေဟာင္း ရစ္ခ်တ္ကီးစ္က ကန္႔ကြက္လိုက္ၿပီး ဒီဂိုးမသြင္းခင္ ဟန္ဒါဆန္ဟာ အဲရစ္ ဒိုင္ယာကို ျပစ္ဒဏ္က်ဴးလြန္ခဲ့တယ္လို႔ ဂိုးသြင္းတဲ့ ေနရာနဲ႔ အေတာ္ေဝးေဝးက ဘာမွ မဆုိင္တဲ့ ဧရိယာအစပ္က ျဖစ္ရပ္ကို ရယ္ရႊင္ဖြယ္ ေဝဖန္သြားခဲ့။

– အသင္းေခါင္းေဆာင္ေဟာင္း စတီဗင္ ဂ်ရတ္ရဲ႕ နံပါတ္တစ္ခုျဖစ္တဲ့ ေက်ာနံပါတ္ ၁၇ ကို ဝတ္ဆင္ၿပီး ကြင္းလယ္မွာ တစ္စထက္တစ္စ ေျခစြမ္းျပလာတဲ့ လူငယ္ကြင္းလယ္လူ ကားတစ္ဂ်ဳံးစ္ဟာ နာဘီ ကီတာနဲ႔ အဲလက္စ္ ခ်ိမ္ဘာလိန္တုိ႔ ျပန္ကစားခြင့္မရေအာင္ ၿခိမ္းေျခာက္ေနၿပီလို႔ လီဗာပူးလ္ပရိသတ္အေျချပဳ ဝက္ဘ္ဆိုက္တစ္ခု သုံးသပ္။

– စပါးစ္နည္းျပ ဂ်ဳိေဆး ေမာ္ရင္ညဳိက ပြဲအၿပီးမွာ သူ႕အေနနဲ႕ လီဗာပူးလနည္းျပ ယာဂန္ ကေလာ့ပ္ကို စကားေျပာျဖစ္ခဲ့ၿပီး ပုိေကာင္းတဲ့အသင္းက ရွဳံးနိမ့္ခဲ့တာလို႔ ေျပာတာကို ဂ်ာမန္သားက လက္မခံခ်င္ခဲ့ေၾကာင္းနဲ႔ တကယ္လို႔သာ သူ႕အေနနဲ႔ ကြင္းေဘးစည္းကေန ကေလာ့ပ္လိုမ်ဳိး ျပဳမူေနခဲ့ရင္ ဒိုင္က ကြင္းထဲမွာ ဆက္ထားမွာ မဟုတ္ဘူးလို႔ ေလွာင္ေျပာင္သြားခဲ့။

– ႏုိင္ပြဲေတြနဲ႔အတူ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ကာကြယ္ႏုိင္ဖို႔အတြက္ ဖူလ္ဟမ္နဲ႔ပြဲကလိုမ်ဳိး လုပ္လို႔ မရဘဲ၊ ဒီေန႔ စပါးစ္နဲ႔ပြဲက ေနာက္က်ဂိုး သြင္းယူႏုိင္တဲ့ အားထုတ္မွဳမ်ဳိးေတြနဲ႔ ႏိုင္ပြဲေတြ ရယူႏုိင္ဖို႔ ေရွ႕ဆက္တည္ေဆာက္သြားရမွာျဖစ္ေၾကာင္း ေနာက္ခံလူ အန္ဒီ ေရာဘတ္ဆန္ ေျပာၾကား။

– ကစားသမားသစ္ ဒီယိုဂို ဂ်ဳိတာရဲ႕ ေျခစြမ္းျပ ဂိုးေတြ သြင္းယူေနမွဳေၾကာင့္ အေမ့ခံလို ျဖစ္ေနခဲ့ေပမယ့္ စပါးစ္နဲ႔ပြဲမွာ ႀကဳိးစားကစားၿပီး တစ္ဖက္ေနာက္တန္းကို ဖိအားေပးခဲ့တဲ့ ကစားပုံက အထင္ႀကီးစရာျဖစ္ခဲ့သလို အႏုိင္ဂိုးကို ေနာက္ဆုံးအခ်ိန္မွာ သြင္းယူေပးခဲ့ၿပီး အေရးပါခဲ့တဲ့ ေရာဘတ္တို ဖာမီႏိုရဲ႕ ေျခစြမ္းကို ကြင္းလယ္လူေဟာင္း ဒန္နီ မာဖီက ခ်ီးက်ဴးသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.