Premier League Transfer News

17 Dec ညနေခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

မန်ချက်စတာယူနိုက်တက်နည်းပြ အိုလေဂန်နာ ဆိုးလ်ရှားက ဘရန်ဒန်ဝီလီယံကို အငှားနဲ့ ခေါ်ယူဖို့ ကလပ်အသင်းတွေက စဉ်းစားကြမယ်ဆိုရင် အံ့အားသင့်မိမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး ယူနိုက်တက်အကယ်ဒမီထွက် နောက်ခံကစားသမားဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမတိုင်မီ ဆောက်သမ်တန်အသင်းဆီကနေ စိတ်ဝင်စားမှုကို ရရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့သူဖြစ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အရေးကြီးတဲ့အချိန်ဖြစ်တဲ့ ဒီဇင်ဘာပွဲကြပ်ကာလ ၁၅ ရက်အတွင်း ကစားရမယ့် ၆ ပွဲရဲ့ ပထမဆုံးပွဲစဉ်ဖြစ်တဲ့ ရှက်ဖီးယူနိုက်တက်နဲ့ပွဲစဉ်မတိုင်မီ နည်းပြဆိုးလ်ရှားက ကစားသမားတွေကို ဆုဖလားအတွက် စိန်ခေါ်နိုင်စွမ်းရှိတယ်ဆိုတာကို ပြသဖို့ တောင်းဆိုခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာနဲ့ ၂ ပွဲလျော့ ၈ မှတ်အကွာမှာ ရပ်တည်နေတဲ့အတွက် ခရစ်စမတ်ကာလဟာ ၎င်းရဲ့အသင်းအနေနဲ့ ဆုဖလားကို ရယူနိုင်စွမ်းရှိ၊မရှိ အဆုံးအဖြတ်ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေ။

ဇန်နဝါရီမှာ အာမက် ဒီရယ်လို အသင်းကို ရောက်ရှိလာခဲ့ရင် ပထမအသင်းလူစာရင်းနဲ့ တန်းပြီး ပူးပေါင်းရမလားဆိုတာကို မန်ချက်စတာယူနိုက်တက်အသင်းက ဆုံးဖြတ်ရခြင်းမရှိသေးဘဲ အောက်တိုဘာလက အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ပြောင်းရွှေ့ကြေး ပေါင် ၃၇ သန်းအထိ မြင့်တက်ခဲ့တဲ့ အိုင်ဗရီကို့စ်နွယ်ဖွား အတ္တလန္တာတောင်ပံကစားသမားဟာ အလုပ်လုပ်ခွင့်ပါမစ် အပြီးသတ်ရရှိပြီဆိုတာနဲ့ နှစ်သစ်မှာ အင်္ဂလန်ကို ပြောင်းရွှေ့လာနိုင်။

အဲလက်စ် တဲလက်စ်ဟာ ပေါ်တူဂီမှာကစားခဲ့စဉ်တုန်းက ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ချိန်မှာ ဘရူနို ဖာနန်ဒက်စ်နဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပြီးနောက် လက်ရှိမှာတော့ ပေါ်တူဂီကြယ်ပွင့်ကို အသင်းဖော်အဖြစ်နဲ့ အားထားလို့ရနိုင်ပြီဖြစ်တာကြောင့် စိတ်သက်သာရာရမိတယ်လို့ ပြောကြားခဲ့။

မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက ခံစစ်နဲ့ တိုက်စစ်ကြားမှာ ဟန်ချက်ညီမှုမရှိဘူးလို့ ဝေဖန်ခဲ့တဲ့ ပေါလ်စခိုးနဲ့ လိုက်ပ်ဇစ်ကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ခံစစ် ၃ ဦးကစားကွက်သုံးဖို့ ဆုံးဖြတ်ခဲ့တာကို ဝေဖန်ခဲ့တဲ့ ရီယိုဖာဒီနန်တို့ကို ဖွဲ့စည်းပုံမှာ ဘာမှ အပြောင်းအလဲမရှိခဲ့ဘဲ အသင်းရဲ့ပုံစံက ပုံမှန်အတိုင်းပဲလို့ ပြန်လည်တုံ့ပြန်ခဲ့။

ယူနိုက်တက်ဝါရင့်တိုက်စစ်မှူး ကာဗာနီဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့ပြီးနောက် လိုက်ပ်ဇစ်နဲ့ပွဲစဉ်ကို လွဲချော်ခဲ့ပြီး ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ယနေ့ညနေပွဲစဉ်ကိုလည်း ပါဝင်ကစားပေးဖို့ မသေချာဘူးလို့ နည်းပြဆိုးလ်ရှားက ပြောကြားခဲ့။

မားကို့စ် ရိုဟိုဟာ ယူနိုက်တက်အတွက် တစ်နှစ်ကျော်ပါဝင်ကစားပေးခဲ့ခြင်းမရှိပေမယ့်လည်း နောက်ထပ်ဒဏ်ရာရရှိခဲ့ပြီး ပြီးခဲ့တဲ့ရာသီ အက်စ်တူဒီယန်တက်စ်အသင်းကို အငှားနဲ့ သွားရောက်ကစားခဲ့ရာမှာ ၁ ပွဲသာပါဝင်ကစားပေးနိုင်ခဲ့တဲ့ အာဂျင်တီးနားနောက်ခံကစားသမားဟာ ဇန်နဝါရီမတိုင်ခင်အထိ ကြံ့ခိုင်မှုပြန်လည်ရရှိဦးမှာမဟုတ်သေး။

မန်ချက်စတာယူနိုက်တက်အသင်ဟာ နည်းပြဆိုးလ်ရှားရဲ့လမ်းညွှန်မှုအောက်မှာ လူစာရင်းထဲက လေးနေရာကို ဆက်လက်သွေးသစ်လောင်းဖို့ စီစဉ်နေပြီး တောင်ပံ၊ ဗဟိုခံစစ်၊ ညာနောက်ခံနဲ့ ကွင်းလယ်ခံစစ်နေရာတွေကို အားဖြည့်သွားမယ်လို့ MEN Sport က ဖော်ပြခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္နည္းျပ အိုေလဂန္နာဆိုးလ္ရွားက ဘရန္ဒန္ဝီလီယံကို အငွားနဲ႔ ေခၚယူဖို႔ ကလပ္အသင္းေတြက စဥ္းစားၾကမယ္ဆိုရင္ အံ့အားသင့္မိမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ၿပီး ယူႏိုက္တက္အကယ္ဒမီထြက္ ေနာက္ခံကစားသမားဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမတိုင္မီ ေဆာက္သမ္တန္အသင္းဆီကေန စိတ္ဝင္စားမႈကို ရရွိေနတယ္လို႔ သတင္းေတြထြက္ေပၚေနခဲ့သူျဖစ္။

ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ အေရးႀကီးတဲ့အခ်ိန္ျဖစ္တဲ့ ဒီဇင္ဘာပြဲၾကပ္ကာလ ၁၅ ရက္အတြင္း ကစားရမယ့္ ၆ ပြဲရဲ႕ ပထမဆုံးပြဲစဥ္ျဖစ္တဲ့ ရွက္ဖီးယူႏိုက္တက္နဲ႔ပြဲစဥ္မတိုင္မီ နည္းျပဆိုးလ္ရွားက ကစားသမားေတြကို ဆုဖလားအတြက္ စိန္ေခၚႏိုင္စြမ္းရွိတယ္ဆိုတာကို ျပသဖို႔ ေတာင္းဆိုခဲ့ၿပီး အမွတ္ေပးဇယားထိပ္ဆုံးေနရာနဲ႔ ၂ ပြဲေလ်ာ့ ၈ မွတ္အကြာမွာ ရပ္တည္ေနတဲ့အတြက္ ခရစ္စမတ္ကာလဟာ ၎ရဲ႕အသင္းအေနနဲ႔ ဆုဖလားကို ရယူႏိုင္စြမ္းရွိ၊မရွိ အဆုံးအျဖတ္ျဖစ္လာလိမ့္မယ္လို႔ ယုံၾကည္ေန။

ဇန္နဝါရီမွာ အာမက္ ဒီရယ္လို အသင္းကို ေရာက္ရွိလာခဲ့ရင္ ပထမအသင္းလူစာရင္းနဲ႔ တန္းၿပီး ပူးေပါင္းရမလားဆိုတာကို မန္ခ်က္စတာယူႏိုက္တက္အသင္းက ဆုံးျဖတ္ရျခင္းမရွိေသးဘဲ ေအာက္တိုဘာလက အေျပာင္းအေ႐ႊ႕ေနာက္ဆုံးေန႔မွာ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၃၇ သန္းအထိ ျမင့္တက္ခဲ့တဲ့ အိုင္ဗရီကို႔စ္ႏြယ္ဖြား အတၱလႏၲာေတာင္ပံကစားသမားဟာ အလုပ္လုပ္ခြင့္ပါမစ္ အၿပီးသတ္ရရွိၿပီဆိုတာနဲ႔ ႏွစ္သစ္မွာ အဂၤလန္ကို ေျပာင္းေ႐ႊ႕လာႏိုင္။

အဲလက္စ္ တဲလက္စ္ဟာ ေပၚတူဂီမွာကစားခဲ့စဥ္တုန္းက ၿပိဳင္ဘက္အျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့ခ်ိန္မွာ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ပတ္သက္ၿပီး စိတ္အေႏွာင့္အယွက္ျဖစ္ခဲ့တယ္လို႔ ဝန္ခံေျပာၾကားခဲ့ၿပီးေနာက္ လက္ရွိမွာေတာ့ ေပၚတူဂီၾကယ္ပြင့္ကို အသင္းေဖာ္အျဖစ္နဲ႔ အားထားလို႔ရႏိုင္ၿပီျဖစ္တာေၾကာင့္ စိတ္သက္သာရာရမိတယ္လို႔ ေျပာၾကားခဲ့။

မန္ခ်က္စတာယူႏိုက္တက္နည္းျပဆိုးလ္ရွားက ခံစစ္နဲ႔ တိုက္စစ္ၾကားမွာ ဟန္ခ်က္ညီမႈမရွိဘူးလို႔ ေဝဖန္ခဲ့တဲ့ ေပါလ္စခိုးနဲ႔ လိုက္ပ္ဇစ္ကို ၃-၂ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ ခံစစ္ ၃ ဦးကစားကြက္သုံးဖို႔ ဆုံးျဖတ္ခဲ့တာကို ေဝဖန္ခဲ့တဲ့ ရီယိုဖာဒီနန္တို႔ကို ဖြဲ႕စည္းပုံမွာ ဘာမွ အေျပာင္းအလဲမရွိခဲ့ဘဲ အသင္းရဲ႕ပုံစံက ပုံမွန္အတိုင္းပဲလို႔ ျပန္လည္တုံ႔ျပန္ခဲ့။

ယူႏိုက္တက္ဝါရင့္တိုက္စစ္မႉး ကာဗာနီဟာ ဝက္စ္ဟမ္းနဲ႔ပြဲမွာ ဒဏ္ရာရရွိခဲ့ၿပီးေနာက္ လိုက္ပ္ဇစ္နဲ႔ပြဲစဥ္ကို လြဲေခ်ာ္ခဲ့ၿပီး ရွက္ဖီးယူႏိုက္တက္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ယေန႔ညေနပြဲစဥ္ကိုလည္း ပါဝင္ကစားေပးဖို႔ မေသခ်ာဘူးလို႔ နည္းျပဆိုးလ္ရွားက ေျပာၾကားခဲ့။

မားကို႔စ္ ႐ိုဟိုဟာ ယူႏိုက္တက္အတြက္ တစ္ႏွစ္ေက်ာ္ပါဝင္ကစားေပးခဲ့ျခင္းမရွိေပမယ့္လည္း ေနာက္ထပ္ဒဏ္ရာရရွိခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီ အက္စ္တူဒီယန္တက္စ္အသင္းကို အငွားနဲ႔ သြားေရာက္ကစားခဲ့ရာမွာ ၁ ပြဲသာပါဝင္ကစားေပးႏိုင္ခဲ့တဲ့ အာဂ်င္တီးနားေနာက္ခံကစားသမားဟာ ဇန္နဝါရီမတိုင္ခင္အထိ ႀကံ့ခိုင္မႈျပန္လည္ရရွိဦးမွာမဟုတ္ေသး။

မန္ခ်က္စတာယူႏိုက္တက္အသင္ဟာ နည္းျပဆိုးလ္ရွားရဲ႕လမ္းၫႊန္မႈေအာက္မွာ လူစာရင္းထဲက ေလးေနရာကို ဆက္လက္ေသြးသစ္ေလာင္းဖို႔ စီစဥ္ေနၿပီး ေတာင္ပံ၊ ဗဟိုခံစစ္၊ ညာေနာက္ခံနဲ႔ ကြင္းလယ္ခံစစ္ေနရာေတြကို အားျဖည့္သြားမယ္လို႔ MEN Sport က ေဖာ္ျပခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.