Premier League Transfer News

15 Dec ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်နဲ့ ဒီနေ့ညမှာ ရင်ဆိုင်မယ့် တော့တင်ဟမ်ဟော့စပါးစ်အသင်းရဲ့ တောင်ပံကစားသမား ဂါရက်ဘေးလ်အနေနဲ့ အသင်းဖော်တွေနဲ့ ကွင်းထဲမှာ ပူးပေါင်းလေ့ကျင့်တာမျိုး မလုပ်နိုင်ဘဲ အားကစားရုံတွင်းသာ လေ့ကျင့်နေခဲ့ပြီး အန်းဖီးလ်ပွဲစဉ်ကို လွဲချော်နိုင်။

– အက်သလက်တီကို မက်ဒရစ်အသင်းကွင်းလယ်လူ မားကို့စ် ယော်ရန်တေးအတွက် လီဗာပူးလ်အသင်းဘက်က ဆက်သွယ်စုံစမ်းလာခဲ့တယ်ဆိုတာ မှန်ကန်ကြောင်း အေးဂျင့်ဖြစ်သူက အတည်ပြုသွားခဲ့ပြီး အန်းဖီးလ်မှာ နှစ်ဂိုးသွင်းခဲ့တဲ့ နိုင်ပွဲအပြီး သူမွေးထားတဲ့ ခွေးကို အန်းဖီးလ်လို့ အမည်ပေးခဲ့တဲ့ ကိစ္စအတွက်တော့ အဆင်မပြေမှုတွေ ကြုံတွေ့လာရနိုင်။

– လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ်အသင်းတွေအနေနဲ့ ဒီအချိန်မှာ ကစားသမားအားဖြည့်မှုအတွက် ပြင်သစ်လီဂူးဝမ်းကို ပစ်မှတ်ထားပြီး လိုချင်တဲ့သူတွေကို ခေါ်ယူနိုင်ဖို့ လုပ်ဆောင်သင့်ကြောင်း ကျွမ်းကျင်သူတွေ အကြံပေးလိုက်ပြီး ပြင်သစ်တွေအနေနဲ့ ပြိုင်ပွဲတစ်ခုလုံးမှာ ပေါင်သန်း ၉၀၀ ကျော် အကြွေးတင်နေတယ်လို့ဆို။

– လီဗာပူးလ်အသင်းရဲ့ တွစ်တာအကောင့်ကနေ တင်ခဲ့တဲ့ ဒီလိုနေ့မျိုးမှာ တောင်ပံကစားသမား ချာဒန် ရှာကျီရီရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ မန်ချက်စတာယူနိုက်တက်တကို အနိုင်ရရှိခဲ့တယ်ဆိုတဲ့ ဗီဒီယိုကို တွေ့မြင်ခဲ့ကြပြီးမှာ ပရိသတ်တွေက ဆွစ်ဇာလန်သားကို အမြန်ဆုံးပြန်ကစားဖို့နဲ့ ခြေစွမ်းပြပေးဖို့ တောင်းဆိုမှုတွေ ပြုလုပ်နေ။

– တောင်ပံကစားသမားတွေဖြစ်ကြတဲ့ ဒီယိုဂို ဂျိုတာနဲ့ ချာဒန် ရှာကျီရီတို့တွေ အသင်းအတွက် ပြန်ကစားပေးနိုင်ဖို့ ကြာမြင့်ဦးမယ်ဆိုရင် ကာဒစ်ဖ်စီးတီးအသင်းမှာ အငှားချထားခဲ့တဲ့ ဝေးလ်စ်တောင်ပံကစားသမား ဟာရီ ဝီလ်ဆန်ကို ဇန်နဝါရီမှာ ပြန်ခေါ်ပြီး အစားထိုးဖို့ ပရိသတ်တွေ တိုက်တွန်း။

– ခိုင်လုံတဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းအတွင်းလူတစ်ဦးက ထုတ်ဖော်ခဲ့တဲ့ သတင်းအရဆိုရင်တော့ လီဗာပူးလ်အသင်းအနေနဲ့ ဟမ်းမားတွေရဲ့ ပြင်သစ်နောက်ခံလူ အစ်ဆာ ဂျော့ပ်ကို ခေါ်ယူဖို့ ဆက်သွယ်စုံစမ်းထားခဲ့ပြီး ဒေးဗစ် မွိုက်စ်ရဲ့ ဦးစားပေးမဟုတ်တော့တဲ့ ၂၃ နှစ်သားအနေနဲ့ ရောင်းချခံရဖွယ်ရှိနေ။

– RB လိုက်ပ်ဇစ်နောက်ခံလူ ဒါယို အူပါမီကာနိုရဲ့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားလိုတဲ့ ဆန္ဒကို ဂျာမန်အသင်းနဲ့ နည်းပြ ဂျူလီယန် နာဂဲလ်စ်မန်းတို့အနေနဲ့ တားဆီးနိုင်ဖွယ်မရှိဘဲ နောက်အကျဆုံးအနေနဲ့ နွေရာသီအပြောင်းအရွှေ့မှာ အသင်းက ထွက်ခွာမယ်ဆိုတာကြောင့် လီဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့အတွက် တပ်လှန့်သတိပေးသံဖြစ်လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္နဲ႔ ဒီေန႔ညမွာ ရင္ဆိုင္မယ့္ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းရဲ႕ ေတာင္ပံကစားသမား ဂါရက္ေဘးလ္အေနနဲ႔ အသင္းေဖာ္ေတြနဲ႔ ကြင္းထဲမွာ ပူးေပါင္းေလ့က်င့္တာမ်ိဳး မလုပ္ႏိုင္ဘဲ အားကစား႐ုံတြင္းသာ ေလ့က်င့္ေနခဲ့ၿပီး အန္းဖီးလ္ပြဲစဥ္ကို လြဲေခ်ာ္ႏိုင္။

– အက္သလက္တီကို မက္ဒရစ္အသင္းကြင္းလယ္လူ မားကို႔စ္ ေယာ္ရန္ေတးအတြက္ လီဗာပူးလ္အသင္းဘက္က ဆက္သြယ္စုံစမ္းလာခဲ့တယ္ဆိုတာ မွန္ကန္ေၾကာင္း ေအးဂ်င့္ျဖစ္သူက အတည္ျပဳသြားခဲ့ၿပီး အန္းဖီးလ္မွာ ႏွစ္ဂိုးသြင္းခဲ့တဲ့ ႏိုင္ပြဲအၿပီး သူေမြးထားတဲ့ ေခြးကို အန္းဖီးလ္လို႔ အမည္ေပးခဲ့တဲ့ ကိစၥအတြက္ေတာ့ အဆင္မေျပမႈေတြ ႀကဳံေတြ႕လာရႏိုင္။

– လီဗာပူးလ္အသင္းနဲ႔ ပရီးမီးယားလိဂ္အသင္းေတြအေနနဲ႔ ဒီအခ်ိန္မွာ ကစားသမားအားျဖည့္မႈအတြက္ ျပင္သစ္လီဂူးဝမ္းကို ပစ္မွတ္ထားၿပီး လိုခ်င္တဲ့သူေတြကို ေခၚယူႏိုင္ဖို႔ လုပ္ေဆာင္သင့္ေၾကာင္း ကြၽမ္းက်င္သူေတြ အႀကံေပးလိုက္ၿပီး ျပင္သစ္ေတြအေနနဲ႔ ၿပိဳင္ပြဲတစ္ခုလုံးမွာ ေပါင္သန္း ၉၀၀ ေက်ာ္ အေႂကြးတင္ေနတယ္လို႔ဆို။

– လီဗာပူးလ္အသင္းရဲ႕ တြစ္တာအေကာင့္ကေန တင္ခဲ့တဲ့ ဒီလိုေန႔မ်ိဳးမွာ ေတာင္ပံကစားသမား ခ်ာဒန္ ရွာက်ီရီရဲ႕ သြင္းဂိုးႏွစ္ဂိုးနဲ႔ မန္ခ်က္စတာယူႏိုက္တက္တကို အႏိုင္ရရွိခဲ့တယ္ဆိုတဲ့ ဗီဒီယိုကို ေတြ႕ျမင္ခဲ့ၾကၿပီးမွာ ပရိသတ္ေတြက ဆြစ္ဇာလန္သားကို အျမန္ဆုံးျပန္ကစားဖို႔နဲ႔ ေျခစြမ္းျပေပးဖို႔ ေတာင္းဆိုမႈေတြ ျပဳလုပ္ေန။

– ေတာင္ပံကစားသမားေတြျဖစ္ၾကတဲ့ ဒီယိုဂို ဂ်ိဳတာနဲ႔ ခ်ာဒန္ ရွာက်ီရီတို႔ေတြ အသင္းအတြက္ ျပန္ကစားေပးႏိုင္ဖို႔ ၾကာျမင့္ဦးမယ္ဆိုရင္ ကာဒစ္ဖ္စီးတီးအသင္းမွာ အငွားခ်ထားခဲ့တဲ့ ေဝးလ္စ္ေတာင္ပံကစားသမား ဟာရီ ဝီလ္ဆန္ကို ဇန္နဝါရီမွာ ျပန္ေခၚၿပီး အစားထိုးဖို႔ ပရိသတ္ေတြ တိုက္တြန္း။

– ခိုင္လုံတဲ့ ဝက္စ္ဟမ္းယူႏိုက္တက္အသင္းအတြင္းလူတစ္ဦးက ထုတ္ေဖာ္ခဲ့တဲ့ သတင္းအရဆိုရင္ေတာ့ လီဗာပူးလ္အသင္းအေနနဲ႔ ဟမ္းမားေတြရဲ႕ ျပင္သစ္ေနာက္ခံလူ အစ္ဆာ ေဂ်ာ့ပ္ကို ေခၚယူဖို႔ ဆက္သြယ္စုံစမ္းထားခဲ့ၿပီး ေဒးဗစ္ မြိဳက္စ္ရဲ႕ ဦးစားေပးမဟုတ္ေတာ့တဲ့ ၂၃ ႏွစ္သားအေနနဲ႔ ေရာင္းခ်ခံရဖြယ္ရွိေန။

– RB လိုက္ပ္ဇစ္ေနာက္ခံလူ ဒါယို အူပါမီကာႏိုရဲ႕ ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ႊ႕ကစားလိုတဲ့ ဆႏၵကို ဂ်ာမန္အသင္းနဲ႔ နည္းျပ ဂ်ဴလီယန္ နာဂဲလ္စ္မန္းတို႔အေနနဲ႔ တားဆီးႏိုင္ဖြယ္မရွိဘဲ ေနာက္အက်ဆုံးအေနနဲ႔ ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ အသင္းက ထြက္ခြာမယ္ဆိုတာေၾကာင့္ လီဗာပူးလ္၊ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အာဆင္နယ္တို႔အတြက္ တပ္လွန႔္သတိေပးသံျဖစ္လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.