Premier League

မန်ချက်စတာစီးတီး 1-1 ဝက်စ်ဘရွန်းပွဲအပြီး မှတ်မှတ်ထင်ထင်ဖြစ်ခဲ့တဲ့ အချက် ၇ ချက်

ကစားကွက်ပြောင်းဖို့လိုနေတဲ့ မန်စီးတီး
မန်ချက်စတာစီးတီးအသင်းရဲ့ ၄-၂-၃-၁ ကစားကွက်ဟာ အပြောင်းအလဲမရှိဘဲ လူရွေးချယ်မှု အလှည့်ကျသုံးစွဲတာကလွဲရင် ပြိုင်ဘက်တွေ အလွတ်ကျက်မိနေတဲ့ ကစားကွက်ဖြစ်နေခဲ့ပါပြီ။ ကွင်းလယ်ကနေ တိုက်စစ်ဦးစားပေးတဲ့ ကစားသမား တစ်ဦးဦးကို နေရာချထားရင် ဟန်ချက်မညီသလို ခံစစ်သန်ကစားသမားနှစ်ဦးကို တွဲသုံးပြန်တော့လည်း ဂိုးပေါက်ခြိမ်းခြောက်နိုင်ဖို့ ခက်နေခဲ့ပါတယ်။ ဂွါဒီယိုလာအနေနဲ့ ဒီလူစာရင်းနဲ့ မဖြစ်တော့ဘဲ ဖြေရှင်းနည်းအသစ်တွေကို ရှာဖွေရတော့မှာပါ။

ဂွါဒီယိုလာရဲ့ ရာထူးကို ခြိမ်းခြောက်ခံရတော့မှာလား
၁၂ ပွဲမှာ အမှတ် ၂၀ ဆိုတာဟာ တစ်ပွဲပျမ်းမျှ ၂ မှတ်အောက်ကို ကျဆင်းသွားတာဖြစ်ပြီး မန်ချက်စတာစီးတီးလို ငွေသုံးထားတဲ့ အသင်းမျိုးအတွက်တော့ ငြိုငြင်စရာ ရလဒ်လည်းဖြစ်ပါတယ်။ ဂွါဒီယိုလာကတော့ ဘာပဲဖြစ်ဖြစ် ဒီရလဒ်တွေအတွက် တာဝန်ရှိနေပြီး အောင်မြင်မှုနဲ့ လွဲချော်ချိန်မှာ တာဝန်ယူရမယ်လို့ ပရိသတ်တွေကလည်း ထောက်ခံမှု ကျဆင်းနေခဲ့ပါတယ်။ တစ်ခါမှ နည်းပြဘဝမှာ အထုတ်မခံရဖူးတဲ့ ပက်ပ်တစ်ယောက် စံချိန်ပျက်သွားမလား ကြည့်ရပါလိမ့်မယ်။

ယူနိုက်တက်ကစားသမားဟောင်းရဲ့ အမှတ်လုယူမှု
ဒီနေ့ပွဲမှာ မန်ချက်စတာစီးတီးတို့ကို အမှတ်လျော့စေမယ့် ဂိုးပေါက်ကာကွယ်မှုတွေကို ၆ ကြိမ် အထိ ပြုလုပ်သွားခဲ့တဲ့ ဝက်စ်ဘရွန်းရဲ့ ဂိုးသမားကတော့ မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဆမ် ဂျွန်စတုန်းစ် ဖြစ်နေခဲ့ပြီး နာကျင်အချိန်ပိုမှာ အပိုင်အခွင့်အရေးနှစ်လုံးကို ကာကွယ်သွားဖို့ဆိုတာကတော့ ထူးချွန်ပြောင်မြောက်လွန်းခဲ့တာပါ။

ဒီဘရိုင်းနားရဲ့ ဖန်တီးမှုတွေ နောက်ကျသွားခဲ့ချိန်
မန်စီးတီးတို့ရဲ့ ဖန်တီးမှုဘုရင် ကီဗင် ဒီဘရိုင်းနားရဲ့ ပထမပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ တော်တော်နဲ့ ဖန်တီးမှုပုံစံ တက်မလာခဲ့တာနဲ့ ပိတ်ဆို့ခံထားရတာတွေ ပြေလျော့သွားချိန်က ပွဲပြီးခါနီးအချိန်အထိ ဖြစ်သွားခဲ့ပါတယ်။ စတာလင်နဲ့ ဂွန်ဒိုးဝမ်တို့ရဲ့ သူဖန်တီးပေးတဲ့ အပိုင်အခွင့်အရေးတွေကို ဝက်စ်ဘရွန်းဂိုးသမားက လက်စွမ်းမပြဘဲ ခြေထောက်နဲ့ချည်း ကာကွယ်သွားချိန်မှာ စီးတီးတို့ ရလဒ်ဆိုးခဲ့ပြီး သူသာ ဒီနေ့ပွဲမှာ စောစောစီးစီး တောက်ပနိုင်ခဲ့ရင်ဆိုတာက ပရိသတ်တွေကို မချင့်မရဲဖြစ်စေခဲ့ပါတယ်။

ဂိုးသွင်းခြေ ပျောက်ဆုံးဆဲ စီးတီး
မန်ချက်စတာစီးတီးအသင်းရဲ့ ဖူလ်ဟမ်နဲ့ပွဲက စောစောစီးစီးနှစ်ဂိုးရပြီး ရုန်းကန်ခဲ့ရတာကို အမှတ်ရဦးမှာပါ။ ၁၅ လုံးကန် ၅ လုံးဂိုးပေါက်တည့်ပြီး ၂ ဂိုးရခဲ့တဲ့နေ့ထက် အင်္ဂါနေ့ညကတော့ ၂၆ လုံးကန်ပြီး ၇ လုံးသာ ဂိုးပေါက်တည့်ခဲ့တာ ရလဒ်တွေ ကျဆင်းခဲ့တာလို့ ဆိုရပါမယ်။ အဂွေရိုရဲ့ ဒဏ်ရာတွေနဲအတူ ဂိုးအဖြစ် ပြောင်းလဲနိုင်မှုနှုန်း လျော့ကျသွားမှုက စီးတီးတို့ကို ကြီးကြီးမားမား ထိခိုက်စေတာမို့ ဇန်နဝါရီမှာ ဂိုးသွင်းစက်တစ်လုံးနဲ့ ပြင်ဆင်မလားပဲ စောင့်ကြည့်ရပါတော့မယ်။

တန်းတက်အသင်းတွေနဲ့ စံချိန်ပျက်ခဲ့တဲ့ အစ်တီဟတ်
ဒီနေ့ရဲ့ တစ်ဂိုးစီသရေ ရလဒ်ကတော့ အစ်တီဟတ်ကွင်းမှာ မန်စီးတီးတို့ရဲ့ တန်းတက် အသင်းတွေကို ၈ ပွဲဆက် အနိုင်ရခဲ့တဲ့ စံချိန်ကို ပျက်ပြားစေခဲ့ပါတယ်။ ၂၀၁၈ မေလက ဟတ်ဒါစ်ဖီးလ်ဒ်ကို ဂိုးမရှိသရေကျခဲ့ပြီးနောက်ပိုင်း ဆက်တိုက် အနိုင်ရခဲ့တဲ့ တန်းတက်တွေနဲ့ စံချိန်ကို ခံစစ်မှာ ခိုင်လ် ဘတ်တလီ ဒဏ်ရာရနေလို့ လူမစုံတဲ့ ဝက်စ်ဘရွန်းနဲ့ ပြုတ်စော်နံနေတဲ့ နည်းပြ ဆလာဗန် ဘီလစ်တို့က ရပ်တန့်လိုက်တာပါ။

၁၀ နာရီ ၈ မိနစ်
မန်ချက်စတာစီးတီးအသင်းရဲ့ ပေးဂိုးမရှိဘဲ ကစားနိုင်ခဲ့တဲ့ မှတ်တမ်းတစ်ခုရဲ့ ရပ်တန့်သွားချိန်ဖြစ်ခဲ့ပါတယ်။ ပွဲချိန် ၄၃ မိနစ်မှာ နာသန် အာကေရဲ့ ခြေကြားထဲက ထွက်လာတဲ့ ဘောလုံးက ရူဘင် ဒီယက်စ်နဲ့ ထိပြီး ဂိုးသမား အီဒါဆန်ကို ငုတ်တုတ်မေ့စေခဲ့တာပါ။ စပါးစ်နဲ့ပွဲက လိုဆဲလ်ဆိုရဲ့ဂိုးအပြီးမှ ပထမဆုံးပေးရတဲ့ဂိုးလည်းဖြစ်ပြီး ဒါကို သွင်းယူခဲ့သူကတော့ အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဖြစ်နေတာကတော့ သက်ညှာမှု မရှိခဲ့တဲ့ မှတ်တမ်းလည်းဖြစ်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ကစားကြက္ေျပာင္းဖို႔လိုေနတဲ့ မန္စီးတီး
မန္ခ်က္စတာစီးတီးအသင္းရဲ႕ ၄-၂-၃-၁ ကစားကြက္ဟာ အေျပာင္းအလဲမရွိဘဲ လူေ႐ြးခ်ယ္မႈ အလွည့္က်သုံးစြဲတာကလြဲရင္ ၿပိဳင္ဘက္ေတြ အလြတ္က်က္မိေနတဲ့ ကစားကြက္ျဖစ္ေနခဲ့ပါၿပီ။ ကြင္းလယ္ကေန တိုက္စစ္ဦးစားေပးတဲ့ ကစားသမား တစ္ဦးဦးကို ေနရာခ်ထားရင္ ဟန္ခ်က္မညီသလို ခံစစ္သန္ကစားသမားႏွစ္ဦးကို တြဲသုံးျပန္ေတာ့လည္း ဂိုးေပါက္ၿခိမ္းေျခာက္ႏိုင္ဖို႔ ခက္ေနခဲ့ပါတယ္။ ဂြါဒီယိုလာအေနနဲ႔ ဒီလူစာရင္းနဲ႔ မျဖစ္ေတာ့ဘဲ ေျဖရွင္းနည္းအသစ္ေတြကို ရွာေဖြရေတာ့မွာပါ။

ဂြါဒီယိုလာရဲ႕ ရာထူးကို ၿခိမ္းေျခာက္ခံရေတာ့မွာလား
၁၂ ပြဲမွာ အမွတ္ ၂၀ ဆိုတာဟာ တစ္ပြဲပ်မ္းမွ် ၂ မွတ္ေအာက္ကို က်ဆင္းသြားတာျဖစ္ၿပီး မန္ခ်က္စတာစီးတီးလို ေငြသုံးထားတဲ့ အသင္းမ်ိဳးအတြက္ေတာ့ ၿငိဳျငင္စရာ ရလဒ္လည္းျဖစ္ပါတယ္။ ဂြါဒီယိုလာကေတာ့ ဘာပဲျဖစ္ျဖစ္ ဒီရလဒ္ေတြအတြက္ တာဝန္ရွိေနၿပီး ေအာင္ျမင္မႈနဲ႔ လြဲေခ်ာ္ခ်ိန္မွာ တာဝန္ယူရမယ္လို႔ ပရိသတ္ေတြကလည္း ေထာက္ခံမႈ က်ဆင္းေနခဲ့ပါတယ္။ တစ္ခါမွ နည္းျပဘဝမွာ အထုတ္မခံရဖူးတဲ့ ပက္ပ္တစ္ေယာက္ စံခ်ိန္ပ်က္သြားမလား ၾကည့္ရပါလိမ့္မယ္။

ယူႏိုက္တက္ကစားသမားေဟာင္းရဲ႕ အမွတ္လုယူမႈ
ဒီေန႔ပြဲမွာ မန္ခ်က္စတာစီးတီးတို႔ကို အမွတ္ေလ်ာ့ေစမယ့္ ဂိုးေပါက္ကာကြယ္မႈေတြကို ၆ ႀကိမ္ အထိ ျပဳလုပ္သြားခဲ့တဲ့ ဝက္စ္ဘ႐ြန္းရဲ႕ ဂိုးသမားကေတာ့ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္ကစားသမားေဟာင္း ဆမ္ ဂြၽန္စတုန္းစ္ ျဖစ္ေနခဲ့ၿပီး နာက်င္အခ်ိန္ပိုမွာ အပိုင္အခြင့္အေရးႏွစ္လုံးကို ကာကြယ္သြားဖို႔ဆိုတာကေတာ့ ထူးခြၽန္ေျပာင္ေျမာက္လြန္းခဲ့တာပါ။

ဒီဘ႐ိုင္းနားရဲ႕ ဖန္တီးမႈေတြ ေနာက္က်သြားခဲ့ခ်ိန္
မန္စီးတီးတို႔ရဲ႕ ဖန္တီးမႈဘုရင္ ကီဗင္ ဒီဘ႐ိုင္းနားရဲ႕ ပထမပိုင္းနဲ႔ ဒုတိယပိုင္းေတြမွာ ေတာ္ေတာ္နဲ႔ ဖန္တီးမႈပုံစံ တက္မလာခဲ့တာနဲ႔ ပိတ္ဆို႔ခံထားရတာေတြ ေျပေလ်ာ့သြားခ်ိန္က ပြဲၿပီးခါနီးအခ်ိန္အထိ ျဖစ္သြားခဲ့ပါတယ္။ စတာလင္နဲ႔ ဂြန္ဒိုးဝမ္တို႔ရဲ႕ သူဖန္တီးေပးတဲ့ အပိုင္အခြင့္အေရးေတြကို ဝက္စ္ဘ႐ြန္းဂိုးသမားက လက္စြမ္းမျပဘဲ ေျခေထာက္နဲ႔ခ်ည္း ကာကြယ္သြားခ်ိန္မွာ စီးတီးတို႔ ရလဒ္ဆိုးခဲ့ၿပီး သူသာ ဒီေန႔ပြဲမွာ ေစာေစာစီးစီး ေတာက္ပႏိုင္ခဲ့ရင္ဆိုတာက ပရိသတ္ေတြကို မခ်င့္မရဲျဖစ္ေစခဲ့ပါတယ္။

ဂိုးသြင္းေျခ ေပ်ာက္ဆုံးဆဲ စီးတီး
မန္ခ်က္စတာစီးတီးအသင္းရဲ႕ ဖူလ္ဟမ္နဲ႔ပြဲက ေစာေစာစီးစီးႏွစ္ဂိုးရၿပီး ႐ုန္းကန္ခဲ့ရတာကို အမွတ္ရဦးမွာပါ။ ၁၅ လုံးကန္ ၅ လုံးဂိုးေပါက္တည့္ၿပီး ၂ ဂိုးရခဲ့တဲ့ေန႔ထက္ အဂၤါေန႔ညကေတာ့ ၂၆ လုံးကန္ၿပီး ၇ လုံးသာ ဂိုးေပါက္တည့္ခဲ့တာ ရလဒ္ေတြ က်ဆင္းခဲ့တာလို႔ ဆိုရပါမယ္။ အေဂြ႐ိုရဲ႕ ဒဏ္ရာေတြနဲအတူ ဂိုးအျဖစ္ ေျပာင္းလဲႏိုင္မႈႏႈန္း ေလ်ာ့က်သြားမႈက စီးတီးတို႔ကို ႀကီးႀကီးမားမား ထိခိုက္ေစတာမို႔ ဇန္နဝါရီမွာ ဂိုးသြင္းစက္တစ္လုံးနဲ႔ ျပင္ဆင္မလားပဲ ေစာင့္ၾကည့္ရပါေတာ့မယ္။

တန္းတက္အသင္းေတြနဲ႔ စံခ်ိန္ပ်က္ခဲ့တဲ့ အစ္တီဟတ္
ဒီေန႔ရဲ႕ တစ္ဂိုးစီသေရ ရလဒ္ကေတာ့ အစ္တီဟတ္ကြင္းမွာ မန္စီးတီးတို႔ရဲ႕ တန္းတက္ အသင္းေတြကို ၈ ပြဲဆက္ အႏိုင္ရခဲ့တဲ့ စံခ်ိန္ကို ပ်က္ျပားေစခဲ့ပါတယ္။ ၂၀၁၈ ေမလက ဟတ္ဒါစ္ဖီးလ္ဒ္ကို ဂိုးမရွိသေရက်ခဲ့ၿပီးေနာက္ပိုင္း ဆက္တိုက္ အႏိုင္ရခဲ့တဲ့ တန္းတက္ေတြနဲ႔ စံခ်ိန္ကို ခံစစ္မွာ ခိုင္လ္ ဘတ္တလီ ဒဏ္ရာရေနလို႔ လူမစုံတဲ့ ဝက္စ္ဘ႐ြန္းနဲ႔ ျပဳတ္ေစာ္နံေနတဲ့ နည္းျပ ဆလာဗန္ ဘီလစ္တို႔က ရပ္တန႔္လိုက္တာပါ။

၁၀ နာရီ ၈ မိနစ္
မန္ခ်က္စတာစီးတီးအသင္းရဲ႕ ေပးဂိုးမရွိဘဲ ကစားႏိုင္ခဲ့တဲ့ မွတ္တမ္းတစ္ခုရဲ႕ ရပ္တန႔္သြားခ်ိန္ျဖစ္ခဲ့ပါတယ္။ ပြဲခ်ိန္ ၄၃ မိနစ္မွာ နာသန္ အာေကရဲ႕ ေျခၾကားထဲက ထြက္လာတဲ့ ေဘာလုံးက ႐ူဘင္ ဒီယက္စ္နဲ႔ ထိၿပီး ဂိုးသမား အီဒါဆန္ကို ငုတ္တုတ္ေမ့ေစခဲ့တာပါ။ စပါးစ္နဲ႔ပြဲက လိုဆဲလ္ဆိုရဲ႕ဂိုးအၿပီးမွ ပထမဆုံးေပးရတဲ့ဂိုးလည္းျဖစ္ၿပီး ဒါကို သြင္းယူခဲ့သူကေတာ့ အသင္းရဲ႕ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးရွင္ ျဖစ္ေနတာကေတာ့ သက္ညႇာမႈ မရွိခဲ့တဲ့ မွတ္တမ္းလည္းျဖစ္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.