Premier League

16 Dec နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

အခွင့်အရေးတွေကို ဖြုန်းတီးနေခဲ့တဲ့ တိုက်စစ်မှူး တီမို ဗာနာအနေနဲ့ သူ့ရဲ့ အဆုံးသတ်စွမ်းရည်ကို ပြန်လည်ပြီး အရောင်တောက်ပလာအောင် ကြိုးစားအားထုတ်သင့်ပြီဖြစ်ပြီး အရန်ခုံမှာ ထိုင်ဖို့ လိုကောင်းလိုအပ်နေပြီလို့ ရှစ်ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့တဲ့ ဂျာမန်တိုက်စစ်မှူးကို ဂျိုးကိုးလ်ဝေဖန်။

ချဲလ်ဆီးအသင်းရဲ့ အဝေးကွင်းနှစ်ပွဲဆက်ရှုံးပွဲတွေမှာ အဓိက အားနည်းချက်ဖြစ်ခဲ့တဲ့ တောင်ပံကစားသမားတွေ ကင်းမဲ့မှုကို လက်ရှိမှာ ပြန်လည်ဖြည့်ဆည်းနိုင်တော့မှာဖြစ်ပြီး ဟာကင်းမ် ဇီးယက်ရှ်နဲ့ ကယ်လမ် ဟဒ်ဆန်-အိုဒွိုင်းတို့အနေနဲ့ ဝက်စ်ဟမ်းနဲ့ လန်ဒန်ဒါဘီမတိုင်ခင် ပြန်လည်ပါဝင်နိုင်ဖို့ရှိနေ။

ဒီနေ့ရှုံးပွဲမှာ ကစားသမားတွေအနေနဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ရလိမ့်မယ်လို့ အသင်းကွင်းလယ်လူဟောင်း ဂျိုးကိုးလ်က ပြောကြား လိုက်ပြီး အရှုံးဂိုးကို နာကျင်အချိန်ပိုမှာ ပေးခဲ့ရချိန်မှာ ကွင်းလယ်လူတွေဖြစ်တဲ့ အန်ဂိုလို ကွန်တေနဲ့ မက်တီယို ကိုဗာချစ်တို့ ဘာလုပ်နေကြသလဲလို့ မေးခွန်းထုတ်။

အသင်းအနေနဲ့ ကောင်းကောင်း မကစားနိုင်ရင် ရှုံးနိမ့်ရမှာပဲဖြစ်ပြီး ဒါက ဘာမှ မဆန်းတဲ့ ဓမ္မတာဖြစ်တယ်လို့ နည်းပြ ဖရန့် လမ်းပတ်က ပြောကြားလိုက်ပြီး အသင်းအနေနဲ့ ဒီနေ့ပွဲမှာ တစ်ဂိုး-ဂိုးမရှိရလဒ်ကို ထိန်းသိမ်းပြီး အနိုင်ရခဲ့သင့်တာဖြစ်ကြောင်း စိတ်ပျက်လက်ပျက် ဆိုသွားခဲ့။

ဘန်လေနဲ့ အာဆင်နယ်တို့ရဲ့ ပွဲမှာ အထုတ်ခံခဲ့ရတဲ့ ဆွစ်ဇာလန်ကွင်းလယ်လူ ဂရာနစ် ချာကာရဲ့ ပြိုင်ဘက်ကစားသမားရဲ့ လည်မျိုကို ညှစ်တွန်းခဲ့သလိုမျိုးကို ဝုလ်ဗ်စ်နဲ့ ချဲလ်ဆီးတို့ရဲ့ပွဲမှာ အင်္ဂလန်နောက်ခံလူ ဘန် ချေးလ်ဝဲလ်က ကျူးလွန်ခဲ့ပေမယ့် ပြစ်ဒဏ်လွတ်ကင်းခဲ့တာကို မြို့ခံပြိုင်ဘက်ပရိသတ်တွေ အဓိက ထောက်ပြဝေဖန်နေကြ။

အဝေးကွင်းတွေမှာ နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တဲ့ ချဲလ်ဆီးအသင်းရဲ့ လက်ရှိခြေစွမ်းအတိုင်းဆိုရင် သူတို့အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်ဖို့ မဖြစ်နိုင်သေးကြောင်းနဲ့ ကွင်းလယ်ဖန်တီးမှုအဆင့်ကို တိုးမြှင့်ပြီး အတွေ့အကြုံနဲ့ ပေါင်းစပ်ပေးနိုင်ခဲ့မယ် ဆိုရင်တော့ ဖြစ်ကောင်းဖြစ်လာနိုင်ကြောင်း ပေါလ်စခိုးလ်သုံးသပ်။

ချဲလ်ဆီးအသင်းရဲ့ ဝါရင့်ကွင်းလယ်လူ အန်ဂိုလို ကွန်တေက သူတို့ရဲ့ အမှားကို ထုတ်ဖော်ဝန်ခံလိုက်ပြီး အသင်းကို အနိုင်ရရှိဖို့ အလောတကြီး ဂိုးရှာဖွေခဲ့မိတာဟာ တန်ပြန်တိုက်စစ်တွေနဲ့ များစွာ ထိုးနှက်ခံရစေပြီး ဝက်စ်ဟမ်းနဲ့ပွဲမှာတော့ အမှားတွေအတွက် ပြန်လည်ပေးဆပ်သွားမယ်လို့ ကတိပြုသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အခြင့္အေရးေတြကို ျဖဳန္းတီးေနခဲ့တဲ့ တိုက္စစ္မႉး တီမို ဗာနာအေနနဲ႔ သူ႔ရဲ႕ အဆုံးသတ္စြမ္းရည္ကို ျပန္လည္ၿပီး အေရာင္ေတာက္ပလာေအာင္ ႀကိဳးစားအားထုတ္သင့္ၿပီျဖစ္ၿပီး အရန္ခုံမွာ ထိုင္ဖို႔ လိုေကာင္းလိုအပ္ေနၿပီလို႔ ရွစ္ပြဲဆက္ ဂိုးေပါက္ေပ်ာက္ခဲ့တဲ့ ဂ်ာမန္တိုက္စစ္မႉးကို ဂ်ိဳးကိုးလ္ေဝဖန္။

ခ်ဲလ္ဆီးအသင္းရဲ႕ အေဝးကြင္းႏွစ္ပြဲဆက္ရႈံးပြဲေတြမွာ အဓိက အားနည္းခ်က္ျဖစ္ခဲ့တဲ့ ေတာင္ပံကစားသမားေတြ ကင္းမဲ့မႈကို လက္ရွိမွာ ျပန္လည္ျဖည့္ဆည္းႏိုင္ေတာ့မွာျဖစ္ၿပီး ဟာကင္းမ္ ဇီးယက္ရွ္နဲ႔ ကယ္လမ္ ဟဒ္ဆန္-အိုဒြိဳင္းတို႔အေနနဲ႔ ဝက္စ္ဟမ္းနဲ႔ လန္ဒန္ဒါဘီမတိုင္ခင္ ျပန္လည္ပါဝင္ႏိုင္ဖို႔ရွိေန။

ဒီေန႔ရႈံးပြဲမွာ ကစားသမားေတြအေနနဲ႔ ကိုယ့္ကိုကိုယ္ပဲ အျပစ္တင္ရလိမ့္မယ္လို႔ အသင္းကြင္းလယ္လူေဟာင္း ဂ်ိဳးကိုးလ္က ေျပာၾကား လိုက္ၿပီး အရႈံးဂိုးကို နာက်င္အခ်ိန္ပိုမွာ ေပးခဲ့ရခ်ိန္မွာ ကြင္းလယ္လူေတြျဖစ္တဲ့ အန္ဂိုလို ကြန္ေတနဲ႔ မက္တီယို ကိုဗာခ်စ္တို႔ ဘာလုပ္ေနၾကသလဲလို႔ ေမးခြန္းထုတ္။

အသင္းအေနနဲ႔ ေကာင္းေကာင္း မကစားႏိုင္ရင္ ရႈံးနိမ့္ရမွာပဲျဖစ္ၿပီး ဒါက ဘာမွ မဆန္းတဲ့ ဓမၼတာျဖစ္တယ္လို႔ နည္းျပ ဖရန႔္ လမ္းပတ္က ေျပာၾကားလိုက္ၿပီး အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ တစ္ဂိုး-ဂိုးမရွိရလဒ္ကို ထိန္းသိမ္းၿပီး အႏိုင္ရခဲ့သင့္တာျဖစ္ေၾကာင္း စိတ္ပ်က္လက္ပ်က္ ဆိုသြားခဲ့။

ဘန္ေလနဲ႔ အာဆင္နယ္တို႔ရဲ႕ ပြဲမွာ အထုတ္ခံခဲ့ရတဲ့ ဆြစ္ဇာလန္ကြင္းလယ္လူ ဂရာနစ္ ခ်ာကာရဲ႕ ၿပိဳင္ဘက္ကစားသမားရဲ႕ လည္မ်ိဳကို ညႇစ္တြန္းခဲ့သလိုမ်ိဳးကို ဝုလ္ဗ္စ္နဲ႔ ခ်ဲလ္ဆီးတို႔ရဲ႕ပြဲမွာ အဂၤလန္ေနာက္ခံလူ ဘန္ ေခ်းလ္ဝဲလ္က က်ဴးလြန္ခဲ့ေပမယ့္ ျပစ္ဒဏ္လြတ္ကင္းခဲ့တာကို ၿမိဳ႕ခံၿပိဳင္ဘက္ပရိသတ္ေတြ အဓိက ေထာက္ျပေဝဖန္ေနၾက။

အေဝးကြင္းေတြမွာ ႏွစ္ပြဲဆက္တိုက္ ရႈံးနိမ့္ခဲ့တဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ လက္ရွိေျခစြမ္းအတိုင္းဆိုရင္ သူတို႔အေနနဲ႔ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို စိန္ေခၚဖို႔ မျဖစ္ႏိုင္ေသးေၾကာင္းနဲ႔ ကြင္းလယ္ဖန္တီးမႈအဆင့္ကို တိုးျမႇင့္ၿပီး အေတြ႕အႀကဳံနဲ႔ ေပါင္းစပ္ေပးႏိုင္ခဲ့မယ္ ဆိုရင္ေတာ့ ျဖစ္ေကာင္းျဖစ္လာႏိုင္ေၾကာင္း ေပါလ္စခိုးလ္သုံးသပ္။

ခ်ဲလ္ဆီးအသင္းရဲ႕ ဝါရင့္ကြင္းလယ္လူ အန္ဂိုလို ကြန္ေတက သူတို႔ရဲ႕ အမွားကို ထုတ္ေဖာ္ဝန္ခံလိုက္ၿပီး အသင္းကို အႏိုင္ရရွိဖို႔ အေလာတႀကီး ဂိုးရွာေဖြခဲ့မိတာဟာ တန္ျပန္တိုက္စစ္ေတြနဲ႔ မ်ားစြာ ထိုးႏွက္ခံရေစၿပီး ဝက္စ္ဟမ္းနဲ႔ပြဲမွာေတာ့ အမွားေတြအတြက္ ျပန္လည္ေပးဆပ္သြားမယ္လို႔ ကတိျပဳသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.