Premier League

လှပပြီး ကြီးမားတဲ့ အနာဂတ်ကို သွားနေတယ်ဆိုပြီး အာတီတာကို ထောက်ခံလိုက်တဲ့ အီဒူး

အာဆင်နယ်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူး ဂက်စ်ပါအနေနဲ့ ရလဒ်တွေ ဆိုးရွားပြီး ဘာကိုမှ လောက်လောက်လားလား လုပ်မပြနိုင်တဲ့ ကစားကွက်နဲ့ အသင်းတစ်သင်းကို မောင်းနှင်နေတဲ့ နည်းပြ မီခယ်လ် အာတီတာကို အပြည့်အဝ ထောက်ခံမှုတွေ ပေးထားတယ်လို့ ပြောကြားလိုက်ပါတယ်။

ပရိသတ်တွေ သိပ်စိတ်မဝင်စားတဲ့ ယူရိုပါလိဂ်အုပ်စုအဆင့်မှာ ၆ ပွဲကစား ၆ ပွဲလုံး အနိုင်ရရှိခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ ၁၂ ပွဲမှာ ၄ ပွဲသာ အနိုင်ရရှိခဲ့တဲ့ အာဆင်နယ်အသင်းကို ပရိသတ်တွေနဲ့ အသင်းဂန္ထဝင်တွေကပါ စိတ်ပျက်နေချိန်မှာ အီဒူးကတော့ အာတီတာအပေါ် ကြီးကြီးမားမား ကာကွယ်ပေးသွားမယ့်ပုံလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းကို ရောက်လာတာ အာတီတာထက် ၆ လ ပိုစောတဲ့ ဘရာဇီးလ်သားက အသင်းရဲ့ လက်ရှိလုပ်ဆောင်မှုအားလုံးဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာရှိပြီး ဒီနေရာမှာ အလွန်လှပတဲ့ အနာဂတ်ကို မြင်ရလိမ့်မယ်လို့လည်း ပရိသတ်တွေအမြင်နဲ့ ဆန့်ကျင်တဲ့ စကားကို ပြောသွားခဲ့ပါတယ်။

“အသင်းမှာက အားလုံးက ပုံမှန်အနေအထားပါပဲ။ ဒီအတိုင်းဆက်သွားရင် ကြီးမားပြီး လှပတဲ့ အနာဂတ်ကို ရောက်လာမှာပါ။ တကယ်လို့ အတွင်းရေး ပြဿနာတွေ ရှိနေရင်၊ ကစားသမားတွေနဲ့ နည်းပြတွေကြား အပြန်အလှန် ယုံကြည်မှု မရှိတော့ရင် ကျွန်တော့်အနေနဲ့ စိုးရိမ်မိမှာဖြစ်ပေမယ့် နေ့တိုင်း မနက်ကိုး ညနေခြောက် မြင်နေရတဲ့ ပုံစံတွေမှာ တစ်ခုမှ အမှားအယွင်းမရှိဘဲ ကောင်းမွန်နေပါတယ်”လို့ နည်းစနစ်ဒါရိုက်တာက ဆိုပါတယ်။

အာဆင်နယ်အသင်းမှာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အထိ ကစားခဲ့တဲ့ ကွင်းလယ်လူဟောင်း အီဒူးအနေနဲ့ လက်ရှိအသင်းရဲ့ လုပ်ဆောင်မှုနဲ့ တည်ဆောက်မှုတွေကို ကျေနပ်နေတယ်လို့ဆိုခဲ့ပြီး သူ့စကားက ရလဒ်တွေနဲ့ အမှတ်ပေးဇယားတွေကို ကြည့်မယ်ဆိုရင်တော့ ရှေ့နောက် မညီသလိုမျိုးလည်း ဖြစ်နေခဲ့ပါတယ်။

ဒီရာသီမှာ သူတို့အသင်းအနေနဲ့ ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကို ပေါင် ၁၆ သန်းနဲ့ ရောင်းချထားနိုင်တာကလွဲရင် ပေါင် ၇၇ သန်းအထိ ပြောင်းရွှေ့ကြေးတွေ သုံးစွဲထားပြီး လစာငွေကိုပါ ပေါင်းထည့်ရင်တော့ များပြားတဲ့ အသုံးစရိတ်က စီမံခန့်ခွဲမှုနဲ့ ကစားသမား အဝင်အထွက်ပိုင်းမှာလည်း ဟန်ချက်မညီဘူးဆိုတာကို တွေ့ရဦးမှာဖြစ်ပါတယ်။

ဒါကြောင့် ပရိသတ်တော်တော်များများက စွပ်စွဲနေသလိုပဲ ခရိုယန်ကီ ခိုင်းတိုင်း လက်ညှိုးထောင် ခေါင်းညိတ်နေတဲ့သူတွေ ဦးဆောင်နေတဲ့ ကလပ်ဟာ ဘာမှ ဖြစ်မလာတာ မဆန်းဘူးဆိုတာ တကယ်အမှန်ပဲလားလို့ စောင့်ကြည့်ရတော့မှာဖြစ်ပြီး ရလဒ်ဆိုးတွေနဲ့ နည်းပြကို ကာကွယ်ပေးခဲ့တဲ့ အပြင် ဘာပြဿနာမှ မရှိဘူးဆိုတာကတော့ ထူးဆန်းတဲ့ ဖြေရှင်းမှုလည်းဖြစ်နေလို့ အကောင်းမြင်တတ်တဲ့သူတွေကတော့ ပြောတဲ့အတိုင်း မှန်ပါစေလို့ ဆုတောင်းပေးရုံပဲ ရှိကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းရဲ႕ နည္းစနစ္ဒါ႐ိုက္တာ အီဒူး ဂက္စ္ပါအေနနဲ႔ ရလဒ္ေတြ ဆိုး႐ြားၿပီး ဘာကိုမွ ေလာက္ေလာက္လားလား လုပ္မျပႏိုင္တဲ့ ကစားကြက္နဲ႔ အသင္းတစ္သင္းကို ေမာင္းႏွင္ေနတဲ့ နည္းျပ မီခယ္လ္ အာတီတာကို အျပည့္အဝ ေထာက္ခံမႈေတြ ေပးထားတယ္လို႔ ေျပာၾကားလိုက္ပါတယ္။

ပရိသတ္ေတြ သိပ္စိတ္မဝင္စားတဲ့ ယူ႐ိုပါလိဂ္အုပ္စုအဆင့္မွာ ၆ ပြဲကစား ၆ ပြဲလုံး အႏိုင္ရရွိခဲ့ေပမယ့္ ပရီးမီးယားလိဂ္မွာေတာ့ ၁၂ ပြဲမွာ ၄ ပြဲသာ အႏိုင္ရရွိခဲ့တဲ့ အာဆင္နယ္အသင္းကို ပရိသတ္ေတြနဲ႔ အသင္းဂႏၴဝင္ေတြကပါ စိတ္ပ်က္ေနခ်ိန္မွာ အီဒူးကေတာ့ အာတီတာအေပၚ ႀကီးႀကီးမားမား ကာကြယ္ေပးသြားမယ့္ပုံလည္းျဖစ္ပါတယ္။

အာဆင္နယ္အသင္းကို ေရာက္လာတာ အာတီတာထက္ ၆ လ ပိုေစာတဲ့ ဘရာဇီးလ္သားက အသင္းရဲ႕ လက္ရွိလုပ္ေဆာင္မႈအားလုံးဟာ မွန္ကန္တဲ့ လမ္းေၾကာင္းေပၚမွာရွိၿပီး ဒီေနရာမွာ အလြန္လွပတဲ့ အနာဂတ္ကို ျမင္ရလိမ့္မယ္လို႔လည္း ပရိသတ္ေတြအျမင္နဲ႔ ဆန႔္က်င္တဲ့ စကားကို ေျပာသြားခဲ့ပါတယ္။

“အသင္းမွာက အားလုံးက ပုံမွန္အေနအထားပါပဲ။ ဒီအတိုင္းဆက္သြားရင္ ႀကီးမားၿပီး လွပတဲ့ အနာဂတ္ကို ေရာက္လာမွာပါ။ တကယ္လို႔ အတြင္းေရး ျပႆနာေတြ ရွိေနရင္၊ ကစားသမားေတြနဲ႔ နည္းျပေတြၾကား အျပန္အလွန္ ယုံၾကည္မႈ မရွိေတာ့ရင္ ကြၽန္ေတာ့္အေနနဲ႔ စိုးရိမ္မိမွာျဖစ္ေပမယ့္ ေန႔တိုင္း မနက္ကိုး ညေနေျခာက္ ျမင္ေနရတဲ့ ပုံစံေတြမွာ တစ္ခုမွ အမွားအယြင္းမရွိဘဲ ေကာင္းမြန္ေနပါတယ္”လို႔ နည္းစနစ္ဒါ႐ိုက္တာက ဆိုပါတယ္။

အာဆင္နယ္အသင္းမွာ ၂၀၀၁ ခုႏွစ္ကေန ၂၀၀၅ ခုႏွစ္အထိ ကစားခဲ့တဲ့ ကြင္းလယ္လူေဟာင္း အီဒူးအေနနဲ႔ လက္ရွိအသင္းရဲ႕ လုပ္ေဆာင္မႈနဲ႔ တည္ေဆာက္မႈေတြကို ေက်နပ္ေနတယ္လို႔ဆိုခဲ့ၿပီး သူ႔စကားက ရလဒ္ေတြနဲ႔ အမွတ္ေပးဇယားေတြကို ၾကည့္မယ္ဆိုရင္ေတာ့ ေရွ႕ေနာက္ မညီသလိုမ်ိဳးလည္း ျဖစ္ေနခဲ့ပါတယ္။

ဒီရာသီမွာ သူတို႔အသင္းအေနနဲ႔ ဂိုးသမား အီမီလီယာႏို မာတီနက္ဇ္ကို ေပါင္ ၁၆ သန္းနဲ႔ ေရာင္းခ်ထားႏိုင္တာကလြဲရင္ ေပါင္ ၇၇ သန္းအထိ ေျပာင္းေ႐ႊ႕ေၾကးေတြ သုံးစြဲထားၿပီး လစာေငြကိုပါ ေပါင္းထည့္ရင္ေတာ့ မ်ားျပားတဲ့ အသုံးစရိတ္က စီမံခန႔္ခြဲမႈနဲ႔ ကစားသမား အဝင္အထြက္ပိုင္းမွာလည္း ဟန္ခ်က္မညီဘူးဆိုတာကို ေတြ႕ရဦးမွာျဖစ္ပါတယ္။

ဒါေၾကာင့္ ပရိသတ္ေတာ္ေတာ္မ်ားမ်ားက စြပ္စြဲေနသလိုပဲ ခ႐ိုယန္ကီ ခိုင္းတိုင္း လက္ညႇိဳးေထာင္ ေခါင္းညိတ္ေနတဲ့သူေတြ ဦးေဆာင္ေနတဲ့ ကလပ္ဟာ ဘာမွ ျဖစ္မလာတာ မဆန္းဘူးဆိုတာ တကယ္အမွန္ပဲလားလို႔ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ၿပီး ရလဒ္ဆိုးေတြနဲ႔ နည္းျပကို ကာကြယ္ေပးခဲ့တဲ့ အျပင္ ဘာျပႆနာမွ မရွိဘူးဆိုတာကေတာ့ ထူးဆန္းတဲ့ ေျဖရွင္းမႈလည္းျဖစ္ေနလို႔ အေကာင္းျမင္တတ္တဲ့သူေတြကေတာ့ ေျပာတဲ့အတိုင္း မွန္ပါေစလို႔ ဆုေတာင္းေပး႐ုံပဲ ရွိေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.