Premier League Transfer News

15 Dec နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ဝုလ်ဗ်စ်နဲ့ ကစားမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်အတွက် တောင်ပံကစားသမား ခရစ္စတီယန် ပူလီရှစ်ချ်ကို နည်းပြ ဖရန့် လမ်းပတ်က ပြန်လည်ထည့်သွင်းခဲ့ပြီး ကြံ့ခိုင်မှု ရှိလာပြီလို့ ဆိုခဲ့ပေမယ့် ဟာကင်းမ် ဇီးယက်ရှ်နဲ့ ကယ်လမ် ဟဒ်ဆန်-အိုဒွိုင်းတို့ကတော့ ပြန်လည် ကစားဖို့ မဖြစ်နိုင်သေး။

– ချဲလ်ဆီးအသင်းရဲ့ ယူ-၂၃ အသင်းမှာ ပွဲထွက်ကစားမယ့် ဂိုးသမား အဆင်မပြေလို့ ဝင်ဖမ်းပေးခဲ့ရတဲ့ နည်းစနစ်အကြံပေးကြီး ပီတာချက်အနေနဲ့ သူ့ရဲ့ ပွဲထွက်မှုမှာ အရှက်ရစရာဖြစ်ခဲ့ရပြီး ပွဲချိန် မိနစ် ၂၀ အတွင်းမှာ အားနည်းချက်တွေကနေ နှစ်ဂိုး ပေးခဲ့ရ။

– လိဒ်စ်ယူနိုက်တက်၊ အဲဗာတန်အသင်းတွေနဲ့ ပွဲစဉ်တွေမှာ နှစ်ပွဲဆက်တိုက် အမှားကျူးလွန်ခဲ့တဲ့ ဂိုးသမား အေဒူယာ မန်ဒီအတွက် ချဲလ်ဆီးပရိသတ်တွေ စိုးရိမ်ရတော့မှာလားလို့ Goal.com က ရေးသားလိုက်ပြီး ဒီအမှားနှစ်ခုက သူ့ရဲ့ ဘောလုံးကို ထွက်ပြီး ရင်ဆိုင်ချင်တဲ့ စိတ်ကြောင့်ဖြစ်ရတာမို့ ခံစစ်သမားတွေကို ပိုမိုအချိန်ပေးပြီး ဖျက်ထုတ်စေသင့်ကြောင်း အကြံပြုသွား။

– အက်သလက်တီကို မက်ဒရစ်ဘက်ကတော့ ဟေး… ချဲလ်ဆီးလို့ တွစ်တာမှာ နှုတ်ဆက်ခဲ့ပြီး ချဲလ်ဆီးဘက်ကတော့ နောက်နှစ်ကျ တွေ့ကြတာပေါ့လို့ တုံ့ပြန်သွားချိန်မှာ နည်းပြ လမ်းပတ်က သူတို့အနေနဲ့ ခက်ခဲတဲ့ ပွဲပေမယ့်လည်း ကြိုးစားကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြား။

– အသင်းအတွက် မှားယွင်းတဲ့ ခေါ်ယူမှုဖြစ်ခဲ့ပြီး ခြေစွမ်းပြသနိုင်ခြင်းမရှိသလို အငှားချခဲ့ရာမှာလည်း ပြဿနာတွေ အမျိုးမျိုးလုပ်ခဲ့တဲ့ ကွင်းလယ်လူ ဒန်နီ ဒရင့်ခ်ဝါးတားအနေနဲ့ ယူ-၂၃ ပွဲစဉ်မှာ ပြိုင်ဘက်စပါးစ်အသင်းရဲ့ အသက် ၁၆ နှစ်အရွယ် ကစားသမားကို နောက်ကနေ လှမ်းကန်ခဲ့လို့ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရ။

– အဲဗာတန်ပွဲက အရှုံးအတွက် ဝမ်းနည်းနေဖို့ မရှိကြောင်းနဲ့ လာမယ့် ဝုလ်ဗ်စ်နဲ့ နောက်ထပ်အဝေးကွင်းပွဲစဉ်မှာ အမှားမခံဘဲ အကောင်းဆုံးကစားဖို့ကိုသာ အာရုံစိုက်ထားရမှာဖြစ်ကြောင်း အသင်းဖော်တွေနဲ့ ပရိသတ်တွေကို ချဲလ်ဆီးအသင်းရဲ့ ဝက်ဘ်ဆိုက်က တစ်ဆင့် မေဆန်မောင့် အားပေးသွား။

– ချဲလ်ဆီးအသင်းက အလိုရှိနေခဲ့တဲ့ ဘိုင်ယန်မြူးနစ်နောက်ခံလူ ဒေးဗစ် အလာဘာကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်အသင်းက အခြေအနေ ကောင်းနေတယ်ဆိုတာကြောင့် ပရိသတ်တွေ စိတ်ပျက်နေကြပြီး အသင်းအနေနဲ့တော့ တန်ဖိုးရှိလှတဲ့ အတွေ့အကြုံတွေနဲ့ သြစတြီးယားသားကို သူတို့နဲ့ ရင်းနှီးတဲ့ အေးဂျင့် ဇာဟာဗီ အကူအညီနဲ့ အပြင်းအထန် ကြိုးစားသွားဖို့ စီစဉ်နေ။

– အသင်းမှာ ဦးစားပေးကစားသမားဖြစ်လာဖို့ မရှိဘဲ ဗဟိုနောက်ခံလူ ရွေးချယ်မှုမှာ နောက်ဆုံးက ရှိနေတဲ့ လူငယ်ခံစစ်မှူး ဖီကာယို တိုမိုရီကို ချဲလ်ဆီးတာဝန်ရှိသူတွေအနေနဲ့ အငှားချသွားဖို့ ရှိနေပြီး အတွေ့အကြုံပိုရစေဖို့ ပြည်ပကို ပို့ဆောင်သွားဖွယ်ရှိပြီး ပြင်သစ်ကလပ် နိစ်နဲ့ ချိတ်ဆက်နေ။

– အာဆင်နယ်အသင်းနဲ့ အပြိုင်လုပြီး ခေါ်ယူခဲ့ရပေမယ့် အသင်းမှာ ဘာမှဖြစ်မလာဘဲ နှစ်စဉ်နှစ်တိုင်း အငှားချနေခဲ့ရတဲ့ နောက်ခံလူ ဘာဘာ ရာမန်ကို ချဲလ်ဆီးအသင်းအနေနဲ့ အပြီးသတ်ရောင်းချသွားဖွယ်ရှိနေပြီး ချန်ပီယံရှစ်ကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဝုလ္ဗ္စ္နဲ႔ ကစားမယ့္ ပရီးမီးယားလိဂ္အေဝးကြင္းပြဲစဥ္အတြက္ ေတာင္ပံကစားသမား ခရစၥတီယန္ ပူလီရွစ္ခ်္ကို နည္းျပ ဖရန႔္ လမ္းပတ္က ျပန္လည္ထည့္သြင္းခဲ့ၿပီး ႀကံ့ခိုင္မႈ ရွိလာၿပီလို႔ ဆိုခဲ့ေပမယ့္ ဟာကင္းမ္ ဇီးယက္ရွ္နဲ႔ ကယ္လမ္ ဟဒ္ဆန္-အိုဒြိဳင္းတို႔ကေတာ့ ျပန္လည္ ကစားဖို႔ မျဖစ္ႏိုင္ေသး။

– ခ်ဲလ္ဆီးအသင္းရဲ႕ ယူ-၂၃ အသင္းမွာ ပြဲထြက္ကစားမယ့္ ဂိုးသမား အဆင္မေျပလို႔ ဝင္ဖမ္းေပးခဲ့ရတဲ့ နည္းစနစ္အႀကံေပးႀကီး ပီတာခ်က္အေနနဲ႔ သူ႔ရဲ႕ ပြဲထြက္မႈမွာ အရွက္ရစရာျဖစ္ခဲ့ရၿပီး ပြဲခ်ိန္ မိနစ္ ၂၀ အတြင္းမွာ အားနည္းခ်က္ေတြကေန ႏွစ္ဂိုး ေပးခဲ့ရ။

– လိဒ္စ္ယူႏိုက္တက္၊ အဲဗာတန္အသင္းေတြနဲ႔ ပြဲစဥ္ေတြမွာ ႏွစ္ပြဲဆက္တိုက္ အမွားက်ဴးလြန္ခဲ့တဲ့ ဂိုးသမား ေအဒူယာ မန္ဒီအတြက္ ခ်ဲလ္ဆီးပရိသတ္ေတြ စိုးရိမ္ရေတာ့မွာလားလို႔ Goal.com က ေရးသားလိုက္ၿပီး ဒီအမွားႏွစ္ခုက သူ႔ရဲ႕ ေဘာလုံးကို ထြက္ၿပီး ရင္ဆိုင္ခ်င္တဲ့ စိတ္ေၾကာင့္ျဖစ္ရတာမို႔ ခံစစ္သမားေတြကို ပိုမိုအခ်ိန္ေပးၿပီး ဖ်က္ထုတ္ေစသင့္ေၾကာင္း အႀကံျပဳသြား။

– အက္သလက္တီကို မက္ဒရစ္ဘက္ကေတာ့ ေဟး… ခ်ဲလ္ဆီးလို႔ တြစ္တာမွာ ႏႈတ္ဆက္ခဲ့ၿပီး ခ်ဲလ္ဆီးဘက္ကေတာ့ ေနာက္ႏွစ္က် ေတြ႕ၾကတာေပါ့လို႔ တုံ႔ျပန္သြားခ်ိန္မွာ နည္းျပ လမ္းပတ္က သူတို႔အေနနဲ႔ ခက္ခဲတဲ့ ပြဲေပမယ့္လည္း ႀကိဳးစားေက်ာ္ျဖတ္ႏိုင္မယ္လို႔ ယုံၾကည္ေၾကာင္း ေျပာၾကား။

– အသင္းအတြက္ မွားယြင္းတဲ့ ေခၚယူမႈျဖစ္ခဲ့ၿပီး ေျခစြမ္းျပသႏိုင္ျခင္းမရွိသလို အငွားခ်ခဲ့ရာမွာလည္း ျပႆနာေတြ အမ်ိဳးမ်ိဳးလုပ္ခဲ့တဲ့ ကြင္းလယ္လူ ဒန္နီ ဒရင့္ခ္ဝါးတားအေနနဲ႔ ယူ-၂၃ ပြဲစဥ္မွာ ၿပိဳင္ဘက္စပါးစ္အသင္းရဲ႕ အသက္ ၁၆ ႏွစ္အ႐ြယ္ ကစားသမားကို ေနာက္ကေန လွမ္းကန္ခဲ့လို႔ အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရ။

– အဲဗာတန္ပြဲက အရႈံးအတြက္ ဝမ္းနည္းေနဖို႔ မရွိေၾကာင္းနဲ႔ လာမယ့္ ဝုလ္ဗ္စ္နဲ႔ ေနာက္ထပ္အေဝးကြင္းပြဲစဥ္မွာ အမွားမခံဘဲ အေကာင္းဆုံးကစားဖို႔ကိုသာ အာ႐ုံစိုက္ထားရမွာျဖစ္ေၾကာင္း အသင္းေဖာ္ေတြနဲ႔ ပရိသတ္ေတြကို ခ်ဲလ္ဆီးအသင္းရဲ႕ ဝက္ဘ္ဆိုက္က တစ္ဆင့္ ေမဆန္ေမာင့္ အားေပးသြား။

– ခ်ဲလ္ဆီးအသင္းက အလိုရွိေနခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူ ေဒးဗစ္ အလာဘာကို ေခၚယူဖို႔ ရီးရဲလ္မက္ဒရစ္အသင္းက အေျခအေန ေကာင္းေနတယ္ဆိုတာေၾကာင့္ ပရိသတ္ေတြ စိတ္ပ်က္ေနၾကၿပီး အသင္းအေနနဲ႔ေတာ့ တန္ဖိုးရွိလွတဲ့ အေတြ႕အႀကဳံေတြနဲ႔ ၾသစႀတီးယားသားကို သူတို႔နဲ႔ ရင္းႏွီးတဲ့ ေအးဂ်င့္ ဇာဟာဗီ အကူအညီနဲ႔ အျပင္းအထန္ ႀကိဳးစားသြားဖို႔ စီစဥ္ေန။

– အသင္းမွာ ဦးစားေပးကစားသမားျဖစ္လာဖို႔ မရွိဘဲ ဗဟိုေနာက္ခံလူ ေ႐ြးခ်ယ္မႈမွာ ေနာက္ဆုံးက ရွိေနတဲ့ လူငယ္ခံစစ္မႉး ဖီကာယို တိုမိုရီကို ခ်ဲလ္ဆီးတာဝန္ရွိသူေတြအေနနဲ႔ အငွားခ်သြားဖို႔ ရွိေနၿပီး အေတြ႕အႀကဳံပိုရေစဖို႔ ျပည္ပကို ပို႔ေဆာင္သြားဖြယ္ရွိၿပီး ျပင္သစ္ကလပ္ နိစ္နဲ႔ ခ်ိတ္ဆက္ေန။

– အာဆင္နယ္အသင္းနဲ႔ အၿပိဳင္လုၿပီး ေခၚယူခဲ့ရေပမယ့္ အသင္းမွာ ဘာမွျဖစ္မလာဘဲ ႏွစ္စဥ္ႏွစ္တိုင္း အငွားခ်ေနခဲ့ရတဲ့ ေနာက္ခံလူ ဘာဘာ ရာမန္ကို ခ်ဲလ္ဆီးအသင္းအေနနဲ႔ အၿပီးသတ္ေရာင္းခ်သြားဖြယ္ရွိေနၿပီး ခ်န္ပီယံရွစ္ကလပ္ေတြက ေခၚယူဖို႔ စိတ္ဝင္စားေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.