Premier League Transfer News

15 Dec နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်ပရိသတ်တွေအတွက် ဂုဏ်ယူစရာအဖြစ် သူတို့ရဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်အနေနဲ့ ခါးသီးတဲ့ မြို့ခံ ပြိုင်ဘက် မန်စီးတီးရဲ့ အကောင်းဆုံးကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားထက် သာလွန်တဲ့ အခွင့်အရေးဖန်တီးမှုကို ၆ ကြိမ် ပိုလွန်ပြီး ၃၇ ကြိမ်အထိ ပရီးမီးယားလိဂ်မှာ လုပ်ဆောင်ထား။

– အေစီမီလန်အသင်းရဲ့ နွေရာသီမှာ စာချုပ်ကုန်ဆုံးမယ့် ကွင်းလယ်လူ ဟာကန် ချယ်လ်ဟာနိုးလူးဟာ ကွင်းလယ်မှာ ဘရူနို ဖာနန်ဒက်စ် အတွက် ပေါ့ဘာထက်ပိုပြီး အကျိုးပြုနိုင်မယ့်သူအဖြစ် ကျွမ်းကျင်သူတွေက ရှုမြင်ထားပြီး ဇန်နဝါရီမှာ ယူနိုက်တက်တာဝန်ရှိသူတွေ လှုပ်ရှားသွားဖွယ်ရှိနေ။

– ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အသင်းကနေ ကွင်းလယ်လူ ပေါလ် ပေါ့ဘာထွက်ခွာဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ အေးဂျင့်ဖြစ်သူ မီနို ရိုင်ယိုလာက ပြောကြားလိုက်ပြီး နွေရာသီအပြောင်းအရွှေ့အတွက်တော့ တံခါးဖွင့်ထားတယ်လို့ ပြောကြားသွား။

– အာဆင်နယ်၊ ဖီအိုရင်တီးနားအသင်းတို့နဲ့ ယှဉ်ပြိုင်ခေါ်ယူရနိုင်တဲ့ ယူနိုက်တက်ပစ်မှတ် ဂါဘရီယယ်လ် ဗာရွန်ကို ပါးလ်မီးရပ်စ်အသင်းအနေနဲ့ မန်စီးတီးကို ရောင်းချခဲ့တဲ့ တိုက်စစ်မှူး ဂျေဆူးစ်ထက် ပိုများတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကလပ်စံချိန်တင် ရောင်းချမှုဖြစ်လာဖို့ တောင်းဆိုသွားဖွယ်ရှိနေ။

– အသင်းရဲ့ ဦးစားပေးဂိုးသမား ဂျက်စ်ပါ ဆီလက်ဆန် ဒဏ်ရာရရှိသွားခဲ့တဲ့ ဗလင်စီယာအသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ အပယ်ခံ ဆာဂျီယို ရိုမဲရိုးကို ခေါ်ယူသွားဖို့ လွန်ခဲ့တဲ့ သုံးပတ်ကတည်းက ကြိုတင်သဘောတူညီမှု ရယူနိုင်ခဲ့တယ်လို့ အာဂျင်တီးနား ဂျာနယ်လစ် ဖော်ပြ။

– ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူးဟောင်း တိုနီ ကက်စ်ကာရီနိုအနေနဲ့ သူတို့အသင်းရဲ့ ကာလကြာရှည်ပစ်မှတ် ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကို မခေါ်ယူနိုင်ဘဲ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ဆုံးရှုံးရမှာကို စိုးရိမ်နေတယ်လို့ သိရ။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်တန်းမှာ အစွမ်းအစရှိပေမယ့်လည်း နည်းပါးတဲ့ ကစားခွင့်ကြောင့် တိုးတက်မလာတဲ့ လူငယ်ကစားသမား ဘရန်ဒန် ဝီလီယမ်စ်ကို ဆောင်းရာသီအပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ ဆောက်သမ်တန်နည်းပြ ဟေဆန်ဟွတ်တယ်လ် အလိုရှိနေ။

– အသင်းရဲ့ အင်္ဂလန်ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ်အနေနဲ့ သူ့ရဲ့ အနာဂတ်အတွက် တာဝန်ရှိသူတွေကို မေးခွန်းထုတ်လိုက်ပြီး ကစားချိန် လုံလုံလောက်လောက် မရရှိဘူးဆိုရင် ပရီးမီးယားလိဂ်ပြိုင်ဘက်တွေနဲ့ ဥရောပအသင်းတွေဆီ သွားရောက်ကစားဖို့ ပြင်ဆင်နေ။

– ယူအီးအက်ဖ်အေအနေနဲ့ မန်ချက်စတာယူနိုက်တက်ကို အငြှိုးရှိသလားလို့ ပရိသတ်တွေက မေးခွန်းထုတ်လိုက်ပြီး ယူရိုပါလိဂ် ၃၂ သင်း ရှုံးထွက်အဆင့်မှာ စပိန်လာလီဂါရဲ့ ဦးဆောင်သူ ရီးရဲလ်ဆိုစီဒက်နဲ့ တွေ့ပေးခဲ့တဲ့အပေါ် စိတ်ပျက်ဒေါသထွက်နေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြအတြက္ ဂုဏ္ယူစရာအျဖစ္ သူတို႔ရဲ႕ ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္အေနနဲ႔ ခါးသီးတဲ့ ၿမိဳ႕ခံ ၿပိဳင္ဘက္ မန္စီးတီးရဲ႕ အေကာင္းဆုံးကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားထက္ သာလြန္တဲ့ အခြင့္အေရးဖန္တီးမႈကို ၆ ႀကိမ္ ပိုလြန္ၿပီး ၃၇ ႀကိမ္အထိ ပရီးမီးယားလိဂ္မွာ လုပ္ေဆာင္ထား။

– ေအစီမီလန္အသင္းရဲ႕ ေႏြရာသီမွာ စာခ်ဳပ္ကုန္ဆုံးမယ့္ ကြင္းလယ္လူ ဟာကန္ ခ်ယ္လ္ဟာႏိုးလူးဟာ ကြင္းလယ္မွာ ဘ႐ူႏို ဖာနန္ဒက္စ္ အတြက္ ေပါ့ဘာထက္ပိုၿပီး အက်ိဳးျပဳႏိုင္မယ့္သူအျဖစ္ ကြၽမ္းက်င္သူေတြက ရႈျမင္ထားၿပီး ဇန္နဝါရီမွာ ယူႏိုက္တက္တာဝန္ရွိသူေတြ လႈပ္ရွားသြားဖြယ္ရွိေန။

– ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ကာလမွာ အသင္းကေန ကြင္းလယ္လူ ေပါလ္ ေပါ့ဘာထြက္ခြာဖို႔ဆိုတာ မျဖစ္ႏိုင္ဘူးလို႔ ေအးဂ်င့္ျဖစ္သူ မီႏို ႐ိုင္ယိုလာက ေျပာၾကားလိုက္ၿပီး ေႏြရာသီအေျပာင္းအေ႐ႊ႕အတြက္ေတာ့ တံခါးဖြင့္ထားတယ္လို႔ ေျပာၾကားသြား။

– အာဆင္နယ္၊ ဖီအိုရင္တီးနားအသင္းတို႔နဲ႔ ယွဥ္ၿပိဳင္ေခၚယူရႏိုင္တဲ့ ယူႏိုက္တက္ပစ္မွတ္ ဂါဘရီယယ္လ္ ဗာ႐ြန္ကို ပါးလ္မီးရပ္စ္အသင္းအေနနဲ႔ မန္စီးတီးကို ေရာင္းခ်ခဲ့တဲ့ တိုက္စစ္မႉး ေဂ်ဆူးစ္ထက္ ပိုမ်ားတဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ကလပ္စံခ်ိန္တင္ ေရာင္းခ်မႈျဖစ္လာဖို႔ ေတာင္းဆိုသြားဖြယ္ရွိေန။

– အသင္းရဲ႕ ဦးစားေပးဂိုးသမား ဂ်က္စ္ပါ ဆီလက္ဆန္ ဒဏ္ရာရရွိသြားခဲ့တဲ့ ဗလင္စီယာအသင္းအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အပယ္ခံ ဆာဂ်ီယို ႐ိုမဲ႐ိုးကို ေခၚယူသြားဖို႔ လြန္ခဲ့တဲ့ သုံးပတ္ကတည္းက ႀကိဳတင္သေဘာတူညီမႈ ရယူႏိုင္ခဲ့တယ္လို႔ အာဂ်င္တီးနား ဂ်ာနယ္လစ္ ေဖာ္ျပ။

– ခ်ဲလ္ဆီးအသင္းရဲ႕ တိုက္စစ္မႉးေဟာင္း တိုနီ ကက္စ္ကာရီႏိုအေနနဲ႔ သူတို႔အသင္းရဲ႕ ကာလၾကာရွည္ပစ္မွတ္ ဝက္စ္ဟမ္းကြင္းလယ္လူ ဒက္ကလန္ ႐ိုက္စ္ကို မေခၚယူႏိုင္ဘဲ မန္ခ်က္စတာယူႏိုက္တက္အသင္းဆီကို ဆုံးရႈံးရမွာကို စိုးရိမ္ေနတယ္လို႔ သိရ။

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေနာက္တန္းမွာ အစြမ္းအစရွိေပမယ့္လည္း နည္းပါးတဲ့ ကစားခြင့္ေၾကာင့္ တိုးတက္မလာတဲ့ လူငယ္ကစားသမား ဘရန္ဒန္ ဝီလီယမ္စ္ကို ေဆာင္းရာသီအေျပာင္းအေ႐ႊ႕မွာ ေခၚယူႏိုင္ဖို႔ ေဆာက္သမ္တန္နည္းျပ ေဟဆန္ဟြတ္တယ္လ္ အလိုရွိေန။

– အသင္းရဲ႕ အဂၤလန္ကြင္းလယ္လူ ဂ်က္ဆီ လင္ဂတ္အေနနဲ႔ သူ႔ရဲ႕ အနာဂတ္အတြက္ တာဝန္ရွိသူေတြကို ေမးခြန္းထုတ္လိုက္ၿပီး ကစားခ်ိန္ လုံလုံေလာက္ေလာက္ မရရွိဘူးဆိုရင္ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ေတြနဲ႔ ဥေရာပအသင္းေတြဆီ သြားေရာက္ကစားဖို႔ ျပင္ဆင္ေန။

– ယူအီးအက္ဖ္ေအအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္ကို အျငႇိဳးရွိသလားလို႔ ပရိသတ္ေတြက ေမးခြန္းထုတ္လိုက္ၿပီး ယူ႐ိုပါလိဂ္ ၃၂ သင္း ရႈံးထြက္အဆင့္မွာ စပိန္လာလီဂါရဲ႕ ဦးေဆာင္သူ ရီးရဲလ္ဆိုစီဒက္နဲ႔ ေတြ႕ေပးခဲ့တဲ့အေပၚ စိတ္ပ်က္ေဒါသထြက္ေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.