Premier League Transfer News UCL&UEL

14 Dec ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– အားလုံးထင်ထားခဲ့ကြတဲ့အတိုင်းပဲ အင်္ဂလန်ကလပ်တွေနဲ့ ဂျာမန်ကလပ်တွေ တွေ့ဆုံခဲ့ပြီး လီဗာပူးလ်အသင်းအနေနဲ့ RB လိုက်ပ်ဇစ် အသင်းနဲ့ အဝေးကွင်းမှာ စတင်တွေ့ဆုံနေခဲ့ပြီး ၁၆ သင်းရှုံးထွက်အဆင့်ရဲ့ ဒုတိယမြောက် ဂျာမန်-အင်္ဂလိပ်တွေ့ဆုံမှုဖြစ်လာ။

– လီဗာပူးလ်အသင်းကို ၂၀၀၁ ခုနှစ်က ဖလားသုံးလုံးရအောင် နည်းပြပေးခဲ့တဲ့ ပြင်သစ်လူမျိုးနည်းပြကြီး ဂျရယ် အူလီယေးဟာ ဒီနေ့မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး အသက် ၇၃ နှစ်အရွယ်မှာ ဘဝတစ်ပါးကို ပြောင်းသွားခဲ့တဲ့ နည်းပြဟောင်းကြီးကို အိုဝင်၊ ကာရေဂါတို့ အပါအဝင် ကစားသမားပေါင်းများစွာနဲ့ လီဗာပူးလ်အသင်း ဝမ်းနည်းကြောင်းဆို။

– ဖူလ်ဟမ်နဲ့ပွဲကို သရေကျခဲ့ရတဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အတွက် ဒဏ်ရာအကြောင်းပြပြီး ဆင်ခြေပေးလို့ မရဘူးလို့ လီဗာပူးလ်အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်က ပြောကြားလိုက်ပြီး နည်းပြ ညွှန်ကြားထားတဲ့အတိုင်း မကစားနိုင်လို့သာ ဖြစ်ခဲ့ရတာလို့ ဝန်ခံသွားခဲ့။

– လီဗာပူးလ်တို့ရဲ့ ခံစစ်အားဖြည့်မှု ပစ်မှတ်တစ်ခုဖြစ်တဲ့ RB လိုက်ပ်ဇစ်နောက်ခံလူ ဒါယို အူပါမီကာနိုအတွက် ပြိုင်ပွဲကနေ မန်ချက်စတာ ယူနိုက်တက်အသင်း နုတ်ထွက်သွားခဲ့ပြီး ပြင်သစ်သားကို ဘိုင်ယန်မြူးနစ်အသင်းနဲ့သာ အဓိက ယှဉ်ပြိုင်ခေါ်ယူရဖွယ်ရှိနေ။

– အသင်းရဲ့ နောက်ဆုံးဒဏ်ရာရရှိသွားသူတွေဖြစ်ကြတဲ့ နောက်ခံလူ ဆီမီကတ်စ်နဲ့ တိုက်စစ်မှူး ဒီယိုဂို ဂျိုတာတို့အနေနဲ့ ဖေဖော်ဝါရီလ လောက်မှ ပြန်ကစားနိုင်ဖို့ ရှိနေတယ်လို့ သတင်းထွက်လာခဲ့ပြီး ဖူလ်ဟမ်နဲ့ပွဲမှာ တင်ပါးဒဏ်ရာရရှိသွားခဲ့တဲ့ နောက်ခံလူ မာတစ်ပ်စ်ကတော့ လာမယ့်ပွဲမှာ ပြန်လည်ပါဝင်နိုင်ဖို့ နီးစပ်နေ။

– ကွင်းလယ်လူ ဂျော်ဂျင်နီယို ဗိုင်နယ်လ်ဒွမ်ဟာ အသင်းအတွက် အကောင်းဆုံးကစားပေးနေပြီး တန်ဖိုးရှိဆဲ ကစားသမားဖြစ်လို့ အမြန်ဆုံး သက်တမ်းတိုးဖို့နဲ့ ဒီလိုကစားသမားမျိုးကို ပြန်လည်အစားထိုးရင် ပေါင်သန်း ၅၀-၆၀ ကျသင့်မှာဖြစ်လို့ စဉ်းစားလုပ်ဆောင်သင့်ကြောင်း လီဗာပူးလ်နောက်ခံလူဟောင်း စတီဖင် ဝါးနော့ခ် ပြောကြား။

– လီဗာပူးလ်နဲ့ပွဲမှာ အကောင်းဆုံးကစားပြီး ခရစ္စတယ်လ်ပဲလေ့စ်နဲ့ပွဲမှာ ပျောက်ဆုံးနေခဲ့တဲ့ ၃ မှတ်ကို အန်းဖီးလ်ကွင်းမှာ ပြန်လည်ရှာဖွေဖို့ မစောင့်နိုင်တော့ဘူးလို့ တော့တင်ဟမ်ဟော့စပါးစ်အသင်းရဲ့ ကွင်းလယ်လူ ပျယ်-အီမီးလ် ဟွိုင်ဘယာ့ဂ်က ပွဲကြိုစကားဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အားလုံးထင္ထားခဲ့ၾကတဲ့အတိုင္းပဲ အဂၤလန္ကလပ္ေတြနဲ႔ ဂ်ာမန္ကလပ္ေတြ ေတြ႕ဆုံခဲ့ၿပီး လီဗာပူးလ္အသင္းအေနနဲ႔ RB လိုက္ပ္ဇစ္ အသင္းနဲ႔ အေဝးကြင္းမွာ စတင္ေတြ႕ဆုံေနခဲ့ၿပီး ၁၆ သင္းရႈံးထြက္အဆင့္ရဲ႕ ဒုတိယေျမာက္ ဂ်ာမန္-အဂၤလိပ္ေတြ႕ဆုံမႈျဖစ္လာ။

– လီဗာပူးလ္အသင္းကို ၂၀၀၁ ခုႏွစ္က ဖလားသုံးလုံးရေအာင္ နည္းျပေပးခဲ့တဲ့ ျပင္သစ္လူမ်ိဳးနည္းျပႀကီး ဂ်ရယ္ အူလီေယးဟာ ဒီေန႔မွာ ကြယ္လြန္သြားခဲ့ၿပီျဖစ္ၿပီး အသက္ ၇၃ ႏွစ္အ႐ြယ္မွာ ဘဝတစ္ပါးကို ေျပာင္းသြားခဲ့တဲ့ နည္းျပေဟာင္းႀကီးကို အိုဝင္၊ ကာေရဂါတို႔ အပါအဝင္ ကစားသမားေပါင္းမ်ားစြာနဲ႔ လီဗာပူးလ္အသင္း ဝမ္းနည္းေၾကာင္းဆို။

– ဖူလ္ဟမ္နဲ႔ပြဲကို သေရက်ခဲ့ရတဲ့ ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္အတြက္ ဒဏ္ရာအေၾကာင္းျပၿပီး ဆင္ေျခေပးလို႔ မရဘူးလို႔ လီဗာပူးလ္အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္က ေျပာၾကားလိုက္ၿပီး နည္းျပ ၫႊန္ၾကားထားတဲ့အတိုင္း မကစားႏိုင္လို႔သာ ျဖစ္ခဲ့ရတာလို႔ ဝန္ခံသြားခဲ့။

– လီဗာပူးလ္တို႔ရဲ႕ ခံစစ္အားျဖည့္မႈ ပစ္မွတ္တစ္ခုျဖစ္တဲ့ RB လိုက္ပ္ဇစ္ေနာက္ခံလူ ဒါယို အူပါမီကာႏိုအတြက္ ၿပိဳင္ပြဲကေန မန္ခ်က္စတာ ယူႏိုက္တက္အသင္း ႏုတ္ထြက္သြားခဲ့ၿပီး ျပင္သစ္သားကို ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔သာ အဓိက ယွဥ္ၿပိဳင္ေခၚယူရဖြယ္ရွိေန။

– အသင္းရဲ႕ ေနာက္ဆုံးဒဏ္ရာရရွိသြားသူေတြျဖစ္ၾကတဲ့ ေနာက္ခံလူ ဆီမီကတ္စ္နဲ႔ တိုက္စစ္မႉး ဒီယိုဂို ဂ်ိဳတာတို႔အေနနဲ႔ ေဖေဖာ္ဝါရီလ ေလာက္မွ ျပန္ကစားႏိုင္ဖို႔ ရွိေနတယ္လို႔ သတင္းထြက္လာခဲ့ၿပီး ဖူလ္ဟမ္နဲ႔ပြဲမွာ တင္ပါးဒဏ္ရာရရွိသြားခဲ့တဲ့ ေနာက္ခံလူ မာတစ္ပ္စ္ကေတာ့ လာမယ့္ပြဲမွာ ျပန္လည္ပါဝင္ႏိုင္ဖို႔ နီးစပ္ေန။

– ကြင္းလယ္လူ ေဂ်ာ္ဂ်င္နီယို ဗိုင္နယ္လ္ဒြမ္ဟာ အသင္းအတြက္ အေကာင္းဆုံးကစားေပးေနၿပီး တန္ဖိုးရွိဆဲ ကစားသမားျဖစ္လို႔ အျမန္ဆုံး သက္တမ္းတိုးဖို႔နဲ႔ ဒီလိုကစားသမားမ်ိဳးကို ျပန္လည္အစားထိုးရင္ ေပါင္သန္း ၅၀-၆၀ က်သင့္မွာျဖစ္လို႔ စဥ္းစားလုပ္ေဆာင္သင့္ေၾကာင္း လီဗာပူးလ္ေနာက္ခံလူေဟာင္း စတီဖင္ ဝါးေနာ့ခ္ ေျပာၾကား။

– လီဗာပူးလ္နဲ႔ပြဲမွာ အေကာင္းဆုံးကစားၿပီး ခရစၥတယ္လ္ပဲေလ့စ္နဲ႔ပြဲမွာ ေပ်ာက္ဆုံးေနခဲ့တဲ့ ၃ မွတ္ကို အန္းဖီးလ္ကြင္းမွာ ျပန္လည္ရွာေဖြဖို႔ မေစာင့္ႏိုင္ေတာ့ဘူးလို႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းရဲ႕ ကြင္းလယ္လူ ပ်ယ္-အီမီးလ္ ဟြိဳင္ဘယာ့ဂ္က ပြဲႀကိဳစကားဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.