Premier League

အာဆင်နယ် 0 : 1 ဘန်လေ ပွဲအပြီး မှတ်မှတ်ရရ မြင်တွေ့ခဲ့ရတဲ့ အချက် ၇ ချက်

ပေးဆပ်မှုကြီးမားတဲ့ ချာကာရဲ့အနီကဒ်
ပြီးခဲ့တဲ့ရာသီကဖြစ်ပွားခဲ့တဲ့ ပြသနာတွေကြောင့် ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့ရတဲ့ ချာကာအနေနဲ့ ပြန်လည်ပွဲထွက်ခွင့်ရချိန် အသင်းပရိတ်သတ် နဲ့ယုံကြည်မှု ပြန်လည်တည်ဆောက်ရမဲ့ အချိန်မှာပဲ မိုက်မဲတဲ့လုပ်ရပ်ကို လုပ်ခဲ့ပြီး ဘန်လေကစား သမား ဝတ်စ်ဝုဒ် ကိုလည်ပင်း ညှစ်ခဲ့တာကြောင့် အနီကတ်ပြသခံခဲ့ရတာဖြစ်ပါတယ်။

အော်ဘာမီယန်းရဲ့ ကံဆိုးမိုးမှောင်ကျမှု
အာဆင်နယ် အသင်းခေါင်ဆောင် အော်ဘာမီယန်းဟာ ယခုရာသီမှာ စုစုပေါင်း၂ဂိုးသာ သွင်းယူထားခဲ့ပြီး ပြီးခဲ့တဲ့ ရာသီတွေကနဲ့စာရင် သွင်းယူခဲ့တဲ့ ၂၂ဂိုးနဲ့ ယှဉ်ရင် ဒီရာသီမှာ သိသိသာသာကို ဂိုးသွင်းယူမှူနှုန်းကျဆင်းလာတာဖြစ်ပါတယ်။ ဘန်လေနဲ့ပွဲမှာလည်း ဂိုးပေါက်ထပ်မံ ပျောက်ဆုံးခဲ့ပြီး ကိုယ့်ဂိုးကိုယ်သွင်းယူမိတဲ့ အထိ အခြေအနေဆိုးနေပါတယ်။

ခြေစွမ်းကောင်းပြသခဲ့တဲ့ မက်နီးလ်
မန်ယူ အကယ်ဒမီထွက် အဆိုပါ ၂၁နှစ်အရွယ် တောင်ပံကစားသမား မက်နီးလ်အနေနဲ့ မနေ့က အမ်းမရိတ်စ်က အာဆင်နယ်ကို အနိုင်ယူတဲ့ပွဲမှာ သူ့ရဲ့ ကောင်းမွန်လှတဲ့ ဘောလုံးဆွဲပြေးမှု၊ ဘောလုံးပေးပို့မှုတွေနဲ့ သူဟာအရည်အသွေးရှိသူဖြစ်ကြောင်း ပြသခဲ့ပါတယ်။

အချက်ပေးခေါင်းဆောင်းသံတွေမြည်လာတဲ့ အာတီတာ
အာဆင်နယ်အသင်းနည်းပြ အာတီတာအနေဖြင့် အောက်တိုဘာ ၄ရက်ထဲက အိမ်ကွင်းနိုင်ပွဲ ပျောက်ဆုံးနေခဲ့ရပြီး ဘန်လေနဲ့ပွဲမှာလည်း ၁၀ယောက်လက်ကျန်နဲ့ ကစားခဲ့ရသလို ကစားပုံကလည်း ဖန်တီးမှုတွေပျောက်ဆုံးနေခဲ့ပါတယ်။ အာတီတာအနေနဲ့ နောက်လာမည့်ပွဲမှာ အမှားဆက်လုပ်လို့ မရတော့ဘူးဆိုတာ သတိချပ်ရမှာဖြစ်ပါတယ်။

နစ်ခ် ပုပ်၏လက်စွမ်းပြသမှု
အာဆင်နယ်အသင်းကို အနိင်ရရှိတဲ့ပွဲမှာ ဘန်လေအသင်း ဂိုးသမား နစ်ခ်ပုပ်အနေနဲ့ အော်ဘာမီယန်း၊ လာကာဇက် ၊ဆာကာတို့ရဲ့ ကန်သွင်းချက်တွေကို လက်စွမ်းပြ ကာကွယ်ခဲ့ပြီး သူဟာသံသယ ရှိစရာမလိုတဲ့ ဂိုးသမားကောင်းတစ်ဦးအဖြစ် သက်သေပြလိုက်တဲ့ တစ်ပွဲလည်းဖြစ်ပါတယ်။

ခြေစွမ်းကောင်းတွေပျောက်ကွယ်နေတဲ့ ညာတောင်ပံ
အာဆင်နယ် အသင်း၏ ညာတောင်ပံ ကစားသမားများဖြစ်ကျတဲ့ တောင်ပံကစားသမား ဝီလီယန် နဲ့ နောက်တန်းကစားသမား ဘယ်လာရင်တို့အနေနဲ့ ခြေစွမ်းတွေတောက်လျှောက်ပျောက်ဆုံးနေခဲ့တာပါ။ ဝီလီယန်ရဲ့ ဖြတ်တင်ဘောတွေဟာ ထိရောက်မှုမရှိခဲ့ဘဲ ဘယ်လာရင်ဟာလည်း ခံစစ်မကူနိုင် တိုက်စစ်မလိုက်နိုင် ဖြစ်ခဲ့ရပါတယ်။

တန်ဆင်းဇုန်တိုက်ပွဲအတွက် အဖိုးတန်အနိုင်သုံးမှတ်
ဖူလ်ဟမ်အသင်း အနေနှင့် ယခုအပတ်မှာ လီဗာပူးလ်တွေ့ဆုံခဲ့ပြီး သရေရလဒ်သာထွက်ပေါ်ခဲ့ပါတယ်။ ဒါကြောင့်တန်းဆင်းဇုန်ထဲရောက်နေတဲ့ ဘန်လေဟာ အာဆင်နယ်ကိုအနိုင်ရရှိပြီး ရမှတ်၉မှတ်နဲ့ အဆင့် ၁၇နေရာ ရပ်တည်နေပါတယ်။အာဆင်နယ်အသင်းနှင့်လည်း ၄မှတ်သာကွာဟတော့ပြီး တန်းမဆင်းရရရေးတိုက်ပွဲ အနိုင်ရမလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

REF: MIRROR , INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေပးဆပ္မႈႀကီးမားတဲ့ ခ်ာကာရဲ႕အနီကဒ္
ၿပီးခဲ့တဲ့ရာသီကျဖစ္ပြားခဲ့တဲ့ ျပသနာေတြေၾကာင့္ ပြဲထြက္ခြင့္ေပ်ာက္ဆုံးခဲ့ရတဲ့ ခ်ာကာအေနနဲ႔ ျပန္လည္ပြဲထြက္ခြင့္ရခ်ိန္ အသင္းပရိတ္သတ္ နဲ႔ယုံၾကည္မႈ ျပန္လည္တည္ေဆာက္ရမဲ့ အခ်ိန္မွာပဲ မိုက္မဲတဲ့လုပ္ရပ္ကို လုပ္ခဲ့ၿပီး ဘန္ေလကစား သမား ဝတ္စ္ဝုဒ္ ကိုလည္ပင္း ညႇစ္ခဲ့တာေၾကာင့္ အနီကတ္ျပသခံခဲ့ရတာျဖစ္ပါတယ္။

ေအာ္ဘာမီယန္းရဲ႕ ကံဆိုးမိုးေမွာင္က်မႈ
အာဆင္နယ္ အသင္းေခါင္ေဆာင္ ေအာ္ဘာမီယန္းဟာ ယခုရာသီမွာ စုစုေပါင္း၂ဂိုးသာ သြင္းယူထားခဲ့ၿပီး ၿပီးခဲ့တဲ့ ရာသီေတြကနဲ႔စာရင္ သြင္းယူခဲ့တဲ့ ၂၂ဂိုးနဲ႔ ယွဥ္ရင္ ဒီရာသီမွာ သိသိသာသာကို ဂိုးသြင္းယူမႉႏႈန္းက်ဆင္းလာတာျဖစ္ပါတယ္။ ဘန္ေလနဲ႔ပြဲမွာလည္း ဂိုးေပါက္ထပ္မံ ေပ်ာက္ဆုံးခဲ့ၿပီး ကိုယ့္ဂိုးကိုယ္သြင္းယူမိတဲ့ အထိ အေျခအေနဆိုးေနပါတယ္။

ေျခစြမ္းေကာင္းျပသခဲ့တဲ့ မက္နီးလ္
မန္ယူ အကယ္ဒမီထြက္ အဆိုပါ ၂၁ႏွစ္အ႐ြယ္ ေတာင္ပံကစားသမား မက္နီးလ္အေနနဲ႔ မေန႔က အမ္းမရိတ္စ္က အာဆင္နယ္ကို အႏိုင္ယူတဲ့ပြဲမွာ သူ႔ရဲ႕ ေကာင္းမြန္လွတဲ့ ေဘာလုံးဆြဲေျပးမႈ၊ ေဘာလုံးေပးပို႔မႈေတြနဲ႔ သူဟာအရည္အေသြးရွိသူျဖစ္ေၾကာင္း ျပသခဲ့ပါတယ္။

အခ်က္ေပးေခါင္းေဆာင္းသံေတြျမည္လာတဲ့ အာတီတာ
အာဆင္နယ္အသင္းနည္းျပ အာတီတာအေနျဖင့္ ေအာက္တိုဘာ ၄ရက္ထဲက အိမ္ကြင္းႏိုင္ပြဲ ေပ်ာက္ဆုံးေနခဲ့ရၿပီး ဘန္ေလနဲ႔ပြဲမွာလည္း ၁၀ေယာက္လက္က်န္နဲ႔ ကစားခဲ့ရသလို ကစားပုံကလည္း ဖန္တီးမႈေတြေပ်ာက္ဆုံးေနခဲ့ပါတယ္။ အာတီတာအေနနဲ႔ ေနာက္လာမည့္ပြဲမွာ အမွားဆက္လုပ္လို႔ မရေတာ့ဘူးဆိုတာ သတိခ်ပ္ရမွာျဖစ္ပါတယ္။

နစ္ခ္ ပုပ္၏လက္စြမ္းျပသမႈ
အာဆင္နယ္အသင္းကို အနိင္ရရွိတဲ့ပြဲမွာ ဘန္ေလအသင္း ဂိုးသမား နစ္ခ္ပုပ္အေနနဲ႔ ေအာ္ဘာမီယန္း၊ လာကာဇက္ ၊ဆာကာတို႔ရဲ႕ ကန္သြင္းခ်က္ေတြကို လက္စြမ္းျပ ကာကြယ္ခဲ့ၿပီး သူဟာသံသယ ရွိစရာမလိုတဲ့ ဂိုးသမားေကာင္းတစ္ဦးအျဖစ္ သက္ေသျပလိုက္တဲ့ တစ္ပြဲလည္းျဖစ္ပါတယ္။

ေျခစြမ္းေကာင္းေတြေပ်ာက္ကြယ္ေနတဲ့ ညာေတာင္ပံ
အာဆင္နယ္ အသင္း၏ ညာေတာင္ပံ ကစားသမားမ်ားျဖစ္က်တဲ့ ေတာင္ပံကစားသမား ဝီလီယန္ နဲ႔ ေနာက္တန္းကစားသမား ဘယ္လာရင္တို႔အေနနဲ႔ ေျခစြမ္းေတြေတာက္ေလွ်ာက္ေပ်ာက္ဆုံးေနခဲ့တာပါ။ ဝီလီယန္ရဲ႕ ျဖတ္တင္ေဘာေတြဟာ ထိေရာက္မႈမရွိခဲ့ဘဲ ဘယ္လာရင္ဟာလည္း ခံစစ္မကူႏိုင္ တိုက္စစ္မလိုက္ႏိုင္ ျဖစ္ခဲ့ရပါတယ္။

တန္ဆင္းဇုန္တိုက္ပြဲအတြက္ အဖိုးတန္အႏိုင္သုံးမွတ္
ဖူလ္ဟမ္အသင္း အေနႏွင့္ ယခုအပတ္မွာ လီဗာပူးလ္ေတြ႕ဆုံခဲ့ၿပီး သေရရလဒ္သာထြက္ေပၚခဲ့ပါတယ္။ ဒါေၾကာင့္တန္းဆင္းဇုန္ထဲေရာက္ေနတဲ့ ဘန္ေလဟာ အာဆင္နယ္ကိုအႏိုင္ရရွိၿပီး ရမွတ္၉မွတ္နဲ႔ အဆင့္ ၁၇ေနရာ ရပ္တည္ေနပါတယ္။အာဆင္နယ္အသင္းႏွင့္လည္း ၄မွတ္သာကြာဟေတာ့ၿပီး တန္းမဆင္းရရေရးတိုက္ပြဲ အႏိုင္ရမလား ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

REF: MIRROR , INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.