Premier League

14 Dec နေ့လည်ခင်းထိ နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုံလင်စွာ စုစည်းမှု

– ချဲလ်ဆီး U-23အသင်း ဂိုးသမား လူးကပ်စ် ဘတ်ချ်စတွမ်းသည် စနေနေ့တွင် ချဲလ်ဆီး U-18 အသင်းအတွက် ကစားပေးခဲ့ပြီး လာမည့် တနင်္လာနေ့မှာ စပါး U23 အသင်းနဲ့ ကစားမည့် ချဲလ်ဆီး U-23 အသင်းအတွက်မူ ၄၈ နာရီအတွင်း ၂ ပွဲ ကစားရမည့် အဖြစ်ရောက်နေသလို U23 ဂိုးသမား Karlo Ziger မှာလည်း ပထမအသင်းကြီးတွင် လေ့ကျင့်ခန်းဆင်းနေသောကြောင့် ကစားသမားဘဝမှ အနားယူအပြီး ၁၉လအကြာတွင် ချဲလ်ဆီး U-23 အသင်းအတွက် ပီတာချက် ပထမဆုံးအကြိမ်ပွဲထွက် ကစားတော့မည်။

– ချဲလ်ဆီးအသင်းသည် အသင်း၏ ဘဏ္ဍာရေးရေးသုံးစရိတ်ကိုလျှော့ချရန် အတွက် လာမည့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် ဂိုးသမား ကီပါ၊ နောက်ခံကစားသမား ခရစ်စတန်ဆန် နှင့် ဘာဘာ ရာမန်၊ ဘယ်နောက်ခံကစားသမား အလွန်ဆို၊ ကွင်းလယ်လူ ဒရင့် ဝါးတား တို့ကိုရောင်းချရန်စီစဉ်နေကြောင်းသိရ။

– ချဲလ်ဆီး အသင်း၏ အဓိက ကစားသမား သုံးယောက်ဖြစ်သည့် အိုဒွိုင်း၊ ပူလီဆစ်၊ ဇီးယက်ရှ် တို့သည် ဒဏ်ရာပြသနာကြောင့် ကြားရက် အင်္ဂါနေ့တွင် ကစားမည့် ဝုလ်ဗ် အသင်းနှင့် ကစားမည့် အဝေးကွင်းပွဲစဉ်ကို လွှဲချော်မည်။

– ချဲလ်ဆီး အသင်း နည်းပြ လမ်းပတ်က မိမိတို့အသင်း၏ လူစာရင်းမှာ တောင့်တင်းမှုရှိသော်လည်း ချန်ပီယံဆုကို စိန်ခေါ်နိုင်သည့် လူအင်အားမရှိဘဲ တစ်ရာသီကို ဂိုး ၃၀ခန့် သွင်းယူပေးနိုင်မည့် တိုက်စစ် ကစားသမား သို့ တောင်ပံ ကစားသမားတစ်ယောက် လိုအပ်ဟုဆို။

– အဲဗာတန်အသင်းနဲ့ပွဲတွင် ခြေစွမ်းမပြခဲ့သည့် ချဲလ်ဆီး ကွင်းလယ်ကစားသမား ယူရိုငွေ ၇၁သန်းတန် ခိုင်ဟားဗတ်ဇ် အပေါ်ဝေဖန်မှုများကို ချဲလ်ဆီး အသင်းနည်းပြက လမ်းပတ်က ပယ်ချလိုက်ပြီး မိမိတို့အနေဖြင့် ခိုင် ဟားဗတ်ဇ်အပေါ် စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းရန် လိုအပ်ဟုဆို။

– ချဲလ်ဆီး အသင်းအတွက် နောက်ဆုံး၅ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးနေသည့် ဂျာမန်တိုက်စစ်မှူး တီမို ဝါနာကို ဂိုးပေါက်ပြန်လည်ရှာတွေ့ရန် ဘယ်တောင်ပံနောက်ခံလူ ဘင်ချေးလ်ဝဲလ်၏ ဂိုးပံ့ပိုးပေးမှုများ လိုအပ်နေကြောင်း ချဲလ်ဆီး နည်းပြ လမ်းပတ်ပြောကြား။

– ချဲလ်ဆီး ကွင်းလယ်ကစားသမား မေဆင်မောင့်က အဲဗာတန် အသင်းနှင့်ပွဲတွင် ရှုံးနှိမ်ွခဲ့ပြီးနောက် မိမိတို့အသင်းအနေဖြင့် အဆင့်တစ်နေရာအတွက် ယခုထက်ပိုမို၍ ကြိုးစား ကစားရန် လိုအပ်ကြောင်း အသင်းဖော်များအား သတိပေးပြောကြား။

– လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်မှချဲလ်ဆီးအသင်းသည် တောင့်တင်းသော လူစာရင်းနှင့် မည်သည့် ပြိုင်ပွဲမဆို စိန်ခေါ်ယှဉ်ပြိုင်ကစားနိုင်သည်ဟု ချီးကျူးပြောဆိုမှုများအား ယာဂန် ကလော့ပ်သည် ချယ်လ်ဆီး နည်းပြ လမ်းပတ်နှင့် ကစားသမားများအား mind gameကစားနေခြင်းသာဖြစ်ဟု ချဲလ်ဆီးကစားသမားဟောင်း ဂျိုးကိုးမှ ပြောကြား။

– ချဲလ်ဆီးအသင်းက ခေါ်ယူဖို့ တစိုက်မတ်မတ် စိတ်ဝင်စားပြီး ခေါ်ယူဖို့ကြိုးစားနေတဲ့ ဝက်ဟမ်းအသင်း၏ ကွင်းလယ်ကစားသမား ဒီကလန် ရိုက်စ်အား ယခုအခါ မန်ချက်စတာယူနိုက်တက်အသင်းကလည်း သူတို့၏ နောက်တန်းကို ထပ်မံအားဖြည့်ရန် အတွက် ခေါ်ယူလိုနေပြီး ဝက်ဟမ်း အသင်းဘက်ကမူ အနည်းဆုံ းပေါင်သန်း ၈၀ခန့်ရမှရောင်းချသွားဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ဲလ္ဆီး U-23အသင္း ဂိုးသမား လူးကပ္စ္ ဘတ္ခ်္စတြမ္းသည္ စေနေန႔တြင္ ခ်ဲလ္ဆီး U-18 အသင္းအတြက္ ကစားေပးခဲ့ၿပီး လာမည့္ တနလၤာေန႔မွာ စပါး U23 အသင္းနဲ႔ ကစားမည့္ ခ်ဲလ္ဆီး U-23 အသင္းအတြက္မူ ၄၈ နာရီအတြင္း ၂ ပြဲ ကစားရမည့္ အျဖစ္ေရာက္ေနသလို U23 ဂိုးသမား Karlo Ziger မွာလည္း ပထမအသင္းႀကီးတြင္ ေလ့က်င့္ခန္းဆင္းေနေသာေၾကာင့္ ကစားသမားဘဝမွ အနားယူအၿပီး ၁၉လအၾကာတြင္ ခ်ဲလ္ဆီး U-23 အသင္းအတြက္ ပီတာခ်က္ ပထမဆုံးအႀကိမ္ပြဲထြက္ ကစားေတာ့မည္။

– ခ်ဲလ္ဆီးအသင္းသည္ အသင္း၏ ဘ႑ာေရးေရးသုံးစရိတ္ကိုေလွ်ာ့ခ်ရန္ အတြက္ လာမည့္ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ကာလတြင္ ဂိုးသမား ကီပါ၊ ေနာက္ခံကစားသမား ခရစ္စတန္ဆန္ ႏွင့္ ဘာဘာ ရာမန္၊ ဘယ္ေနာက္ခံကစားသမား အလြန္ဆို၊ ကြင္းလယ္လူ ဒရင့္ ဝါးတား တို႔ကိုေရာင္းခ်ရန္စီစဥ္ေနေၾကာင္းသိရ။

– ခ်ဲလ္ဆီး အသင္း၏ အဓိက ကစားသမား သုံးေယာက္ျဖစ္သည့္ အိုဒြိဳင္း၊ ပူလီဆစ္၊ ဇီးယက္ရွ္ တို႔သည္ ဒဏ္ရာျပသနာေၾကာင့္ ၾကားရက္ အဂၤါေန႔တြင္ ကစားမည့္ ဝုလ္ဗ္ အသင္းႏွင့္ ကစားမည့္ အေဝးကြင္းပြဲစဥ္ကို လႊဲေခ်ာ္မည္။

– ခ်ဲလ္ဆီး အသင္း နည္းျပ လမ္းပတ္က မိမိတို႔အသင္း၏ လူစာရင္းမွာ ေတာင့္တင္းမႈရွိေသာ္လည္း ခ်န္ပီယံဆုကို စိန္ေခၚႏိုင္သည့္ လူအင္အားမရွိဘဲ တစ္ရာသီကို ဂိုး ၃၀ခန႔္ သြင္းယူေပးႏိုင္မည့္ တိုက္စစ္ ကစားသမား သို႔ ေတာင္ပံ ကစားသမားတစ္ေယာက္ လိုအပ္ဟုဆို။

– အဲဗာတန္အသင္းနဲ႔ပြဲတြင္ ေျခစြမ္းမျပခဲ့သည့္ ခ်ဲလ္ဆီး ကြင္းလယ္ကစားသမား ယူ႐ိုေငြ ၇၁သန္းတန္ ခိုင္ဟားဗတ္ဇ္ အေပၚေဝဖန္မႈမ်ားကို ခ်ဲလ္ဆီး အသင္းနည္းျပက လမ္းပတ္က ပယ္ခ်လိုက္ၿပီး မိမိတို႔အေနျဖင့္ ခိုင္ ဟားဗတ္ဇ္အေပၚ စိတ္ရွည္ရွည္ျဖင့္ ေစာင့္ဆိုင္းရန္ လိုအပ္ဟုဆို။

– ခ်ဲလ္ဆီး အသင္းအတြက္ ေနာက္ဆုံး၅ပြဲဆက္ ဂိုးေပါက္ေပ်ာက္ဆုံးေနသည့္ ဂ်ာမန္တိုက္စစ္မႉး တီမို ဝါနာကို ဂိုးေပါက္ျပန္လည္ရွာေတြ႕ရန္ ဘယ္ေတာင္ပံေနာက္ခံလူ ဘင္ေခ်းလ္ဝဲလ္၏ ဂိုးပံ့ပိုးေပးမႈမ်ား လိုအပ္ေနေၾကာင္း ခ်ဲလ္ဆီး နည္းျပ လမ္းပတ္ေျပာၾကား။

– ခ်ဲလ္ဆီး ကြင္းလယ္ကစားသမား ေမဆင္ေမာင့္က အဲဗာတန္ အသင္းႏွင့္ပြဲတြင္ ရႈံးႏွိမ္ြခဲ့ၿပီးေနာက္ မိမိတို႔အသင္းအေနျဖင့္ အဆင့္တစ္ေနရာအတြက္ ယခုထက္ပိုမို၍ ႀကိဳးစား ကစားရန္ လိုအပ္ေၾကာင္း အသင္းေဖာ္မ်ားအား သတိေပးေျပာၾကား။

– လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္မွခ်ဲလ္ဆီးအသင္းသည္ ေတာင့္တင္းေသာ လူစာရင္းႏွင့္ မည္သည့္ ၿပိဳင္ပြဲမဆို စိန္ေခၚယွဥ္ၿပိဳင္ကစားႏိုင္သည္ဟု ခ်ီးက်ဴးေျပာဆိုမႈမ်ားအား ယာဂန္ ကေလာ့ပ္သည္ ခ်ယ္လ္ဆီး နည္းျပ လမ္းပတ္ႏွင့္ ကစားသမားမ်ားအား mind gameကစားေနျခင္းသာျဖစ္ဟု ခ်ဲလ္ဆီးကစားသမားေဟာင္း ဂ်ိဳးကိုးမွ ေျပာၾကား။

– ခ်ဲလ္ဆီးအသင္းက ေခၚယူဖို႔ တစိုက္မတ္မတ္ စိတ္ဝင္စားၿပီး ေခၚယူဖို႔ႀကိဳးစားေနတဲ့ ဝက္ဟမ္းအသင္း၏ ကြင္းလယ္ကစားသမား ဒီကလန္ ႐ိုက္စ္အား ယခုအခါ မန္ခ်က္စတာယူႏိုက္တက္အသင္းကလည္း သူတို႔၏ ေနာက္တန္းကို ထပ္မံအားျဖည့္ရန္ အတြက္ ေခၚယူလိုေနၿပီး ဝက္ဟမ္း အသင္းဘက္ကမူ အနည္းဆုံ းေပါင္သန္း ၈၀ခန႔္ရမွေရာင္းခ်သြားဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.