Premier League

14 Dec နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းရဲ့ တစ်လောက နာမည်ထွက်ခဲ့တဲ့ ရန်ပွဲမှာ ပါဝင်သူတစ်ဦးဖြစ်ပြီး သတင်းပေါက်ကြားစေသူဖြစ်တဲ့ ဒေးဗစ် လူးဝစ်ဇ်နဲ့ နည်းပြ အာတီတာတို့ကြားမှာ စကားတွေ ခေါ်ပြောဆက်သွယ်မှု မရှိဘဲ ရှောင်လွှဲထားခဲ့ကြတယ်လို့ သိရ။

– မျက်နှာကို လက်နဲ့ တွန်းခဲ့တဲ့ အယ်လ်နန်နီဟာ အဝါကတ်သာ ရရှိခဲ့ပြီး ဂိုးဧရိယာထဲမှာဖြစ်နေတာကို ပင်နယ်တီပေးနိုင်ခဲ့ရက်သားနဲ့ လျစ်လျူရှုသွားခဲ့တဲ့ ဒိုင်လူကြီး ဂရေဟမ် စကော့နဲ့ VAR အဖွဲ့ဟာ သက်ညှာလွန်းတယ်လို့ မာစီယယ်လ်ရဲ့ စပါးစ်နဲ့ပွဲက အဖြစ်နဲ့ နှိုင်းယှဉ်ပြီး မန်ချက်စတာယူနိုက်တက်ပရိသတ်အချို့ ဝေဖန်။

– အာဆင်နယ်အသင်းအတွက် ဒီရာသီ ကစားပေးထားတဲ့ ပွဲတွေမှာ ၂ ဂိုးသာ ရသေးချိန်မှာ အသင်းခေါင်းဆောင်တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းအနေနဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာက သူ့ရဲ့ ကစားသမားဘဝတစ်လျှောက်မှာ ပထမဆုံး Own Goal သွင်းယူမှုလည်းဖြစ်ခဲ့။

– မန်ချက်စတာယူနိုက်တက် ဘယ်နောက်ခံလူဟောင်း ပယ်ထရိစ် အီဗရာက အာဆင်နယ်ဂန္ထဝင် သီယာရီ အွန်နရီရဲ့ လက်ရှိကွင်းလယ် ကစားသမား ချာကာကို သဘောမကျတာကို ထုတ်ဖော်သွားခဲ့ပြီး သူနဲ့ ဘောလုံးပွဲအတူကြည့်ဖို့ တီဗီဖွင့်နေတုန်းမှာ ချာကာ အသင်းခေါင်းဆောင်ဆိုလို့ မကြည့်ချင်ဘူးဆိုပြီး ပြန်ပိတ်လိုက်တယ်လို့ဆို။

– အာဆင်နယ်အသင်းအနေနဲ့ ဘန်လေအသင်းကို ရှုံးနိမ့်ခဲ့ရတာဟာ အိမ်ကွင်းမှာ လေးပွဲဆက်တိုက် ရှုံးနိမ့်မှုလည်းဖြစ်ခဲ့ပြီး ၁၉၅၉ ခုနှစ် ကတည်းက မှတ်တမ်းဝင်ထားခဲ့တဲ့ စံချိန်ဟောင်းကို နှစ်ပေါင်း ၆၀ ကျော်အကြာမှာ ပြန်လည်ကြုံတွေ့ခဲ့တာဖြစ်။

– ကွင်းလယ်လူ ချာကာရဲ့ ဘန်လေနဲ့ပွဲက အပြုအမူဟာ လက်ခံနိုင်စရာ မဟုတ်ဘူးလို့ နည်းပြ အာတီတာက သတိပေးလိုက်ပြီး အသင်းရဲ့ ရုန်းကန်နေရချိန်မှာ သူ့ရဲ့ မစဉ်းစားတဲ့ လုပ်ဆောင်မှုက နီကိုလာ ပေပေရဲ့ လိဒ်စ်နဲ့ပွဲက အနီကတ်ထက် ပိုဆိုးတယ်လို့ ဝေဖန်။

– အာဆင်နယ်ပရိသတ်တွေအနေနဲ့ အမ်းမရိတ်ကွင်းကြီးမှာ အသင်းကို လှောင်ပြောင်ခဲ့ကြသလို ချာကာကို အသင်းက ထွက်သွားဖို့နဲ့ အာတီတာကို ပိုချက်တီနိုနဲ့ အမြန်ဆုံး အစားထိုးဖို့ တွစ်တာနဲ့ အခြားလူမှု မီဒီယာတွေအပေါ်မှာ ရေးသားတောင်းဆိုနေကြ။

– ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေက ဖြစ်သင့်တယ်လို့ ဆိုးရွားနေတဲ့ အသင်းကစားပုံအပေါ် နောက်ခံလူ ကီရန် တီယာနီက ဝန်ခံချက် ပေးသွားခဲ့ပြီး ကိုဗစ်စည်းမျဉ်းတွေကြားကနေ ခက်ခက်ခဲခဲ လာရောက်အားပေးရတဲ့ ပရိသတ်တွေကို စိတ်ပျက်စေခဲ့လို့ စကော့တလန် နောက်ခံလူက အားနာကြောင်းပြောကြား။

– အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ ကစားသမားတွေရဲ့ လေးစားမှု မရတဲ့ အနေအထားကို ရောက်ရှိနေပြီဖြစ်ပြီး ဟာသာဘာလင်ကို အငှားချထားခဲ့တဲ့ ဂန်ဒူဇီရဲ့ ဂိုးကို ချီးကျူးခဲ့တဲ့ နောက်ခံလူ ဆာလီဘာက သူ့လိုပဲ ပိတ်လှောင်ထိန်းချုပ်ခံထားရတဲ့ ဘဝတူ ညီအစ်ကိုကို အားပေးတာဖြစ်တယ်လို့ ဆိုသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းရဲ႕ တစ္ေလာက နာမည္ထြက္ခဲ့တဲ့ ရန္ပြဲမွာ ပါဝင္သူတစ္ဦးျဖစ္ၿပီး သတင္းေပါက္ၾကားေစသူျဖစ္တဲ့ ေဒးဗစ္ လူးဝစ္ဇ္နဲ႔ နည္းျပ အာတီတာတို႔ၾကားမွာ စကားေတြ ေခၚေျပာဆက္သြယ္မႈ မရွိဘဲ ေရွာင္လႊဲထားခဲ့ၾကတယ္လို႔ သိရ။

– မ်က္ႏွာကို လက္နဲ႔ တြန္းခဲ့တဲ့ အယ္လ္နန္နီဟာ အဝါကတ္သာ ရရွိခဲ့ၿပီး ဂိုးဧရိယာထဲမွာျဖစ္ေနတာကို ပင္နယ္တီေပးႏိုင္ခဲ့ရက္သားနဲ႔ လ်စ္လ်ဴရႈသြားခဲ့တဲ့ ဒိုင္လူႀကီး ဂေရဟမ္ စေကာ့နဲ႔ VAR အဖြဲ႕ဟာ သက္ညႇာလြန္းတယ္လို႔ မာစီယယ္လ္ရဲ႕ စပါးစ္နဲ႔ပြဲက အျဖစ္နဲ႔ ႏႈိင္းယွဥ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ပရိသတ္အခ်ိဳ႕ ေဝဖန္။

– အာဆင္နယ္အသင္းအတြက္ ဒီရာသီ ကစားေပးထားတဲ့ ပြဲေတြမွာ ၂ ဂိုးသာ ရေသးခ်ိန္မွာ အသင္းေခါင္းေဆာင္တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းအေနနဲ႔ ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တာက သူ႔ရဲ႕ ကစားသမားဘဝတစ္ေလွ်ာက္မွာ ပထမဆုံး Own Goal သြင္းယူမႈလည္းျဖစ္ခဲ့။

– မန္ခ်က္စတာယူႏိုက္တက္ ဘယ္ေနာက္ခံလူေဟာင္း ပယ္ထရိစ္ အီဗရာက အာဆင္နယ္ဂႏၴဝင္ သီယာရီ အြန္နရီရဲ႕ လက္ရွိကြင္းလယ္ ကစားသမား ခ်ာကာကို သေဘာမက်တာကို ထုတ္ေဖာ္သြားခဲ့ၿပီး သူနဲ႔ ေဘာလုံးပြဲအတူၾကည့္ဖို႔ တီဗီဖြင့္ေနတုန္းမွာ ခ်ာကာ အသင္းေခါင္းေဆာင္ဆိုလို႔ မၾကည့္ခ်င္ဘူးဆိုၿပီး ျပန္ပိတ္လိုက္တယ္လို႔ဆို။

– အာဆင္နယ္အသင္းအေနနဲ႔ ဘန္ေလအသင္းကို ရႈံးနိမ့္ခဲ့ရတာဟာ အိမ္ကြင္းမွာ ေလးပြဲဆက္တိုက္ ရႈံးနိမ့္မႈလည္းျဖစ္ခဲ့ၿပီး ၁၉၅၉ ခုႏွစ္ ကတည္းက မွတ္တမ္းဝင္ထားခဲ့တဲ့ စံခ်ိန္ေဟာင္းကို ႏွစ္ေပါင္း ၆၀ ေက်ာ္အၾကာမွာ ျပန္လည္ႀကဳံေတြ႕ခဲ့တာျဖစ္။

– ကြင္းလယ္လူ ခ်ာကာရဲ႕ ဘန္ေလနဲ႔ပြဲက အျပဳအမူဟာ လက္ခံႏိုင္စရာ မဟုတ္ဘူးလို႔ နည္းျပ အာတီတာက သတိေပးလိုက္ၿပီး အသင္းရဲ႕ ႐ုန္းကန္ေနရခ်ိန္မွာ သူ႔ရဲ႕ မစဥ္းစားတဲ့ လုပ္ေဆာင္မႈက နီကိုလာ ေပေပရဲ႕ လိဒ္စ္နဲ႔ပြဲက အနီကတ္ထက္ ပိုဆိုးတယ္လို႔ ေဝဖန္။

– အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ အမ္းမရိတ္ကြင္းႀကီးမွာ အသင္းကို ေလွာင္ေျပာင္ခဲ့ၾကသလို ခ်ာကာကို အသင္းက ထြက္သြားဖို႔နဲ႔ အာတီတာကို ပိုခ်က္တီႏိုနဲ႔ အျမန္ဆုံး အစားထိုးဖို႔ တြစ္တာနဲ႔ အျခားလူမႈ မီဒီယာေတြအေပၚမွာ ေရးသားေတာင္းဆိုေနၾက။

– ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္မႈေတြက ျဖစ္သင့္တယ္လို႔ ဆိုး႐ြားေနတဲ့ အသင္းကစားပုံအေပၚ ေနာက္ခံလူ ကီရန္ တီယာနီက ဝန္ခံခ်က္ ေပးသြားခဲ့ၿပီး ကိုဗစ္စည္းမ်ဥ္းေတြၾကားကေန ခက္ခက္ခဲခဲ လာေရာက္အားေပးရတဲ့ ပရိသတ္ေတြကို စိတ္ပ်က္ေစခဲ့လို႔ စေကာ့တလန္ ေနာက္ခံလူက အားနာေၾကာင္းေျပာၾကား။

– အာဆင္နယ္နည္းျပ အာတီတာအေနနဲ႔ ကစားသမားေတြရဲ႕ ေလးစားမႈ မရတဲ့ အေနအထားကို ေရာက္ရွိေနၿပီျဖစ္ၿပီး ဟာသာဘာလင္ကို အငွားခ်ထားခဲ့တဲ့ ဂန္ဒူဇီရဲ႕ ဂိုးကို ခ်ီးက်ဴးခဲ့တဲ့ ေနာက္ခံလူ ဆာလီဘာက သူ႔လိုပဲ ပိတ္ေလွာင္ထိန္းခ်ဳပ္ခံထားရတဲ့ ဘဝတူ ညီအစ္ကိုကို အားေပးတာျဖစ္တယ္လို႔ ဆိုသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.