Premier League

ဖူလ်ဟမ် 1 : 1 လီဗာပူးလ် ပွဲအပြီး မှတ်မှတ်ရရ ထုတ်နုတ် ပြောစရာ ၇ ချက်

ထိပ်ဆုံးရရှိမယ့် အခွင့်အရေးကို ကြိုးကြာနီတို့ လက်လွတ်ခဲ့
​ရှေ့ကယှဥ်ပြိုင်ကစားခဲ့တဲ့ပွဲစဥ်မှာ စပါးစ်အသင်းအ​နေဖြင့် သ​ရေကျခဲ့တာ​ကြောင့် လီဗာပူးလ် အသင်းအ​နေဖြင့် ဖူလ်ဟမ်နှင့် ပွဲကိုအနိုင်ရရှိပါက ၂မှတ်အသာ စုစု​ပေါင်း ၂၇မှတ်ထိ ရရှိမည်ဖြစ်​သော်လည်း သ​ရေကျခဲ့သည့်အတွက် စပါးစ်၏​အောက် ရမှတ်တူ ဂိုးကွာခြားချက်အကွာဖြင့် ဒုတိယ​နေရာ၌သာ ဆက်လက် ရပ်တည်​နေပါတယ်။

ဒဏ်ရာပြဿနာ ထိုးနှက်မှုက မလွတ်မြောက်နိုင်သေးတဲ့ လီဗာပူးလ်
လီဗာပူး​လ်အသင်း၏ အဓိက ​နောက်တန်း ကစားသမား ဗန်ဒိုက် ဒူးဒဏ်ရာ​​ကြောင့် ကာလရှည် အနားယူစဥ်ကာလမှာပဲ အသင်း၏ ​နောက်ထပ်​ နောက်တန်းကစားသမား ဂျိုယ်လ် မာတစ်ပ်အ​နေဖြင့် မ​နေ့ညကပွဲမှာ ဒဏ်ရာရရှိခဲ့တာ​ကြောင့် ပထမပိုင်းမှာပဲ လူစားလဲလှယ်ခဲ့ရပြီး လီဗာပူးလ်ရဲ့ အဓိက​နောက်တန်း ကစားသမား ၃​ယောက်လုံး ဒဏ်ရာရရှိ​နေခဲ့တာဖြစ်ပါတယ်။

အံ့သြဖွယ် လက်စွမ်းကို ပြနိုင်ခဲ့တဲ့ အယ်လစ်ဆန်
ဒဏ်ရာ​ကြောင့် အယ်လစ်ဆန် ဘက်ကာ မကစားနိုင်ခဲ့တဲ့ အချိန်မှာ ​နောက်ထပ်ဂိုးသမား ကယ်လီဟာ က ဂိုးဝင်ဖမ်း​နေရပြီး လက်စွမ်းပြသနိုင်ခဲ့တာ​ကြောင့် အယ်လစ်ဆန်ကို ​မေ့​မေ့​ပျောက်​ပျောက် ရှိခဲ့ကြ​ပေမယ့် ဖူလ်ဟမ်နဲ့ပွဲမှာ​တော့ အယ်လစ်ဆန်ဟာ ဂိုးရရှိနိုင်တဲ့ ကန်ချက်​ပေါင်းများစွာကို ကာကွယ်နိုင်ခဲ့ပြီး အသင်းရဲ့ နံပါတ် ၁ဂိုးသမားအဖြစ် သက်​သေပြနိုင်ခဲ့ပါတယ်။

​​ကောင်းမွန်လှတဲ့ အရည်အသွေးကို ပြသခဲ့တဲ့ လွတ်ခ်မန်း
အဆိုပါ အသက် ၂၃နှစ်အရွယ် လူငယ်တိုက်စစ် ကစားသမား လွတ်ခ်မန်း အ​နေနဲ့ လီဗာပူးလ်နဲ့​ပွဲစဥ်မှာ သူဟာ​ကောင်းမွန်လှတဲ့ အရည်အ​သွေး ​တွေကို ထုတ်​ဖော် ပြသခဲ့ပြီး အသင်းရဲ့ ဦး​ဆောင်ဂိုး အတွက် ဖန်တီး​ပေးခဲ့ပါ​သေးတယ်။ယခုပွဲမှာ လွတ်ခ်မန်း အနေနဲ့ တကွင်းလုံး မမောမပန်း ပြေးလွှား ခြေစွမ်းပြကာ လီဗာပူးလ်အသင်းကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့ပါတယ်။

ချီးကျူးရမဲ့ စ​ကော့တ် ပါကားရဲ့ အသင်း
လက်ရှိအချိန်တွင် စုစု​ပေါင်းရမှတ် ၈မှတ် ရရှိထားပြီး အဆင့် ၁၈ တန်းဆင်းဇုန်အတွင်းမှာ ရပ်တည်​နေတဲ့ ဖူလ်ဟမ် အ​နေဖြင့် တန်းဆင်းဇုန်ကလွတ်မြောက်ဖို့အတွက် လက်ရှိချန်ပီယံကို အိမ်ကွင်းမှာ သ​ရေရလဒ် ရရှိ​အောင်ကစားနိုင်ခဲ့တာ​ကြောင့် ​အဆင့် ၁၅က အာဆင်နယ်အသင်းနဲ့ ၅မှတ်အကွာရပ်တည်​နေပါပြီး တန်းမဆင်းရ​ရေး အိမ်မက်ကိုဆက်လက် အ​ကောင်အထည်​ဖော်​ဆောင်​နေပါတယ်။

ဂိုးသွင်းချန်ပီယံဆုကို အပြိုင်လိုက်ဆဲ ဆာလား
လီဗာပူးလ်တိုက်စစ်မှူးဆာလားအ​နေဖြင့် မ​​နေ့ကညက ဘန်​လေနဲ့ပွဲမှာ ပင်နယ်တီကတစ်ဆင့် အသင်းအတွက် ​ချေပဂိုးရယူ​ပေးခဲ့ပါတယ်။ အဆိုပါသွင်းဂိုး​ကြောင့် ဆာလား အ​နေဖြင့် ယခုရာသီ သွင်းဂိုး ၁၀ဂိုးအထိရရှိထားပြီး ဂိုးသွင်းချန်ပီယံဆုကိုဆက်လက် စိန်​ခေါ်ခဲ့ပါတယ်။

​ခြေစွမ်း​ပျောက်ဆုံးခဲ့ရတဲ့ အလက်ဇန်းဒါး အာနိုးလ်ဒ်
လီဗာပူးအသင်းရဲ့ ​နောက်တန်းကစားသမား အာနိုးလ်ဒ် အ​နေနဲ့ကြားရက် ချန်ပီယံလိဒ် ခရီးဆင်နွှဲခဲ့ပြီး ယခုဘန်​လေနဲ့ပွဲမှာလည်း ထပ်မံပါဝင်ကစားပြီး ဖြတ်တင်​ဘော​တွေပြုလုပ်နိုင်ခဲ့​ပေမယ့် ဖူဟမ်တိုက်စစ်မှူး လွတ်ခ်မန်းကို ထိန်းချုပ်ဖို့ အခက်အခဲ​တွေ့ဆုံခဲ့ပြီး ၆၈မိနစ်မှာ​တော့ နည်းပြ က​လော့ပ်က သူ့ကို နီကို ဝီလီယမ်စ်နဲ့ လူစားလဲလှယ်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ထိပ္ဆုံးရရွိမယ့္ အခြင့္အေရးကို ႀကိဳးၾကာနီတို႔ လက္လြတ္ခဲ့
​ေရွ႕ကယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ စပါးစ္အသင္းအ​ေနျဖင့္ သ​ေရက်ခဲ့တာ​ေၾကာင့္ လီဗာပူးလ္ အသင္းအ​ေနျဖင့္ ဖူလ္ဟမ္ႏွင့္ ပြဲကိုအႏိုင္ရရွိပါက ၂မွတ္အသာ စုစု​ေပါင္း ၂၇မွတ္ထိ ရရွိမည္ျဖစ္​ေသာ္လည္း သ​ေရက်ခဲ့သည့္အတြက္ စပါးစ္၏​ေအာက္ ရမွတ္တူ ဂိုးကြာျခားခ်က္အကြာျဖင့္ ဒုတိယ​ေနရာ၌သာ ဆက္လက္ ရပ္တည္​ေနပါတယ္။

ဒဏ္ရာျပႆနာ ထိုးႏွက္မႈက မလြတ္ေျမာက္ႏိုင္ေသးတဲ့ လီဗာပူးလ္
လီဗာပူး​လ္အသင္း၏ အဓိက ​ေနာက္တန္း ကစားသမား ဗန္ဒိုက္ ဒူးဒဏ္ရာ​​ေၾကာင့္ ကာလရွည္ အနားယူစဥ္ကာလမွာပဲ အသင္း၏ ​ေနာက္ထပ္​ ေနာက္တန္းကစားသမား ဂ်ိဳယ္လ္ မာတစ္ပ္အ​ေနျဖင့္ မ​ေန႔ညကပြဲမွာ ဒဏ္ရာရရွိခဲ့တာ​ေၾကာင့္ ပထမပိုင္းမွာပဲ လူစားလဲလွယ္ခဲ့ရၿပီး လီဗာပူးလ္ရဲ႕ အဓိက​ေနာက္တန္း ကစားသမား ၃​ေယာက္လုံး ဒဏ္ရာရရွိ​ေနခဲ့တာျဖစ္ပါတယ္။

အံ့ၾသဖြယ္ လက္စြမ္းကို ျပႏိုင္ခဲ့တဲ့ အယ္လစ္ဆန္
ဒဏ္ရာ​ေၾကာင့္ အယ္လစ္ဆန္ ဘက္ကာ မကစားႏိုင္ခဲ့တဲ့ အခ်ိန္မွာ ​ေနာက္ထပ္ဂိုးသမား ကယ္လီဟာ က ဂိုးဝင္ဖမ္း​ေနရၿပီး လက္စြမ္းျပသႏိုင္ခဲ့တာ​ေၾကာင့္ အယ္လစ္ဆန္ကို ​ေမ့​ေမ့​ေပ်ာက္​ေပ်ာက္ ရွိခဲ့ၾက​ေပမယ့္ ဖူလ္ဟမ္နဲ႔ပြဲမွာ​ေတာ့ အယ္လစ္ဆန္ဟာ ဂိုးရရွိႏိုင္တဲ့ ကန္ခ်က္​ေပါင္းမ်ားစြာကို ကာကြယ္ႏိုင္ခဲ့ၿပီး အသင္းရဲ႕ နံပါတ္ ၁ဂိုးသမားအျဖစ္ သက္​ေသျပႏိုင္ခဲ့ပါတယ္။

​​ေကာင္းမြန္လွတဲ့ အရည္အေသြးကို ျပသခဲ့တဲ့ လြတ္ခ္မန္း
အဆိုပါ အသက္ ၂၃ႏွစ္အ႐ြယ္ လူငယ္တိုက္စစ္ ကစားသမား လြတ္ခ္မန္း အ​ေနနဲ႔ လီဗာပူးလ္နဲ႔​ပြဲစဥ္မွာ သူဟာ​ေကာင္းမြန္လွတဲ့ အရည္အ​ေသြး ​ေတြကို ထုတ္​ေဖာ္ ျပသခဲ့ၿပီး အသင္းရဲ႕ ဦး​ေဆာင္ဂိုး အတြက္ ဖန္တီး​ေပးခဲ့ပါ​ေသးတယ္။ယခုပြဲမွာ လြတ္ခ္မန္း အေနနဲ႔ တကြင္းလုံး မေမာမပန္း ေျပးလႊား ေျခစြမ္းျပကာ လီဗာပူးလ္အသင္းကို ေကာင္းေကာင္း ဒုကၡေပးႏိုင္ခဲ့ပါတယ္။

ခ်ီးက်ဴးရမဲ့ စ​ေကာ့တ္ ပါကားရဲ႕ အသင္း
လက္ရွိအခ်ိန္တြင္ စုစု​ေပါင္းရမွတ္ ၈မွတ္ ရရွိထားၿပီး အဆင့္ ၁၈ တန္းဆင္းဇုန္အတြင္းမွာ ရပ္တည္​ေနတဲ့ ဖူလ္ဟမ္ အ​ေနျဖင့္ တန္းဆင္းဇုန္ကလြတ္ေျမာက္ဖို႔အတြက္ လက္ရွိခ်န္ပီယံကို အိမ္ကြင္းမွာ သ​ေရရလဒ္ ရရွိ​ေအာင္ကစားႏိုင္ခဲ့တာ​ေၾကာင့္ ​အဆင့္ ၁၅က အာဆင္နယ္အသင္းနဲ႔ ၅မွတ္အကြာရပ္တည္​ေနပါၿပီး တန္းမဆင္းရ​ေရး အိမ္မက္ကိုဆက္လက္ အ​ေကာင္အထည္​ေဖာ္​ေဆာင္​ေနပါတယ္။

ဂိုးသြင္းခ်န္ပီယံဆုကို အၿပိဳင္လိုက္ဆဲ ဆာလား
လီဗာပူးလ္တိုက္စစ္မႉးဆာလားအ​ေနျဖင့္ မ​​ေန႔ကညက ဘန္​ေလနဲ႔ပြဲမွာ ပင္နယ္တီကတစ္ဆင့္ အသင္းအတြက္ ​ေခ်ပဂိုးရယူ​ေပးခဲ့ပါတယ္။ အဆိုပါသြင္းဂိုး​ေၾကာင့္ ဆာလား အ​ေနျဖင့္ ယခုရာသီ သြင္းဂိုး ၁၀ဂိုးအထိရရွိထားၿပီး ဂိုးသြင္းခ်န္ပီယံဆုကိုဆက္လက္ စိန္​ေခၚခဲ့ပါတယ္။

​ေျခစြမ္း​ေပ်ာက္ဆုံးခဲ့ရတဲ့ အလက္ဇန္းဒါး အာႏိုးလ္ဒ္
လီဗာပူးအသင္းရဲ႕ ​ေနာက္တန္းကစားသမား အာႏိုးလ္ဒ္ အ​ေနနဲ႔ၾကားရက္ ခ်န္ပီယံလိဒ္ ခရီးဆင္ႏႊဲခဲ့ၿပီး ယခုဘန္​ေလနဲ႔ပြဲမွာလည္း ထပ္မံပါဝင္ကစားၿပီး ျဖတ္တင္​ေဘာ​ေတြျပဳလုပ္ႏိုင္ခဲ့​ေပမယ့္ ဖူဟမ္တိုက္စစ္မႉး လြတ္ခ္မန္းကို ထိန္းခ်ဳပ္ဖို႔ အခက္အခဲ​ေတြ႕ဆုံခဲ့ၿပီး ၆၈မိနစ္မွာ​ေတာ့ နည္းျပ က​ေလာ့ပ္က သူ႔ကို နီကို ဝီလီယမ္စ္နဲ႔ လူစားလဲလွယ္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.