Premier League Transfer News

14 Dec နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– ကွင်းလယ်လူ ပေါလ် ပေါ့ဘာရဲ့ အင်စတာဂရမ်က သူ့အနေနဲ့ မန်ချက်စတာယူနိုက်တက်အတွက် ၁၀၀၀ ရာခိုင်နှုန်း ပေးဆပ်ပြီး အာရုံစူးစိုက်ထားတယ်လို့ တင်ခဲ့တဲ့ ပို့စ်ကို အသင်းဖော်ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က ထောက်ခံသွားခဲ့ပြီး သူတို့ချင်း နားလည်မှုနဲ့ အားပေးမှုရှိကြောင်း လက်သီးချင်းထိတဲ့ပုံနဲ့ ကွန်မန့်ရေးသားသွားခဲ့။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အင်္ဂလန်သားမို့လို့ ဈေးကြီးနေတဲ့ ဆန်ချိုကို မေ့ပစ်ပြီး ယူရိုသန်း ၄၀ လောက်နဲ့ ရရှိနိုင်တဲ့ လေဗာကူဆင်တောင်ပံကစားသမား လီယွန် ဘိုင်လီကိုပဲ ခေါ်ယူသွားဖို့ ပရိသတ်တွေ တိုက်တွန်းခဲ့ပြီး ဂျမေကာ လက်ရွေးစင်အနေနဲ့ ဒီရာသီ ပြိုင်ပွဲစုံ ၁၆ ပွဲမှာ ၉ ဂိုးသွင်း ၆ ဂိုး ဖန်တီးထားနိုင်။

– နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ လာမယ့် ကြားရက် ပရီးမီးယားလိဂ်ပွဲစဉ်တွေကစလို့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ရပ်တည်မှုကို ပွဲကျပ်ကာလမှာ အမှတ်ပေးဇယားအပေါ်ပိုင်းကို တက်ရောက်နိုင်အောင် အပြောင်းအလဲလုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းဆိုသွားခဲ့။

– မန်ချက်စတာယူနိုက်တက်အသင်းကို ဘယ်လိုပဲ ပုံစံကောင်းရအောင် တည်ဆောက်နေလို့ ပြောပြော၊ ဆိုးလ်ရှားရဲ့ အသင်းဟာ ဆာအဲလက်စ် ဖာဂူဆန်ရဲ့အသင်းနဲ့ အလင်းနှစ်ပေါင်းများစွာ ဝေးကွာနေသေးတယ်လို့ မေရာသတင်းဌာနက ပြတ်ပြတ်သားသား ဝေဖန်သွား။

– ပီအက်စ်ဂျီအသင်းအနေနဲ့ လာမယ့်ရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဇန်နဝါရီမှာ လှုပ်ရှားမယ့် ပစ်မှတ်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် နောက်ခံလူ ဆာဂျီယို ရာမို့စ်အတွက် ပြိုင်ဆိုင်လာဖို့ရှိနေ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ဆုဖလားအတွက် စိန်ခေါ်ချင်တယ်ဆိုရင် ဒီပုံစံနဲ့တော့ မဖြစ်နိုင်ဘဲ တိုက်စစ်နဲ့ ကွင်းလယ်က အခွင့်အရေးကောင်းတွေကို ပိုမိုဖန်တီးပြီး အသုံးချတတ်ဖို့ လိုအပ်နေသေးတယ်လို့ ဂိုးသမား ဒေးဗစ် ဒဟေးယား ထောက်ပြသွား။

– အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ကျဆင်းလာတဲ့ မာတစ်ချ်နဲ့ ခြေစွမ်းပုံမှန်မရှိဘဲဖြစ်နေတဲ့ ဖရက်ဒ်၊ မက်တော်မီနေးတို့နေရာမှာ အင်အား ဖြည့်တင်းနိုင်ဖို့ ဝက်စ်ဟမ်းအသင်းရဲ့ လက်ထောက်အသင်းခေါင်းဆောင် ဒက်ကလန် ရိုက်စ်ကို ချဲလ်ဆီးအသင်းနဲ့အပြိုင် ခေါ်ယူဖို့ ယူနိုက်တက်တို့ စိတ်ဝင်စားလာ။

– မန်ချက်စတာဒါဘီမှာ ခံစစ်က အမှားအယွင်းမရှိအောင် အဓိက ဦးစားပေးကစားခဲ့ကြပြီး ဒိုင်းမွန်းကွက်မှာ အဖျက်နှစ်ယောက်နဲ့ ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ခံစစ်အသားပေး ကွင်းလယ်အထိုင်ကို သုံးစွဲခဲ့တဲ့ စီးတီးတို့ကို မော်ရင်ညို ကိုင်နေတဲ့ အသင်းတွေနဲ့ တူနေပြီး သူ့ကိုသာဆိုရင် ပရိသတ်တွေက ဝိုင်းဆဲနေကြပြီလို့ ဂယ်ရီ နဗီးလ်က ဝေဖန်သွားခဲ့။

– ကာဗာနီက အိုလွန်းနေပြီး ဂရင်းဝုဒ်က ပြည့်စုံတဲ့ အချိန်ရောက်ဖို့ နှစ်နှစ်သုံးနှစ်လောက် လိုဦးမယ့်အချိန်မှာ ဂိုးဧရိယာထဲ ကစားတာ မကောင်းတဲ့ မာစီယယ်လ်၊ ရက်ရှ်ဖို့ဒ်တို့ကြောင့် အထောင်တိုက်စစ်အတွက် အာလင်း ဟားလန်းနဲ့ ခိုင်လျန် အမ်ဘာပေတို့ထဲက တစ်ဦးကို ခေါ်ယူသွားဖို့ ယူနိုက်တက်ကို အလန် ရှီးရား တိုက်တွန်း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ကြင္းလယ္လူ ေပါလ္ ေပါ့ဘာရဲ႕ အင္စတာဂရမ္က သူ႔အေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္အတြက္ ၁၀၀၀ ရာခိုင္ႏႈန္း ေပးဆပ္ၿပီး အာ႐ုံစူးစိုက္ထားတယ္လို႔ တင္ခဲ့တဲ့ ပို႔စ္ကို အသင္းေဖာ္ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္က ေထာက္ခံသြားခဲ့ၿပီး သူတို႔ခ်င္း နားလည္မႈနဲ႔ အားေပးမႈရွိေၾကာင္း လက္သီးခ်င္းထိတဲ့ပုံနဲ႔ ကြန္မန႔္ေရးသားသြားခဲ့။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ အဂၤလန္သားမို႔လို႔ ေဈးႀကီးေနတဲ့ ဆန္ခ်ိဳကို ေမ့ပစ္ၿပီး ယူ႐ိုသန္း ၄၀ ေလာက္နဲ႔ ရရွိႏိုင္တဲ့ ေလဗာကူဆင္ေတာင္ပံကစားသမား လီယြန္ ဘိုင္လီကိုပဲ ေခၚယူသြားဖို႔ ပရိသတ္ေတြ တိုက္တြန္းခဲ့ၿပီး ဂ်ေမကာ လက္ေ႐ြးစင္အေနနဲ႔ ဒီရာသီ ၿပိဳင္ပြဲစုံ ၁၆ ပြဲမွာ ၉ ဂိုးသြင္း ၆ ဂိုး ဖန္တီးထားႏိုင္။

– နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားအေနနဲ႔ လာမယ့္ ၾကားရက္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြကစလို႔ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ရပ္တည္မႈကို ပြဲက်ပ္ကာလမွာ အမွတ္ေပးဇယားအေပၚပိုင္းကို တက္ေရာက္ႏိုင္ေအာင္ အေျပာင္းအလဲလုပ္ႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေၾကာင္းဆိုသြားခဲ့။

– မန္ခ်က္စတာယူႏိုက္တက္အသင္းကို ဘယ္လိုပဲ ပုံစံေကာင္းရေအာင္ တည္ေဆာက္ေနလို႔ ေျပာေျပာ၊ ဆိုးလ္ရွားရဲ႕ အသင္းဟာ ဆာအဲလက္စ္ ဖာဂူဆန္ရဲ႕အသင္းနဲ႔ အလင္းႏွစ္ေပါင္းမ်ားစြာ ေဝးကြာေနေသးတယ္လို႔ ေမရာသတင္းဌာနက ျပတ္ျပတ္သားသား ေဝဖန္သြား။

– ပီအက္စ္ဂ်ီအသင္းအေနနဲ႔ လာမယ့္ရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ဖို႔ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ဇန္နဝါရီမွာ လႈပ္ရွားမယ့္ ပစ္မွတ္ျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္ ေနာက္ခံလူ ဆာဂ်ီယို ရာမို႔စ္အတြက္ ၿပိဳင္ဆိုင္လာဖို႔ရွိေန။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ဆုဖလားအတြက္ စိန္ေခၚခ်င္တယ္ဆိုရင္ ဒီပုံစံနဲ႔ေတာ့ မျဖစ္ႏိုင္ဘဲ တိုက္စစ္နဲ႔ ကြင္းလယ္က အခြင့္အေရးေကာင္းေတြကို ပိုမိုဖန္တီးၿပီး အသုံးခ်တတ္ဖို႔ လိုအပ္ေနေသးတယ္လို႔ ဂိုးသမား ေဒးဗစ္ ဒေဟးယား ေထာက္ျပသြား။

– အသင္းရဲ႕ ကြင္းလယ္ပိုင္းမွာ က်ဆင္းလာတဲ့ မာတစ္ခ်္နဲ႔ ေျခစြမ္းပုံမွန္မရွိဘဲျဖစ္ေနတဲ့ ဖရက္ဒ္၊ မက္ေတာ္မီေနးတို႔ေနရာမွာ အင္အား ျဖည့္တင္းႏိုင္ဖို႔ ဝက္စ္ဟမ္းအသင္းရဲ႕ လက္ေထာက္အသင္းေခါင္းေဆာင္ ဒက္ကလန္ ႐ိုက္စ္ကို ခ်ဲလ္ဆီးအသင္းနဲ႔အၿပိဳင္ ေခၚယူဖို႔ ယူႏိုက္တက္တို႔ စိတ္ဝင္စားလာ။

– မန္ခ်က္စတာဒါဘီမွာ ခံစစ္က အမွားအယြင္းမရွိေအာင္ အဓိက ဦးစားေပးကစားခဲ့ၾကၿပီး ဒိုင္းမြန္းကြက္မွာ အဖ်က္ႏွစ္ေယာက္နဲ႔ ကစားခဲ့တဲ့ ယူႏိုက္တက္နဲ႔ ခံစစ္အသားေပး ကြင္းလယ္အထိုင္ကို သုံးစြဲခဲ့တဲ့ စီးတီးတို႔ကို ေမာ္ရင္ညိဳ ကိုင္ေနတဲ့ အသင္းေတြနဲ႔ တူေနၿပီး သူ႔ကိုသာဆိုရင္ ပရိသတ္ေတြက ဝိုင္းဆဲေနၾကၿပီလို႔ ဂယ္ရီ နဗီးလ္က ေဝဖန္သြားခဲ့။

– ကာဗာနီက အိုလြန္းေနၿပီး ဂရင္းဝုဒ္က ျပည့္စုံတဲ့ အခ်ိန္ေရာက္ဖို႔ ႏွစ္ႏွစ္သုံးႏွစ္ေလာက္ လိုဦးမယ့္အခ်ိန္မွာ ဂိုးဧရိယာထဲ ကစားတာ မေကာင္းတဲ့ မာစီယယ္လ္၊ ရက္ရွ္ဖို႔ဒ္တို႔ေၾကာင့္ အေထာင္တိုက္စစ္အတြက္ အာလင္း ဟားလန္းနဲ႔ ခိုင္လ်န္ အမ္ဘာေပတို႔ထဲက တစ္ဦးကို ေခၚယူသြားဖို႔ ယူႏိုက္တက္ကို အလန္ ရွီးရား တိုက္တြန္း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.